ငါးလေးချဉ် အလွန်ကြိုက်ကြလျှင်..
ငယ်ငယ်က ငါးလေးချဉ်ကို ငရုတ်သီးစိမ်း၊ ငရုတ်သီအကျက်မှုန့်၊ ကြက်သွန်နီနိုင်နိုင်ထည့်ပြီး ဆီစိမ်းလးနဲ့ သုပ်ထားရင် ထမင်းစားလို့ သိပ်မြိန်တာပဲ။ မမေ့နိုင်စရာ အမေ့လက်ရာတွေထဲက တစ်ခုပေါ့။
Tropical Disease Research Center က ဖွင့်တဲ့ သင်တန်းမှာ ထိုင်း အရှေ့မြောက်ပိုင်းက LAWA ရေကန် တစ်ဝိုက် အသည်းရွက်ပြားသန်ကောင် Liver fluke ရောဂါနှိမ်နှင်းရေးအတွက် System thinking လုပ်ပြီး One Health Approch နဲ့ ဆောင်ရွက်ပုံကို လေ့လာရတဲ့အခါ ငယ်ငယ်က ကြိုက်ခဲ့မိတဲ့ ငါးလေးချဉ်သုပ် ဆက်မစားဖြစ်တော့တာကိုပဲ ဝမ်းသာနေမိပါတယ်။
လူတွေရဲ့ သည်းခြေပြွန် (bile duct) မှာနေတဲ့ Opisthorchis viverrini ရွက်ပြားသန်ကောင် ဥတွေဟာ မစင်ကနေ ရေထဲရောက်ပါတယ်။ ရေထဲမှာ ရှိနေတဲ့ ခရုက သန်ဥ ကိုစားလိုက်တဲ့အခါ ခရုကိုယ်ထဲမှာ ဥကနေ ပေါက်၊ ဖွံ့ဖြိုးလာပြီး အဆင့်တစ်ဆင့် ရောက်တဲ့အခါ ခရုကိုယ်ထဲက ထွက်ပြီး ရေကူးပါတယ်။
ရေကူးရင်း ရေထဲက ငါး ဆီကိုရောက်ပါတယ်။ အကြေးခွံကနေ အသားထဲ ဖောက်ဝင်တာပါ။
ငါးကို ကျက်အောင်မချက်ဘဲ စားမိတဲ့အခါ လူကို ပြန်ကူးပါတယ်။ ကြောင်၊ ခွေး စသည်ဖြင့် ငါးကိုစားမိတဲ့ တိရစ္ဆာန်တွေဆီလည်း ကူးတာပါပဲ။
လူ့အစာလမ်းကြောင်းကတဆင့် အသည်းကို ရောက်ပြီး အဲဒီနောက် သည်းခြေပြွန်မှာ ဆယ်စုနှစ်ကြာအောင် နေပါတော့တယ်။ အရွယ်ရောက်ပြီး O. viverrini က ဥ တွေကို လူ့မစင် ၁ ဂရမ်မှာ ဥအလုံး ရေ ၈၀ နဲ့ ၃၀၀ ကြား နေ့စဉ် စွန့်ထုတ်နေတာပါ။
အဲဒီဥတွေ ရေထဲ ရောက်ပြီးရင် အထက်မှာ ပြောခဲ့သလို နောက်ထပ် ဘဝစက်ဝန်း တစ်ပတ် ထပ်လည်ပြန်ပါတယ်။
ပြဿနာက သည်းခြေပြွန်မှာ နှစ်ပေါင်းများစွာ နေထိုင်ပြီး ဒုက္ခပေးနေတာကြောင့်ကြာလာတဲ့အခါ သည်းခြေပြွန်ကင်ဆာ ဖြစ်လာစေတာပါ။

photo_crd
နောက်ထပ် ပြဿနာတစ်ခုက O. viverrini တွေဟာ သူတို့ရဲ့ အစာလမ်းကြောင်းထဲမှာ အစာအိမ်ကင်ဆာ ကို ဖြစ်စေတဲ့ Helicobacter pylori ဆိုတဲ့ ဗက်တီးရီးယားပိုးကို သယ်ဆောင်ဖြန့်ဖြူးတဲ့ ပြဿနာပါ။
ကိုယ့်အမေ အစာအိမ်ကင်ဆာ ဖြစ်တော့ H.pylori ရှိ၊ မရှိ စစ်ဆေးရတာကို ပြန်အမှတ်ရမိပါတယ်။ တစ်ချိန်တည်းမှာ အမေသုပ်ပေးနေကျ ငါးချဉ်သုပ်ကိုလည်း သတိရမိပါတယ်။
ဒါနဲ့ O. viverrini မြန်မာပြည်မှာ ရှိ၊ မရှိ စာတွေ ပြန်ရှာကြည့်တဲ့အခါ ရန်ကုန်၊ ပဲခူး၊ မွန်ပြည်နယ်မှာ တွေ့ရှိတယ် ဆိုတဲ့ စာတမ်းကို တွေ့ရပြန်ပါတယ်။
မြန်မြန်သိလေ မြန်မြန်သတိထားနိုင်လေမို့ လေယာဉ်ပေါ် ရသလောက်လေး ပြန်ရေးပြတာပါ။ ထိုင်းမှာ LAWA model နဲ့ O. viverrini တိုက်ဖျက်ပုံကိုတော့ နောက်မှ အသေးစိတ် ပြန်မျှဝေပါဦးမယ်။ အဲဒီအခါ One Health လည်းပါမှာဖြစ်သလို၊ System thinking လည်း ပါပါမယ်။
အခုတော့ ငါးလေးချဉ် အလွန်ကြိုက်ကြလျှင်ဖြင့် ....ဆိုတဲ့ကိစ္စကိုပဲ ပြောပါရစေ။။
ငါးလေးချဉ်က စားလို့ ရပါတယ်။ အရသာ ရှိသလို အာဟာရလည်း ဖြစ်ပါတယ်။ အစိမ်းသုပ်စားတာကို သတိထားကြဖို့ပါပဲလို့ တင်ပြပါရစေခင်ဗျား..
[သန်ဥတွေဟာ အပူချိန် ၇၀ ဒီဂရီစင်တီဂရိတ်မှာ ၁၅ မိနစ်ကြာထားလိုက်ရင် ပျက်စီးကုန်တာမို့ ငါးလေးချဉ်ကို အစိမ်းသုပ်မစားဘဲ အဲဒီအပူချိန်ရောက်အောင် ဆီပူပူနဲ့ ကြော်စားတာ၊ ပေါင်းစားတာ ဆိုရင် ဘေးကင်းပါကြောင်း ဖြည့စွက်ပါရစေ။]
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
May Zin
လွန်ခဲ့သော ၂ လ ကအခုပဲစားပြီးတာ 😥
ဆက်စပ်မေးခွန်းများ
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 1 ခု
ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ
အောင် ကောင်းပြည့် • ဖြေကြားချက် 0 ခု
ကွမ်းပင်ခြေပုတ်ခါးရိေရာဂါကို ဒိုင်မီသိုေမာ့နဲ့ေဖာ့စတိုင်းအလူမီနီယံတွဲဖျန်းလို့ရလားဆရာေဆးေရာစပ်ပုံအချိုးေလးလည်းသိချင်ပါတယ်
ye • ဖြေကြားချက် 1 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 1 ခု
ခရမ်းပင်အရွက်တေဒီလိုဖစ်နေလို့ပါ
ကိုချမ်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
More from Khaing Kyi Thit
အားလုံး