လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
ဇူလိုင် ၂၇ ရက် ညနေ ၅ နာရီတွင် Meteoblue (ICON Global Model) မှ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ အသစ်ဆုံး ထုတ်ပြန်ချက် မိုးရေချိန်ပြမြေပုံများ (Accumulated Precipitation Maps) နှင့် လေတိုက်နှုန်းပြမြေပုံ (Wind Pattern) တို့အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသည့် မုန်တိုင်းငယ် (Deep Depression) ၏ သက်ရောက်မှုကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးရေချိန် ခန့်မှန်းချက်များနှင့် မိုးလေဝသ အခြေအနေ ဆန်းစစ်ချက်များ ဖြစ်ပါသည်။
၁။ ပဲခူးတိုင်းဒေသကြီး ဒေသခွဲများအလိုက် မိုးရေချိန်ခန့်မှန်းချက်ဇယား (mm) ** ဇယားပုံတွင်ကြည့်ပါ **

(မှတ်ချက်။ ။ ခန့်မှန်းချက်များကို ၁၆၈ နာရီ စုစုပေါင်းမိုးရေချိန် အများဆုံးကျရောက်နိုင်သည့် ဒေသမှ အနည်းဆုံးဒေသအလိုက် High to Low Sorted ပြုလုပ်ထားပါသည်)
၂။ မိုးရေချိန် အနည်း/အများ သုံးသပ်ချက် (Precipitation Intensity Analysis)
ဇူလိုင် ၂၇ ရက်နေ့ထွက် မော်ဒယ်မြေပုံများအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းရှိ Deep Depression ("L" ဗဟိုချက်) ကြောင့် မုတ္တမကွေ့နှင့် ကပ္ပလီပင်လယ်ပြင်မှ စိုစွတ်သော မုတ်သုံလေများ ပဲခူးတိုင်းအတွင်းသို့ အရှိန်အဟုန်ပြင်းစွာ ဆွဲသွင်းခံနေရပါသည်။
မိုးအလွန်များမည့်ဇုန် (တောင်ပိုင်း): ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများသည် ပင်လယ်မှ တက်လာသည့် မုတ်သုံမိုးတိမ်တိုက်ကြီးများ အဆက်မပြတ် ဖြတ်သန်းရာ လမ်းကြောင်းတွင် ကျရောက်နေသဖြင့် လာမည့် ၇၂ နာရီအလွန်တွင် မိုးအလွန်သည်းထန်လာမည်။ ၁၆၈ နာရီ (၇ ရက်) အတွင်း စုစုပေါင်းမိုးရေချိန် ၂၆၀ mm ထက်မနည်း ကျရောက်နိုင်သည့် လိမ္မော်ရောင်/ပန်းရောင်ပြ ဇုန် ဖြစ်သည်။
မိုးများမည့်ဇုန် (အရှေ့ပိုင်း - စစ်တောင်းမြစ်ဝှမ်း): စစ်တောင်းမြစ်ဝှမ်းနှင့် ပဲခူးရိုးမ အရှေ့ဘက်စောင်းဒေသများသည် မုတ္တမကွေ့မှ စိုစွတ်လေများနှင့် ကရင်တောင်တန်းများကြား လေထုပိတ်ဆို့မှု (Orographic Effect) ကြောင့် နေ့ရောညပါ မိုးစွဲရွာသွန်းပြီး ၇ ရက်အတွင်း ၂၂၀ mm အထိ စုဆောင်းမိုး ရရှိမည်ဖြစ်သည်။
မိုးအသင့်အတင့်ဇုန် (အနောက်ပိုင်း - ဧရာဝတီမြစ်ဝှမ်း): ပဲခူးရိုးမအနောက်ဘက် ပြည်၊ သာယာဝတီ ခရိုင်များသည် ရိုးမတောင်တန်း အတားအဆီးကြောင့် အရှေ့/တောင်ပိုင်းထက် မိုးရွာသွန်းမှု အနည်းငယ် လျော့နည်းသော်လည်း မုန်တိုင်းငယ်၏ အဖျားစွန်းမှတိမ်တိုက်များကြောင့် ၇ ရက်အတွင်း ၁၇၀ mm အထိ မိုးအသင့်အတင့်မှ မိုးအသင့်အတင့်အထက်ပိုမိုရွာသွန်းလာနိုင်မည်ဖြစ်သည်။
၃။ အားကောင်းသည့် မုန်တိုင်းငယ် (DEEP DEPRESSION) နှင့် ဆက်စပ်၍ ပဲခူးတိုင်းအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသအခြေအနေ ဆန်းစစ်ချက်
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း (အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ကမ်းလွန်) တွင် တည်ရှိနေသော အားကောင်းသည့် မုန်တိုင်းငယ် (Deep Depression) သည် အိန္ဒိယကုန်းတွင်းပိုင်းသို့ ဦးတည်ရွေ့လျားနေသော်လည်း၊ ၎င်း၏ ပြင်းထန်သောဆွဲအားကြောင့် မြန်မာနိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများသို့ အနောက်တောင်မုတ်သုံလေကို ပုံမှန်ထက် အလွန်အားကောင်းစေရန် (Strong Monsoon Pressure Gradient) တွန်းပို့ပေးလျက်ရှိပါသည်။
ပဲခူးတိုင်း တောင်ပိုင်း (ပဲခူး၊ ကဝ၊ သနပ်ပင်၊ ညောင်လေးပင်)
ဖြစ်နိုင်ခြေ - လာမည့် ၄၈ နာရီမှ ၁၂၀ နာရီ (ဇူလိုင် ၂၉ မှ အော်ဂုတ် ၁ ရက်) အတွင်း မုတ္တမကွေ့မှ တိုက်ရိုက်ဝင်ရောက်လာသော မိုးသက်တိမ်တိုက်ကြီးများကြောင့် မိုးသက်လေပြင်းများ တိုက်ခတ်ခြင်းနှင့်အတူ ကာလတိုအတွင်း ရက်ဆက်မိုးကြီးခြင်း (Sustained Torrential Rain) ဖြစ်ပွားနိုင်ပါမည်။
သဘာဝဘေးအန္တရာယ် သတိပေးချက် - ပဲခူးမြို့ပေါ် ရပ်ကွက်များ၊ ကဝနှင့် သနပ်ပင် မြေနိမ့်ပိုင်းများတွင် မြို့ပြရေကြီးရေဝပ်ခြင်း (Urban Flooding) နှင့် ချောင်းရေ လျှံတက်ခြင်းများ အထူးစိုးရိမ်ရပါသည်။
ပဲခူးတိုင်း အရှေ့ပိုင်း (တောင်ငူ၊ ဖြူး၊ ကျောက်တံခါး၊ ရွှေကျင်၊ မဒေါက်)
ဖြစ်နိုင်ခြေ - မုန်တိုင်းငယ်၏ သက်ရောက်မှုကြောင့် စစ်တောင်းမြစ်ဝှမ်းတောက်လျှောက်တွင် ရက်ရှည် မိုးဆက်တိုက်ရွာသွန်းမည်ဖြစ်ပြီး၊ ကရင်တောင်တန်းများနှင့် ပဲခူးရိုးမတို့မှ တောင်ကျရေများ စစ်တောင်းမြစ်အတွင်းသို့ တစ်ပြိုင်နက်တည်း စီးဝင်လာမည် ဖြစ်ပါသည်။
သဘာဝဘေးအန္တရာယ် သတိပေးချက် - လာမည့် ၅ ရက်မှ ၇ ရက်အတွင်း (ဇူလိုင် ၃၁ - ဩဂုတ် ၂ ရက် ဝန်းကျင်) ရွှေကျင်၊ မဒေါက်နှင့် တောင်ငူမြေနိမ့်ပိုင်းများတွင် စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ကာ မြစ်ရေကြီးခြင်း (Major River Flooding) ဘေးအန္တရာယ်ဖြစ်လာနိုင်သဖြင့် မြစ်ကမ်းနားနှင့် အနိမ့်ပိုင်း ကျေးရွာ/ရပ်ကွက်များတွင်နေထိုင်သူများ အထူးဂရုပြု စောင့်ကြည့်သင့်ပါသည်။
ပဲခူးတိုင်း အနောက်ပိုင်း (ပြည်၊ ပေါင်းတည်၊ သာယာဝတီ၊ လက်ပံတန်း)
ဖြစ်နိုင်ခြေ - လာမည့် ၇၂ နာရီအတွင်း မိုးအသင့်အတင့် ရွာသွန်းရာမှ ဩဂုတ်လဆန်းတွင် မိုးတိမ်ထုဖြစ်ပေါ်မှု ပို၍စိပ်လာနိုင်ပါမည်။
သဘာဝဘေးအန္တရာယ် သတိပေးချက် - ပဲခူးရိုးမအနောက်ဘက်စောင်းရှိ ချောင်းများ (ဥပမာ- သာယာဝတီ/လက်ပံတန်းအစပ် ချောင်းများ) တွင် တောင်ကျချောင်းရေ ရုတ်တရက်လျှံတက်ခြင်း (Flash Floods) ကို သတိပြုရပါမည်။
မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
AOMAB
လွန်ခဲ့သော ၂ ပတ် ကပဲခူးမြစ်ရေအကြောင်းသိချင်ပါတယ်
ဆက်စပ်ဆောင်းပါးများ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
ဆက်စပ်မေးခွန်းများ
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 1 ခု
ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ
အောင် ကောင်းပြည့် • ဖြေကြားချက် 0 ခု
ကွမ်းပင်ခြေပုတ်ခါးရိေရာဂါကို ဒိုင်မီသိုေမာ့နဲ့ေဖာ့စတိုင်းအလူမီနီယံတွဲဖျန်းလို့ရလားဆရာေဆးေရာစပ်ပုံအချိုးေလးလည်းသိချင်ပါတယ်
ye • ဖြေကြားချက် 1 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 1 ခု
ခရမ်းပင်အရွက်တေဒီလိုဖစ်နေလို့ပါ
ကိုချမ်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
More from ဦးဝင်းနိုင်
အားလုံး
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
တိုင်ဖွန်းမုန်တိုင်း NOUL ကြောင့် ဇူလိုင် ၂၅ မှ ၂၈ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝှမ်း မိုးရွာသွန်းမှု သိသိသာသာ မြင့်တက်နိုင်
24/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....