ကျွဲ၊ နွား၊ သိုး၊ ဆိတ်များအတွက် အာဟာရဖြည့်စွက်စာ ယူရီးယားသကာတုံးပြုလုပ်နည်း
အာဟာရဖြည့်စွက်စာ ယူရီးယားသကာတုံးမှာ ကျွဲ၊ နွား၊ သိုး၊ ဆိတ်ကဲ့သို့ စားမြုံ့ပြန် သတ္တဝါများအတွက် မရှိမဖြစ်လိုအပ်သော ဖြည့်စွက်စာဖြစ်ပါသည်။
၄င်းသကာတုံးကို ကျွဲ၊ နွား၊ သိုး၊ ဆိတ်များကို ဖြည့်စွက်စာအဖြစ်ကျွေးမွေးပါက အာဟာရဓာတ် ပိုမိုရရှိစေခြင်းကြောင့် ကြီးထွားမှုကို ပိုမိုကောင်းမွန်စေပါသည်။ ပူအိုက်ခြောက်သွေ့သော ရာသီတွင် အာဟာရဓာတ်နည်းပါးသော အစာကြမ်းများကို စားရသော တိရစ္ဆာန်များ၊ လယ်ကွင်းများတွင်ထိန်းကျောင်းမွေးမြူထားသော တိရစ္ဆာန်များအတွက် အထူးလိုအပ်ပါသည်။
ယူရီးယားသကာတုံးကို တစ်နှစ်ပတ်လုံးကျွေးမွေးနိုင်ပါသည်။

ယူရီယားသကာတုံးပြုလုပ်ရာတွင် အခြေခံအားဖြင့် ပါဝင်သောပစ္စည်းများမှာ-
(က) သကာရည် - ၃၅ %
(ခ) ဖွဲနု - ၃၅%
(ဂ) ယူရီးယား(ပုလဲ)မြေသြဇာ - ၁၀%
(ဃ) ဘိလပ်မြေ - ၅%
(င) ထုံး - ၁၀%
(စ) ဆား - ၅% တို့ ဖြစ်ပါသည်။
လိုအပ်သောပစ္စည်းကိရိယာများမှာ -
(က) သကာတုံးပြုလုပ်ရန်အတွက် (သစ်သားခွက်၊ ပလတ်စတစ်ခွက်၊ သံပုံး၊သွပ်ပုံး)။
(ခ) အထက်ပါ ပါဝင်ပစ္စည်းများ။
(ဂ) ရောစပ်ရန်အတွက်ကရိယာများ(ဂေါ်ပြား၊ ဇလားခွက်ကြီး)။
(ဃ) ချိန်ခွင်တို့ ဖြစ်ပါသည်။
ပြုလုပ်နည်းမှာ -
၁။ ဖွဲနု၊ ဘိလပ်မြေ၊ ထုံးတို့ကို အထက်ပါအချိုးအစားတိုင်းချိန်တွယ်၍ သမအောင်မွှေပါ။
၂။ သကာရည်၊ ယူရီးယား၊ ဆားတို့ကိုလည်း အထက်ပါ အချိုးအစားအတိုင်းချိန်တွယ်၍ ဇလုံထဲရောထည့်၍ သမအောင် ရောနယ်ပါ။
၃။ နယ်ပြီးပါက ဖွဲနုအရောထဲသို့ သကာရည်အရောကို လောင်းထည့်ပြီး သမအောင်နယ်ပါ။
၄။ သမသွားသောအခါ အသင့်ပြုလုပ်ထားသောပုံစံခွက်အတွင်းသို့ သတ်မှတ်အလေးချိန်အတိုင်း ထည့်၍ သစ်သားဒင်ဖြင့်ထုထောင်းခြင်း၊ နင်းပြားခံ၍ ခြေထောက်ဖြင့်နင်းသိပ်ခြင်းပြုလုပ်ပါ။
၅။ ပြီးလျှင် ပုံစံခွက်ထဲမှ သကာတုံးကို ထုတ်ယူပြီး(၂၄) နာရီခန့် အရိပ်ထဲတွင် အခြောက်ခံထားပြီးပါက ကျွဲ၊ နွား၊ သိုး၊ ဆိတ်များကို ကျွေးမွေးနိုင်ပြီဖြစ်ပါသည်။
ကျွေးမွေးရန်နှုန်းထားမှာ -
သကာတုံးများထည့်ကျွေးရာတွင် အလေအလွင့်နည်းစေရေးအတွက် သကာတုံးထည့်နိုင်သည့် သစ်သားခွက် (သို့) သတ္တုခွက်တွင်ထည့်၍ အောက်ပါနှုန်းထားအတိုင်းကျွေးမွေးနိုင်ပါသည်။
(က) နွားကြီးများတစ်ရက်လျှင် (၂၀ - ၅၀) ကျပ်သား။
(ခ) (၆) လအထက်ကျွဲနှင့် နွားငယ်များကို တစ်ရက်လျှင် (၉ - ၁၅) ကျပ်သား။
(ဂ) သိုး၊ ဆိတ်များကို တစ်ရက်လျှင်(၄ - ၆ )ကျပ်သား ကျွေးနိုင်ပါသည်။
အကျိုးသက်ရောက်မှုအနေဖြင့် -
ယူရီးယားသကာတုံး(၁)ပိဿာသည် နှမ်းဖတ်(၁)ပိဿာ(သို့) စပ်စာ(၂)ပိဿာ၏ အာဟာရတန်ဖိုးနှင့် ပျမ်းမျှအားဖြင့်တူညီပါသည်။ သကာတုံးကျွေးမွေးခြင်းအားဖြင့် နို့စားနွားမများနို့ထွက် (၂၀)% တိုးခြင်း၊ ဇီးပြန်ရနှုန်းမြန်၍ သားပေါက်နှုန်းကောင်းခြင်း၊ တိရစ္ဆာန်အငယ်များကြီးထွားနှုန်းကောင်း၍ အရွယ်ရောက်စောခြင်း၊ ကျန်းမာဝဖြိုးခြင်း၊ ခိုင်းနွားများ လုပ်ငန်းခွင်စွမ်းအားတိုးတက်လာခြင်း စသည့်အကျိုးသက်ရောက်မှုများ ရရှိနိုင်ပါသည်။
သတိပြုရမည်အချက်များမှာ -
(က) သကာတုံးပြုလုပ်စဉ် ယူရီးယားအခဲနှင့် ဘိလပ်မြေအခဲများ မပါစေရ။
(ခ) သကာရည်ထဲတွင် ပုလဲဓာတ်မြေသြဇာများ ပျော်ဝင်အောင်မွှေပါ။
(ဂ) ပါဝင်သည့်ပစ္စည်းများကို နှံ့စပ်အောင်ရောနှောရပါမည်။
(ဃ) သကာတုံးသည် အာဟာရဖြည့်စွက်စာဖြစ်၍ အစာနု (သို့) အစာကြမ်းနှင့်တွဲဖက်ကျွေးရပါမည်။
(င) ရေလုံလောက်စွာ သောက်နိုင်စေရန်ထားရှိရပါမည်။
(စ) စတင်ကျွေးမွေးချိန်တွင် နည်းနည်းချင်းစတင်ကျွေး၍ တဖြည်းဖြည်းပမာဏ တိုး၍ကျွေးသင့်ပါသည်။
ယူရီးယားအဆိပ်သင့်ခြင်းဖြစ်ပွားပါက အဆိပ်သင့်လက္ခဏာများနှင့် ကုသနည်းများ
အလွန်အကျွံစားမိပါက အဆိပ်အတောက်ဖြစ်တတ်ပါသည်။ လက္ခဏာများမှာ -
(က) ပါးစပ်တဝိုက်အမြှုပ်ထွက်ခြင်း၊
(ခ) ဘယ်ဖက်ဘေးရှိ အစာအိမ်ရောင်ခြင်း၊
(ဂ) အရက်မူးနေသကဲ့သို့ဖြစ်နေခြင်း၊
(ဃ) မအီမသာဖြစ်ပြီး အသက်ရှူကြပ်ခြင်း၊
(င) ဒယီးဒယိုင်ဖြစ်ခြင်း၊
(စ) အကြောဆွဲခြင်းတို့ ဖြစ်ပွားတတ်ပါသည်။
ကုသခြင်း
(က) အဆိပ်သင့်၍ မကျန်းမာသောတိရစ္ဆာန်များကိုသီးခြားစီ ခွဲခြားထားခြင်း။
(ခ) အစာခွက်အတွင်းမှ သကာတုံးများကိုဖယ်ရှားပေးခြင်း။
(ဂ) ရှာလကာရည် (၁)လီတာမှ (၂) လီတာအထိ ရေနှင့်ရော၍ မကျန်းမာသောတိရစ္ဆာန်များကို တိုက်ကျွေးခြင်းတို့ဖြစ်ပါသည်။
ကျွဲ၊ နွား၊ သိုး၊ ဆိတ်များအတွက် အာဟာရဖြည့်စွက်စာ သကာတုံးများကို အလွယ်တကူဝယ်ယူကျွေးမွေးနိုင်သော်လည်း အရည်အသွေးမမှန်ခြင်း၊ လတ်ဆတ်မှုမရှိခြင်း စသောကိစ္စရပ်များနှင့်ကြုံတွေ့နိုင်သဖြင့် အလွယ်တကူရရှိနိုင်သော ကုန်ကြမ်းများဖြင့် ကိုယ်တိုင်ပြုလုပ်နိုင်ပါက ကုန်ကျစရိတ် ပိုမိုသက်သာနိုင်သလို ပိုမိုအကျိုးရှိနိုင်ပါကြောင်း လေ့လာရေးသားတင်ပြလိုက်ရပါသည်။
မှီငြမ်း-မွေးကုဦးစီးဌာနမှ ဖြန့်ဝေသော လက်ကမ်းစာစောင်များ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Min Maung
လွန်ခဲ့သော ၁ နှစ် ကပုံမမြင်ရဘူးဆရာတို့
သက်လင်းကျော်
လွန်ခဲ့သော ၃ နှစ် ကယူရီးယားသကာတုံးပုံလေးပြပေးပါဆရာခင်ဗျ
ဟိန်းထက်
လွန်ခဲ့သော ၄ နှစ် ကနွားဝမ်းပျော့နေလိုဘာလုပ်ပေးသင့်လဲဗျ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
ငါးကန်အတွက်emလုပ်နည်း
MgHtike • ဖြေကြားချက် 1 ခု
အစားအားနည်းခြင်း ဘယ်ကျွေးရမလဲ
king • ဖြေကြားချက် 2 ခု
နွားမတစ်ကောင်ကို တစ်နေတာ အစားပိဿာဘယ်လောက်ကျွေးရလည်းဖြေပေးပါအုံနော်
ZWE THUT KHUNG • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....