အစိမ်းရောင်လမ်း
တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေများအရ.....

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေများအရ.....

00:00
00:00

"စိုက်ပျိုးပညာမျှဝေရာ" အစီအစဉ်ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို PC Myanmar မှ မကွေး၊ မင်းလှ နှင့် မြို့သစ်ဒေသများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းအတွက် ENI ဖောင်ဒေးရှင်း၏အကူအညီဖြင့် ထုတ်လွှင့်ပေးတာဖြစ်ပါတယ်။

ဒီတစ်ပတ်မှာတော့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ အရ တောင်သူများချေးငွေလျှောက်ထားမှုတွေ၊ ပုဒ်မ (၅) စလုံးမှာရှိတဲ့ လယ်ယာထွက်ကုန်တွေ အာမခံထားတဲ့စနစ်၊ ကုန်လှောင်ရုံတွေမှာအပ်နှံတဲ့စနစ်၊ သီးနှံပေါင်ထားတဲ့စနစ် စသည်တို့ကို စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနခွဲမှ ဦးစီးအရာရှိ ဆရာမ ဒေါ်ဆွေဆွေရီ ကဆွေးနွေးပေးသွားတာဖြစ်ပါတယ်။

ဦးကြီးတို့အနေနဲ့လည်း သတ်မှတ်ထားသော ဥပဒေပါအကြောင်းအရာကိုသိရှိပြီး မိမိတို့ရဲ့အကျိုးစီးပွားကိုထောက်ပံ့ပေးနိုင်စေဖို့ ဆက်သွယ်ချိတ်ဆက်လို့ရမယ့်နေရာတွေကို သိရှိစေရန်ရည်ရွယ်ပြီး တင်ပြပေးလိုက်ပါတယ်။

 

2
ကျော်တိုး

ကျော်တိုး

လွန်ခဲ့သော ၃ နှစ် က

ချေးငွေလျှောက်ထားလိုလျှင်ဘယ်မှာလျောက်ထားနိင်လဲသိချင်ပါတယ်ခဗျာ

Kyaw  zin win

Kyaw zin win

လွန်ခဲ့သော ၅ နှစ် က

ok

You
PC Myanmar

Content provider

PC Myanmar

PC Myanmar Progetto Continenti သည် အီတလီအခြေစိုက် အဖွဲ့အစည်းတခုဖြစ်ပြီး အီတလီတွင် ၁၉၈၉မှ စတင် တည်ထောင်သည်။ မြန်မာနိုင်ငံရုံးခွဲဖြစ်သည့် Progetto Continenti – Myanmar အနေဖြင့် လုပ်ငန်းဆောင်တာများကို ၂၀၀၃ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့သည်။ PC Myanmar သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့သည်။ PC Myanmar အနေဖြင့် လူထုပါဝင်မှုကို တိုးမြှင့်စေသည့် နည်းလမ်းနှင့် ဒေသတွင်း အဖွဲ့အစည်းများဖြင့် အတူတကွ လုပ်ဆောင်ခြင်းနည်းလမ်း စသည်အားဖြင့် ဒေသတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေခြင်းအားဖြင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်းသည် PC Myanmar ၏ အဓိကရည်ရွယ်ချက်လမ်းကြောင်းဖြစ်ကာ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အလုံးစုံ ရေရှည်ဖွံ့ဖြိုးမှုကို ဦးတည်သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် အရေးကြီးသောဒေသတွင်း လူထုအခြေပြုအဖွဲ့အစည်းများ နှင့် ကျေးရွာအခြေစိုက် အခြေခံအဖွဲ့အစည်းများကို အရည်အသွေး မြှင့်တင်ပေးခြင်း အားဖြင့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်လျှက် ရှိပါသည်။ စီမံကိန်းများ အကောင်အထည်ဖော်ရန် ဦးတည်သည့်ဒေသမှာ အပူပိုင်းဒေသဟု လူသိများသော မကွေးဒေသပင် ဖြစ်သည်။ ဦးတည်သည့် စီမံချက်များမှာ အသက်မွေးမှု (ရေရှည်ဖွံ့ဖြိုးသော စိုက်ပျိုးရေးနှင့် တောင်သူအသင်း အဖွဲ့များအား ကူညီထောက်ပံ့ခြင်း) နှင့် အစားအသောက် ဘေးကင်းလုံခြုံမှု၊ ရေရှိမှု (သောက်သုံးရေ ရရှိအောင် အကူအညီပေးခြင်းနှင့် အဆိုပါရေအရင်းအမြစ်စီမံခန့်ခွဲခြင်းကို ကျေးရွာလူထုကိုယ်တိုင်စီမံခန့်ခွဲနိုင်ရန် ကူညီ ပေးခြင်း)နှင့် တကိုယ်ရည် သန့်ရှင်းမှုဆိုင်ရာ အသိပညာပေးမှု၊ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း ( ဒေသတွင်း NGOများ၊ CBOများကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း) တို့နှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ခြင်း (အာဟာရလိုအပ်ချက်များနှင့် ပတ်သက်ပြီး အသိပညာပေးမြှင့်တင်ခြင်း၊ ထောက်ပံ့ခြင်း၊ မိခင်နှင့် ကလေး ပြုစုစောင့်ရှောက်ခြင်းအတွက် ကူညီထောက်ပံ့ပေးခြင်း) ပင် ဖြစ်သည်။        

ဆက်စပ်မေးခွန်းများ

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 0 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 1 ခု

ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ

အောင် ကောင်းပြည့် • ဖြေကြားချက် 0 ခု

ကွမ်းပင်ခြေပုတ်ခါးရိေရာဂါကို ဒိုင်မီသိုေမာ့နဲ့ေဖာ့စတိုင်းအလူမီနီယံတွဲဖျန်းလို့ရလားဆရာေဆးေရာစပ်ပုံအချိုးေလးလည်းသိချင်ပါတယ်

ye • ဖြေကြားချက် 1 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....