တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
အိန္ဒိယ၊ တရုတ်နိုင်ငံများမှ ဝယ်လိုအား မျှော်လင့်ချက် ရှိနေသော်လည်း ဇူလိုင်လ နောက်ဆုံးရက်သတ္တပတ်တွင် ပို့ကုန်ပဲများ၏ ပြည်ပဈေး ငြိမ်နေသည်။ သို့သော် ပြည်တွင်းစားသုံးသည့် ပဲနှင့် ဆီထွက်သီးနှံအချို့ ဈေးနှုန်း အနည်းငယ်သာ အပြောင်းအလဲ ရှိနေသည်။
မတ်ပဲ ပြည်တွင်းဈေး အနည်းငယ်လှုပ်
အိန္ဒိယတွင် မုတ်သုံမိုး ရရှိမှုအခြေအနေနှင့် စိုက်ပျိုးနိုင်မှု ပမာဏအပြောင်းအလဲက မတ်ပဲဈေးနှုန်းအပေါ် သက်ရောက်မှု ရှိနေသည်။
အယ်လ်နီညို ရာသီဥတုကြောင့် လာမည့်လများတွင် မိုးရရှိမှုနည်းပါက ပဲအထွက်နှုန်းအပေါ် ထိခိုက်လာမည်ကိုလည်း စိုးရိမ်မှုများ ရှိနေသည်။ ထို့ကြောင့် အိန္ဒိယ၏ မဟာဗျူဟာမြောက် သီးနှံဖြစ်သည့် မတ်ပဲဈေး အပြောင်းအလဲအပေါ် မတူညီသည့် သုံးသပ်ချက်အချို့ကိုလည်း တွေ့ရသည်။
လက်ရှိ အိန္ဒိယဈေးကွက်တွင် မြန်မာ့မတ်ပဲ FOB ဈေးမှာ မတ်ပဲ FAQ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၈၀ မှ ၈၇၅၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၉၇၅ မှ ၉၆၅ သို့ ဈေးအနည်းငယ် ပြောင်းလဲခဲ့သည်။
အိန္ဒိယဈေးကွက်တွင် မတ်ပဲဈေး ကျရိပ်သန်းနေသော်လည်း မြန်မာဈေးကွက်တွင် မတ်ပဲ FOB ဈေးမှာ ငြိမ်နေသည်။ မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၈၇၀/၈၈၀၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၉၆၀/၉၇၀ ဈေးဖွင့်ထားသည်။
ယခုရက်သတ္တပတ် မတ်ပဲပြည်တွင်းဈေးမှာ မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၃,၅၀၄,၀၀၀ မှ ၃,၅၀၂,၀၀၀ သို့ ဈေးကျပြီး ကျပ် ၃,၅၀၇,၀၀၀ သို့ ဈေးပြောင်းသွားသည်။ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၃,၈၅၄,၀၀၀ မှ ၃,၈၅၂,၀၀၀ သို့ ဈေးပြောင်းသွားသည်။
ဈေးငြိမ်နေသည့် ပဲတီစိမ်း
တရုတ်နိုင်ငံသို့ အဓိကရောင်းချနေသည့် ပဲတီစိမ်းမှာ ယခုရက်သတ္တပတ်တွင် ပြည်တွင်း၊ ပြည်ပဈေး ငြိမ်နေသော်လည်း ဝယ်လိုအားအချို့ ကောင်းလာနိုင်သည်ဆိုသည့် ဈေးကွက်မျှော်လင့်ချက် ရှိနေသည်။
မြန်မာ့ပဲတီစိမ်းကို အဓိကဝယ်ယူနေသည့် တရုတ်ဈေးကွက်က စိုက်ပျိုးမှု၊ အထွက်နှုန်းနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းကို တင်းကြပ်စွာ စစ်ဆေးလာမှုမှာ ပို့ကုန်သမားများအတွက် အထူးဂရုစိုက် လုပ်ဆောင်ရမည့် အခြေအနေမျိုး ဖြစ်လာသည်။
ဇူလိုင်လအတွင်း ပဲတီစိမ်း ပြည်ပရောင်းချသည့် FOB ဈေးမှာ ကျဈေးတွင် ငြိမ်နေသည်။ ယခုရက်သတ္တပတ်တွင်လည်း ပဲတီစိမ်း (အညာ) FAQ တစ်တန်လျှင် ဒေါ်လာ ၇၄၀/၇၆၀၊ ပဲတီစိမ်း (ရွှေဝါ) တစ်တန်လျှင် ဒေါ်လာ ၉၀၀/၉၁၀ ဈေးဖွင့်သည်။
ပြည်တွင်းဈေးမှာ ပဲတီစိမ်း (အညာ) တစ်ပိဿာလျှင် ကျပ် ၄,၀၀၀/၄,၀၂၀၊ ပဲတီစိမ်း (ခရမ်းနှင့် ပဲခူး) ရွှေဝါတစ်ပိဿာလျှင် ကျပ် ၅,၅၈၀၊ ပဲတီစိမ်း (ဝါးခယ်မ) တစ်ပိဿာလျှင် ကျပ် ၄,၈၃၀/၄,၈၅၀ ဈေးဖွင့်သည်။
မန္တလေးဈေးကွက်တွင် ပဲတီစိမ်းမှာ တရုတ်ဝယ်အား ပျော့ခြင်းကြောင့် လက်ကျန်များနေပြီး ပဲတီစိမ်း (အညာ) တစ်တန်လျှင် ကျပ် ၂,၇၂၀,၀၀၀ ကျော် ဈေးဖွင့်သည်။
ပြည်တွင်းဈေး အနည်းငယ်ကျသည့် ကုလားပဲ
ပြည်တွင်းစားသုံးမှုများသည့် ကုလားပဲမှာ ယခုရက်သတ္တပတ်တွင် ပြည်ပဈေး ငြိမ်သော်လည်း ပြည်တွင်းဈေး အကျဘက်သို့ အနည်းငယ် အပြောင်းအလဲ ရှိနေသည်။
ရန်ကုန်ဈေးကွက်တွင် ကုလားပဲ ပြည်ပရောင်းချသည့် FOB ဈေးမှာ ကုလားပဲဖြူလုံးကြီး V2 တစ်တန်လျှင် ဒေါ်လာ ၆၆၀/၆၇၀ ဈေးဖွင့်သည်။ ကုလားပဲ ပြည်တွင်းဈေးမှာ ကုလားပဲဖြူလုံး တစ်ပိဿာလျှင် ကျပ် ၃,၇၇၀၊ ကုလားပဲဖြူလုံးကြီး တစ်ပိဿာလျှင် ကျပ် ၄,၂၁၀/၄,၃၃၅ ဈေးဖွင့်သည်။
မန္တလေးဈေးကွက်တွင် ကုလားပဲမှာ အမျိုးအစားအလိုက် ဈေးနှုန်းအပြောင်းအလဲများ ရှိနေသည်။ ပဲကြော်၊ ပဲလှော်လုပ်ငန်းများနှင့် ပဲခွဲစက်လုပ်ငန်းများမှ ဝယ်လိုအားပေါ် မူတည်နေသည့် ကုလားပဲမှာ ယခုရက်သတ္တပတ်တွင် အမျိုးအစားအချို့ ဈေးအနည်းငယ် အားပျော့လာသည်။
မန္တလေးဈေးကွက်တွင် ကုလားပဲဖြူလုံးကြီး V2 မှာ တစ်တန်လျှင် ကျပ် ၂,၄၃၀,၀၀၀ ကျော်တွင် ဈေးငြိမ်နေသည်။ ကုလားပဲ (TW) သစ် တစ်တန်လျှင် ကျပ် ၂,၃၆၀,၀၀၀ ကျော်မှ ၂,၃၄၀,၀၀၀ ကျော်၊ ကုလားပဲ (929) သစ် တစ်တန်လျှင် ကျပ် ၂၅ သိန်းကျော်မှ ၂,၄၈၀,၀၀၀ ကျော်၊ ကုလားပဲဖြူလုံးကြီး V7 တစ်တန်လျှင် ကျပ် ၂,၄၃၀,၀၀၀ ကျော်မှ ၂,၄၂၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။

အမျိုးအစားအလိုက် နှမ်းဈေးမြင့်လာ
ယခုရက်သတ္တပတ်တွင် ဆီထွက်သီးနှံ နှမ်းမှာ အမျိုးအစားအလိုက် ပြည်ပရောင်းချသည့် ဈေးအပြောင်းအလဲများ ရှိသကဲ့သို့ ပြည်တွင်းဈေး အတက်အကျ ရှိလာသည်။
ရန်ကုန်ဈေးကွက်တွင် တရုတ်နိုင်ငံ၏ ဝယ်လိုအား မျှော်လင့်ချက် လျော့နည်းမှုကြောင့် နှမ်းနက် (စမုံ) FOB ဈေးကျသော်လည်း နှမ်းဖြူနှင့် နှမ်းညိုဈေး မြင့်လာသည်။
နှမ်းနက် (စမုံ) ၏ FOB ဈေးမှာ နှမ်းတစ်တန်လျှင် ဒေါ်လာ ၂,၁၇၅/၂,၁၈၅ မှ ၂,၀၇၅/၂,၀၈၅ သို့ ဈေးပြောင်းသွားသည်။ သို့သော် နှမ်းဖြူမှာ တစ်တန်လျှင် ဒေါ်လာ ၁,၃၆၅/၁,၃၇၅ မှ ၁,၄၀၅/၁,၄၁၅၊ နှမ်းညိုတစ်တန်လျှင် ဒေါ်လာ ၁,၂၉၅/၁,၃၀၅ မှ ၁,၃၄၅/၁,၃၅၅ သို့ ဈေးပြောင်းသွားသည်။
ယခုရက်သတ္တပတ် ပြည်တွင်းနှမ်းဈေးမှာ နှမ်းဖြူ (ဂျပန်) တစ်မျိုးသာ ဈေးအနည်းငယ်ကျပြီး နှမ်းနက် (စမုံ) နှင့် နှမ်းညို (သစ်) မှာ ဈေးမြင့်တက်လာသည်။
ဇူလိုင် ၂၇ ရက်မှ ၃၀ ရက်အတွင်း ပြည်တွင်းနှမ်းဈေးမှာ နှမ်းဖြူ (ဂျပန်) တစ်တန်လျှင် ကျပ် ၅,၅၇၀,၀၀၀ ကျော်မှ ၅,၅၁၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။ နှမ်းနက် (စမုံ) တစ်တန်လျှင် ကျပ် ၇,၂၁၀,၀၀၀ ကျော်မှ ၇,၃၄၀,၀၀၀ ကျော်၊ နှမ်းညို (သစ်) တစ်တန်လျှင် ကျပ် ၅,၁၇၀,၀၀၀ ကျော်မှ ၅,၂၃၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ပြည်တွင်းသီးနှံဈေးကွက်
Sailass mong
လွန်ခဲ့သော ၁ ပတ် ကမြေထောက်ပဲ ဈေးနုန်းသိချင်ပါတယ်
mg san
လွန်ခဲ့သော ၁ ပတ် ကကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 0 ခု
ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ
အောင် ကောင်းပြည့် • ဖြေကြားချက် 0 ခု
ကွမ်းပင်ခြေပုတ်ခါးရိေရာဂါကို ဒိုင်မီသိုေမာ့နဲ့ေဖာ့စတိုင်းအလူမီနီယံတွဲဖျန်းလို့ရလားဆရာေဆးေရာစပ်ပုံအချိုးေလးလည်းသိချင်ပါတယ်
ye • ဖြေကြားချက် 1 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 0 ခု
ခရမ်းပင်အရွက်တေဒီလိုဖစ်နေလို့ပါ
ကိုချမ်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် နွားများ အဖုအကြိတ်ပေါက်ကာ သေဆုံးသည်အထိဖြစ်နေ
28/07/2026