အသားစားနွားများ အစာမစားခြင်းအတွက် ဖြေရှင်းနည်းလမ်းများ
အသားစားနွား မွေးမြူသည့်အခါမှာ အသားစားနွားများ၏ အစာစားလိုစိတ် လျော့နည်းလာခြင်း၊ အစာစားသုံးမှုပမာဏလျော့နည်းလာခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်လေ့ရှိကာ အသားစားနွားများ၏ ခန္ဓာကိုယ်အရည်အသွေး အားနည်းလာစေကာ ကြီးထွားနှုန်း ကျဆင်းလာစေမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် အသားစားနွား အစာစားလိုစိတ် လျော့နည်းလာစဥ် မည်ကဲ့သို့ ဖြေရှင်းသွားရမည်ကို လေ့လာကြည့်ကြရအောင်ပါ။
၁။ ပိုးသတ်ပေးခြင်း
အသားစားနွားများ အစာစားလိုစိတ် လျော့နည်းလာပါက ပထမဆုံးစဉ်းစားရမည်မှာ ကပ်ပါးပိုးကောင်ရောဂါ ရှိ/မရှိ ဖြစ်သည်။ ပိုးသတ်စဉ် ဆေးဝါးများအသုံးပြုကာ ကျယ်ပြန့်စွာ ပိုးသတ်ပေးရမည် ဖြစ်သည်။ ပိုးသတ်ပြီးနောက် နွားတင်းကုပ်အတွင်းရှိ စွန့်ပစ်အညစ်အကြေးများအား ရှင်းလင်းပြီး ပိုးသတ်ပေးခြင်းဖြင့် အသားစားနွားများ ကပ်ပါးရောဂါပိုး နောက်ထပ်တစ်ကြိမ် ကူးစက်ပြန့်ပွားခြင်းမှ ရှောင်ကြဉ်သွားရမည်ဖြစ်သည်။
၂။ အစာအိမ်နှင့် အူလမ်းကြောင်း အားကောင်းစေခြင်း
အသားစားနွားများ အစာစားလိုစိတ် လျော့နည်းခြင်းမှာ ခန္ဓာကိုယ်အကြောင်းအရင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဥပမာ- အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်း ရောင်နာခြင်းစသည့် ရောဂါလက္ခဏာများ ဖြစ်ပါသည်။ ထို့ကြောင့် နွားမွေးမြူသူများမှာ ထိုကဲ့သို့သော အခြေအနေများအရ အသားစားနွားများအား အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာအားကောင်းစေရန် ပြုလုပ်ပေးသွားရမည်ဖြစ်သည်။
၃။ သံထုတ်အစာအိမ်ဆေး ပေးခြင်း
အသားစားနွားများ အစာရှာဖွေစားသုံးစဉ် သံမျှင်၊ ကျောက်ခဲလုံး၊ ပလတ်စတစ် စသည်တို့ကိုမတော်တဆ မြိုချစားသုံးမိမည်ဖြစ်သည်။ ထိုပစ္စည်းများမှာ သာမန်အားဖြင့် အစာအိမ်အတွင်း အနယ်ထိုင်နေမည်ဖြစ်ပြီး အသားစားနွား၏ အစာစားလိုစိတ်အပေါ် ထိခိုက်မှု သိသာစေမည်ဖြစ်သည်။ ထို့ကြောင့် အသားစားနွားအား အစာအိမ်အတွင်းရှိ သံမျှင်များကို ယူဆောင်ပြီး အစာအိမ်ဆေးခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။ အစာအိမ်အတွင်းရှိ အခြားပစ္စည်းများကိုလည်း သန့်ရှင်းသွားစေမည်ဖြစ်သည်။
၄။ သင့်လျော်စွာ ကျွေးစာပေါင်းစပ်ပေးခြင်း
အသားစားနွားများ အစာစားလိုစိတ် လျော့နည်းလာခြင်း၏ နောက်ထပ်အကြောင်းအရင်းတစ်ခုမှာ ကျွေးစာပြဿနာ ဖြစ်ပါသည်။ ကျွေးစာအရသာ မကောင်းမွန်ပါက နွားများ စားသုံးရန် မနှစ်သက်ပါ။ သို့မဟုတ် ကျွေးစာမှိုတက်ခြင်းမှာလည်း နွားများ၏ အစာစားလိုစိတ်ကို ထိခိုက်စေမည်ဖြစ်ကြောင်း သိရပါသည်။
မှီငြမ်း- www.cnhnb.com မှ ကောက်နှုတ် ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Min Maung
လွန်ခဲ့သော ၁ နှစ် ကဆက်လက်ပြည့်စုံရှင်းလင်းသိနားလည်အောင် ထက်လမ်းညွှန်ရေးပေးပါအုန်းဆရာ
ဟိန်းထက်
လွန်ခဲ့သော ၄ နှစ် ကနွားဝမ်းပျော့နေလို့ဝမ်းမာလာအောင်ဘာလုပ်ပေးရမလဲ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
ငါးကန်အတွက်emလုပ်နည်း
MgHtike • ဖြေကြားချက် 1 ခု
အစားအားနည်းခြင်း ဘယ်ကျွေးရမလဲ
king • ဖြေကြားချက် 2 ခု
နွားမတစ်ကောင်ကို တစ်နေတာ အစားပိဿာဘယ်လောက်ကျွေးရလည်းဖြေပေးပါအုံနော်
ZWE THUT KHUNG • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....