နေပီယာမြက်ဖြင့် အာဟာရပြည့်ဝစေသော ကြက်၊ ဘဲအစာ ပြုလုပ်နည်း
ကြက်၊ဘဲများအတွက် နေပီယာမြက်အပါအဝင် အခြားကုန်ကြမ်းပစ္စည်းများဖြင့် ပြုလုပ်ထားသော လုပ်ရတာလည်း လွယ်ကူပြီး အာဟာရလည်း ပြည့်ဝစေသည့် ကြက်၊ဘဲ အစာလုပ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ ပြုလုပ်ရာတွင်…..
လိုအပ်သော ကုန်ကြမ်းပစ္စည်းများမှာ-
နေပီယာမြက် - ၁ရက်စာ အစာစပ်မယ့်ပုံးရဲ့တစ်ဝက်
ငှက်ပျောပင်(ပါးပါးလှီး) - ၁ရက်စာ အစာစပ်မယ့်ပုံးရဲ့တစ်ဝက်
အသင့်သုံးစပ်စာ - ၁ရက်စာ အစာစပ်မယ့်ခွက် ၁ခွက်စာ
ဆန်ကွဲ - ၁ ကီလိုဂရမ်
ဖွဲနု -၃ ကီလိုဂရမ်တို့ လိုအပ်ပါတယ်။

ပြုလုပ်ပုံမှာ-
၁။ နေပီယာမြက်ကို ၂စင်တီမီတာ အရှည်ခုတ်ပြီး ပါးပါးလှီး ထားသော ငှက်ပျောပင်ဖြင့်ရောကာ နူးညံ့သွားသည်အထိ ထောင်းပေးပါ။
၂။ ပြီးလျှင် ကျန်နေသော အခြားကုန်ကြမ်း(စပ်စာ+ဆန်ကွဲ+ဖွဲနု) ပစ္စည်းများဖြင့် ရော၍ ကြက်၊ ဘဲများကို ကျွေးနိုင်ပါတယ်။
မှတ်ချက်။ ။အစာကို ၁ရက် စားလောက်ရုံသာ ပြုလုပ်ပါ။
၁ကီလိုဂရမ်=၆၂ကျပ်သား
မှီငြမ်း-မွေးကုဦးစီးဌာနမှဖြန့်ဝေသော လက်ကမ်းစာစောင်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
နေပီယာမြက်
Kaung
လွန်ခဲ့သော ၁ နှစ် ကဗေဒါတိုကစွန်ရွက်တိုရောကြွေလိုမရဘူးလာခမျ
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကကျွန်တော့ဆီမှာရပါတယ်
AyeMyaOo
လွန်ခဲ့သော ၄ နှစ် ကနေပီယာမြက်ဘယ်မှာရနိုင်မလဲရှင့်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
ငါးကန်အတွက်emလုပ်နည်း
MgHtike • ဖြေကြားချက် 1 ခု
အစားအားနည်းခြင်း ဘယ်ကျွေးရမလဲ
king • ဖြေကြားချက် 2 ခု
နွားမတစ်ကောင်ကို တစ်နေတာ အစားပိဿာဘယ်လောက်ကျွေးရလည်းဖြေပေးပါအုံနော်
ZWE THUT KHUNG • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး