ရာသီဥတုဒဏ်ကာကွယ်ဖို့အတွက် ဆိတ်တင်းကုပ်ဆောက်လုပ်ခြင်း
ဆိတ်များကို စနစ်တကျမွေးမြူရန်အတွက် သင့်လျော်သည့် ဆိတ်တင်းကုပ်ဆောက်လုပ်ရန် လိုအပ်ပါသည်။
ဆိတ်တင်းကုပ်သည် ဆိတ်များအိပ်ရန်နှင့် အနားယူရန်အတွက် ရာသီဥတုအပူအအေးမှ အကာအကွယ်ပေး၍လေကောင်း လေသန့်ရရှိသည့် အဆောက်အဦးမျိုး ဖြစ်သင့်ပါသည်။
ဆိတ်တင်းကုပ်ဆောက်လုပ်ရန်အတွက် အောက်ပါအချက်များကို ဂရုပြုရပါမည်။
(က) ဆိတ်တင်းကုပ်ကို မြေစိုက်ဆောက်လုပ်ပါက အညစ်အကြေးများအလွယ်တကူ သိမ်းဆည်းနိုင်ရပါမည်။
(ခ) ဆိတ်များနားနေရန်တွက် လုံလောက်သောအကျယ်အဝန်း ရှိသင့်ပါသည်။
(ဂ) ဆိတ်ကြီးနှင့် ဆိတ်ကလေးများကို အသက်အရွယ်အလိုက် ခွဲခြားထားနိုင်ရန် သင့်လျော်သည့်အကန့် ရှိရပါမည်။
(ဃ) အမိုးသည် မိုးရေလုံ၍ သက်ကယ်မိုးဖြစ်ပါက တံစက်မြိတ်အနည်းဆုံး ၆ပေ ရှိသင့်ပြီး ခေါင်အမြင့် ၁၀ ပေ ရှိသင့်ပါသည်။အဓိကမှာ အမိုးကို ဆိတ်ဆွဲ၍ မစားနိုင်စေရန် ဖြစ်ပါသည်။
(င) လေဝင်လေထွက်ကောင်းသင့်သည်။ သို့မှသာ အခင်းခြောက်သွေ့စေရန်နှင့် သန့်ရှင်းရေးပြုလုပ်ရန် လွယ်ကူမည် ဖြစ်ပါသည်။
(စ) လုံလောက်သော အလင်းရောင် ရရှိစေရပါမည်။
(ဆ) အစာခွက်၊ရေခွက်များ စနစ်တကျ ထားရှိရပါမည်။
(ဇ) မိုးများ၍ စိုစွတ်သောအရပ်ဒေသများတွင် အခင်းကို ဝါးကြမ်းခင်း(သို့မဟုတ်) သစ်သားကြမ်းခင်းဖြင့် တည်ဆောက်ရန် လိုပါသည်။ အဂ်တေဖြင့် အခင်းခင်းပါက
ကောက်ရိုး၊မြက်ခြောက် စသည်ဖြင့် ခင်းပေးရန်လိုအပ်ပါသည်။
(စျ) လေစိမ်းမတိုက်စေရန် အကာရှိဖို့ လိုအပ်ပါသည်။
ဆိတ်ခြံများတွင် ဆိတ်မများ သားမွေးရန်၊နို့ညှစ်ရန်နှင့် ဆိတ်သိုးများကို ခွဲခြားထားရှိရန်အတွက် အကန့်များလိုအပ်ပါသည်။

အရွယ်ရောက်ပြီး ဆိတ် ၁ ကောင်အတွက် ကြမ်းခင်းအကျယ် ပျှမ်းမျှ (၁၀)စတုရန်းပေ လိုအပ်ပါသည်။ လွှတ်ကျောင်းခြင်းမရှိသည့်ဆိတ်များအား ကြမ်းခင်းအကျယ် ပို၍ထားပေးရန် လိုအပ်ပါသည်။
မည်သည့်ပုံစံဖြင့် ဆောက်လုပ်သည်ဖြစ်စေ မွေးမြူရေး လုပ်ငန်းတစ်ခု အကျိုးအမြတ်ရရှိရန်အတွက် သင့်လျော်သည့် ကုန်ကျစရိတ်သာ ကုန်ကျစေပြီး ရေရှည်အတွက် စီးပွားရေး တွက်ခြေကိုက်စေရန် အရေးကြီးလှပါသည်။
တိရစ္ဆာန်မွေးမြူရေးတွင် မွေးမြူနည်းစနစ်မှန်ကန်ရေး နှင့် သင့်လျော်သည့် အဆောက်အဦ ဆောက်လုပ်ရေးမှာ အထူးအရေးကြီးလှပါသည်။အထူးသဖြင့် ဆိတ်များသည် အအေးမိလွယ်သည်။ လေစိမ်းတိုက်ခတ်ခြင်း၊အဆောက်အဦအတွင်း သန့်ရှင်းမှုမရှိခြင်း၊ အခင်းစိုစွတ်ခြင်းများဖြစ်ပါက အဆုတ်ရောင်ရောဂါ(Pneumonia)ဝင်တတ်ပါသည်။
ဆိတ်မွေးမြူသူများအနေဖြင့် ခြံသန့်ရှင်းရေး၊ အခင်းခြောက်သွေ့ရေး၊ အဆောက်အဦနွေးထွေးလုံခြုံရေးတို့ကို အလေးထားဆောင်ရွက်ပါက ဆိတ်မွေးမြူရေးအောင်မြင်မည် ဖြစ်ပါကြောင်း လေ့လာရေးသားတင်ပြလိုက်ရပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Sai Kyin Tun
လွန်ခဲ့သော ၂ နှစ် က၉စ၀၀စ၉
ဆက်စပ်မေးခွန်းများ
အသားတိုး ၀က် ၁၀ ကောင်အတွက် ၀က်ခြံဘယ်လိုဆောက်ရမလဲ။
Marip • ဖြေကြားချက် 0 ခု
ဘဲခြံ ဗွက်ထနေလို့ အဲ့ဒါ စက်ဖွဲပြာ ခင်းလို့ရလား
Nay Lin • ဖြေကြားချက် 1 ခု
ကော်မတီများအား Livestock input အနေနဲ့ ဘယ်လိုသွင်းအားတွေ ပံ့ပိုးသင့်ပါသလဲ။ လက်ရှိတွင် ခြံထူထောင်းခြင်း၊ဝက်များနှင့်ညအစားအစာလှည်ပတ်မှုများအတွက်ပံ့ပိုးမှုများ ပေးပြီးဖြစ်ပါသည်။
ကျော်လင်းအောင် • ဖြေကြားချက် 1 ခု
နေ့စဉ်ခြံကောက်ဘဲဥဈေးကို ဘယ်မှာ ရှာကြည့်ရမှာလဲ ဒီနေ့ 20 kg ကို 310 ပဲဖွင့်နေလို့
ကိုမင်း • ဖြေကြားချက် 2 ခု
Summer Heat Stress & It's Management in Poultry
Dr. မောင်စိုးမိုး • ဖြေကြားချက် 23 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး