နို့စားနွားများတွင် အရေးကြီးသည့် အကူးအပြောင်းကာလဆိုတာ ဘာလဲ?
- ကိုယ်ဝန်ဆောင်ပြီး နို့နားထားသည့်အခြေအနေမှ နွားကလေးမွေးပြီး နို့ပေးသည့်အခြေအနေသို့ ပြောင်းလဲသည့်ကာလ ဖြစ်သည်။ မမွေးခင် (၃)ပတ်အလိုနှင့် မွေးပြီး (၃)ပတ်အကြာ ကြားကာလကို အကူးအပြောင်းကာလဟု သတ်မှတ်သည်။
- ထိုကာလသည် နွားမမှ အာဟာရဗေဒဆိုင်ရာနှင့် ကိုယ်တွင်း ဟိုမုန်းထုတ်လုပ်မှုဆိုင်ရာ အပြောင်းအလဲမြန်မှုများကို ထိန်းညှိလုပ်ဆောင်နေရသော ကာလဖြစ်သည်။
- နွားကလေးမွေးသည့်ကာလ ပတ်လည်တွင် အစာစားနှုန်း (dry matter intake) လျော့ကျခြင်း၊ နို့ဦးရည်နှင့် နို့ထုတ်လုပ်ရန်အတွက် အာဟာရဓာတ်ပိုမိုလိုအပ်လာခြင်း စသည်တို့သည် ဤကာလအတွင်း အရေးအကြီးဆုံးသော ဇီဝကမ္မဆိုင်ရာပြောင်းလဲမှုများ ဖြစ်သည်။
*** အကူးအပြောင်းကာလသည် ဘာကြောင့်အရေးကြီးတာလဲ?
- ကိုယ်ဝန်ဆောင်နို့နားကာလမှ နို့ပေးကာလသို့ ကောင်းမွန်စွာကူးပြောင်းနိုင်သည့် နွားမများသည် ကောင်းမွန်သော ကျန်းမာရေး၊ ထုတ်လုပ်မှုနှင့် မျိုးပွားခြင်းများ ရရှိမှာ ဖြစ်ပါတယ်။
- အကယ်၍ အဆင်ပြေစွာ မကူးပြောင်းနိုင်လျှင် နို့ထွက်နှုန်းကျခြင်း၊ ကိုယ်ခံအားစနစ်လျော့ကျခြင်း၊ မျိုးပွားမှုဆိုင်ရာ လုပ်ဆောင်ချက်များ လျော့ကျခြင်း စသည်တို့ဖြစ်စေပြီး စီးပွားရေးအရ ဆုံးရှုံးမှုများစေပါသည်။
- ကိုယ်ဝန်ဆောင်ကာလ နောက်ဆုံးအပတ်အတွင်းတွင် သန္ဓေသားနှင့် အချင်းတိုင်သည် စွမ်းအင်ဓာတ်အများဆုံး လိုအပ်နေသည့်အခြေအနေဖြစ်ပြီး နွားကလေးမွေးပြီးချိန်တွင်လည်း နို့ဖြစ်တည်စေရန်နှင့် နို့ထုတ်လုပ်မှုမြှင့်တင်ရန် စွမ်းအင်ဓာတ် (energy) များစွာ လိုအပ်နေချိန်ဖြစ်သည်။
- သို့သော် ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားချိန်၊ နို့ပေးချိန် စသည့်အကူးအပြောင်းကာလတွင် ဟိုမုန်းဓာတ်များ၊ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများနှင့်အတူ ဖိစီးမှုများကြောင့် အစာစားနှုန်းကျပြီး အစာမှ စွမ်းအင်ဓာတ် (energy) ရရှိနိုင်မှုလည်း လျှော့နည်းသွားသည်။
*** နွားမများတွင် စွမ်းအင်ဓာတ်ရရှိမှု (energy supply) သည် စွမ်းအင်ဓာတ်လိုအပ်ချက် (energy demand) ထက် နည်းနေသည့် အခြေအနေကို စွမ်းအင်ဓာတ်မလုံလောက်ခြင်း (Negative Energy Balance) ဟုခေါ်သည်။
- စွမ်းအင်ဓာတ်မလုံလောက်သည့်အခါ နွားမ၏ ခန္ဓာကိုယ်တွင်း ထိန်းသိမ်းထားသော ကိုယ်တွင်းအဆီဓာတ် (body fat) များကို ဖြိုခွဲ သုံးစွဲပြီး လိုအပ်တဲ့ စွမ်းအင်ဓာတ်ရရှိအောင် ပြုလုပ်ပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်အလေးချိန်နှင့် ခန္ဓာကိုယ်အခြေအနေ ကျဆင်းလာပါသည်။ ထို့ပြင် အဆီဓာတ်များကို စွမ်းအင်အဖြစ် ပြောင်းလဲသုံးစွဲရာတွင် အသုံးပြုမှုထက် ထုတ်လုပ်မှုကများသောအခါ ဘေးထွက်ပစ္စည်းဖြစ်သည့် Beta-Hydroxy Butyric Acid (ketone body) များ သွေးအတွင်းများလာပြီး Ketosis (ကီတိုးဆစ်) ဖြစ်စေပါသည်။
- စွမ်းအင်ဓာတ်မလုံလောက်မှုကြောင့် အခြားသော ဆက်စပ်ရောဂါများလည်း ဖြစ်ပွားနိုင်ပါသည်။ ထို့ပြင် ဟိုမုန်းထွက်ရှိမှုမညီမျှခြင်းနှင့် ကိုယ်ခံအားစနစ်လျော့ကျခြင်းများ ဖြစ်တတ်ပါသည်။
- မမွေးခင် ၂ ပတ်နှင့် မွေးပြီး ၂ ပတ်အတွင်းသည် ကိုယ်ခံအားစနစ်ပိုမို အားနည်းနိုင်သည့်ကာလဖြစ်သည်။ ထိုအချိန်တွင် နို့အုံရောင်ရောဂါ (mastitis)၊ သားအိမ်ရောင်ရောဂါ (metritis) နှင့် အချင်းကျန်ခြင်း (retained placenta) စသည်တို့ ဖြစ်ပွားနိုင်ပါသည်။ အခြားသော ကူးစက်ရောဂါများ ဖြစ်နိုင်ရန် အခွင့်အလမ်းလည်းဖြစ်စေသည်။
- အာဟာရဓာတ်မလုံလောက်မှုနှင့်အတူ ဟိုမုန်းထွက်ရှိမှု မညီမျှမှုတို့ကြောင့် သားတောင်းနောက်ကျခြင်း၊ မျိုးဥကြွေမှုနောက်ကျခြင်း၊ သားအောင်နှုန်းနည်းခြင်း စသည်တို့ကြောင့် တစ်သားနှင့်တစ်သားကြား ကြားကာလကြာပြီး တစ်နှစ်တစ်သားမရနိုင်သည့် ပြဿနာလည်းဖြစ်လာပါသည်။
*** ကျန်းမာရေး ယိုယွင်းမှုဆိုင်ရာ ပြဿနာများ***
(၁) စွမ်းအင်ဓာတ်ယိုယွင်းမှုဆိုင်ရာ ပြဿနာများ (Energy-Related Disorders)
- အစာအိမ်အတွင်း အက်စစ်ဓာတ်များခြင်း/ခြေလက်နာခြင်း (Rumen acidosis/ Lameness)
- ကီတိုးဆစ် (Ketosis)
- အသည်းအဆီဖုံးခြင်း (Fatty liver syndrome)
- Displaced abomasum
(၂) သတ္တဓာတ်-ဗီတာမင်ဓာတ် ယိုယွင်းမှုဆိုင်ရာပြဿနာများ (Mineral-Vitamin Related Disorders)
- Milk fever
- Udder edema
(၃) ကိုယ်ခံအားစနစ် ယိုယွင်းမှုဆိုင်ရာ ပြဿနာများ (Immune System Related Disorders)
- အချင်းကျန်ခြင်း (Retained placenta)
- သားအိမ်ရောင်ရမ်းခြင်း (Metritis)
- နို့အုံရောင်ရောဂါ (Mastitis)
*** အကူးအပြောင်းကာလအတွင်း ကောင်းမွန်သည့် အာဟာရနှင့် အစာကျွေးစနစ် စီမံမှုသည် နွားကလေးမွေးပြီးနောက် အစာစားနှုန်း (dry matter intake) တိုးလာစေရာတွင် အထောက်အကူဖြစ်ခြင်း၊ မွေးဖွားရာတွင် လွယ်ကူစေခြင်း၊ နွားကျန်းမာရေး၊ နို့ထုတ်လုပ်မှု နှင့် မျိုးပွားမှုဆိုင်ရာ လုပ်ဆောင်ချက်များ ကောင်းမွန်စေပါသည်။
နေထက်
လွန်ခဲ့သော ၂ နှစ် ကနို့စားနွားမပေါက်တာအခုနှစ်ရက်ရှိပီအချင်းကျန်နေလို့ဘယ်လို့လုပ်ရမလဲ
tun hlaing
လွန်ခဲ့သော ၅ နှစ် ကဝက်မွေးမြူရေး အကြောင့် သိချင်ပါတယ်
Ei Mon
လွန်ခဲ့သော ၅ နှစ် ကနို့စားနွားနဲ့ ရိုးရိုးနွား မွေးချင်တာ ဗဟုသုတရတဲ့အတွက်ကျေးဇူးတင်ပါတယ်
ပိုလေး
လွန်ခဲ့သော ၅ နှစ် ကဝက်မွေးမြုရေး တင်ပေးပါလားဗျ
ဆက်စပ်ဆောင်းပါးများ
Content provider
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
ဆက်စပ်မေးခွန်းများ
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
ငါးကန်အတွက်emလုပ်နည်း
MgHtike • ဖြေကြားချက် 1 ခု
အစားအားနည်းခြင်း ဘယ်ကျွေးရမလဲ
king • ဖြေကြားချက် 2 ခု
နွားမတစ်ကောင်ကို တစ်နေတာ အစားပိဿာဘယ်လောက်ကျွေးရလည်းဖြေပေးပါအုံနော်
ZWE THUT KHUNG • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
More from MDEP
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....