နို့စားနွားမများရဲ့အစာအာဟာရ ခွဲဝေသုံးစွဲပုံ အပိုင်း (၁)
နို့စားနွားမတွေကို တူညီတဲ့ အစာနုပမာဏကျွေးပေမဲ့ နွားနို့ရတာ ကွာခြားနေတာဘာကြောင့်လို့ထင်ပါသလဲ?
* အစာထဲကရတဲ့ စွမ်းအင်ဓာတ်ကို အသုံးပြုပုံခြင်းကွာခြားသွားလို့ပါပဲ...
**နို့ပေးနွားမတစ်ကောင်ဟာ စားလိုက်တဲ့အစာထဲကရတဲ့ စွမ်းအက်ဓာတ် ကို အောက်ပါကဏ္ဍတွေမှာ အသုံးပြုရပါတယ်
၁။ ခန္ဓာကိုယ်အသက်ရှင်လှုပ်ရှားရန် ၂ ။ နွားနို့ထုတ်လုပ်ရန်
၃။ ခန္ဓာကိုယ်ကြီးထွားရန်
၄။ ကိုယ်ဝန်ဆောင်ရန်တို့အတွက် အသုံးချပါတယ်။
***နို့ပေးကာလပေါ်မူတည်ပြီး ဦးစားပေးအသုံးပြုတဲ့ လုပ်ငန်းကွာခြားပါတယ်။
- မွေးပြီးစ နွားမများဟာ ရလာတဲ့ စွမ်းအင်ဓာတ်ကို နို့ထုတ်လုပ်ဖို့ အဓိကသုံးပါတယ်။ ခန္ဓာကိုယ်ကြီးထွားဖို့ အသုံးမပြုသေးပါဘူး။
- နို့ပေးကာလနောက်ပိုင်းမှာတော့ ကိုယ်ဝန်ဆောင်ထားတဲ့ သန္ဓေသားအတွက်နှင့် နွားမရဲ့ ခန္ဓာကိုယ်ကြီးထွားဖို့ ပိုသုံးလေ့ရှိပါတယ်။
- ဒီအချိန်မှာနို့ထုတ်လုပ်ဖို့အတွက်အသုံးပြုမှုနည်းသွားပါတယ်။
- နို့ထွက်နှုန်းကောင်းတဲ့ နွားမတွေဟာ စွမ်းအင်ဓာတ်ကို နို့ထုတ်လုပ်ဖို့အတွက်ဦးစားပေးအသုံးချပါတယ်။ ဒါကြောင့် မွေးပြီးစမှာ ခန္ဓာကိုယ်က ပိန်လာတာတွေ့ရပါမယ်။
- ဒီလိုနို့စားနွားမတွေရဲ့ နို့ပေးကာလနှင့် မျိုးရိုးအလိုက်စွမ်းအင်ဓာတ်အသုံးချပုံ ကွာခြားချက်ကိုသိထားပါက ကုန်ကျမှုသက်သာအောင်ဘယ်လိုအစာကျွေးရမလဲ ဆုံးဖြတ်နိုင်ပါတယ်
** နို့ပေးကာလအားလုံးမှာ ကောင်းမွန်သော ခန္ဓာကိုယ်အနေအထားရှိအောင်ကျွေးရပါမယ်။**
နို့ပေးကာလ အစောပိုင်းနှင့်နောက်ပိုင်းနွားမနှစ်ကောင်ကို အစာ ၁ ပိဿာစီကျွေးပါက နို့ပေးကာလ အစောပိုင်နွားမက နို့ပိုထုတ်ပေးမှာဖြစ်ပါတယ်။
ဒါကြောင့် နို့ပေးနွားမတွေကို သူတို့လိုအပ်ချက်အတိုင်းကျွေးပေးဖို့လိုအပ်ပါတယ်။
*မွေးမြူသူများအနေဖြင့်နို့ပေးကာလနောက်ပိုင်းနွားမများကို အစာနုလျော့၍ အစာစိမ်း/ အစာကြမ်းလုံလောက်စွာကျွေးပြီး နို့ပေးကာလအစောပိုင်း နွားမများကို အစာနုပိုကျွေးပါက မွေးမြူသူများအတွက်အမြတ်ပိုမိုရမှာဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါးများ
Content provider
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
ဆက်စပ်မေးခွန်းများ
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
ငါးကန်အတွက်emလုပ်နည်း
MgHtike • ဖြေကြားချက် 1 ခု
အစားအားနည်းခြင်း ဘယ်ကျွေးရမလဲ
king • ဖြေကြားချက် 2 ခု
နွားမတစ်ကောင်ကို တစ်နေတာ အစားပိဿာဘယ်လောက်ကျွေးရလည်းဖြေပေးပါအုံနော်
ZWE THUT KHUNG • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from MDEP
အားလုံး