ခေတ်စားလာသော ဒန့်ဒလွန်ပင်စိုက်ပျိုးခြင်းနှင့် အမှုန့်ကြိတ်ခြင်း
ယနေ့ခေတ်မှာ ဒန့်ဒလွန်ပင်အရွက် နဲ့ အသီးတွေဟာ ၎င်းတို့၏ ဆေးဖက်ဝင်အာနိသင်ကြောင့် လူအများ စိတ်ဝင်စားလာကြပါပြီ။ စာရေးသူရဲ့ အတွေ့အကြုံအရ နိုင်ငံခြားသားဧည့်သည်များဟာ ဒန့်သလွန်ပင်၏ အကျိုးများကြောင့် အလွန်နှစ်သက်ကြောင်း ပြောခဲ့ဖူးပါတယ်။
အိန္ဒိယမှာဆိုလျှင်လည်း ဒန့်သလွန်အရွက်ကို စားတာထက် အမှုန့်ကြိတ်ပြီး အသုံးပြုမှုတွေက ပိုခေတ်စားတယ်လို့သိရှိရတဲ့အတွက် ဒီအကြောင်းအရာလေးကို ဖော်ပြလိုက်ပါတယ်။
မြန်မာအမည် - ဒန့်ဒလွန်ပင်
အင်္ဂလိပ်အမည် - drumstick tree
Botanical Name - Moringa oleifera
ဒန့်ဒလွန်ပင်ဟာ အိန္ဒိယမျိုးနွယ်ဝင် သစ်ပျော့ပင်အမျိုးအစားဖြစ်ပါတယ်။ ကမ္ဘာအနှံ့ အပူပိုင်းရော သမပိုင်းဒေသများတွင်ပါ စိုက်ပျိုးဖြစ်ထွန်းပါတယ်။
ဒီအပင်ဟာ ကြီးထွားလွယ်ပြီး ရေသောက်သုံးမှုနည်းတဲ့အတွက် နေရာဒေသတော်တော်များများမှာ စိုက်ပျိုးနိုင်တာပဲဖြစ်ပါတယ်။
စိုက်ပျိုးရန် လိုအပ်ချက်များ
ညအပူချိန် -၂၅-၃၀ဒီဂရီစင်တီဂရိတ်
မိုးခေါင်ဒဏ်ခံနိုင်ပြီး မိုးရေချိန် နှစ်စဥ် ၂၅၀-၁၅၀၀မီလီမီတာ ရွာသွန်းပါက ကောင်းစွာဖြစ်ထွန်းပါသည်။
ပင်လယ်မြေမျက်နှာပြင်အထက် -၁၈၀၀-၃၆၀၀ပေအထိ စိုက်နိုက်ပါတယ်။
မြေအမျိုးအစားတော်တော်များများတွင်ဖြစ်ထွန်းသော်လည်း အချိန်အတော်အကြာ ရေဝပ်ခြင်းကို ခံနိုင်ရည်မဲ့ပါတယ်။
မြေချဥ်ငန်ဓာတ် pH - 5.0-9.0ထိ
အစိုက်များသော ဒန့်ဒလွန်ပင်မျိုး - PKM1
ဒီမျိုးဟာ အထွက်နှုန်းမြင့်မားတဲ့အပြင် ရေငတ်ဒဏ် ပိုးကျမှုဒဏ်ကို အတော်အသင့်ခံနိုင်ရည်ရှိတယ်လို့ဆိုထားပါတယ်။
စိုက်ပျိုးရန်အချိန်
မိုးရာသီမှာစိုက်ခြင်းဟာ အပင်ကြီးထွားဖို့အတွက် အလွန်ကောင်းတဲ့ရာသီပဲဖြစ်ပါတယ်။
မျိုးစေ့ချ၍ စိုက်ခြင်း ပျိုးထောင်၍စိုက်ခြင်း နှစ်သက်သလိုလုပ်ဆောင်နိုင်ပါတယ်။
ပင်ကြားတန်းကြားအကွာအဝေး ၂.၅မီတာ ပတ်လည်ဖြင့်စိုက်ပါက တစ်ဧကလျှင် အပင်ရေ ၄၀၀၀ထိစိုက်ပျိုးနိုင်ပါတယ်။
ရိတ်သိမ်းခြင်း
မျိုးပေါ်မူတည်ပြီး အထွက်တိုးမျိုးများသည် (ဥပမာ -PKM1မျိုး) စိုက်ပြီး ၅လအကြာ အသီးများကို သီးလာပါက ခူးဆွတ်နိုင်ပါပြီ။
အပွင့် ပွင့်ချိန်မှ ရိတ်သိမ်းသည်ထိ မတ်-ဇူလိုင် လထိကြာမြင့်ပါတယ်။ ခူးဆွတ်ချိန် ၂-၃လထိကြာမြင့်ပြီး တစ်ပင်လျှင် စိုက်ပျိုးနည်းစနစ်ပေါ်မူတည်ပြီး အသီးတောင့်ရေ ၄၀၀ထိထွက်နိုင်တယ်လို့ သိရပါတယ်။
အရွက်ပဲခူးမယ်ဆိုပါက ကိုယ်လိုအပ်သည့်အနေအထားရောက်ပါက စိတ်ကြိုက်ရိတ်သိမ်းခူးဆွတ်နိုင်ပါတယ်။
ထုတ်လုပ်မှုမြင့်မားသောခြံများတွင် အပင်အမြင့် ၁ပေခွဲလောက်သာချန်ပြီး ခုတ်ပေးကြပါတယ်။ တစ်နှစ်လျှင် ၉ကြိမ်ထိ ပြုလုပ်ကြပါတယ်။
အပင်ကြီးမှ ရိတ်သိမ်းမယ်ဆိုပါက အပင်အမြင့် ၃-၆ပေထိသာချန်ပြီး ရိတ်သိမ်းကြပါတယ်။ ထိုသို့ပြုလုပ်မယ်ဆိုပါက မိုးရာသီက အကောင်းဆုံးပဲဖြစ်ပါတယ်။
သီးညှပ်စိုက်ပျိုးနိုင်ခြင်း
နှမ်း၊ သခွား၊ ကြက်သွန်၊ မတ်ပဲ စတဲ့ ကောက်ပဲသီးနှံတွေနဲ့လဲ ရောနှောစိုက်နိုင်တဲ့အပြင် အုန်း၊ သရက် တို့နဲ့လဲ တွဲစိုက်နိုင်ပါတယ်။ အထွက်နှုန်းကတော့ နွေရာသီတွင် နည်းပါးပြီး မိုးရာသီနဲ့ဆောင်းရာသီမှာအထွက်များပါတယ်။
ကိုင်းဖြတ်ခြင်း
သီးတောင့်ယူသော အခင်းဖြစ်ပါက အတောင့်များရိတ်သိမ်းပြီးချိန် စတင်ဘာလတွင် မြေပေါ်ပိုင်းပင်စည် ၃ပေသာချန်ပြီး ခုတ်နိုင်ပါတယ်။ ထိုအချိန်တွင် အထွက်ကောင်းအောင် ရေသွင်းရေလောင်းလုပ်ပေးရန်လိုအပ်ပါတယ်။ ရေမရရှိသော နေရာများတွင်မူ မိုးရွာသွန်းမှုအပေါ် ချိန်တွယ်ပြီးမှ ကိုင်းခုတ်သင့်ပါတယ်။
အသုံးပြုပုံများ
အသီးကိုတော့ စျေးကွက်ထဲမှာ အများအပြာရောင်းချလေ့ရှိပါတယ်။ ဒါ့အပြင် အရွက်အမှုန့်ကြိတ်ပြီးလဲ ရောင်းချနိုင်ပါတယ်။
အမှုန့်ကြိတ်မယ်ဆိုပါက ကွင်းထဲမှာ ခူးလာသော အရွက်များအား ရေစနစ်တကျ ဆေးကြောပြီးပါက
- အရွက်မှ ဗီတာမင်များလျော့နည်းခြင်း၊ ဖုန်မှုန့် နှင့် အခြား မလိုလားအပ်သော ရောနှောမှုများမဖြစ်စေရန် အဝတ်ပါးပါးသို့ ခြင်ထောင်ပုံစံ စကာလေးများဖြင့် စနစ်တကျ အခြောက်ခံသင့်ပါတယ်။
- အိမ်ထဲသို့ လုံခြုံသောအဆောက်အဦးထဲတွင် အဝတ်ပါးစဖြန့်ခင်းပြီးလဲ အခြောက်ခံနိုင်ပါတယ်။
အကိုင်းလိုက်လဲ တွဲလျားချိတ်ပြီးအခြောက်ခံနိုင်ပါတယ်။
- ခြောက်လာသောအရွက်များကို အမှုန့်ကြိတ်နိုင်ပါပြီ။ ရလာသောအမှုန့်များကို အစိုဓာတ်မပြန်အောင် လေလုံသော ဖန်ပုလင်း /ဘူးများထဲထည့်ပြီး သုံးနိုင်ပါတယ်။ ထိုသို့မဟုတ်ပါက အာဟာရဓာတ်များလျော့နည်းသွားစေနိုင်ပါတယ်။
- ထိုသို့ စနစ်တကျ သိုလှောင်သိမ်းဆည်ပါက အပူချိန် ၂၄ဒီဂရီ (အခန်းတွင်းအပူချိန်) ၆လအထိ သိမ်းဆည်းနိုင်ပါတယ်။
ထိုသို့ အမှုန့်ကြိတ်စားသုံးခြင်းဖြင့် ပါဝင်သောအာဟာရဓာတ်များကို မလျော့ပဲစားသုံးနိုင်ပါတယ်။ နောက်ထပ်အနေနဲ့ကတော့ သွေးတိုးရောဂါတွေကုသဖို့အတွက် အဓိကထားအသုံးပြုကြပါတယ်။
ကိုးကား-
Moringa olifera guide book
Based on my experience (စာရေးသူအတွေ့အကြုံများမှ)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
shine
လွန်ခဲ့သော ၁ နှစ် ကကျတော်ရှိမှာရှိပါတယ်
aung zaw moe
လွန်ခဲ့သော ၃ နှစ် ကဒန့်သလွန်မျိုးကဘယ်မှာဝယ်ရမလဲ နေရာလိပ်စာလေးလမ်းညွှန်ပေးပါ
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
Min zaw Oo • ဖြေကြားချက် 0 ခု
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 2 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 1 ခု
ငရုတ်စိုက်ရင်ဘာမျိုးအကောင်းဆုံးလဲသိချင်လို့ပါ။
Aung Lwin Thein • ဖြေကြားချက် 0 ခု
စပါးရွက်ဖြတ်တာကောင်းလား? လုပ်ဖူးကြလား အတွေ့ကြုံလေးတွေ ပြောပေးကြပါဦး။
Sanay • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
More from မြတ်စုဝေ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....