နွားစာချဉ်ဖတ်ပြုလုပ်ခြင်းက တကယ်ပဲ အကျိုးအမြတ် ရနိုင်မှာလား?
အခုအခါမှာဆိုရင် နို့စားနွားမွေးမြူသူတွေဟာ အရည်အသွေးကောင်းမွန်တဲ့ အစာစိမ်ရရှိဖို့ပိုပြီး အလေးထားလာကြပါတယ်။ ဒါ့အပြင် အစာစိမ်းအာဟာရတန်ဖိုးလျော့ကျမှု အနည်းဆုံးနှင့် ကြာရှည်ထိန်းသိမ်းထားနိုင်မည့် ချဉ်ဖတ်ပြုလုပ်ခြင်းကိုလည်း ပိုပြီး အာရုံစိုက်လာကြပါတယ်။
ချဉ်ဖတ်ပြုလုပ်ခြင်းက တကယ်ပဲ အကျိုးအမြတ် ရနိုင်မှာလား?
(၁) ချဉ်ဖတ်ပြုလုပ်ခြင်းအတွက် ကုန်ကျမှုသည် အကျိုးရှိသောကုန်ကျမှု ဖြစ်သည်။
နွားစာချဉ်ဖတ်သည် အစာစိမ်းရှားပါးသည့် ကာလတွင် နွားများကျန်းမာစွာနေနိုင်ရန်နှင့် ထုတ်လုပ်မှုကောင်းစေရန် လိုအပ်သည့် အာဟာရများကိုထောက်ပံ့ရာတွင် အသင့်လျော်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ကောက်ရိုး (သို့မဟုတ်) အရည်အသွေးညံ့သောမြက်ကြမ်းများ ဝယ်ကျွေးရလျှင် ရရှိမည့် အာဟာရတန်ဖိုးနှင့် ကုန်ကျစရိတ် မကိုက်ပေ။
(၂) ချဉ်ဖတ်ပြုလုပ်ခြင်းဖြင့် စားကျက်စိုက်ခင်းကို အလေအလွင့်မရှိစေဘဲ စနစ်တကျစီမံအသုံးချနိုင်မည်။
ကောင်းစွာဖြစ်ထွန်းနိုင်သည့်ကာလတွင် စားကျက်ခင်းကို စနစ်တကျစီမံရမည်။ အထူးသဖြင့်မိုးတွင်းကာလမှာ ပြင်ပအစာစိမ်း ရနိုင်တဲ့အပြင် စားကျက်ခင်းကလည်း တခြားအချိန်များထက် ကောင်းနေတော့ သိပ်ဂရုမစိုက်မိဘဲ ဒီအတိုင်းပဲ ရိတ်ကျွေးကြတယ်။ ဒီလိုအချိန်မျိုးမှာ နွားချေး/အရည်၊ ဓာတ်မြေသြဇာတို့ကို သေချာထည့်ပြီး တစ်ခါရိတ်ပြီးတိုင်းပြန်အထကောင်းအောင် ပုလဲဓာတ်မြေသြဇာထည့်မယ်။ ဒါဆို ဒီကာလအတွင်းမှာ ပုံမှန်ထက် ရိတ်သိမ်းနိုင်သည့်ကြိမ်ရေနှင့် ထွက်နှုန်းကြီးထွားနှုန်းတို့ တိုးလာမယ်။ ကျွေးလို့ပိုတာကို ချဉ်ဖတ်လုပ်ပြီး ကြာကြာသိုလှောင်ထားနိုင်မယ်။
(၃) ချဉ်ဖတ်မှာရော အာဟာရတန်ဖိုး ဘယ်လောက်ရှိမှာလဲ?
ချဉ်ဖတ်၏အာဟာရတန်ဖိုးသည် ကွဲပြားမှုများသည်။ ချဉ်ဖတ်၏အာဟာရဓာတ်ပါဝင်မှုသည် မူလအစာစိမ်း၏ အရည်အသွေး၊ နည်းစနစ်တကျပြုလုပ်မှုနှင့် သိုလှောင်ထားမှုပေါ်မူတည်သည်။
(၄) ချဉ်ဖတ်ကျွေးခြင်းဖြင့် နို့ထွက်နှုန်းကို မြှင့်နိုင်မှာလား?
နို့ပေးနွားမကောင်ရေနှင့် ၎င်းတို့အမှန်တကယ်ပေးနိုင်သည့် နို့ထွက်နှုန်းအောက် မလျော့စေဖို့က မွေးမြူသူတွေရဲ့ ရည်ရွယ်ချက်တွေထဲက တစ်ခုပါ။ ဒါကြောင့် ခန္ဓာကိုယ်အခြေအနေကောင်းမွန်ဖို့နှင့် တစ်ကောင်ချင်းစီ၏ အမြင့်ဆုံး ထုတ်လုပ်မှုကိုရစေရန် လိုအပ်တဲ့ စွမ်းအင်ဓာတ် အာဟာရဓာတ်ကို နို့ပေးနွားမတိုင်းရရှိဖို့ လိုအပ်ပါတယ်။
အစာစိမ်းရှားပါးချိန်မှာ ချဉ်ဖတ်က ဒီအချက်တွေကို ဖြည့်ဆည်းရာတွင် အရေးပါတဲ့ အစာတစ်ခုအနေနဲ့ရှိနေပါတယ်။ ချဉ်ဖတ်တစ်ခုတည်းနဲ့တာ့ အမြင့်ဆုံးနို့ထွက်နှုန်းရဖို့ အာဟာရမလုံလောက်သေးပါဘူး။ ဒါပေမယ့် ကောက်ရိုးကျွေးရင် အာဟာရလိုအပ်ချက်ပြည့်မီအောင် တဖက်ကဖြည့်ရမည့်အစာနုက ချဉ်ဖတ်ကျွေးလို့ ဖြည့်ရမည့် ပမာဏထက် (၂ - ၃)ဆလောက် ပိုများနေပါမယ်။ ကုန်ကျစရိတ်ပိုများပြီး နို့ထွက်နှုန်းကို ထိန်းထားဖို့လည်းခက်ပါတယ်။ နွားနို့ဝယ်လိုအားရှိနေချိန်မှာ အစာစိမ်းမရနိုင်လို့ ထွက်နှုန်းကျပြီး ဝင်ငွေနည်းတာမျိုး မဖြစ်ရအောင် ချဉ်ဖတ်ကျွေးခြင်းဖြင့် နို့ထွက်နှုန်းကို မြှင့်တင်နိုင်ပါတယ်။
(၅) ချဉ်ဖတ်ကို အရင်းအနှီး များများရှိမှ လုပ်နိုင်မှာလား? အကျိုးအမြတ်ကရော ဘယ်လိုရနိုင်မှာလဲ?
ချဉ်ဖတ်ပြုလုပ်ရာမှာ ခြံသေးလည်း ခြံသေးအလျောက်၊ခြံကြီးလည်း ခြံကြီးအလျောက်၊ နည်းနည်းရင်းနိုင်သူလည်းနည်းနည်းရင်းနိုင်သူအလျောက်၊ များများရင်းနိုင်သူလည်း များများရင်းနိုင်သူအလျောက် ပြုလုပ်နိုင်မည့် နည်းလမ်းအမျိုးမျိုးရှိပါတယ်။ ပလတ်စတစ်အိတ်ဖြင့်ပြုလုပ်ခြင်း၊ ကျင်းတူး၍ပြုလုပ်ခြင်း၊ ကန်ဖြင့်ပြုလုပ်ခြင်း စသည့်ဖြင့် မိမိအဆင်ပြေသလိုလုပ်ပြီး ကြာကြာသိုလှောင်ထားနိုင်မယ်။
ချဉ်ဖတ်ပြုလုပ်ရာတွင် ကုန်ကျမှု (အစာစိမ်း + လိုအပ်သည့်ပစ္စည်းများ + လုပ်အား + အချိန်)သည် အစာရှားပါးချိန်တွင် ကောက်ရိုးဝယ်ကျွေးရခြင်း၊ အစာစိမ်းရရှိဖို့ /ရှာဖို့ လုပ်အားနှင့်အချိန်သုံးရခြင်း၊ အစာနုဖိုးပိုကုန်ခြင်း၊ ထုတ်လုပ်မှုလျော့ကျခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပိုခြင်းစသည့် ကုန်ကျမှုနှင့်ယှဉ်လျှင် နည်းပြီး အကျိုးအမြတ်ပိုများစေသည်။
ကောက်ရိုးအစား အရည်အသွေးပိုကောင်းသည့် အစာကျွေးခြင်း > > >
စျေးသက်သာပြီး အာဟာရပိုရသည့် အစာစားရခြင်း + ထုတ်လုပ်မှုကောင်းမွန်ခြင်း + ကျန်းမာရေးကောင်းမွန်ခြင်း + ကုန်ကျစရိတ်နည်းခြင်း = ဝင်ငွေပိုရရှိခြင်း ???
??? နွားနဲ့မကင်းနိုင်သေးသ၍ မွေးပြီဆိုမှတော့ စနစ်တကျမွေးမှ အကျိုးအမြတ်ရှိမှာ။ အစာစိမ်းကိုအခြေခံပြီးကျွေးမှ ထုတ်လုပ်မှုစရိတ်သက်သာမှာဆိုတော့လည်း အစာစိမ်းကောင်းကောင်းကျွေးနိုင်ဖို့ ကြိုးစားရမှာပါပဲ ဆိုပြီး မွေးမြူသူတစ်ဦးပြောသလိုပါပဲ။
အခက်အခဲတော့ရှိကြပေမယ့် အများဆုံးကုန်ကျစရိတ်ဖြစ်တဲ့ အစာနဲ့ပတ်သတ်ပြီး စီမံထားမှုမရှိလျှင် အကျိုးအမြတ်ရဖို့က ခက်ခဲနေရဦးမှာပဲ။
အစာစိမ်းတန်ဖိုးကိုသိသွားတော့ တစ်ချို့ လယ်(သို့)ယာဧက အနည်းငယ်ရှိသူတွေကတော့ မြေတစ်ချို့ကို
စားကျက်စိုက်ဖို့ ကြိုးစားလာကြတယ်။ တစ်ချို့က ကိုယ်တတ်နိုင်သလောက် မြေငှါးပြီး နှစ်တို (သို့) နှစ်ရှည်စားကျက်စိုက်ဖို့ ကြိုးစားလာကြတယ်။ တစ်ချို့ မြေအနည်းငယ်ပဲရှိသူတွေက စားကျက်ခင်းကိုစနစ်တကျစီမံပြီး ထွက်နှုန်းကောင်းအောင် အစာစိမ်းပိုရအောင် ကြိုးစားလာကြတယ်။ အမျိုးမျိုးပေါ့။
အားလုံးပဲ အရည်အသွေးကောင်းတဲ့ အစာစိမ်းကျွေးနိုင်ဖို့ စီစဉ်နေကြပြီလား? ချဉ်ဖတ်လုပ်ဖို့ရော စီစဉ်နေကြပြီလား?
AyePyaeSone
လွန်ခဲ့သော ၁ နှစ် ကမြက်ချဉ်ဖက်ပြုလုပ်နည်း
Myo Min Thu
လွန်ခဲ့သော ၃ နှစ် ကချဥ်ဖကတ်ပြုလုပ်နည်းလေးမျှဝေလို့ရလားခဗျာ
tulum
လွန်ခဲ့သော ၅ နှစ် ကချဥ်ဖတ်ပြၤလုပ်နည်းတင် ေပးပါအုနး
ဇော်မျိုးနိုင်
လွန်ခဲ့သော ၅ နှစ် ကyes
ဆက်စပ်ဆောင်းပါးများ
Content provider
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
ဆက်စပ်မေးခွန်းများ
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
ငါးကန်အတွက်emလုပ်နည်း
MgHtike • ဖြေကြားချက် 1 ခု
အစားအားနည်းခြင်း ဘယ်ကျွေးရမလဲ
king • ဖြေကြားချက် 2 ခု
နွားမတစ်ကောင်ကို တစ်နေတာ အစားပိဿာဘယ်လောက်ကျွေးရလည်းဖြေပေးပါအုံနော်
ZWE THUT KHUNG • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from MDEP
အားလုံး