ငါးအစာကျွေးခြင်းနည်းလမ်းများ
မိမိထည့်သွင်းမွေးမြူထားတဲ့ ငါးမျိုးစိတ်နဲ့ ငါးမွေးမြူထားတဲ့ နည်းစနစ်ပေါ်မူတည်ပြီး ငါးစာကျွေးခြင်း နည်းလမ်းအမျိုးမျိုးရှိပါတယ်။
(၁) မိမိသတ်မှတ်ထားတဲ့ ပုံမှန်နေရာ (၄နေရာ သို့မဟုတ် ၆နေရာ) အညီအမျှကျဲပက်၍ အစာကျွေးခြင်း
(၂) ကန်ဘောင်မှ ၆ပေ (သို့မဟုတ်) ၁၀ပေခန့်ရှည်တဲ့ လူသွားလမ်း (သို့) တံတားပြုလုပ်၍ အစာကိုကျဲပက်ကျွေးခြင်း၊ ကန်အလယ်၌ စင်ပြုလုပ်၍ ပက်ကျွေးမွေးခြင်း၊ အစာဗန်းပြုလုပ်၍ ကျွေးခြင်း။
(၃) ကန်ထဲလှေစီးပြီး ကန်ရဲ့တစ်ဘက်တစ်ချက်သို့ သွားရောက်၍ အစာပက်ကျွေးခြင်း
(၄) ကြီးသောကန်အမျိုးအစားများတွင် ကြိုး( ၂ချောင်း) သို့မဟုတ် ၃ချောင်းကို ကန်အရှည်အကျယ်အတိုင်း တားစေပြီး ၎င်းကြိုးလေးများ အရှည်အတိုင်း လှေဖြင့်ဖြစ်စေ၊ ဝါးဖောင်ဘောဖြင့် ဖြစ်စေအစာကျွေးနိုင်ပါတယ်။

အစာကျွေးခြင်းအကြိမ်ရေ
(၁) ငါးကျပ်သားခန့်အရွဘ်အထိ တစ်နေ့သုံးကြိမ်ခန့်၊ ငါးကျပ်သားကျော်လျှင် ဖမ်းဆီးရောင်းချချိန်အထိ တစ်နေ့ နှစ်ကြိမ်ကျွေးနိုင်ပါတယ်။
(၂) ငါးကန်ရေရဲ့ ပျော်ဝင်အောက်စီဂျင် လျော့ကျတတ်တဲ့ မိုးအုံ့တဲ့ ရက်များတွင် ပုံမှန်ကျွေးနေကျ အစာပမာဏ၏ ၇၀% အောက်လျော့ချကျွေးသင့်ပါတယ်။
အကောင်းဆုံးပျော်ဝင်အောက်စီဂျင်ပမာဏ -၅-၇ မီလီဂရမ်/၁လီတာ
(၃) ငါးကန်ရေရဲ့အပူချိန် အတက်အကျကလည်း အစာနှုန်းကို လျော့ကျစေနိုင်ပါတယ်။ (အကောင်းဆုံးအပူချိန် အတိုင်းအတာ ၂၅ ဒီဂရီစင်တီဂရိတ်-၃၂ ဒီဂရီစင်တီဂရိတ်) အကယ်၍ ရေအပူချိန်က ၂၀-၂၄ ဒီဂရီစင်တီဂရီတ် ၊ ၁၆-၁၉ ဒီဂရီစင်တီဂရိတ် နဲ့ ၃၃-၃၈ ဒီဂရီစင်တီဂရိတ် အတွင်းတည်ရှိပါက ပုံမှန်ကျွေးနေကျ အစာပမာဏရဲ့ ၈၀% ၊ ၆၀% မ၏အထိလျှော့ပြီး ကျွေးသင့်ပါတယ်။
(၄) မနက်ပိုင်းနေထွက်ပြီး နှစ်နာရီခန့်အကြာမှာ နေ့စဉ်ကျွေးရမယ့် ပမာဏရဲ့ ၆၀-၆၅ % (တစ်နေ့လုံးကျွေးရမယ့် အစာရဲ့ တစ်ဝက်ကျော်) ကိုကျွေး၍ ညနေ နေမဝင်မီ နှစ်နာရီခန့် အလိုမှာ ကျန် ၃၅-၄၀% ကိုကျွေးသင့်ပါတယ်။
(၅) ငါးကန်ရဲ့ အရည်အသွေးက မိုးဆက်တိုက်ရွာမယ့်နေ့များတွင် အပြောင်းအလဲမြန်သဖြင့် ငါးများအစာစားနှုန်းလျော့ကျလေ့ရှိတတ်ပါတယ်။
Ref:ငါးမွေးမြူရေးဆိုင်ရာ အာဟာရပြည့်ဝသည့် ငါးအစာပြုလုပ်ထိန်းသိမ်းကျွေးမွေးခြင်း အိတ်စောင်စာအုပ်မှကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
ငါးကန်အတွက်emလုပ်နည်း
MgHtike • ဖြေကြားချက် 1 ခု
အစားအားနည်းခြင်း ဘယ်ကျွေးရမလဲ
king • ဖြေကြားချက် 2 ခု
နွားမတစ်ကောင်ကို တစ်နေတာ အစားပိဿာဘယ်လောက်ကျွေးရလည်းဖြေပေးပါအုံနော်
ZWE THUT KHUNG • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....