ဥစားကြက်မွေးမြူသူများ သိထားသင့်သည့်အချက်များနှင့် ဥစားကြက်အစာစပ်နည်း
ဥစားကြက်မွေးမြူတဲ့အခါမှာ “ဥ” ဥ နှုန်းကောင်းမွန်စေဖို့ဟာ အလွန်အရေးကြီးလှပါတယ်။ ဥကြက်မဒန်း တွေဟာ (၅) လ ဝန်းကျင်မှာ ဥစမ်းလေ့ရှိပြီး ဥတွေသေးနေပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ ဥနှုန်းတိုးလာပြီး ဥအရွယ်အစား ပိုကြီးလာပါမယ်။ ဥချိန်ပုံမှန်ရောက်ဖို့နဲ့ အရွယ်အစားကြီးဖို့ ကြက်မဒန်း (၅) လသားကို ကြက်လတ်စာကနေ ဥကြက်စာအဖြစ် ပြောင်းပြီးကျွေးရပါမယ်။
အစာအချိုးအစားကတော့ နည်းနည်းပဲ ကွာပါတယ်။ စတင်‘ဥ’ဥတဲ့အရွယ်၊ ဥအရွယ်အစား၊ အရောင် အသွေးစတာတွေက ကြက်ကြီးမျိုးရိုးဗီဇ၊ ကျွေးတဲ့အစာ၊ ပြုစုထိန်းသိမ်းတဲ့ အပေါ်မူတည်ပါတယ်။ ရောဂါ ကျရောက်မှုမရှိဖို့လည်း အရေးကြီးလှပါတယ်။
ဥစားကြက်မွေးမြူသူတွေ သိထားသင့်တဲ့ တခြားအချက်တွေကတော့
၁။ အခင်းစနစ်နှင့် အကျယ်အဝန်း
ဥကြက်တွေကို အခင်းထူစနစ်၊ ဝါးကြမ်းစနစ်တို့နဲ့ မွေးမြူကြပါတယ်။ ဥကြက်မတွေအတွက် ကြမ်းခင်း နေရာလုံလောက်ဖို့အရေးကြီးပါတယ်။ ဥကြက်မတစ်ကောင်အတွက် (၄) စတုရန်းပေအပြည့်ပေးဖို့ လိုပါလိမ့်မယ်။
၂။ ဥကျင်းနေရာနှင့် အကျယ်အဝန်း
ကြက်တွေမအုမီ မှောင်တဲ့အခန်းထောင့်ဘက်မှာ ဥကျင်းများထားပေးသင့်ပါတယ်။ ဥကျင်းမထားရင် ကြမ်းခင်းပေါ်မှာပဲ ဥကြပါလိမ့်မယ်။ ဥကျင်းတွေက ဥချင်စဖွယ်ဖြစ်ဖို့နဲ့ ဥမကွဲစေဖို့ အရေးကြီးပါတယ်။
ဥကျင်းတွေက အရှေ့အကျယ် ၁၂ သို့မဟုတ် ၁၄ လက်မ၊ ဘေးအရှည် ၁၄ သို့မဟုတ် ၁၆ လက်မ၊ ဒေါင်လိုက်အမြင့် ၁၄ လက်မဝန်းကျင် ရှိမယ်ဆိုရင် ကြက်မ ၅ ကောင်၊ ၆ ကောင် ဥနိုင်ပါတယ်။ ဥ ကြက်မ အကောင် (၁၀၀) အတွက် ဥကျင်း (၁၅) ကျင်း၊ ကျင်း (၂၀) လိုအပ်ပါတယ်။
ဥကျင်းတွေ သန့်ရှင်းစေဖို့ ကောက်ရိုးလဲပေးတာ၊ ညဘက်ကြက်မတွေ ဝင်မအိပ်အောင် အပိတ်တွေလုပ် ပေးထားပါ။
၃။ အစာခွက်နှင့် အစာကျွေးနည်း
အစာခွက်တွေက ကြက်တွေလိုအပ်တဲ့ အစာပမာဏ အလုံအလောက် ထည့်နိုင်ဖို့၊ တစ်ပြိုင်တည်း အစာ ဝင်စားနိုင်ဖို့ လုံလောက်တဲ့ အကျယ်အဝန်းရှိရပါမယ်။ ဥကြက်တွေကအစာများပြီး အဆီပိတ်ရင် ‘ဥ’ မဥ နိုင်ပါဘူး။ အစာကို တစ်နေ့တာတွက်ချက်ပြီး နှစ်ကြိမ်ခွဲကျွေးပါ။
အစာပုံးအရွယ်အစားပေါ်မူတည်ပြီး ကြက်တွေတပြိုင်နက်တည်း စားနိုင်ဖို့ စီမံထားပေးရပါမယ်။ ဝါးစား ခွက်အသုံးပြုတဲ့အခါ အစာဖိတ်စင်မှု နည်းစေဖို့အတွက် အပြည့်မထည့်ဘဲတစ်ဝက်ပဲထည့်ပါ။ အစာခွက်၊ အစာပုံးတွေ ချိတ်ဆွဲရာမှာလည်း ကြက်ကျောကုန်းထက် မမြင့်ပါစေနဲ့။
၄။ ရေလုံလောက်စွာထားပေးခြင်း
ခြံအပြင်မှာလည်း ဝါးသယောက် ရေခွက်တွေ နေရာဆံ့သလောက် ထားပေးသင့်ပါတယ်။ ရေမပြတ်ရှိဖို့၊ သန့်ရှင်းနေဖို့ လိုအပ်ပြီး ခြံထဲမှာ သတ္တုရေခွက်ကြီးတွေ ချထားဖို့လည်း လိုအပ်ပါတယ်။ ဒီလိုထားပေး ခြင်းက ခြံအတွင်း ရေငွေ့ပျံစေပြီး အပူချိန်ကျစေမှာပါ။
နွေရာသီမှာ ရေခွက်တွေပိုချပေးထားတာက ကြက်တွေ အပူရှပ်ခြင်းက ကာကွယ်ရာ ရောက်ပါတယ်။ ကြက်တွေမစင်စွန့်ရာမှာ ဆီးပါဝင်ခြင်း ကိုယ်ခန္ဓာအပူငွေ့ ထွက်ပြီး ရေငွေ့ပါပါ သွားတဲ့အတွက် ရေဓာတ် ဆုံးရှုံးရပါတယ်။အသက်ရှူထုတ်ရာမှာလည်း ရေငွေ့ပါသွားတတ်ပါတယ်။ အဲ့ဒီအတွက်ရေလုံလောက် အောင်ထားပေးပါ။
ဥကြက်ခြံက ဥအစဉ်အမြဲထွက်နေဖို့ စီစဉ်ရမှာဖြစ်ပြီး ဥသက် (၆) လမှာ နောက်တစ်သုတ်ထပ်တင်မှ ဥတုံး ကြက်မတွေ ထုတ်ပစ်ချိန်မှာ ဥဆက်တိုက်ရနေမှာဖြစ်ပါတယ်။ ဥတုံးကြက်မ ထုတ်ပြီးမှ ပြန်စရင် ဥပြတ် ပြီး လုပ်ငန်းနှောင့်နှေးစေပါတယ်။

တဆက်တည်းမှာပဲ ဥစားကြက်တွေကိုကျွေးဖို့ အစာစပ်နည်း လေးပါဖော်ပြပေးပါမယ်။
ရက်သားကြက်ငယ်အတွက်
ပြောင်းဖူး - ၄၀%
ဆန်ကွဲ - ၂၀%
ဖွဲနု - ၁၁%
ပဲဖတ် - ၉ %
နှမ်းဖတ် - ၅ %
ငါးပေါင်း - ၁၅ %
ပရိုတိန်း - ၂၁%
စွမ်းအင် - ၂၉၀၀ kcal
၈ ပတ်သားမှ ၁၂ပတ်သားအတွက်
ပြောင်းဖူး - ၄၅%
ဆန်ကွဲ -၂၀%
ဖွဲနု - ၁၃%
ပဲဖတ် - ၇%
နှမ်းဖတ် -၅%
ငါး(ရိုးရိုး) - ၈%
ခရု -၂%
ပရိုတိန်း - ၁၇%
စွမ်းအင် - ၂၈၇၆ kcal
၁၃ပတ်မှ ၁၆ပတ်သားအတွက်
ပြောင်းဖူး - ၄၅%
ဆန်ကွဲ - ၁၈%
ဖွဲနု - ၉%
ပဲဖတ် - ၈%
နှမ်းဖတ် - ၅%
ငါး(ရိုးရိုး) - ၁၀%
ခရု - ၅%
ပရိုတိန်း - ၁၇.၉%
စွမ်းအင် -၂၈၀၆ kcal တို့ကို ကျွေးရမှာဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Salai Dawt Cem
လွန်ခဲ့သော ၁ နှစ် ကပရိုတိန်းက ဘယ်လို မျိုးလဲ။ဘယ်မှာရနိုင်လဲ ပြောပေးကြပါအုံး
ဒေးဗစ်ဝမ်း
လွန်ခဲ့သော ၂ နှစ် ကရာခိုင်နှုန်းနဲ့မတွက်ဘဲရိုးရှင်းတဲ့တောဓလေ့အတိုင်းတစ်ပြည်နှစ်ပြည်သို့မဟုတ်နို့ဆီဘူးတစ်လုံးနှစ်လုံးအဲလိုလေးအစာစပ်နည်းပြောပြပေးရင်ပိုအဆင်ပြေမယ်ထင်တယ်ဗျကျွန်တော့်အတွေးနဲ့လူအများမှတ်ရလွယ်ကူစေဖို့ပါဗျာကျေးဇူးပါ
ကိုလေး
လွန်ခဲ့သော ၂ နှစ် က16ပတ်အထက်စပ်စာလေးရချင်
kyaw hlaing oo
လွန်ခဲ့သော ၂ နှစ် ကကြက် မျိုးလိုချင် တယ် ဘယ်မှာရနှိုင်လဲဗျ
LinYaungHtet
လွန်ခဲ့သော ၂ နှစ် ကဘယ်လိုဝယ်ရလည်းဗျာ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
ငါးကန်အတွက်emလုပ်နည်း
MgHtike • ဖြေကြားချက် 1 ခု
အစားအားနည်းခြင်း ဘယ်ကျွေးရမလဲ
king • ဖြေကြားချက် 2 ခု
နွားမတစ်ကောင်ကို တစ်နေတာ အစားပိဿာဘယ်လောက်ကျွေးရလည်းဖြေပေးပါအုံနော်
ZWE THUT KHUNG • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး