အစိမ်းရောင်လမ်း
အမျှင်ထွက်ရှိသော အပင်များ

အမျှင်ထွက်ရှိသော အပင်များ

အမျှင်ထွက်သီးနှံအပင်များ ထဲမှာမှ ဝါပြီးလျှင် အရေးပါသော အခြား အမျှင်ထွက် သီးနှံအပင်များ အကြောင်း ဆက်လက်ဆွေးနွေးပါမည်။

(ခ) ဂုန်လျှော် (Jute) Botanical name - Corchorus capsularis and Corchorus olitorius

ယနေ့ခေတ်တွင် ဂုန်လျှော် (Jute) နှင့် ချဉ်ပေါင်လျှော် (Kenaf) တို့သည် အရေးပါသော အမျှင်ထွက်သီးနှံများ (Fiber Crops) အဖြစ် ဆက်လက်စိုက်ပျိုးလျက်ရှိပါသည်။ ပလတ် စတစ်နှင့် ဓာတုအမျှင်များ _ အမျှင်တုများ (Synthetic Fibers) တိုးပွားလာသော် လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချရေး လိုအပ်ချက်များကြောင့် သဘာဝမျှင်များအပေါ် စိတ်ဝင်စားမှု ပြန်လည်မြင့်တက် လာနေပါ သည်။

၂၀၂၆ခုနှစ်တွင် ကမ္ဘာ့ဂုန်လျှော်ထုတ်လုပ်မှုအများဆုံး ၅-နိုင်ငံမှာ ဥစဘက်ကစ်တန် (Uzbekistan) ၁၀,၇၄၇-တန်၊ ဗီယက်နမ် (Vietnam) ၄,၅၅၀ တန်၊ တရုတ် (China) ၄,၀၉၃-တန်၊ ဘူတန် (Bhutan) ၃,၉၉၉ တန်၊ အိန္ဒိယ (India) ၂၇၉၃-တန် တို့ဖြစ်ကြပါသည်။ အခြား မှတ်တမ်းများအရ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း တို့ကလည်း များစွာထုတ်လုပ်သည် ဟူ၍မှတ်တမ်းတွေ့ရပါသည်။

မြန်မာနိုင်ငံတွင် ဝါကိုနှစ်စဉ် ဧကပေါင်း ၄၅၀,၀၀၀ မှ ၆၀၀,၀၀၀ လောက်အထိ စိုက်ပျိုး နေသော်လည်း ဂုန်လျှော်နှင့် ချဉ်ပေါင်လျှော်စိုက်ပျိုးမှုမှာ နည်းပါးလျက်ရှိပါသေးသည်။

မြန်မာနိုင်ငံတွင် ယခင်က ဂုန်လျှော်စိုက်ပျိုးမှု အမြင့်ဆုံးကာလမှာ ၁၉၇၀-၈၀ ပြည့်နှစ်များ အတွင်း ဖြစ်ပြီး စိုက်ဧက ၃၀၀,၀၀၀ ကျော်အထိရှိခဲ့သည်။ အထူးသဖြင့် ၁၉၇၅-၁၉၇၆ ခုနှစ်တွင် ဧက ၃၅၀,၀၀၀ ခန့်အထိ ရောက်ရှိခဲ့ပါသည်။

ယခုအခါ ဂုန်လျှော်စိုက်ဧက နည်းပါးရခြင်း အကြောင်းရင်းများမှာ-

(၁) စျေးကွက်ကျဆင်းခြင်း - ဓာတုအမျှင်များ (Nylon, Polyester) ဖြင့်ပြုလုပ်သော ပီနန်အိပ်များစွာ ပေါ်ပေါက်လာပြီး ဆန်အိပ်၊ ပဲအိပ်၊ နှမ်းမြေပဲအိတ်များ ထည့်သရာ ဂုံနီအိပ် (Gunny Bag)နေရာ အစားထိုးလာ၍ ဂုံလျှော်ဈေးနှုန်းကျဆင်းခြင်း။
(၂) ဝယ်လိုအားနည်းခြင်း - ကမ္ဘာ့ဈေးကွက်တွင် ဂုံလျှော်ကြိုးအစား ဓာတုဖြင့်ပြုလုပ်ထား သော နိုင်လွန်ကြိုးများကို ပိုမိုသုံးစွဲလာခြင်း။
(၃) စိုက်ပျိုးရေးမူဝါဒပြောင်းလဲခြင်း - အစိုးရက စားအုန်းဆီ၊ ရော်ဘာစသည့် အခြားသီးနှံ များကို ဦးစားပေးလာခြင်း။
(၄) လုပ်သားရှားပါးခြင်း - ဂုံလျှော်ထုတ်လုပ်မှုမှာ လူ၏လုပ်အားများစွာလိုအပ်ပြီး ခေတ် လူငယ်များ စိုက်ပျိုးရေးမှာ စိတ်ဝင်စားမှုနည်းလာခြင်း။
(၅) ရာသီဥတုပြောင်းလဲမှု - မိုးခေါင်ခြင်း၊ ရေကြီးခြင်းတို့ကြောင့် အထွက်နှုန်းကျဆင်းခြင်း စသည်တို့ကြောင့် စိုက်ဧကနည်းပါးလာပါသည်။

ဂုန်လျှော်သည် အပင်၏ အပြင်လွှာ (Bast) မှ ထုတ်ယူရသော သဘာဝအမျှင်တစ်မျိုး ဖြစ် သည်။ ပင်စည်အပြင်လွှာလျှော် (Bast Fibre) ဟူ၍ခေါ်ဆိုနိုင်သည်၊ 

အဓိကမျိုးစိတ်များမှာ သီးလုံးပု White Jute (Corchorus capsularis) နှင့် သီးတောင့်ရှည် Tossa Jute (Corchorus olitorius) တို့ဖြစ်ကြသည်။

Tossa and white jute varieties plant, fiber, flower, fruit, and seed |  Download Scientific Diagram

ပုံ - ၁ သီးလုံးပုနှင့်သီးတောင့်ရှည်ဂုံလျှော်များ

ဂုန်လျှော်ကို "ရွှေရောင်မျှင် (Golden Fiber)" ဟုလည်း ခေါ်ကြပြီး အရောင်၊ တောက်ပမှု နှင့် စီးပွားရေးတန်ဖိုး မြင့်မားခြင်းကြောင့် ဖြစ်သည်။

စိုက်ပျိုးနည်း အဆင့်ဆင့်

ဂုံလျှော်ပင်သည် ပူနွေးစိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး စနစ်တကျ စိုက်ပျိုးပါက အထွက်ကောင်းမွန်သည်။

အပူချိန် ၂၄-ဒီဂရီဆဲလ်စီယတ်စ် (24°C) မှ ၃၇-ဒီဂရီဆဲလ်စီယတ်စ် (37°C) အတွင်းရှိသော ပူပြင်းစိုစွတ်သည့် ရာသီဥတုနှင့် အစိုဓာတ် ၇၀-၈၀% ရှိရန် လိုအပ်သည်။ နှစ်စဉ် မိုးရေချိန် ၁၀၀၀-၁၅၀၀ မီလီမီတာ - ၄၀-၆၀ လက္ခခန့် (1000-1500 mm) ရှိသင့် သည်။

အော်ဂဲနစ်ဓာတ်ကြွယ်ဝပြီး ရေစီးရေလာကောင်းမွန်သော သဲနုန်းမြေ (Sandy loam) မှ မြေစေးဆန်သောနုန်းမြေ (Clay loam) အထိ စိုက်ပျိုးနိုင်သည်။ မြေချဉ်ငံဓာတ် ၅.၅-၆.၅ (pH 5.5-6.5) အတွင်းရှိရန် သင့်တော်သည်။

ဂုန်လျှော်၏ အားသာချက်များ

  • သဘာဝအတိုင်း ဆွေးမြည့်နိုင်သည် (Biodegradable)

  • ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည်

  • ခိုင်မာသန်စွမ်းသည်

  • စိုထိုင်းဆကို စုပ်ယူနိုင်သည်

  • ထုတ်လုပ်မှုကုန်ကျစရိတ် နည်းသည်

  • ပြန်လည်ဖြစ်ပေါ်နိုင်သော သဘာဝအရင်းအမြစ်ဖြစ်သည်။

(ဂ) ချဉ်ပေါင်လျှော် (Kenaf) Botanical name – Hibiscus cannabinus 

ချဉ်ပေါင်လျှော်သည် နှစ်စဉ်စိုက်ပျိုးရသော အမျှင်ထွက်သီးနှံတစ်မျိုးဖြစ်ပြီး ဝါနှင့် ရုံးပတီသီးတို့၏ မျိုးရင်း - မာလဗေးစီးလ် (Family - Malvaceae) တွင် ပါဝင်သည်။

ချဉ်ပေါင်လျှော် (Kenaf) သည် အလွန်လျင်မြန်စွာ ကြီးထွားနိုင်ပြီး ၎င်း၏ အစိတ်အပိုင်း တိုင်းနီးပါးကို အသုံးချနိုင်သော အပင်ဖြစ်ပါသည်။ စိုက်ပျိုးရလွယ်ကူခြင်း၊ ဝင်ငွေ ကောင်း ခြင်းတို့ကြောင့် အင်ဒိုနီးရှား၊ ထိုင်း စသည့် နိုင်ငံများတွင် စီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည်။ 

ချဉ်ပေါင်လျှော်၏ အားသာချက်များ

  • အလွန်လျင်မြန်စွာ ကြီးထွားသည်

  • တစ်ရာသီအတွင်း ၄–၆ မီတာအထိ မြင့်နိုင်သည်

  • ဇီဝထု (Biomass) ထုတ်လုပ်မှု မြင့်မားသည်

  • မိုးခေါင်ဒဏ်ကို တော်တော်ခံနိုင်သည်

  • ကာဗွန်စုပ်ယူနိုင်မှု ကောင်းမွန်သည်

  • အပူပိုင်းနှင့် အပူပိုင်းအောက်ပိုင်းဒေသများတွင် ကောင်းစွာဖြစ်ထွန်းသည်

  • ချဉ်ပေါင်လျှော်သည် စိုက်ပျိုးရန် အတော်အတန် လွယ်ကူပြီး အထူးပြုစုစရာများစွာ မလိုအပ်ပါ။

စိုက်ပျိုးချိန် - ပူနွေးစိုစွတ်သော အပူပိုင်းရာသီဥတုကို ကြိုက်နှစ်သက်သော အပင်ဖြစ် သည်။ အပူချိန် ၂၀ ဒီဂရီဆဲလ်စီယက်စ် (20°C) ထက်မြင့်သော မိုးရာသီတွင် စတင် စိုက်ပျိုးနိုင်ပြီး အလျင်မြန်ဆုံး စိုက်ပျိုးရန်အချိန်ဖြစ်သည်။

ပြုစုနည်း - အစေ့ချပြီး တစ်လခန့်အကြာတွင် တစ်ကြိမ်သာ မြေသြဇာကျွေးရန် လိုအပ် သည်။ အပင်ငယ်စဉ် ပေါင်းသတ်ပေးရန်လိုအပ်သော်လည်း ကြီးထွားလာသည်နှင့် အမျှင် ပေါင်းပင်များကို အနိုင်ယူနိုင်သောကြောင့် ပြုစုရလွယ်ကူသည်။

ရိတ်သိမ်းချိန် - မျိုးစေ့ချပြီး ၄ လ (သို့) ၅ လခန့်အကြာတွင် ရိတ်သိမ်းနိုင်ပြီဖြစ်သည်။ ပန်းပွင့်ပြီးချိန်တွင် အမျှင်အရည်အသွေးအကောင်းဆုံးဖြစ်သည်။ တစ်ဟက်တာလျှင်  အမျှင်အခြောက် ၁၀ တန် ခန့် ထွက်ရှိနိုင်သည်။

အသုံးပြုမှုများ

စက္ကူထုတ်လုပ်ခြင်း၊ တိရစ္ဆာန်အိပ်ယာခင်းပြုလုပ်ခြင်း၊ ဖိုင်ဘာဘုတ် (Fiber Board) များ၊ ဇီဝစုပေါင်း (Biocomposite) ပစ္စည်းများ၊ မော်တော်ကားအစိတ်အပိုင်းများ၊ ဆောက်လုပ် ရေးပစ္စည်းများ၊ ဇီဝစွမ်းအင် (Bioenergy)၊ ဆီယိုဖိတ်မှု စုပ်ယူသန့်စင်ပစ္စည်းများ စသည် တို့ ဖြစ်ပါသည်၊

Hibiscus cannabinus - Useful Tropical Plants

Kenaf: Nature's little-known wonder | The ASEAN Post

ပုံ - ၂ ချဉ်ပေါင်လျှော်ပင်နှင့်ထုတ်ကုန်များ

(ဃ) ရာမီလျှော် (Ramie) Botanical name – Boehmeria nivea

ကမ္ဘာပေါ်တွင် အခိုင်ခံ့ဆုံးလျှော်မျိုးဖြစ်ပြီး ပိုးသားကဲ့သို့ တောက်ပြောင်သော အရည် အသွေးရှိသည့် သဘာဝအမျှင်တစ်မျိုးဖြစ်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့ထုတ်လုပ်မှု၏ ၉၆% ခန့် ပိုင်ဆိုင်ထားပြီး အဓိက ထုတ်လုပ်သောနိုင်ငံဖြစ်ပါသည်။ ရာမီလျှော်သည် ၎င်း၏ ခိုင်ခံ့မှု၊ တောက်ပြောင်မှုနှင့် ရေစိုခံနိုင်ရည်ရှိမှုတို့ကြောင့် အသုံးချမှု အများ အပြား ရှိသည်။ 

၎င်း၏ အဓိကအသုံးပြုမှုမှာ အထည်အလိပ်လုပ်ငန်းဖြစ်သည်။ အဝတ်အထည်: အင်္ကျီ၊ ဘောင်းဘီတို၊ ဝတ်စုံ (အထူးသဖြင့် နွေရာသီအဝတ်အစား)၊ ပိုးသားကဲ့သို့ ပြောင်လက် တောက်ပသော အင်္ကျီများ ပြုလုပ်ရန် သုံးသည်။ အိမ်သုံးလူသုံးအထည်များ ဥပမာ - စားပွဲခင်းများ၊ အိပ်ရာခင်းများ၊ ကင်းဗတ်စ်ဖိနပ်များ ပြုလုပ်ရန် သုံးသည်။

ချည်မျှင်နှင့် ကြိုးများ: အပ်ချည်၊ ငါးဖမ်းပိုက်၊ ကြိုး၊ ထုပ် စသည်တို့ ပြုလုပ်ရာတွင် အသုံးပြုသည် ။

(င) ငှက်ပျောလျှော် (Abaca) Botanical name – Musa Textilis

ငှက်ပျောလျှော် (Abaca) သည် ဖိလစ်ပိုင်နိုင်ငံမှ မူရင်းဒေသဖြစ်ပြီး အလွန်ခိုင်ခံ့ကာ ရေဆားငန်ဒဏ်ကို ခံနိုင်ရည်ရှိသော သဘာဝအမျှင်တစ်မျိုးဖြစ်သည်။ Manila hemp ဟုလည်း လူသိများသည်။ 

ဖိလစ်ပိုင်နိုင်ငံ (Philippines) သည် ဌက်ပျောလျှော်ကို ကမ္ဘာ့ထုတ်လုပ်မှု၏ ၈၅% မှ ၈၇% ခန့် ထုတ်လုပ်ပြီး ကမ္ဘာ့အကြီးဆုံးထုတ်လုပ်သူဖြစ်ပါသည်။  အီကွေဒေါ (Ecuador) နှင့် ကော့စတာရီကာ (Costa Rica) တို့မှလည်း အနည်းငယ် ထုတ်လုပ်ပါသည်။ 

စက္ကူနှင့် ပျော့ဖတ် (Paper & Pulp) မှာ အဓိကအသုံးပြုမှုဖြစ်သည်။ အထူးသဖြင့် ငွေစက္ကူများ (Banknotes) ပြုလုပ်ရာတွင် အဓိကသုံးသည် ။ ထို့အပြင် လက်ဖက် ခြောက်အိတ် (Tea bags)၊ စစ်ချသောစက္ကူ (Filter paper) နှင့် မြေဆွေးနိုင်သော ဂေဟစနစ်သဟဇာတ ထုပ်ပိုးပစ္စည်းများအတွက်လည်း အသုံးပြုသည် ။ |

ကြိုး၊ ကြိုးတန်း (Cordage & Rope) ဌက်ပျောလျှော်သည် ရေဆားငန်ဒဏ်ကို ခံနိုင် ရည်ရှိပြီး ရေတွင်မနစ်မြုပ်သောကြောင့် ရေကြောင်းသုံးကြိုးများ၊ သင်္ဘော သုံးကြိုး များအတွက် အထူးသင့်တော်ပါသည်။

ဖက်ရှင်နှင့် အိမ်သုံးအထည်များ - ကောင်းမွန်သော အမျှင်များဖြင့် ကော်ဇော၊ စားပွဲခင်း၊ အိတ်နှင့် လက်မှုပစ္စည်းများ ပြုလုပ်သည် ။ ပိုးသားကဲ့သို့ ပြောင်လက်သော အရည် အသွေးရှိသော ထည်များကို ဇိမ်ခံအဝတ်အထည်နှင့် ဖက်ရှင်ဆက်စပ်ပစ္စည်းများအဖြစ် ပြုလုပ်လျက်ရှိပါသည်။မော်တော်ယာဉ်နှင့် ကွန်ပိုစစ် (Automotive & Composites) ၎င်း၏ ပေါ့ပါးပြီး ခိုင်ခံ့သော ဂုဏ်သတ္တိကြောင့် မာစီဒီးစ် (Mercedes-Benz) နှင့် ဖို့ဒ် (Ford) ကဲ့သို့သော ကားကုမ္ပဏီများက ကားအတွင်းခန်း အကန့်များ၊ ထိုင်ခုံနောက် မှီကျောများ ပြုလုပ်ရန် စတင်အသုံးပြုလာကြပါသည်။

ပြတိုက်နှင့် ရှေးဟောင်းပစ္စည်း ထိန်းသိမ်းရေး - ဌက်ပျောလျှော်စက္ကူကို အယ်ကာလီ ဓာတ်မတည့်သော သားရေ၊ ပိုး၊ သိုးမွှေးကဲ့သို့သော ပစ္စည်းများ သိုလှောင်ရန်နှင့် နုနယ် သော ရှေးဟောင်းပစ္စည်းများကို ကာကွယ်ရန်အတွက် အထူးအသုံးပြုပါသည်။

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Ghosh, T. (1983) Handbook on Jute. FAO. 219p.

 

Martin, J.H.; Waldren, R.P. and Stamp, D.L. (2006) Principles of Field Crop Production. Pearson, New Jersey 4th Ed. 954p.

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 1 ခု

ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ

အောင် ကောင်းပြည့် • ဖြေကြားချက် 0 ခု

ကွမ်းပင်ခြေပုတ်ခါးရိေရာဂါကို ဒိုင်မီသိုေမာ့နဲ့ေဖာ့စတိုင်းအလူမီနီယံတွဲဖျန်းလို့ရလားဆရာေဆးေရာစပ်ပုံအချိုးေလးလည်းသိချင်ပါတယ်

ye • ဖြေကြားချက် 1 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

ခရမ်းပင်အရွက်တေဒီလိုဖစ်နေလို့ပါ

ကိုချမ်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....