ပဲယင်းကို မိုးရာသီမှာစိုက်မယ်ဆိုရင် ဘယ်အချိန်တွေက အကောင်းဆုံးဖြစ်မလဲ..
‘ ပဲယင်းကို မိုးရာသီ ဘယ်လထဲမှာ စိုက်သင့်ပါသလဲ ’ လို့ အခုတလော အောက်မြန်မာပြည် ဒေသအချို့က မေးမြန်းတာတွေရှိလာလို့ ဒီဆောင်းပါးနဲ့ ပြန်လည် ဖြေကြားပေးလိုက်ပါတယ်။

ပထမအရေးကြီးဆုံးအချက်အနေနဲ့ ပြောရရင် ပဲယင်းဟာ လင်းတာတုံ့ပြန်မှုရှိ၍ ရာသီလိုက်တယ်လို့ ဆိုချင်ပါတယ်။
ပဲယင်းစိုက်ပျိုးသူများအား အသိပေးလိုတာက ပဲယင်းအပွင့်ဆုံးကာလနဲ့ ပွင့်တဲ့အပွင့်ကနေ အသီး အောင်မြင်စွာ ရရှိသောကာလဟာ ဒီဇင်ဘာ (၁၅-၂၀) ရက် ဖြစ်တယ် ဆိုတာကိုပါ။

အဲ့ဒီကာလမှာရရှိတဲ့အပွင့်ဟာ အောင်မြင်သော အသီးတောင့်နှင့် အစေ့ အရေ အတွက် ပြည့်မီစွာ ရရှိနိုင်လို့ အထွက်ကောင်းစွာ ရရှိနိုင်ပြီး အဲ့ဒီကာလကျော်သွားရင်တော့ အစေ့အရေအတွက်နည်းပါးသွားပြီး အထွက်နှုန်း လျော့ကျသွားတတ်ပါတယ်။
ဒီတော့ ပဲယင်းစိုက်ပျိုးသူများအနေနဲ့ စက်တင်ဘာ၊ အောက်တိုဘာလအတွင်း အပင်ပေါက်ရအောင် စိုက်ပျိုးဖို့ လိုအပ်ပါတယ်။
ဒီတော့ မေးစရာ ရှိလာပါပြီ..။
အခု ဩဂုတ်လထဲမှာကော စိုက်လို့မရဘူးလား ဆိုတာပါ..။
စိုက်လို့ရပါတယ်လို့ပဲ ဖြေရမှာပါ။
ဘာဖြစ်လို့လဲဆိုတော့ အောက်မြန်မာပြည် ကုန်းမြေ၊ ယာမြေတွေဟာ မိုးရွာသွန်းမှုကို အားထားစိုက်ပျိုးရတာဖြစ်လို့ မိုးမကုန်မီ အပင်ပေါက် စိတ်ချစွာ ရရှိထားဖို့ လိုပါတယ်။
မုတ်သုံရာသီလေ နောက်ဆုံး ဆုတ်ခွာတဲ့ စက်တင်ဘာလကုန်မျိုးဆိုရင် အပင်တွေမှာ ရွက်မှန် အနည်းဆုံး (၆) ရွက်ခန့် စီ ရှိနေသင့်ပါတယ်။ မိုးရွာသွန်းမှုဆိုတာကလည်း စိတ်ချရတဲ့အခြေအနေရှိမယ်လို့ တပ်အပ် ပြောမရနိုင်တဲ့အတွက် ဖြစ်နိုင်ရင် ဩဂုတ်လ (၁၅) ရက်လောက်ကနေ စက်တင်ဘာလ (၁၅) ရက်အတွင်း စိုက်သင့်ပါတယ်။
ဒီတော့ ထပ်မေးပါလိမ့်ဦးမယ်..။
စက်တင်ဘာ (၁၅) ရက်နောက်ပိုင်းဆိုရင်ကော စိုက်လို့မရနိုင်ဘူးလားပေါ့။
မိမိမြေက မြေဆီဩဇာ ထက်သန်တဲ့မြေ အစိုဓာတ် ထိမ်းသိမ်းထားနိုင်တဲ့ မြေဆိုရင်တော့ စိုက်နိုင်ပါတယ်။ ဒါပေမဲ့ အောက်တိုဘာလ (၁၅) ရက်ထက်တော့ နောက်ကျပြီး မစိုက်သင့်ဘူးလို့ အကြံပြုလိုပါတယ်။
မိုးရာသီ စိုက်ပျိုးမယ့် ကုန်းမြေ ယာမြေများအတွက်ဆိုရင်တော့ အကောင်းဆုံးစိုက်ချိန်က ဩဂုတ် (၁၅) ရက်ကနေ စက်တင်ဘာ (၁၅) အတွင်းပဲ ဖြစ်သင့်တယ်လို့ ဆိုချင်ပါတယ်။
ပဲယင်းကို အချိန်စော စိုက်ပျိုးစေချင်တာက ပဲယင်းရဲ့အပင်ဖြစ်ထွန်းမှုဟာ အခြားပဲမျိုးများနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အလွန်နှေးကွေးလို့ပါ။ သူက အပင်ငယ်စဉ်မှာ အားရစရာမရှိဘဲ စတင်စိုက်ပျိူးသူများအတွက် စိတ်ပျက်စရာလိုဖြစ်နေရပြီး တစ်လသား နောက်ပိုင်းကာလရောက်မှသာ ကျေနပ်စရာဖြစ်လာတာမျိုးပါ။
စိုက်ချိန်နောက်ကျရင် အပင်ဖြစ်ထွန်းမှု အားနည်းခြင်းကြောင့် ပွင့်သီးမှု နှောင့်နှေးကြန့်ကြာခြင်း၊ အားနည်းခြင်းများဖြစ်ပြီး အထွက်လျော့နည်းသွားတာမျိုး ဖြစ်စေ နိုင်ပါတယ်။
သို့ဖြစ်၍ မိုးလယ်၊ မိုးနှောင်း သီးနှံစိုက်ပျိုးမယ်ဆိုရင် တောင်သူများ စိုက်ပျိုးနေကြတဲ့ နှမ်း၊ မြေပဲ များနေရာမှာ ပဲယင်းကို အစားထိုး စိုက်ပျိုးပါလို့ အကြံပြုလိုပါတယ်။
ဒီလိုအချိန်မျိုးမှာ ပဲယင်းစိုက်မယ်ဆိုရင် ၁၀-၂၅ တင်းအထိ ထွက်နိုင်ပြီး တစ်ဧက ဝင်ငွေ မြင့်မားစွာ ရရှိမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပဲယင်းစိုက်ပျိုးလိုကြသူများအနေနဲ့ အခုလိုမိုးရာသီစိုက်ပျိုးမယ်ဆိုရင် ဇန်နဝါရီ (၂၀) ရက် နောက်ပိုင်းမှသာ ရိတ်သိမ်းရမှာဖြစ်လို့ မိမိမြေဟာ သဲဆန်လွန်းသောမြေ၊ ကျောက်ကုန်းမြေများ ဖြစ်နေမယ်ဆိုရင်တော့ စိုက်ဧက အများအပြား မစိုက်သင့်ပါလို့ အကြံပြုလိုပါတယ်။
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ပဲယင်းဟာ ပိုးမွှားရောဂါ ကျရောက်ဖျက်ဆီးမှု နည်းပါးတာကြောင့် တစ်ဧကကုန်ကျစရိတ် နည်းပါးပြီး တစ်ဧကဝင်ငွေ မြင့်မားတာကြောင့် ရာသီအချိန်မီလေး စိုက်ပျိုးကြပါလို့ တိုက်တွန်းလိုတာပါပဲ။
‘ ပဲယင်းစိုက်ပျိုးနည်း’ အကြောင်းကို သိချင်ရင်တော့ ဒီ https://greenwaymyanmar.com/posts/growing_of_ricebean ဆောင်းပါးကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ချမ်းမြေ့ပါစေ
ဦးသက်လွင်
ထန်းညီနောင်ပျိုးဥယျာဉ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ပဲယင်းစိုက်ပျိုးနည်း
Thuya
လွန်ခဲ့သော ၁ နှစ် ကပဲယင်းပွင့်ထွေးပိုးကျနေလို့ဘယ်ဆေးသုံးရမလဲညွှန်ပြပေးပါအုံးဗျ
Win Naing Oo
လွန်ခဲ့သော ၂ နှစ် ကအောက်တိုဘာ လဝက်လောက် ကျဲလို့ရလား ဆရာ
သက်ပိုင်
လွန်ခဲ့သော ၃ နှစ် ကပဲယင်းရိတ်သိမ်းသင့်တဲ့အချိန် စက်ခြွေသင့်တဲ့ပုံစံရှင်းပြပေးပါ စိုက်မှာမို့လို့ပါ
Hlaing Min Tun
လွန်ခဲ့သော ၃ နှစ် ကလောင်းရှိရင်စိုက်လို့ရလား ဆရာ
Myo Zin
လွန်ခဲ့သော ၃ နှစ် ကပဲယင်း အပွင့်အားလုံး ကြွေနေပါတယ် အသီးမတင် ဖြစ်နေပါပြီ အ့ ဘယ်ဆေးကို သုံးရမလဲ ညွှန်ပေးစေချင်ပါတယ်
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
Min zaw Oo • ဖြေကြားချက် 1 ခု
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 2 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 1 ခု
ငရုတ်စိုက်ရင်ဘာမျိုးအကောင်းဆုံးလဲသိချင်လို့ပါ။
Aung Lwin Thein • ဖြေကြားချက် 0 ခု
စပါးရွက်ဖြတ်တာကောင်းလား? လုပ်ဖူးကြလား အတွေ့ကြုံလေးတွေ ပြောပေးကြပါဦး။
Sanay • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
More from U Thet Lwin
အားလုံး
နွေသီးနှံအဖြစ် မတ်ပဲစိုက်ပျိုးမည်ဆိုလျှင် (အပိုင်း ၂)
22/02/2024
နွေသီးနှံအဖြစ် မတ်ပဲစိုက်ပျိုးမည်ဆိုလျှင် (အပိုင်း ၁)
21/02/2024
မတ်ပဲ၊ ကုလားပဲ..နေရာတိုင်းစိုက်မရဘူး။ မြေကျင့်ဖို့လိုတယ်ဆိုတာ တကယ်လား..?
02/11/2023
ပိုးသတ်ဆေးဖျန်းပြီး ငွေဖြုန်းနေကြသူများ
08/06/2023
ပြောင်းလဲမှုပြုရန် လိုအပ်လာသည့် သီးနှံပုံစံနှင့် သီးနှံစိုက်ပျိုးရေးစနစ်များ
24/05/2023