အစိမ်းရောင်လမ်း
ရေကောင်း ရေသန့် ရရှိဖို့ ဘာကြောင့် အရေးကြီးတာလဲ

ရေကောင်း ရေသန့် ရရှိဖို့ ဘာကြောင့် အရေးကြီးတာလဲ

internews
internews UNESCO-LIFT 05/06/2018

ရေကောင်းရေသန့်ရဖို့၊ ရေထုညစ်ညမ်းမှုကို ကာကွယ်ဖို့ဆိုတာ.............

လူတိုင်း၊ လယ်သမား၊ စက်ရုံအလုပ်ရုံများ၊ အိမ်ပိုင်ရှင်၊ လှေသမားတွေ အားလုံး ပါဝင်ရပါမယ်။ တစ်ဉီးတစ်ယောက်ထဲက လုပ်ယူလို့ မရပါဘူး။ ရေက ညစ်ပတ်ပြီဆိုတာကတော့ အားလုံးအတွက် သတင်းဆိုးပါပဲ။ ပြဿနာ အသေး၊ အကြီး စုံပါလိမ့်မယ်။ အထူးသဖြင့် ကျန်းမာရေးပါ။ ရေက တစ်ဆင့်ဖြစ်တဲ့ ဝမ်းရောဂါမျိုးစုံက လူသားတွေကို တိုက်ခိုက်ကြပါတော့မယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို ပေါ့။

ရေထုညစ်ညမ်းမူကို ကာကွယ်ဖို့ဆိုရင်…..

မိုးရေစီးတဲ့ လမ်းကြောင်းကို ရေထုညစ်ညမ်းမှုမရှိတဲ့ ရေစီးရေလာ ကောင်းမွန်တဲ့ဆီကို လွှဲပေးပါ။

ရေကို ကျိုချက်ပြီးမှ သောက်ပါ။

တစ်ကိုယ်ရေသုံး ပစ္စည်းများတွေကို စနစ်တကျ မစွန့်ပစ်ခဲ့ရင် ရေပေးဝေတဲ့ နေရာ အထိ ရောက်သွားနိုင်ပါတယ်။ ဒါတွေက ပတ်ဝန်းကျင်ကို ထိခိုက်စေရုံတင်မကဘဲနဲ့ လူသားတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။

ကျန်းမာရေးအတွက် မရှိမဖြစ် ရေကောင်း ရေသန့်

ရေညစ်ညမ်းမှုဆိုတာ ရေထဲမှာ လူ(သို့) ပတ်ဝန်းကျင်ကို ဒုက္ခ (ဆိုးကျိုး) ပေးနိုင်တဲ့ အရာဝတ္ထုတွေ ပါဝင်လာတာကို ဆိုလိုပါတယ်။ အမှိုက်သရိုက်တွေလို အညစ်အကြေးတွေက သာမန်မျက်စိနဲ့ မြင်နိုင်ပါတယ်။ အညစ်အကြေး အများစုကတော့ သာမန်မျက်စိနဲ့ မြင်နိုင်တာ မဟုတ်ပါဘူး။

ကပ်ပါးပိုးများ၊ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်များကို မိုက်ခရိုစကုပ်လို့ခေါ်တဲ့ အဏုကြည့်မှန်ပြောင်းနဲ့မှသာ မြင်နိုင်ပါတယ်။ ဓာတုပစ္စည်းတွေဆိုရင်တော့ မိုက်ခရိုစကုပ်နဲ့တောင် မမြင်နိုင်တော့ပါဘူး။ အခြားကိရိယာတွေနဲ့ ဓာတ်ခွဲဆန်းစစ်မှုကို လုပ်ရပါတော့မယ်။ 

လူဉီးရေ ထူထပ်လာတာ တစ်ခုထဲကြောင့် သာမက ပင်လယ်သမုဒ္ဒရာထဲ အမှိုက်သရိုက်တွေ၊ အဆိပ်အတောက်တွေ စွန့်ပစ်နေကြတာတွေ၊ အညစ်အကြေးတွေနဲ့ ရေနံတူးစင်၊ ရေနံတင်သင်္ဘောတွေက ရေနံတွေယိုစိမ့်ခြင်း အစရှိတာတွေကြောင့် ရေထုကို ပိုမိုညစ်ညမ်းစေပါတယ်။

ရေထုကို ညစ်ညမ်းစေတဲ့ ပစ္စည်းတွေက ဘာတွေများလဲ

၁။ မိလ္လာ

၂။ အညစ်အကြေး

၃။ အဆီ (စားသုံးဆီ၊ ဓာတ်ဆီ၊ ရေနံ၊ ချောဆီ စသည်.....)

၄။ ပိုးသတ်ဆေးများ

၅။ ဓာတ်မြေသြဇာများ

၆။ အက်ဆစ်

၇။ ဓာတုပစ္စည်း

စက်ရုံတွေက ကုန်ထုတ်လုပ်ရင်း ရေတွေကို အပူပေးပြီး မအေးသေးခင် ရေထုထဲကို  ပြန်စွန့်ထုတ်တဲ့အခါ အပူဓာတ်ဆိုင်ရာ အညစ်အကြေးကို ကြုံတွေ့ရပါတယ်။ ရေပူ (သို့) ရေနွေးမှာ အောက်စီဂျင်ပျော်ဝင်နိုင်မှု နည်းပါးတာကြောင့် ငါးတွေ ရှင်သန်ပွားဖို့ မလွယ်တော့ပါဘူး။

စက်ရုံက စွန့်ပစ်တဲ့ အရည် အနယ်တွေကနေ ပါလာတဲ့ ဓာတုပစ္စည်းတွေဟာ ငါးတွေရဲ့ အသားစတွေမှာ စုလာတဲ့အခါ စားသုံးဖို့ မသင့်တော်ပါဘူး။

မြက်ခင်းတွေ၊ လယ်ယာလုပ်ငန်းတွေမှာ သုံးတဲ့ မြေသြဇာတွေက ရေညှိပွားခြင်းကို ရှင်သန်ဖို့ အားပေးပါတယ်။ ဒီရေညှိတွေက ရေထဲကအောက်စီဂျင်ကို အတင်းလုယူနိုင်တာမို့ ငါးဖားသတ္တဝါငယ်လေးတွေ ရှင်သန်ဖို့ ခက်စေပြီး ရေကို ရေသေဖြစ်စေပါတယ်။

reference: internews နှင့် စိုက်မွေးဆည်ဝန်ကြီးဌာန

ပိုစတာရယူရန် - http://bit.ly/2M54GBm

You
UNESCO-LIFT

အကြောင်းအရာ ပံ့ပိုးသူ

UNESCO-LIFT

ယူနက်စကိုနှင့်ပြန်ကြားဝန်ကြီးဌာန တို့မှ စီစဉ်ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပူးပေါင်းပါဝင်ခဲ့သော “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး” အမည်ရှိ အစီအစဉ်များကို တီဗွီနှင့် ရေဒီယို များတွင် ထုတ်လွှင့်ပြသခဲ့ပြီး ယခုအခါ တောင်သူများပြန်လည်လေ့လာနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ နည်းပညာနှင့် အင်တာဗျူးအစီအစဉ်များကို ပြန်လည်ဖော်ပြထားပါသည်။ ယူနက်စကိုသည် ကုလသမဂ္ဂ၏ အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်ပြီးပညာရေး၊ သိပ်ပံနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံမှုနှင့် ငြိမ်းချမ်းမှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး” အစီစဉ်မှ ထုတ်လွင့်ခဲ့သည့် တီဗီနှင့် ရေဒီယိုအစီစဉ်များကို အစိမ်းရောင်လမ်း အခမဲ့စိုက်ပျိုးရေးဖုန်းဆော့ဝဲပေါ်တွင် အစအဆုံးပြန်လည် ဖော်ပြထားပါသည်။

ဆက်စပ်မေးခွန်းများ

အင်ဇိုင်းအသိးအပွင့်အားဆေးကို.အခုပှစပြီးဖော်ထားခြင်လို့.ငှက်ပြောသိး.1.20သားသဘော်သီး.1.20.စပျစ်သိး.1.20.ထန်းလျက်.3.60သားထဲကို.ကြဥ.15လုံးလောက်ထည့်ရင်ကောင်းနိင်မလားဆရာတို့

သန်းထိုက်အောင် • ဖြေကြားချက် 2 ခု

ဥဖြစ်တာကဖြစ်.စွယ်ကထပ်ခြနေလို့..အရင်ဥထားတာကလေးတွေအဆံလေးဖြစ်နေပြီအောင်တော့မအောင်သေးဘူးပေါ့...အရင်ဥထားတာနဲ့နောက်ခြတဲ့အစွယ်ကမှိအောင်လို့.ဘာဆေးဖျန်းရမလဲဗျ...ကျွန်တော်တို့ဆိမှာတော့အဲဆေးဖျန်းကြပါတယ်...အဲဒိဆေးကနောက်အစွယ်ဥကြီးမြန်အောင်လုပ်ပေးတယ်စိုတာဟုတ်လားဆရာတို့..

သန်းထိုက်အောင် • ဖြေကြားချက် 2 ခု

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 1 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 2 ခု

ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ

အောင် ကောင်းပြည့် • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....