ပျားအိမ်များ၏ အခန်းကဏ္ဍ
ပျားမွေးမြူရာတွင် ပျားတို့၏ ပင်ကိုသဘာဝ အလေ့အကျင့်များကို သိရှိထားရန် အရေးကြီးပါသည်။ မိမိမွေးမြူမည့် နေရာဒေသ၏ ရာသီဥတုအခြေအနေနှင့်အညီ သင့်လျော်သော ဝတ်ရည်စုပ်ပျားများကို မွေးမြူသင့်ပေသည်။
ပျားများကို ပျားရည်အတွက် မွေးမြူရာတွင် သဘာဝအလျောက် ပျားများတည်ဆောက်ထားကြသည့် ပျားအုံပုံစံအား တီထွင်၍ မွေးမြူကြရပါမည်။ အဓိကအားဖြင့် ပျားမွေးမြူရာတွင် အသုံးပြုသော ပျားအိမ်များမှာ-
၁။ ကောက်ရိုးခွေပျားအုံ
ကောက်ရိုးခွေပျားအုံကို ကရွတ်များပြုလုပ်သကဲ့သို့ ကောက်ရိုးများကိုစုစည်းပြီး အပေါ်မှ ကြိမ်များဖြင့် ပတ်ထားရသည်။ ထိုကောက်ရိုးခွေများကို တစ်ခုပေါ်တစ်ခုဆင့်၍ တည်ဆောက်ကြသည်။ အပေါ်တည့်တည့်တွင် အပေါက်တစ်ပေါက်ကိုလည်း ပြုလုပ်ပေးထားကြပါသည်။
ကောက်ရိုးခွေအုံကို အသုံးပြုရာတွင် အောက်ခံအဖြစ် ပျဥ်ပြားချပ်ကြီးတစ်ခု ပါလေ့ရှိပါသည်။ ဝတ်မှုန်ကူးခြင်းအား ပို၍ထိရောက်မှုရှိစေရန် ဥယျာဥ်ခြံများထဲတွင် မွေးမြူမည်ဆိုပါက ကောက်ရိုးခွံ အသုံးပြုလေ့ရှိသည်။ ပျားများသည် ကောက်ရိုးခွေအုံထဲတွင် ပျားရည်များစုဆောင်းကြရာ ပျားရည်အသင့်ထုတ်ယူနိုင်ကြသည်။
၂။ W.B.C ထရံနှစ်ထပ် ပျားအုံ
W.B.C ထရံနှစ်ထပ် ပျားအုံမှာ အကာ ၂ထပ် ရှိသည်။ အတွင်းပိုင်းရှိ ပျားများနေထိုင်သည့် ပျားအုံထရံပေါ်မှ ထရံ၁ထပ် ကာရံထားသည်။ ဤကဲ့သို့ ၂ထပ် ကာရံထားသဖြင့် ပျားအုံထဲတွင် အစဥ်ခြောက်သွေ့နေပါသည်။ ပျားမွေးမြူရာတွင် ပျားအုံထဲ စွတ်စို၍မနေရန်မှာ အရေးကြီးလှသည်။ ခြောက်သွေ့နေပါက အအေးဓာတ်ပြင်းထန်သော ရာသီတွင်ပင် ပျားများကောင်းစွာ အသက်ရှင်နေနိုင်ပါသည်။
ဤပျားအုံအမျိုးအစားတွင် အောက်ဆုံး၌ ပျားအုံတင်ရန် ခုံရှိသည်။ ထိုအပေါ်၌ ပျားများပေါက်ဖွားရန် “သားပေါက်ခန်း” ရှိသည်။ ထိုပေါ်မှ နောက်ထပ် ပျားရည်ခန်း ဆင့် တစ်ခုရှိသည်။ ထိုပျားရည်ခန်းထဲတွင် ပျားများသည် ပျားရည်များ သိုမှီးစုဆောင်းထားကြသည်။ ထိုအပေါ်မှ နောက်ထပ် ခန်းဆင့် တစ်ခုတင်ထားပြန်သည်။ ထိုခန်းဆင့်များမှာ ပျားရည် စုဆောင်းရန်အတွက် ပျာရည်ခန်းပင် ဖြစ်သည်။အပေါ်ဆုံးတွင် ခေါင်မိုးရှိပြီး တစ်ဖက်မှတစ်ဖက်သို့ နိမ့်ဆင်းသွားသည်။ ဤသို့ဖြင့် မိုးရာသီတွင် မိုးရေများအောက်သို့ အလွယ်တကူ ကျစေပါသည်။
အထက်ပါအတိုင်း အခန်းများကို တစ်ခုပေါ် တစ်ခုဆင့်ထားရာတွင် အပေါ်ခန်း၏ထရံသည် အောက်ခန်း၏ ထရံကို ငုံလျက်သားရှိစေအောင် ပြုလုပ်ထားရပါမည်။ ဤသို့ဖြင့် မိုးရာသီနှင့် ဆောင်းရာသီတွင် ရေများအထဲသို့ မဝင်နိုင်ပေ။
ပျားအုံ၏အောက်ဘက်တွင် ပျားများဝင်ထွက်နိုင်စေရန် အပေါက်တစ်ပေါက် ပြုလုပ်ထားပြီး ပျားများနားနေနိုင်စေရန်အတွက် အပေါက်ရှေ့တွင် ပျဥ်ပြားတစ်ချပ်တပ်ဆင်ပေးထားရပါမည်။
၃။ ထရံတစ်ထပ်နေရှင်နယ် ပျားအုံ
ဤပျားအုံတွင် ထရံတစ်ထပ်တည်းသာ ရှိသည်။ ပြင်ပလေနှင့် ပျားများကြားတွင်း ထရံတစ်ခုသာ ခြားသည်။ အခန်းများမှာ (W.B.C) ပျားအုံမှာကဲ့သို့ပင် အဆင့်ဆင့် ပြုလုပ်ထားသည်။ အောက်ဆုံးတွင် ပျားတင်ရန် ခုံရှိသည်။ ထိုအပေါ်မှ ပျားများပေါက်ရန် သားပေါက်ခန်း ရှိသည်။ ထိုသားပေါက်ခန်းအပေါ်တွင် ပျားရည်များ စုဆောင်းရန် ပျားရည်ခန်း ရှိသည်။ အပေါ်ဆုံးရှိ အမိုးကို သတ္တုဖြင့် ပြုလုပ်ထားသည်။ ဤပျားအုံမှာ (W.B.C)မှ ပျားအုံထက် အစိတ်အပိုင်းပိုနည်းပြီး ရွှေ့ပြောင်းရာတွင်ပို၍လွယ်ကူသည်။ သို့သော် အတွင်းသို့ အစိုဓာတ် အလွယ်တကူဝင်နိုင်ပါသည်။
မှီငြမ်း-သိပ္ပံသန်းအေး၏ “ ပျားမွေးမြူခြင်း လုပ်ငန်းအဆင့်ဆင့်” အကြောင်းမှ ကောက်နှုတ် ဖော်ပြပါသည်။
အောင်ဆန်းဦး
လွန်ခဲ့သော ၃ နှစ် ကပျားမွေးမြူချင်လို့ဘာတွေလိုအပ်လဲခင်ဗျ ဘယ်ကိုသွားလေ့ဘာရမလဲခင်ဗျ ဆရာ.ဘယ်လိုစလုပ်ရမလဲခင်ဗျ
ဆက်စပ်မေးခွန်းများ
အသားတိုး ၀က် ၁၀ ကောင်အတွက် ၀က်ခြံဘယ်လိုဆောက်ရမလဲ။
Marip • ဖြေကြားချက် 0 ခု
ဘဲခြံ ဗွက်ထနေလို့ အဲ့ဒါ စက်ဖွဲပြာ ခင်းလို့ရလား
Nay Lin • ဖြေကြားချက် 1 ခု
ကော်မတီများအား Livestock input အနေနဲ့ ဘယ်လိုသွင်းအားတွေ ပံ့ပိုးသင့်ပါသလဲ။ လက်ရှိတွင် ခြံထူထောင်းခြင်း၊ဝက်များနှင့်ညအစားအစာလှည်ပတ်မှုများအတွက်ပံ့ပိုးမှုများ ပေးပြီးဖြစ်ပါသည်။
ကျော်လင်းအောင် • ဖြေကြားချက် 1 ခု
နေ့စဉ်ခြံကောက်ဘဲဥဈေးကို ဘယ်မှာ ရှာကြည့်ရမှာလဲ ဒီနေ့ 20 kg ကို 310 ပဲဖွင့်နေလို့
ကိုမင်း • ဖြေကြားချက် 2 ခု
Summer Heat Stress & It's Management in Poultry
Dr. မောင်စိုးမိုး • ဖြေကြားချက် 23 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး