ရေရှည်စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဇီဝမြေဩဇာ၏ အခန်းကဏ္ဍ
နှစ်စဉ်နှစ်တိုင်း လူဦးရေတိုးတက်လာသည်နှင့်အမျှ ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံစသည်ဖြင့် အာဟာရပြည့်မီသောအစားအစာလိုအပ်မှုသည် မြင့်တက်လာလျက်ရှိသည်။ မြို့ပြချဲ့ထွင်မှုနှင့် စက်ရုံအလုပ်ရုံတိုးမြင့်မှုတို့ကြောင့် စိုက်ပျိုးမြေဧရိယာသည် အကန့်အသတ်ဖြင့် လျော့နည်းလာလျက်ရှိသည်။ ထို့ကြောင့် အစားအစာတိုးမြင့်ထုတ်လုပ်မှုနှင့် အရည်အသွေးပြည့်မီသော အစားအစာလိုအပ်ချက်တွေကြောင့် အရည်အသွေးကောင်းမွန်သော စိုက်ပျိုးထုတ်လုပ်မှုကို တိုးမြင့်လုပ်ဆောင်ပေးရန်လိုအပ်သည်။ အထွက်နှုန်းတိုးမြင့်ရန်အတွက် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် ဓာတုမြေဩဇာကဲ့သို့သော ဓာတုဆေးဝါးများအပေါ်မှီခိုမှုသည် လူသားနှင့် ၎င်းတို့ရှင်သန်နေသော ဂေဟစနစ်ကြီးကို များစွာပျက်စီး ယုတ်ညံ့စေပါသည်။ ထို့အထဲတွင်မှ ဇီဝမြေဩဇာသည် စိုက်ပျိုးထုတ်လုပ်မှုရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် သဘာဝတရားကြီးက ပေးသော ထူးကဲသောလက်ဆောင်တစ်ခုဖြစ်သည်။
ဇီဝမြေဩဇာတွင် အပင်၏ ကြီးထွားမှု၊ ဖွံ့ဖြိုးမှုနှင့် ဇီဝကမ္မလုပ်ဆောင်မှုများအတွက် အာဟာရဓာတ်နှင့် အပင်ကြီးထွားစေသောဟော်မုန်းတို့ကို အားပေးသော သက်ရှိအဏုဇီဝများပါဝင်သည်။ အဏုဇီဝသက်ရှိများတွင် နိုက်ထရိုဂျင်ကို ဖမ်းယူနိုင်သော အဏုဇီဝသက်ရှိများ (Azotobacter, Azospirillum, Rhizobium, Cyanobacteria, Azolla, Gluconacetobacter Diazotrophicus)၊ ဖော့စဖောရပ်ကို ပျော်ဝင်စေနိုင်သော အဏုဇီဝသက်ရှိများ (bacteria, fungi)၊ ဖော့စဖောရပ်ကို ရွှေ့ပြောင်းပေးနိုင်သော အဏုဇီဝသက်ရှိများ (Arbuscular mycorrhizal fungi)၊ ပိုတက်စီယမ်ကို ပျော်ဝင်စေနိုင်သော အဏုဇီဝသက်ရှိများ (bacteria)၊ အပင်ကြီးထွားမှုကို အားပေးသော အဏုဇီဝသက်ရှိများ၊ ဇင့်ကို ပျော်ဝင်စေနိုင်သော အဏုဇီဝသက်ရှိများပါဝင်သည်။
ဇီဝမြေဩဇာကို အစိုင်အခဲ၊အမှုန့်၊အရည်ပုံစံဖြင့်တွေ့ရှိနိုင်သည်။ ၎င်းထဲတွင် ခိုအောင်းနေသော အဏုဇီဝဆဲလ်များပါဝင်သည်။ ၎င်းဆဲလ်များသည် ဖော့စဖောရပ်ကို ပျော်ဝင်စေသော၊ နိုက်ထရိုဂျင်ကို ဖမ်းယူနိုင်သော၊ ဆာလဖာကို ဓာတ်တိုးစေသော၊ သဘာဝမြေဆွေးကို ဆွေးမြည့်စေသော ဂုဏ်သတ္တိများကို လုပ်ဆောင်သည်။ အပင်ထဲသို့ထည့်သွင်းလိုက်သော အာဟာရဓာတ်၏ ၆၀ - ၉၀ ရာခိုင်နှုန်းသည် မြေကြီးမှဖမ်းယူထိန်းချုပ်ခြင်း၊ အောက်သို့ စိမ့်ဆင်းသွားခြင်း၊ အငွေ့ပျံခြင်းစသည်ဖြင့် ဆုံးရှုံးလျက်ရှိပြီး ၁၀ - ၄၀ ရာခိုင်နှုန်းသာလျှင် အပင်က ရယူစားသုံးသည်။ ဇီဝမြေဩဇာသည် အာဟာရဓာတ်ထုတ်လွှတ်မှုနှေးကွေးပြီး အဏုဇီဝများ၏လုပ်ဆောင်မှုဖြင့် အပင်အတွက်မရှိမဖြစ်လိုအပ်သော အာဟာရကို ဆက်တိုက်ထုတ်လွှတ်ပေးနိုင်သည်။ ထို့ကြောင့် ဘက်စုံအာဟာရစီမံခန့်ခွဲမှုအတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး ရေရှည်စိုက်ပျိုးထုတ်လုပ်မှုအတွက် မရှိမဖြစ်လိုအပ်သော အခန်းကဏ္ဍတစ်ခုဖြစ်လာခဲ့သည်။

ထိုကဲ့သို့ အရေးကြီးသော ဇီဝမြေဩဇာဖွံဖြိုးတိုးတက်မှုအတွက် အောက်ပါနည်းလမ်းတို့ကို လုပ်ကိုင်ဆောင်ရွက်ရန်လိုအပ်ပါသည်။
၁) ဇီဝမျိုးကွဲများ ဖွံဖြိုးတိုးတက်ရန်အတွက် ဇီဝနည်းပညာများအသုံးချရမည်။
၂) စိုက်ပျိုးရေးမိုးလေဝသ တူညီသော တိုင်းပြည်များအကြား အဏုဇီဝပိုးမွေးမြူဖလှယ်ခြင်းနှင့် သီးနှံအတွက် သင့်တော်သော ဇီဝမျိုးကွဲများ၏လုပ်ဆောင်မှုကို အကဲဖြတ်ခြင်း သိုလှောင်စဉ်ကာလအတွင်း မျိုးထွန်းခြင်းဖြစ်ပေါ်မလာအောင် သူတို့၏ လုပ်ဆောင်မှုကို စစ်ဆေးရမည်။
၃) ဇီဝမြေဩဇာအားလုံးအတွက် အဏုဇီဝမွေးမြူသော ကြားခံမီဒီယာ၊ အဏုဇီဝထိုးသွင်းသည့် နည်းလမ်းများကို စံသတ်မှတ်ပြီး အစိုင်အခဲ သို့မဟုတ် အရည်ကဲ့သို့သော အဏုဇီဝချည့်သက်သက် ထုတ်လုပ်သည့်ပုံစံမှ အခြားအရောအနှောအသုံးပြု၍ သင့်တော်သည့် ပုံစံ (အရည်၊အခဲ) ထုတ်လုပ်ပေးရမည်။
၄) ဇီဝမြေဩဇာထုတ်လုပ်သည့် အရာအားလုံးသည် အဏုဇီဝပညာရှင်၏ ထိန်းချုပ်မှု၊ စစ်ဆေး ကြီးကြပ်မှုအောက်တွင် ရှိရမည်။
၅) ထုတ်လုပ်သည့် နည်းအားလုံးတွင် အအေးပေးသိုလှောင်မှုစနစ်ပါရှိရမည်။
၆) ဇီဝမြေဩဇာထုတ်လုပ်သူကို ထုတ်လုပ်သည့် နည်းပညာဆိုင်ရာ သင်တန်း၊ အရည်အသွေး ထိန်းချုပ်သည့်စနစ်၊ နည်းပညာအကြံပေးခြင်းနှင့် ထုတ်လုပ်သည့် စီမံကိန်းတို့အပ်နှင်း၍ လုပ်ကိုင်ဆောင်ရွက်စေရမည်။
၇) လူမှုကွန်ယက် (social media)၊ သတင်းစာ (newspaper)၊ စာစောင်ထုတ်ဝေခြင်း (publication)၊ တရားဝင်ထုတ်ပြန်ကြေညာချက် သို့မဟုတ် သတင်းလွှာ (bulletin) တို့မှတဆင့် ဇီဝမြေဩဇာ၏ အသုံးဝင်ပုံနှင့် အကျိုးကျေးဇူးများကို ဖြန့်ဝေပေးရမည်။
အချုပ်အားဖြင့်ဆိုသော ဓာတုမြေဩဇာများ၏ ရေရှည်အသုံးပြုမှုကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု ဖြစ်ပေါ်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်ကိုလည်း တိုးမြင့်စေပါသည်။ ထို့ကြောင့် ဒေသဆိုင်ရာဖွံ့ဖြိုး တိုးတက်မှုနှင့် နိုင်ငံခြားဝင်ငွေရရှိမှုတို့ လုပ်ကိုင်ဆောင်ရွက်ရာတွင် ဓါတ်မြေဩဇာပေါ်မှီတင်း ဆောင်ရွက်မှုတို့သည် စစ်မှန်သော နည်းလမ်းမဟုတ်ပေ။
ဇီဝမြေဩဇာများသည် စီးပွားရေး တွက်ချေကိုက်ပြီး ရေရှည်စိုက်ပျိုးထုတ်လုပ်နိုင်သော စိုက်ပျိုးရေးဂေဟဗေဒစနစ်ကောင်းမွန်ပြီး တိုင်းပြည်၏ဖွံ့ဖြိုးတိုးတက်မှုအတွက် ပေးစွမ်းနိုင်သည့် သဘာဝတရားကြီးကပေးသော ကြီးမြတ် သော လက်ဆောင်တစ်ခုဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
အင်ဇိုင်းအသိးအပွင့်အားဆေးကို.အခုပှစပြီးဖော်ထားခြင်လို့.ငှက်ပြောသိး.1.20သားသဘော်သီး.1.20.စပျစ်သိး.1.20.ထန်းလျက်.3.60သားထဲကို.ကြဥ.15လုံးလောက်ထည့်ရင်ကောင်းနိင်မလားဆရာတို့
သန်းထိုက်အောင် • ဖြေကြားချက် 0 ခု
ဥဖြစ်တာကဖြစ်.စွယ်ကထပ်ခြနေလို့..အရင်ဥထားတာကလေးတွေအဆံလေးဖြစ်နေပြီအောင်တော့မအောင်သေးဘူးပေါ့...အရင်ဥထားတာနဲ့နောက်ခြတဲ့အစွယ်ကမှိအောင်လို့.ဘာဆေးဖျန်းရမလဲဗျ...ကျွန်တော်တို့ဆိမှာတော့အဲဆေးဖျန်းကြပါတယ်...အဲဒိဆေးကနောက်အစွယ်ဥကြီးမြန်အောင်လုပ်ပေးတယ်စိုတာဟုတ်လားဆရာတို့..
သန်းထိုက်အောင် • ဖြေကြားချက် 1 ခု
မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
Min zaw Oo • ဖြေကြားချက် 1 ခု
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 2 ခု
ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
More from ဒေါက်တာ အိဖြူဝင်း
အားလုံး
အပင်ရှိအာဟာရများကို စုပ်ယူကာ သေစေသည်အထိဖြစ်စေနိုင်သည့် ကပ်ပါးပင်များ
09/12/2025
ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်ပွားသော သီးနှံရောဂါများ ကာကွယ်ကုသနည်း
30/11/2025
နီမတုတ်ကြောင့်ဖြစ်သောရောဂါများကို ထိန်းချုပ်နည်း
21/11/2025
မှိုကြောင့်ဖြစ်သော သီးနှံရောဂါများကို ကာကွယ်တားဆီးနည်း
07/11/2025
ဘက်တီးရီးယားကြောင့်ဖြစ်သော အပင်ရောဂါကို ကာကွယ်တားဆီးနည်း
22/10/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....