အစိမ်းရောင်လမ်း
ဒေါက်တာစိန်လှဗိုလ်

ဒေါက်တာစိန်လှဗိုလ်

ဆောင်းပါး 1 ပုဒ်

နောက်ဆုံးရေးသားထားသော ဒေါက်တာစိန်လှဗိုလ် ၏ ဆောင်းပါးများ

ရေရှည် အကျိုးပြုစေနိုင်မယ့် သီးနှံသစ်တော ရောနှော စိုက်ခင်း
ခေတ်သစ်စိုက်ပျိုးရေး

ရေရှည် အကျိုးပြုစေနိုင်မယ့် သီးနှံသစ်တော ရောနှော စိုက်ခင်း

နှစ်ရှည်ပင်မျိုးများ အနက် မြေဆွေးပြုလုပ်ရန်၊ သစ်စိမ်းမြေဩဇာ ပြုလုပ်ရန်သင့်တော်တဲ့ အပင်မျိုးများကိုလည်း စိုက်ပျိုးနိုင်ပါတယ်။ အိမ်သုံး သစ်တောပင်များကို ဖြစ်စေ၊ စားသုံးသီးပင်မျိုးများကိုဖြစ်စေ စိုက်ပျိုးပေးခြင်းဖြင့် တောင်သူများအတွက် အပိုဝင်ငွေရရှိစေနိုင်မှာ ဖြစ်ပါတယ်။ နှစ်ရှည်ပင်များနှင့် အတူ ရာသီသီးနှံများကို စိုက်ပျိုးပေးထားခြင်းဖြင့် သီးနှံဝန်းကျင်ရှိ အနည်းကပ်ရာသီဥတုကို ပိုမိုကောင်းမွန်စေရန် ဖန်တီးပေးစေကာ ပတ်ဝန်းကျင်အခြေအနေဆိုးများမှ စိုက်ပျိုးထားတဲ့ သီးနှံပင်များကို ကာကွယ်ပေးစေနိုင်မှာ ဖြစ်ပါတယ်။ အပင်ကြီးများနဲ့ ရောနှော စိုက်ပျိုးထားတဲ့အတွက် အပူချိန်အနိမ့်အမြင့်၊ နေရောင်ရရှိစေနိုင်မှု အနည်းအများ၊ မိုးရေပေါက်၊ မိုးသီးကျ ရောက်မှုများနဲ့ အတူ လေတိုက်ခတ်မှုများကိုလည်း ထိန်းသိမ်းကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ စိုက်ပျိုးထားတဲ့ အပင်အမျိုးအစားအလိုက် မြေရဲ့အရည်အသွေးကို တိုးတက် ကောင်းမွန်လာစေခြင်း၊ မြေကို ရေတိုက်စားမှုမှ ကာကွယ်ပေးခြင်းများအပြင်၊ ကာဘွန်ကိုလည်း သိုလှောင်ထားပေးစေနိုင်မှာ ဖြစ်ပါတယ်။

ဒေါက်တာစိန်လှဗိုလ် ဒေါက်တာစိန်လှဗိုလ် • 15/01/2018