အစာစိမ်းရရှိမှု မလုံလောက်ချိန်မှာ ရရှိနိုင်သောပမာဏကို စနစ်တကျစီမံကျွေးမွေးခြင်း
နို့စားနွားမွေးမြူသူများအနေဖြင့် အစာစိမ်းလုံလောက်စွာ စိုက်ပျိုးပြီး အစာစိမ်းကို အခြေခံကျွေးမွေးမှသာ ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်ပိုမို ရရှိမှာဖြစ်ပါတယ်။
သို့သော် နွားမွေးတောင်သူအများစုရဲ့ လက်ရှိအနေအထားအရ တစ်နှစ်ပတ်လုံး အစာစိမ်းရရှိဖို့က ကြိုးစားနေဆဲကာလဖြစ်ပါတယ်။
ဒါ့ကြောင့် အစာစိမ်းမလုံလောက်တဲ့အချိန်မှာ ခြံမှာ အစာစိမ်းကို ဘယ်လိုစီမံကျွေးကြမလဲ စဉ်းစားကြည့်ကြပါစို့။ ? ? ?
***ပထမဆုံးအနေဖြင့် တစ်ခြံလုံးအတွက် အစာစိမ်းမလုံလောက်သောအချိန်မှာ မိမိနွားများအတွက် ဘယ်လိုစီမံကျွေးမွေးလေ့ရှိပါသလဲ..?
မွေးမြူသူအများစု ပြုလုပ်လေ့ရှိသောပုံစံ
*** ရနိုင်သောအစာစိမ်းအားလုံးနှင့် လိုအပ်သော ကောက်ရိုး (သို့) ပဲရိုးရော၍ နွားအားလုံးကို ကျွေးလေ့ရှိပါတယ်။
ထိုသို့ကျွေးခြင်းဖြင့်.....
- နို့ပေးနွားမများတွင် အာဟာရလိုအပ်ချက်မပြည့်မီခြင်း
- နွားကလေးများတွင် အစာကြမ်း/ အစာစိမ်းစားသုံးမှုပမာဏ လျော့ကျခြင်းများ အဓိကတွေ့ရပါမယ်။
အကျိုးဆက်အနေဖြင့်
(၁)နို့ထွက်နှုန်းကျလာခြင်း
(၂)နွားကလေးများပိန်လာခြင်း
(၃)မျိုးမရသေးသော နို့ပေးနွားမများတွင် သားပြန်ရဖို့ နောက်ကျခြင်းများကို ကြုံရပါမယ်။
ထိုကဲ့သို့မဟုတ်ဘဲ..ရရှိနိုင်သောအစာစိမ်းကို ခြံတွင် ဦးစားပေးအလိုက် ကျွေးသင့်ပါတယ်
?✏ ဘယ်လိုစီမံကျွေးမွေးကြမလဲ ..?
ဦးစားပေး
(၁)လက်ရှိနို့ပေးနေသောနွားမ
(၂) နွားကလေးများ
(၃) နွားမတမ်းများ
(၄) မွေးကာနီးနွားမများ
(၅) နို့ခမ်းနွားမများ စသဖြင့်
ဦးစားပေး (၁)နှင့် (၂)အတွက် အစာစိမ်းလုံလောက်အောင် ခွဲတမ်းချပြီးမှသာ ကျန်အုပ်စုများကို အစာများ ရောကျွေးသင့်ပါတယ်။
?ရရှိနိုင်သောအကျိုးများ
- နို့ပေးနွားများ အစာအာဟာရ လုံလောက်စွာရရှိခြင်းကြောင့် နွားနို့ထုတ်လုပ်မှု ပမာဏလျော့မသွားခြင်းနှင့် သားမရသေးသော နို့ပေးကာလအစောပိုင်းရှိ နွားမများတွင် သားအောင်ခြင်း
- နွားကလေးများ အစာစိမ်းလုံလောက်စွာ စားရသောကြောင့် ကြီးထွားမှုကောင်းခြင်း စသည့်အကျိုးများရရှိလာပါမယ်။
ဒါကြောင့် တောင်သူများအနေဖြင့် ထိုကဲ့သို့ အစာစိမ်းမလုံလောက်ချိန်မှာ အစာစိမ်းကို စနစ်တကျစီမံကျွေးခြင်းဖြင့် ထုတ်လုပ်မှုကို မထိခိုက်အောင် ဆောင်ရွက်ရင်း ထိုကာလများကို ဖြတ်သန်းကြဖို့ အကြံပြုအပ်တယ်ခင်ဗျာ။
ဆက်စပ်ဆောင်းပါးများ
Content provider
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
ဆက်စပ်မေးခွန်းများ
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
ငါးကန်အတွက်emလုပ်နည်း
MgHtike • ဖြေကြားချက် 1 ခု
အစားအားနည်းခြင်း ဘယ်ကျွေးရမလဲ
king • ဖြေကြားချက် 2 ခု
နွားမတစ်ကောင်ကို တစ်နေတာ အစားပိဿာဘယ်လောက်ကျွေးရလည်းဖြေပေးပါအုံနော်
ZWE THUT KHUNG • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
More from MDEP
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....