နို့စားနွား မွေးမြူရေး ခြံတွင် အဓိကထား လုပ်ဆောင်ရမည့် ဦးတည်ချက်များ
ခြံမှတ်တမ်းထားရှိခြင်း
- ဘာတွေကို မှတ်သားမလဲ?
- ဘာကြောင့်လဲ?
ကျွန်ုသည် ထိုအရာကို တိုင်းတာမှတ်သားနိုင်လျှင် ထိုအရာကို ကောင်းစွာစီမံနိုင်မည်။
ဘာတွေကို မှတ်သားမလဲ?
အကျိုးအမြတ်ရှိသော ခြံဖြစ်စေမည့် အဓိကမှတ်သားရမည့် အချက်များ
- တစ်နှစ်ပတ်လုံး နို့ပေးသည့် နွားမ အရေအတွက်
- နွားမတစ်ကောင်းချင်းစီ၏ တစ်နေ့တာ နို့ထွက်နူန်း
- နို့ပေးကာလ ကြာချိန် (ရက်ပေါင်း)
- နွားခြံ၏ နွားတစ်ကောင် ပျမ်းမျှနို့ထွက်နူန်း
- အလုပ်သမားနှင့် စုစုပေါင်းနွားကောင်ရေအချိုး
- တစ်သားနှင့် တစ်သားကြား ကာလကြာချိန်
- ကိုယ်ဝန် တစ်ခါရရန် မျိုးစပ်ရသည့် အကြိမ်ရေ
- ပထမသားရရှိချိန်တွင် ရှိသည့် နွားမ၏ အသက်
- နွားကလေးသေနူန်း
- တစ်နှစ်တစ်နှစ် တိုးလာသည့် နွာမတမ်း အရေအတွက်
- အစာကုန်ကျစာရိတ် (စုစုပေါင်း ထုတ်လုပ်မှု ကုန်ကျစရိတ်၏ မည်မျှ ရာခိုင်နူန်း)
အကျိုးအမြတ် ရှိသော နွားခြံအဖြစ် စီမံခန့်ခွဲနိုင်စေရန် ကျွန်ုပ်တို့ မှတ်တမ်းထားရှိရမည့် အဓိက အမျိုးအစား (၃) မျိုး
၁။ ထုတ်လုပ်မှု
- တစ်နှစ်ပတ်လုံး နို့ပေးသည့် နွားမ အရေအတွက်
- နွားမတစ်ကောင်ချင်းစီ၏ တစ်နေ့တာ နို့ထွက်နူန်း
- နို့ပေးကာလ တစ်လျှောက် နွားမတစ်ကောင်၏ နို့ထွက်နူန်း
- နို့ပေးကာလ ကြာချိန် (ရက်ပေါင်း)
- နွားခြံ၏ နွားတစ်ကောင် ပျမ်းမျှ နို့ထွက်နူန်း
၂။ မျိုးအောင်နူန်းနှင့် တိရစ္ဆာန် ကျန်းမာရေး
- တစ်သားနှင့် တစ်သားကြား ကာလကြာချိန်
- ပထမ သားရရှိချိန်တွင် ရှိသည့် နွားမ၏ အသက်
- နွားကလေးသေးနူန်း
- တစ်နှစ်တစ်နှစ် တိုးလာသည့် နွားမတမ်း အရေအတွက်
- ကာကွယ်ဆေး ထိုးခြင်းနှင့် ကုသခြင်း မှတ်တမ်း
- သားပေါက်မှတ်တမ်းနှင့် မြိုင်လက္ခဏာများ
- နွားကလေးများ၏ ကြီးထွားမှုနှုန်း
- အရွယ်ရောက်ပြီး နွားများ၏ ခန္ဓာကိုယ် အခြေအနေများ
၃။ ဝင်ငွေနှင့် ထွက်ငွေစာရင်း
- အလုပ်သမားနှင့် စုစုပေါင်း နွားကောင်ရေ အချိုး
- နွားနို့ တစ်ပိဿာအတွက် စုစုပေါင်း ထုတ်လုပ်မှု ကုန်ကျစာရိတ်
- အစာ ကုန်ကျစာရိတ် (စုစုပေါင်း ထုတ်လုပ်မှု ကုန်ကျစာရိတ်၏ မည်မျှ ရာခိုင်နူန်း)
- အကျိုးအမြတ်
မှတ်တမ်းအားလုံး၏ အစသည် တိရစ္ဆာန်အား ကိုယ်ပိုင်အမှတ်အသား ထားရှိခြင်းပင် ဖြစ်သည်။

ထို့နောက် တိုင်းတာခြင်းပင်ဖြစ်သည်။

တိုင်းတာခြင်းကနေ ကျွန်ုပ်တို့၏ ဦးတည်ချက်များနှင့် သွေဖယ်မှု ရှိ/မရှိ ချိန်ဆနိုင်သည်။
တစ်လလျှင် ခန္ဓာကိုယ် အလေးချိန် ဘယ်လောက် တက်လာသလဲ။

နို့ပေးကာလတစ်ခုမှာ နို့ဘယ်လောက် ရသလဲ။
ဦးတည်ချက်များသည်-
- လက်တွေ့ကျပြီး အမှန်တကယ် လုပ်နိုင်မည့် အရာ ဖြစ်သင့်သည်။
- အချိန်ကာလတစ်ခု သတ်မှတ်ပြီး ထိုအချိန်ကာလအတွင်း လုပ်ဆောင်နိုင်ရမည်။ (ဥပမာ - နို့ပေးကာလတစ်ခုမှာ တစ်ခြံလုံး၏ ပျမ်းမျှနို့ထွက်နူန်းသည် တစ်နှစ်ကို ၁၀ % တိုးလားစေရန်။
- တိုင်းတာရာတွင် စနစ်တကျ တိုင်းတာရမည်။
ဒါ့ကြောင့် ခြံအတွက် ဦးတည်ချက် ချမှတ်ရာတွင် ဘာတွေပါရမလဲ?
သားအောင်နူန်း
- တစ်သားနှင့်တစ်သားခြားကာလသည် (၁၄) လအောက်သာ ကြာရန်။
- ကိုယ်ဝန်တစ်ခါရဖို့ ၂ ကြိမ်သာမျိုးစပ်ရန်။
- ပထမ နွားကလေးမွေးချိန်တွင် နွားမအသက်သည် (၂၄) လ ဖြစ်ရမည်။ သားစပ်ချိန်တွင် နွားမအသက်သည် (၁၅) လ ဖြစ်ရမည်။
တစ်ကောင်ချင်းစီ၏ ထုတ်လုပ်မှု
- တစ်နေ့ကို ပျမ်းမျှ ၁၀ ပိဿာ ထွက်ရန် (၁၆ လီတာ)
- နို့ပေးကာလရက်ပေါင်း (၁၀၅) ရက်ရှိရန်။
- နို့ပေးကာလ တစ်လျှောက်လုံး စုစုပေါင်း (၃၀၅၀) ပိဿာရရှိရန်။
- နို့ပေးနွာမ အရေအတွက်သည် နွားခြံတစ်ခုလုံး၏ ၇၀% အောက် မရှိစေရန်။
နွားနို့အရေအသွေး
- Total Plate Count < 500,000 cfu/ml
(နွားနို့အတွင်း ဘက်တီးရီးယားပိုးသည် လက်ခံနိုင်သည့် အရေအတွက် ၅၀၀၀၀၀ အောက်သာ ရှိရမည်။)
- Somatic Cell Count < 400,000
( နို့အုံရောင် ရောဂါ ဖြစ်ပွားမှု ရှိ/မရှိ ဆဲလ် အရေအတွက်ကို ကြည့်သည်)
- Total Solids < 12.5%
( စုစုပေါင်း အစိုင်အခဲပါဝင်မှုသည် ၁၂.၅ % အထက်ရှိရမည်)
နွားကလေးကြီးထွားမှုနှင့် သေနူန်း
- နွားကလေးသေနူန်းသည် နှစ်စဉ် ၃ % အောက်သာ ရှိစေရန်။
- နွားကလေး နို့ဖြတ်ချိန်တွင် ကိုယ်အလေးချိန် (၉၀) ကီလိုဂရမ် အထက်ရှိစေရန်။
- နွားကလေး၏ ကိုယ်အလေးချိန်တိုးနူန်းသည် တစ်နေ့လျှင် (၆၀၀) ဂရမ် အထက်ရှိရန်။
- နွားထီးကလေးများကိုလည်း နွားမကလေးများကဲ့သို့ သတ်မှတ်ချက်အတိုင်း ပြည့်မီအောင် လုပ်ဆောင်ရမည်။
အလုပ်သမား
- အလုပ်သမား အပြောင်းအလဲသည် တစ်နှစ်မှာ (၁၀)% အောက်သာ ရှိရန်။
- အလုပ်သမား တစ်ယောက်လျှင် နို့ညှစ်နွားမ ၁၅ ကောင်နူန်း ထိန်းရန်။
- အလုပ်သမားများ တိုးတက်ရာ တိုးတက်ကြောင်း အခွင့်အရေးများ ပေးရန်။
- လုပ်ဆောင်မှုအပေါ် ဆုချီးမြှင့်ရန်။
- ခြံစီးပွားရေးအပေါ် ၁၀၀ % သက်ရောက်မှု ရှိမည့် အလုပ်သမား သင်တန်းများ ပေးရန်။
ဝင်ငွေ / ထွက်ငွေ စီးဆင်းမှု
- ထုတ်လုပ်မှု ကုန်ကျငွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားရန်။
- စုစုပေါင်း အစာ ကုန်ကျငွေသည် ခြံကုန်ကျငွေအားလုံး၏ ၆၀ % အောက်သာ ရှိရန်။
- ကုန်ကျစာရိတ် အားလုံးကို မှတ်သားထားရန်။
- သတ်မှတ်ထားသော အကျိုးအမြတ်ကို ရအောင် လုပ်ရန် (နွားနို့ ၁ ပိဿာကို ၃၀၀ ကျပ် အပိုအမြတ်ငွေ ထွက်ရမည်။ တစ်နေ့ ပိဿာ ၁၅၀ = အမြတ်ငွေ ၄၅၀၀၀ ကျပ်)
source - မြန်မာ - နယူးဇီလန် ကောင်းမွန်သော နို့စားနွား မွေးမြူရေး စီမံကိန်း
Content provider
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
ဆက်စပ်မေးခွန်းများ
အသားတိုး ၀က် ၁၀ ကောင်အတွက် ၀က်ခြံဘယ်လိုဆောက်ရမလဲ။
Marip • ဖြေကြားချက် 0 ခု
ဘဲခြံ ဗွက်ထနေလို့ အဲ့ဒါ စက်ဖွဲပြာ ခင်းလို့ရလား
Nay Lin • ဖြေကြားချက် 1 ခု
ကော်မတီများအား Livestock input အနေနဲ့ ဘယ်လိုသွင်းအားတွေ ပံ့ပိုးသင့်ပါသလဲ။ လက်ရှိတွင် ခြံထူထောင်းခြင်း၊ဝက်များနှင့်ညအစားအစာလှည်ပတ်မှုများအတွက်ပံ့ပိုးမှုများ ပေးပြီးဖြစ်ပါသည်။
ကျော်လင်းအောင် • ဖြေကြားချက် 1 ခု
နေ့စဉ်ခြံကောက်ဘဲဥဈေးကို ဘယ်မှာ ရှာကြည့်ရမှာလဲ ဒီနေ့ 20 kg ကို 310 ပဲဖွင့်နေလို့
ကိုမင်း • ဖြေကြားချက် 2 ခု
Summer Heat Stress & It's Management in Poultry
Dr. မောင်စိုးမိုး • ဖြေကြားချက် 23 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026