ကြက်တွေကို ဘာကြောင့် အစာစိမ်းကျွေးဖို့ လိုအပ်တာလဲ
ကြက်စာများတွင် ဗီတာမင်နှင့်သတ္တုဓါတ်များ ထည့်ထားသော်လည်း အစာစိမ်းကျွေးသင့်ပါသည်။ မြက်နု၊ ဂေါ်ဖီရွက်၊ ပဲပင်၊ ကန်စွန်းရွက်၊ ရေမှော်ပင်စတာတွေက ကြက်တွေအတွက် အစာစိမ်းတွေဖြစ်ကြပါသည်။ အစာစိမ်းကို ကြက်များ(၂)လသားအရွယ်မှ စတင်ကျွေးနိုင်ပြီး စင်းပြီးကျွေးလျှင် ပိုကောင်းပါသည်။ ဗန်း(သို့)အစာခွက်ထဲထည့်ပြီး ကြမ်းခင်းပေါ်ချပြီး ကျွေးနိုင်ပါသည်။
ကြက်များကို အစာစိမ်းကျွေးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ
- အစာစိမ်းမှာ ကြက်များအတွက် ခံတွင်းကောင်းစေပြီး ဥ, ဥနှုန်း တိုးစေပါသည်။
- အစာစိမ်းမှာ ရေ ၈၀% (သို့) ၉၀% ထိ ပါဝင်သောကြောင့် ကြက်များအတွက် တင်းတိမ်စေပြီး အလုံအလောက်ကျွေးခြင်းဖြင့် တစ်ကောင်နှင့်တစ်ကောင်ဆိတ်ခြင်း၊ အသားစားခြင်း၊ အမွှေးဆိတ်ခြင်း စတဲ့ အကျင့်ဆိုးတွေ ပျောက်ကင်းစေပါသည်။
- အစာကြေလွယ်သော အစာစိမ်းမှာ ဗီတာမင်အေကို ဖြစ်ပေါ်စေသည့် ကယ်ရိုတင်၊ ဗီတာမင်အီး၊ ဗီတာမင်ဘီနှင့် ဗီတာမင်စီများ ပါဝင်ပါသည်။
- အစာစိမ်းများမှ ကစီဓါတ်၊ ပရိုတင်းဓါတ်များ ရရှိပါမည်။ အနုအရင့်ပေါ်မူတည်ပြီး အမျှင်ဓါတ်အနည်းအများ ကွာခြားပါသည်။ အစာနုမှာ အစာပိုကြေလွယ်ပြီး အာဟာရတန်ဖိုး ပိုမြင့်ပါသည်။
- အစာစိမ်းကို စနစ်တကျကျွေးမည်ဆိုပါက ဗီတာမင်ဖြည့်စွက်ဆေးများ ထပ်ဆောင်းကျွေးရန်မလိုအပ်တော့ပေ။
သတိပြုရန်မှာ
- ကြက်များကို သန်ချဆေးမှန်မှန်တိုက်ကျွေးရမည်ဖြစ်ပြီး အစာစိမ်းစတင်ကျွေးချိန်မှာ များများကျွေးမိလျှင် ဝမ်းပျော့ခြင်း၊ ဝမ်းလျှောခြင်း ဖြစ်တတ်၍ နည်းနည်းချင်းစီ စပြီး တိုးကျွေးသင့်ပါသည်။
- ကြက်များကို သန့်ရှင်းသော အစာစိမ်းများကျွေးနေလျက် ဝမ်းပျော့နေပါက ခုခံအားနည်းခြင်း၊ အာဟာရမလုံလောက်ခြင်းကြောင့် ဖြစ်နိုင်ပါသည်။ ထို့ကြောင့် အာဟာရလုံလောက်အောင်ကျွေးပြီး ဆေးတိုက်ရန် လိုအပ်ပါသည်။ ရောဂါနှင့် အပူဒဏ်ကို ခံနိုင်ရန် အစာစိမ်းများသည် မသန့်ရှင်းဘူးဟု ထင်ရလျှင် စင်းပြီးသား အစာစိမ်းများကို ရေနှင့်ဆေးကြောပြီး ကျွေးနိုင်ပါသည်။
- အစာစိမ်းကို (၁)မျိူးနှင့်(၁)မျိုး (ဥပမာ - မြက်နုမှ ကန်စွန်းရွက် စသဖြင့်)ပြောင်းပြီး ကျွေးပါက တစ်ပတ်ခန့်အချိန်ယူပြီး တဖြည်းဖြည်းချင်းစီ တိုးကျွေးရပါမည်။ ချက်ချင်း အစာကို ပြောင်းလိုက်လျှင် ဥ,ဥနှုန်းနှင့် ဥမှ အကောင်ပေါက်နှုန်း ကျဆင်းပြီး ဝမ်းလျှောခြင်းများ ဖြစ်တတ်၍ ဖြစ်ပါသည်။
ဦးဇော်(dof)
Ref; ဆရာအောင်ဝင်းထွဋ်၏ ကြက်မွေးမြူရေးအကြောင်း သိကောင်းစရာမှ ကောက်နှုတ်တင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Ye Min Thu
လွန်ခဲ့သော ၅ နှစ် ကဟုတ်ကဲ့ပါဗျာ။ကျေးဇူးပါ။
ကျော့နန္ဒာစိုး
လွန်ခဲ့သော ၅ နှစ် ကအစိမ်းရောင်လမ်းထဲ စစဝင်လိုက်ချင်းအပေါ်ဆုံးထောင့်နားလေးမှာပါ မတွေ့ရင် အမေးအဖြေမှာလည်းမေးထားလို့ရပါတယ်ရှင့် သိချင်တဲ့အကြောင်းအရာများကို
Ye Min Thu
လွန်ခဲ့သော ၅ နှစ် ကရှာမရဘူးဗျာ
Ye Min Thu
လွန်ခဲ့သော ၅ နှစ် ကဘယ်နေရာလဲဗျာ
ကျော့နန္ဒာစိုး
လွန်ခဲ့သော ၅ နှစ် ကKo Ye Min Thu မှန်ဘီလူးနေရာမှာ ကြက်အစာ ဆိုပြီးရိုက်ထည့်လိုက်ပါ ဆောင်းပါးတွေကျလာပါလိမ့်မယ်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
ငါးကန်အတွက်emလုပ်နည်း
MgHtike • ဖြေကြားချက် 1 ခု
အစားအားနည်းခြင်း ဘယ်ကျွေးရမလဲ
king • ဖြေကြားချက် 2 ခု
နွားမတစ်ကောင်ကို တစ်နေတာ အစားပိဿာဘယ်လောက်ကျွေးရလည်းဖြေပေးပါအုံနော်
ZWE THUT KHUNG • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....