ဆိတ်စာချဉ်ဖတ်ပြုလုပ်ရာတွင် သိရှိထားသင့်သောအချက်အလက်များနှင့် အကျိုးများ
ချဉ်ဖတ်သည် လေမဲ့သောနေရာတွင် ကစော်ပေါက်အောင် စနစ်တကျ စီမံသိုလှောင်ထားခြင်းဖြင့် ရရှိလာသော ဆိတ်အစားအစာပင်ဖြစ်သည်။ ချဉ်ဖတ်ထည့်၍ ချဉ်ဖတ်ပုံ (သို့မဟုတ်) ချဉ်ဖတ်ကျင်းပြုလုပ်ရသည်။ ကစော်ပေါက်မှုသည် သိုလှောင်ထားသော အစာစိမ်းများ၏ အာဟာရဓာတ်တန်ဖိုးနှင့် ရေပါဝင်မှုကို တည်တံ့အောင်ထိန်းသိမ်းနိုင်သည်။
ချဉ်ဖတ်သိပ်ရာတွင်
(၁) ချဉ်ဖတ်ထည့်ရန် နေရာရွေးချယ်ခြင်း
ချဉ်ဖတ်ပြုလုပ်မည့် သီးနှံများကို ချဉ်ဖတ်ထည့်ရန် နေရာကို သယ်ယူရန် လွယ်ကူမည့်နေရာမျိုးဖြစ်ရမည်။ ချဉ်ဖတ်သိပ်မည့် သီးနှံကိုခုတ်စဉ်းဖြတ်တောက်ခြင်းမပြုမီ လျင်မြန်စွာမညှိုးနွမ်း၊ မခြောက်သွေ့စေရန် ရိတ်သိမ်းသည့်နေရာနှင့် ချဉ်ဖတ်ထည့်မည့်နေရာ နီးကပ်မှုရှိရမည်။ ချဉ်ဖတ်ကျွေးမွေးသည့်နေရာနှင့် ချဉ်ဖတ်ထည့်သည့်နီးရာ နီးကပ်မှုရှိရမည်။
(၂) သကြားနှင့် ကစီဓာတ်ပါဝင်မှု
လက်တစ်အက်စစ်နှင့် လက်တစ်အက်စစ်ထုတ်လုပ်သော ဘက်တီးရီးယားများသည် အပင်များတွင် ပါဝင်သည့်သကြားကို ကောင်းစွာအသုံးပြုနိုင်ပေသည်။ အပင်များကိုခုတ်ဖြတ်နင်းသိပ်ခြင်းကြောင့် ယိုစီးထွက်ပေါ်လာသောအရည်များတွင် သကြားနှင့် ကစီဓာတ်ပါဝင်လာသဖြင့် ကစော်ပေါက်ရန် လွယ်ကူသည်။ နွားစာမြက်တွင် သကြားဓာတ်ပါဝင်မှုနည်းသဖြင့် ချဉ်ဖတ်ပြုလုပ်လျှင် သကာရည်များထည့်ပေးရမည်။
(၃) ချဉ်ဖတ်နင်းသိပ်ခြင်း
ချဉ်ဖတ်ကောင်းရရှိရန် ကောင်းစွာနင်းသိပ်ပေးရန် လိုအပ်ပါသည်။ လေခိုအောင်းမှုနည်းလျှင် ချဉ်ဖတ်အရည်အသွေး ကောင်းလေဖြစ်သည်။ ကြီးမားသော ချဉ်ဖတ်ကျင်းများ၌ ထွန်စက်များဖြင့် ဖိနင်းသိပ်ရပါသည်။ ချဉ်ဖတ်ကျင်းငယ်များ ချဉ်ဖတ်ပုံများကို အရှည် (၁-၂) လက်မ အရွယ်အစားဖြတ်တောက်ပေးနိုင်ပါက နင်းသိပ်ရာတွင် ကျစ်လစ်သိပ်သည်းပါသည်။ သေးငယ်စွာ ဖြတ်တောက်ခြင်းဖြင့် သိုး၊ ဆိတ်များစားသုံးရာတွင် လွယ်ကူပြီး အလေအလွင့်နညးပါသည်။

ချဉ်ဖတ်ထဲသို့ ပူးတွဲထည့်ရန်ပစ္စည်း
ချဉ်ဖတ်ထဲသို့ ထည့်ပေးရန်အသင့်လျော်ဆုံးပစ္စည်းမှာ သကာရည်ပင်ဖြစ်သည်။ သကာရည်ကို ခုတ်စင်းထားသော အပင်ရိုးတံများ (ချဉ်ဖတ်စာ)၏ ၄% ခန့် ထည့်ပေးရပါသည်။ ချဉ်ဖတ်စာတစ်တန်လျှင် သကာရည်ပေါင်း ၈၀ ခန့်ထည့်ပေးရပါသည်။ ဂါလံရည် ၄၀ ဝင် သကာရည်ပုံးတစ်ပုံးသည် ချဉ်ဖတ် ၈ တန်အတွက် လုံလောက်သည်။ သကာရည်ထည့်ပေးခြင်းဖြင့် ချဉ်ဖတ်၏ ကစီဓာတ်မြင့်မားလာစေရန် သာမက အရသာနှင့် အရည်အသွေးပါ တိုးတက်ကောင်းမွန်လာသဖြင့် သိုး၊ ဆိတ်များ နှစ်သက်စွာ စားသုံးကြသည်။ သကာရည်ကို ရေ ၅၀ % ရောစပ်၍ ချဉ်ဖတ်စာပေါ်တွင် သမအောင် ပက်ဖျန်းပေးရမည်။ ၆ လက်မထု အလွှာရောက်တိုင်း သကာရည်ကို နှံ့စပ်အောင် ပက်ဖျန်းပေးရသည်။
ဖုံးကာခြင်း
မြေပြင်ပုံစနစ်၏ ပုံသဏ္ဌာန်မှာ အတိအကျမရှိနိုင်ပေ။ ပိုင်ရှင်၏ အကြိုက်နှင့် နေရာဒေသပေါ်လိုက်၍ ပြောင်းလဲနိုင်ပါသည်။ ချဉ်ဖတ်ပုံ၏နံဘေးသည် အနည်းငယ်စောင်း၍ ဆင်ခြေလျှောသဏ္ဌာန် အခြေကျယ်ကာ အပေါ်သို့ကျဉ်းမြောင်းသွားပေသည်။ သို့မှသာ မြေသားဖြင့် ဖုံးကာရာတွင် မြဲမြံကပ်ညိနေမည်။ ကောင်းစွာဖုံးကာခြင်းသည် နင်းသိပ်ခြင်းကဲ့သို့ပင် လေခိုအောင်းမှုကို ကာကွယ်ပါသည်။ ချဉ်ဖတ်စာများကို ဖုံးကာထားခြင်းဖြင့် ပြင်ပလေဖြင့် ထိတွေ့ခွင့်မရပဲ ချဉ်ဖတ်၏ အပေါ်ယံမျက်နှာပြင်သည် တည်တံ့ခိုင်မြဲနေမည်။ ပလတ်စတစ်ဖျင်စနှင့် ဖုံးအုပ်ထားခြင်းဖြင့် လေမိုးဒဏ်မှကာကွယ်ပေးနိုင်ပါသည်။ မြေသားဖြင့် မဖုံးအုပ်မီ ၂ လက်မထုရှိသော ကောက်ရိုးခြောက်များဖြင့် ခင်းပေးရပါသည်။
ချဉ်ဖတ်၏ အရည်အသွေး
အရည်အသွေးကောင်းမွန်သော ချဉ်ဖတ်တွင်
(၁) အရောင်အဆင်းအားဖြင့် စိမ်းဝါရောင်ရှိခြင်း
(၂) ရှာလကာရည်နံ့ (သို့) စူးရှဆိုးဝါးသောအနံ့မျိုး ကင်းရှင်းလျက် အနံ့ကောင်းမွန်ခြင်း
(၃) အဖြူစက်၊ အဖြူပြောက်များကင်းမဲ့ခြင်း (မှိုမတက်ခြင်း)
(၄) အက်ဆစ်ပြင်းအား ၄.၂ ရှိခြင်း
(၅) အက်ဆစ်စိုထိုင်းဆ ၇၀ ရာခိုင်နှုန်းရှိခြင်း
(၆) အရသာကောင်းမွန်ခြင်း (သိုး၊ ဆိတ်များ) ဆွဲငင်စားသုံးခြင်းစသည့် အရည်အသွေးရှိခြင်း
ဆိတ်စာချဉ်ဖတ်ပြုလုပ်ထားရှိခြင်း၏ အကျိုးများ
(၁) ချဉ်ဖတ်သည် အာဟာရတန်ဖိုးနှင့် စိုထိုင်းဆ (ရေပါဝင်မှု) ကိုထိန်းသိမ်းထားနိုင်သည်။
(၂) အခြားအစာများကဲ့သို့ ကောင်းနိုးရရာ အပိုင်းမျးကိုသာ ရွေးချယ်စားခြင်းမရှိပဲ တစ်ညီတစ်ညာတည်း သမစွာစားရသည်။
(၃) အာဟာရနည်းပါးသော အပိုင်းများသည်လည်း ပို၍ အရသာကောင်းမွန်လာသည်။
(၄) ကာလအတန်ကြာ ထိန်းသိမ်းသိုလှောင်ထားနိုင်သည်။
(၅) ပြောင်းခြောက်၊ မြက်ခြောက်ကဲ့သို့ နေရောင်ခြည်ဖြင့် လှန်းသည့်စနစ်နှင့် မတူပဲမိုးရာသီ၌ ပြုလုပ်နိုင်ပါသည်။
(၆) ကုန်ကျစရိတ်နည်းပါးသည်။
(၇) နှံစားပြောင်းမှာ တစ်ကြိမ်ထက်ပို၍ ရိတ်သိမ်းနိုင်သဖြင့် ချဉ်ဖတ်အထွက်နှုန်းပိုသည်။
(၈) သိုလှောင်ထားသောအစာများ မီးဘေးအန္တရာယ်မှ ကင်းဝေးသည်။
FSWG မှ ထုတ်ဝေသော တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူရေးစာအုပ်ထဲမှ ဆောင်းပါးကောင်းတစ်ပုဒ်ကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
စာအုပ်ကို ဝယ်ယူလိုပါက အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မိုးသီဟ
လွန်ခဲ့သော ၃ နှစ် ကဘယ်နှစ်လလောက်ဆိုရင် စတင်ကျွေးမွေးနိုင်ပါမည်လဲရှင်
U Mg Mg
လွန်ခဲ့သော ၃ နှစ် ကဖိသိပ်ထဲ့ပြီးလေလုံအေါင်ပလက်စတစ်ဖုံးအုပ်ပြီးရင် ဘယ်အချိန်ထိထါးရင် အစါကြွေးနိုင်မှာလဲ
သက်ခိုင်
လွန်ခဲ့သော ၃ နှစ် ကချဉ်ဖတ်သိပ်ရန် အကောင်းဆုံးမှာ ပြောင်းပင် ဖြစ်ပါသည်။ ပြောင်းတွင် အချိုဓာတ် (တနည်းအားဖြင့် ကာဗိုဟိုက်ဒြိတ်) ပါဝင်သဖြင့် ဘက်တီးရီးယားများက အသုံးပြုအချဉ်ဖောက်ရန် လွယ်ကူစေပါသည်။ ထို့ကြောင့် သကာရည် သုံးစွဲရမှု သက်သာသွားစေပါသည်။
Thant zin
လွန်ခဲ့သော ၃ နှစ် ကဘာပင်တွေနဲ့ချဥ်ဖတ်လုပ်ရမလဲ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
ငါးကန်အတွက်emလုပ်နည်း
MgHtike • ဖြေကြားချက် 1 ခု
အစားအားနည်းခြင်း ဘယ်ကျွေးရမလဲ
king • ဖြေကြားချက် 2 ခု
နွားမတစ်ကောင်ကို တစ်နေတာ အစားပိဿာဘယ်လောက်ကျွေးရလည်းဖြေပေးပါအုံနော်
ZWE THUT KHUNG • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....