ဒေသနွားများအတွက် အာဟာရပြည့်ဝသည့် အစာစပ်နည်းနှင့် အစာကျွေးနည်းများ
ဒေသနွားမွေးမြူသူများအတွက် အာဟာရလည်းပြည့်ဝစေပြီး ကုန်ကျစရိတ်လည်းသက်သာစေမည့် နွားအစာစပ်နည်းများကို ဖော်ပြပေးလိုက်ပါသည်။
၁။ နို့ထွက်နွားမများအတွက်အစာ
နွားမများကိုနို့ခန်းချိန်တွင် အစာကောင်းကောင်းကျွေးခြင်း၊ စားကျက်ထဲလွှတ်ထားခြင်းဖြင့်ဝဖြိုးလာအောင် ကျွေးမွေးနိုင်ပါသည်။
သားဖွားခါနီး ၂ ရက် ၃ ရက်အလိုတွင် အစာနုလျှော့ကျွေးရပါသည်။ မွေးဖွားသောအခါ အစာကို ပုံမှန်အတိုင်း ပြန်ကျွေးနိုင်ပါသည်။
နို့စားနွားမတစ်ကောင်အတွက် နမူနာအစာ
ဖွဲနု .......... ၄ ပိဿာ
ဆန်ကွဲ......၂ ပိဿာ
နှမ်းဖတ် - ပဲဖတ်..... ၃ ပိဿာ
ဆား..... ၁၅ ကျပ်သားတို့ဖြစ်ပါသည်။
၄င်းအစာတွင် ပရိုတင်း ၁၅% ခန့်ပါရှိသည်။
နွားမတစ်ကောင်လျှင် မနက် ၁ ပိဿာ၊ ည ၁ ပိဿာ ကျွေးနိုင်ပါသည်။ မြက်စိမ်းနှင့် ကောက်ရိုးကိုလည်း ကျွေးရန်လိုအပ်သဖြင့် လိုသလောက်ထားပေးထားရပါသည်။
၂။ နွားသိုးအတွက် အစာ
နွားသိုးအတွက်အစာသည် နှုန်းအားဖြင့်ကြည့်လျှင် နို့စာနွားမများထက်နည်း၏။ သို့သော်နွားသိုးသည် ကိုယ်အလေးချိန် ပိုစီးသောကြောင့် အစာပိုစားရသည်။
နွားသိုးကိုယ်အလေးချိန်၏ ၁% အတွက် ကောက်ရိုးကျွေး၍ ၄င်း%၏ တစ်ဝက်ကို အစာနုကျွေးရသည်။
နမူနာအားဖြင့် ပိဿာ၃ရာခန့်ရှိ နွားသိုးအတွက် ကောက်ရိုး ၃ ပိဿာနှင့်အစာနုစပ်စာ တစ်ပိဿာ ငါးဆယ်သားခန့် ကျွေးရသည်။ ရေကိုလိုသလောက်ပေးထားပါ။
အစာနုကိုစပ်ရာတွင် သမမျှတသောအစာဖြစ်ရန်အရေးကြီးသည်။ ကစီဓာတ်များလွန်းပါက လှုပ်ရှားမှုနည်းလျှင် အဆီထူပြီးသားအောင်နှုန်းနည်းသွားနိုင်ပါသည်။
နွားသိုးအတွက်နမူနာအစာ
ဖွဲနု.... ၄ ပိဿာ
ဆန်ကွဲ.... ၂ ပိဿာ
နှမ်းဖတ်/ပဲဖတ်.... ၄ ပိဿာ
ဆား..... ၂၀ ကျပ်သားတို့ ဖြစ်ပါသည်။
၄င်းအစာတွင် ပရိုတင်း ၁၇% ခန့် ပါဝင်သည်။
နွားသိုးကိုအစာကောင်းကျွေးရန်နှင် အညောင်းပြေလှုပ်ရှားမှု မှန်မှန်ပေးနိုင်ရန် အရေးကြီးပါသည်။
၃။ နွားကလေးများကိုအစာကျွေးခြင်း
နွားကလေးများကို အသက်တစ်လအထိ ကိုယ်အလေးချိန် ၁၀ ပေါင်တွင် နို့ ၁ ပေါင်နှုန်းဖြင့် ပေးသည်။ အသက်တစ်လခွဲအတွင်းတွင် ယခင်ကထက် ၁၄ ကျပ်သားခန့် နို့ပိုပေးသည်။ အသက် တစ်လခွဲမှ နှစ်လ အတွင်းတွင်ဝေပုံကျထက် ၂၈ ကျပ်သားခန့် နို့ပိုချပေးသည်။ ၄င်းကာလအတွင်းတွင် နွားငယ်များကို အစာစားတတ်အောင် အကျင့်လုပ်ပေးရပါသည်။
အစာအနည်းငယ်ပြ၍ စားခိုင်းခြင်း၊ အခြားအစာစားနေသော နွားငယ်ကလေးများနှင့် အစာကျွေးချိန်တွင် ရောနှောပြီး အစာခွက်မှ နှိုက်စားစေခြင်းတို့ပြုစေရသည်။
အသက်၂ လကျော်သောအခါမှ အစာစကျွေးရတော့မည်ဖြစ်သည်။ ဤအရွယ်တွင် အစာကြမ်းများ မကျွေးရသေးပေ။ အစာအိမ်ပုံမှန်ဖွံ့ဖြိုးမှုနည်းသွားနိုင်သောကြောင့်ဖြစ်သည်။

နွားငယ်စာ အစာနုစပ်ရန် နမူနာအချိုး
ဖွဲနု……… ၃၄%
နှမ်းဖတ်၊ ပဲဖတ်………. ၃၀%
ဆန်ကွဲ (သို့မဟုတ်)ပြောင်းမှုန့်………. ၃၀%
ဆား……… ၁%
ခရုမှုန့်…….. ၅%တို့ ဖြစ်သည်။
အသက်၂ လကျော်လာသောအခါ နွားနို့ပေးခြင်းကိုတစ်ဝက်ခန့် လျော့ချလိုက်ပါ။ ထို့နောက် အစာ (အစာနုစပ်စာ)ကို နံနက် ၂၅ ကျပ်သား၊ ည ၂၅ ကျပ်သားပေးပါ။ အစာစိမ်းအဖြစ် မြက်စိုကို ကျွေးနိုင်ပါသည်။ မြက်စိုကို တစ်နေ့လျှင် ၂၅ ကျပ်သားခန့် စမ်းကျွေးနိုင်ပါသည်။
အသက် ၃ လမှ ၄ လအထိ၊ နို့ကိုယခင်အတိုင်း တစ်ဝက်သာပေးပါ။ အစာနုစပ်စာကို နံနက် ၃၅ကျပ်သား၊ ည ၃၅ ကျပ်သားကျွေးပါ။ မြက်စိမ်းကို နှစ်ဆတိုးကျွေးနိုင်ပါသည်။
အသက် ၄ လမှ ၅ လ အထိနို့ပေးနှုန်းနှင့် အစာနုစပ်စာကို ယခင်အတိုင်းပေးပါ။ မြက်စိမ်းကို နံနက်နှင့် ညအတွက်စုစုပေါင်း ၁ ပိဿာခွဲခန့်ပေးပါ။ ကောက်ရိုးကို ၂၅ ကျပ်သားခန့် စမ်းကျွေး ကြည့်နိုင်သည်။
အသက် ၅ လတွင် နို့ကို ယခင်အတိုင်းတဝက်ပေးနိုင်သည်။
အစာနုစပ်စာကို နံနက်နှင့်ည နှစ်နှပ်စာ တစ်ပိဿာအထိ ပေးနိုင်သည်။ မြက်စိမ်းတစ်ပိဿာခွဲနှင့် ကောက်ရိုး ငါးဆယ်သားပေးပါ။
အသက် ၆ လမှ ၇ လအထိ နို့ပေးနှုန်းလျှော့ချပေးပြီး အစာနုစပ်စာ ၁ပိဿာ၊ မြက်တစ်ပိဿာခွဲနှင့် ကောက်ရိုး ၇၅ကျပ်သားကျွေးနိုင်သည်။
အသက် ၇ လမှ ၈ လအထိ နို့ကိုရပ်လိုက်ပါ။အစာနုစပ်စာ တစ်ပိဿာ၊ မြက်စိမ်းနှစ်ပိဿာ၊ ကောက်ရိုး တစ်ပိဿာကျွေးနိုင်သည်။
အရွယ်ရောက်ပြီး နောက်ပိုင်းတွင် မြက်နှင့်ကောက်ရိုးကို တိုးကျွေးနိုင်ပြီး ဆယ်လကျော်လျှင် အစာနုစပ်စာကိုစားနိုင်သလောက်ကျွေးခြင်းဖြင့် ဖွံ့ဖြိုးလာနိုင်ပါသည်။
Ref; Diploma in Livestock Production and Aquaculture.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မောင်မောင်
လွန်ခဲ့သော ၇ လ ကကောက်ရိုးချင်ဖတ်လုပ်နည်းသိချင်လို့ပါဖြေပေးပါဦး
Shoon Lae Oo
လွန်ခဲ့သော ၁ နှစ် ကအစာနုရဲ့အရေးပါပုံ
Min Maung
လွန်ခဲ့သော ၁ နှစ် ကရေဓာတ်လိုအပ်မူနှုန်းလေးသိချင်ပါတယ် ပိဿ100နွားထီးတစ်ကောင်အတွက်
ထွန်းဝင်း
လွန်ခဲ့သော ၁ နှစ် ကခိုင်းနွားများအတွက်မပါးဘူးလား
Myar Ngi
လွန်ခဲ့သော ၂ နှစ် ကနွားအစားကျွေးနည်း
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
ငါးကန်အတွက်emလုပ်နည်း
MgHtike • ဖြေကြားချက် 1 ခု
အစားအားနည်းခြင်း ဘယ်ကျွေးရမလဲ
king • ဖြေကြားချက် 2 ခု
နွားမတစ်ကောင်ကို တစ်နေတာ အစားပိဿာဘယ်လောက်ကျွေးရလည်းဖြေပေးပါအုံနော်
ZWE THUT KHUNG • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....