ကြက်ဥတင်းလေးထားမယ်ဆို ဘာတွေကိုသတိထားရမလဲ
တိုင်းရင်းကြက်တွေကို မွေးမြူတဲ့အခါမှာ ကြက်ဥတင်းထားတဲ့နေရာနှင့် နည်းစနစ်မှန်ကန်ဖို့ဆိုတာ အရေးကြီးတဲ့အချက်တစ်ခုပါ။
ဥတင်းအတွက် နေရာရွေးချယ်ရာမှာ ရှောင်သင့်တာက
(၁) အလင်းရောင်များလွန်းတဲ့နေရာ
အလင်းရောင်များလွန်းတဲ့နေရာကို ဘာလို့ရှောင်သင့်သလဲဆိုတော့ ကြက်မတွေဟာ ဥ ဥတော့မယ့်အချိန်မှာ ဂဏာမငြိမ်အော်မြည်နေတတ်ပြီး စိတ်လှုပ်ရှားနေတတ်ပါတယ်။ ဥတင်းနေရာ လင်းလွန်းလျှင် သူတို့အတွက် မလုံခြုံဘူးလို့ခံစားရတတ်လို့ပါ။ ကြက်ဥဥဖို့ အနှောင့်အယှက်ဖြစ်စေလို့ပါ။
(၂) မြင့်လွန်းတဲ့နေရာ
မြင့်လွန်းတဲ့နေရာ (သို့) ခြံအမိုးနှင့် ကပ်လွန်းတဲ့နေရာမှာ ဥတင်းကိုထားမယ်ဆိုလျှင် အမိုးအပူချိန်နှင့် ကြက်မရော ကြက်ဥတွေအတွက်ပါ အပူဒဏ်ခံရပြီး ကြက်မတွေ မောဟိုက်တာ၊ ကြက်ဥပုပ်တာတွေဖြစ်တတ်လို့ပါ။
(၃)မြေပြင်နှင့်နီးကပ်လွန်းသောနေရာ
မြေပြင်နှင့်ကပ်လွန်းတဲ့နေရာမှာ ဥတင်းကိုထားမိမယ်ဆိုလျှင် ကြွက်၊ မြွေနှင့် အခြားကြက်များမှကြက်ဥကို အလွယ်တကူစားသောက်ခံရနိုင်လို့ပါ။
ထားသင့်သော ဥတင်းနေရာ
ကြက်ခြံ၏ အလင်းရောင်နည်းသောနေရာတွင် ကြက်ဥကျင်းများကို မြေပြင်မှအထက် ၁ ပေခွဲ၊ ၂ ပေအကွာတွင် ကောက်ရိုးခင်းပြီး ခိုင်ခိုင်မြဲမြဲချည်နှောင်၍ ထားပေးပါက ကြက်မများအတွက် အဆင်ပြေဆုံး ဥတင်းနေရာဖြစ်ကြပါတယ်။
Ref: ဆရာမ ဖြူဖြူ ၏”ကြက်ဥတင်းထားရာဝယ် “စာစု။
ဆက်စပ်မေးခွန်းများ
အသားတိုး ၀က် ၁၀ ကောင်အတွက် ၀က်ခြံဘယ်လိုဆောက်ရမလဲ။
Marip • ဖြေကြားချက် 0 ခု
ဘဲခြံ ဗွက်ထနေလို့ အဲ့ဒါ စက်ဖွဲပြာ ခင်းလို့ရလား
Nay Lin • ဖြေကြားချက် 1 ခု
ကော်မတီများအား Livestock input အနေနဲ့ ဘယ်လိုသွင်းအားတွေ ပံ့ပိုးသင့်ပါသလဲ။ လက်ရှိတွင် ခြံထူထောင်းခြင်း၊ဝက်များနှင့်ညအစားအစာလှည်ပတ်မှုများအတွက်ပံ့ပိုးမှုများ ပေးပြီးဖြစ်ပါသည်။
ကျော်လင်းအောင် • ဖြေကြားချက် 1 ခု
နေ့စဉ်ခြံကောက်ဘဲဥဈေးကို ဘယ်မှာ ရှာကြည့်ရမှာလဲ ဒီနေ့ 20 kg ကို 310 ပဲဖွင့်နေလို့
ကိုမင်း • ဖြေကြားချက် 2 ခု
Summer Heat Stress & It's Management in Poultry
Dr. မောင်စိုးမိုး • ဖြေကြားချက် 23 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး