စီးပွားဖြစ် သစ်မွှေးပင် စိုက်ပျိုးရေး

အခမဲ့ ရယူပါ (861.90 KB)

စီးပွားဖြစ် သစ်မွှေးပင် စိုက်ပျိုးရေး

သစ်မွှေးပင်သည် ရနံ့မွှေးပြီး ဆေးဘက်လည်းဝင်၍ သစ်အဖြစ်လည်း အသုံးပြုနိုင်သည့် စွယ်စုံရ အပင်တစ်မျိုး ဖြစ်ပါသည်။ သစ်မွှေး ထုတ်လုပ်နိုင်သည့် မျိုးစိတ်များသည် အရှေ့မြောက် အိန္ဒိယဒေသမှ အရှေ့တောင်အာရှဒေသ နှင့်တရုတ်ပြည် အရှေ့တောင်ပိုင်း ပြည်နယ်များအထိ ပျံ့နှံ့ ပေါက်ရောက်ပါသည်။ သစ်မွှေးပင်၏ အဓိက ထုတ်ကုန်ဖြစ်သော သစ်မွှေးဆီ သည် အပင်ဒဏ်ရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သစ်မွှေးပင် သည် အမြဲစိမ်းတောများတွင် သဘာဝအတိုင်း ပေါက်ရောက်သော်လည်း ယခုအခါတွင် စနစ်တကျ ပြုစုစောင့်ရှောက်မှုမှလည်း သစ်မွှေး ထုတ်လုပ်နိုင်သောကြောင့် စိုက်ခင်းများအဖြစ် စိုက်ပျိုးလာကြသည်။

ကောင်းမြတ် (2002 YAU)