အစိမ်းရောင်လမ်း
သဘာဝကပေးတဲ့ အဖိုးတန် ရှိခိုးကောင်တွေ

သဘာဝကပေးတဲ့ အဖိုးတန် ရှိခိုးကောင်တွေ

အခင်းတွေထဲမှာ စိုက်ကွင်းတွေထဲမှာ အိမ်တွေမှာ ရှိခိုးကောင်တွေကို မြင်ဖူးမှာပါ။ 

သူတို့အကြောင်းကို လေ့လာကြည့်ရအောင်လားခင်ဗျာ။

အရွယ်အစား

သူတို့က အလယ်အလတ်လောက် အရွယ်ရှိတဲ့ အစိမ်းရောင် (သို့) အညိုရောင်ရှိတဲ့ အင်းဆက်ကောင်တွေဖြစ်ပါတယ်။ (၅) ကနေ (၁၀) စင်တီမီတာ ဆိုတော့ (၂) လက်မကနေ (၄)လက်မ လောက်အထိပဲ ရှိကြပါတယ်။ ရှေ့လက်တွေက အဓိက သူတို့ အမဲလိုက်တဲ့ ပစ္စည်း ကိရိယာတွေပါပဲ။ သူတို့ရဲ့ ကွေးနေတဲ့ ကိုယ်ခန္ဓာပုံစံနဲ့ လက်ကြောင့်မို့ ရှိခိုးကောင်တွေရယ်လို့ ခေါ်ကြပါတယ်။ 

သူတို့ သက်တမ်းက တစ်နှစ်လောက်ဖြစ်ပြီးတော့ တစ်နှစ်မှာ မျိုးဆက် တစ်ဆက်စီပွားများကြပါတယ်။ ဥတွေကို ဆောင်းအကုန်မှာ ဥအိမ်နဲ့  ဥချကြပြီးတော့ သစ်သား သို့ အပင်အခေါက်တွေမှာ နဲ့ အခြားအပင်တွေမှာ ကပ်ပြီး တွေ့နိုင်ပါတယ်။ 

အစားစားတဲ့ အလေ့အထမျိုးမှာဆိုရင်တော့ 

သူတို့က အသားစားတဲ့ အကောင်လေးတွေဖြစ်ပါတယ်။ တစ်နေရာရာလေးမှာ ငြိမ်ငြိမ်လေးနေနေတယ်၊ သားကောင်ကို စောင့်တယ်။ ရောက်လာတဲ့ သားကောင်ရဲ့ အလစ် အငိုက်ကို စောင့်ပြီးတော့ လျင်မြန်တဲ့ လှုပ်ရှားမှုနဲ့ အတူ သားကောင်ကို တိုက်ခိုက်ပြီးတော့ ဖမ်းစားတယ်။  သူတို့ရဲ့ ရှေ့လက်ကို သုံးပြီးတော သားကောင်ကို ဖမ်းတယ်။ ပြီးတော့ သူတို့ရဲ့ သူတို့က ဘာကောင်တွေကို စားကြတာလဲဆိုရင်တော့

  • ပိုးဟပ် (Roaches)
  • ယင်ကောင်များ (Flies)
  • ခြင်များ (Mosquitoes)
  • ပိုးဖလံများ (Moths)
  • ဂျပိုးများ (Bugs)
  • ကျိုင်းကောင်များ (Beetles)
  • ပျ (Aphids)
  • ကြွက် (rodents)
  •  ဖား (Frog)
  • အကောင်သေးတဲ့ ကြွက်လေးများ (Small Rodents)
  • အကောင်သေးတဲ့ ငှက် ( Birds)
  • မြွေ (Snakes) ( အကောင်သေး) စတဲ့ တော်တော်များများကို စားသောက် နေထိုင်ကြပါတယ်။ 

သူတို့ကို ဘယ်မှာ တွေ့နိုင်ပါမလဲ?

ကမ္ဘာတစ်ဝှမ်းလုံးမှာ တွေ့နိုင်ပေမဲ့လည်း ပူနွေး စိုစွတ်တဲ့ ပတ်ဝန်းကျင်ကို ကြိုက်နှစ်သက်ကြပါတယ်။ အေးတဲ့ဒေသမှာလည်း ရှင်သန်နေထိုင်နိုင်ပါတယ်။ 

တစ်ချို့ မျိုးစိတ်တွေကတော့ သစ်ပင်တွေနဲ့ ခြုံပုတ်တွေကိုကြိုက်ပေမဲ့လို့ တစ်ချို့မျိုးစိတ်တွေကျတော့ မြေကြီးနဲ့ နီးနီးကပ်ကပ်နေရတာကို ကြိုက်တဲ့ မျိုးတွေလည်းရှိပါတယ်။ ဆိုတော့ သူတို့ကို နေရာဒေသမရွေးမှာ တွေ့နိုင်တယ်ဆိုတဲ့ သဘောပါပဲ။ 

သူတို့ကို ဘယ်လို ဆွဲဆောင်မလဲ?

ရှိခိုးကောင်လေးတွေကို ဆွဲဆောင်တဲ့ အပင်နဲ့ ချုံလေးတွေ  (ဥပမာ- ချစ်တီးပန်း) တို့လိုမျိုး စိုက်ပျိုးပေးထားရင် ရှိခိုးကောင်လေးတွေသာမက အခြားသော လိပ်ခုံးကျိုင်းလိုမျိုးနဲ့ အကျိုးပြုအင်းဆက်တွေလည်း လာရောက်နေထိုင်နိုင်ပါတယ်။ 

အရိပ်ရတဲ့ အပင်ပုလေးတွေလည်း စိုက်ပျိုးပေးနိုင်ပါတယ်။ သူတို့လည်း ပုန်းဖို့အတွက် နေရာလေးလိုတာမို့ သူတို့ အတွက် နေရာလုပ်ပေးထားရပါမယ်။ 

အနောက်နိုင်ငံတော်တော်များများမှတော့ ရှိခိုးကောင်တွေကို ရောင်းပါတယ်။ မြန်မာနိုင်ငံမှာတော့ မရလောက်သေးဘူးလို့ထင်ပါတယ်။ အကောင်လိုက် အစုံလိုက်လည်းရောင်းသလို ဥအိမ် အနေနဲ့လည်းရောင်းပါတယ်။ ဥအိမ်အလိုက်ရောင်းတာက အကောင်ရေလည်း များများပါသလို ဝယ်လိုအားလည်းများတယ်လို့ သိရပါတယ် တောင်သူကိုကို မမတို့ခင်ဗျာ။

ပုံ - ရောင်းချနေသော ဥ အိမ် ကို ကိုင်းတွင် ချိတ်ထားပုံ 

တကယ်တမ်း သူတို့စားပေးနေတဲ့ ပျတို့ ယင်ဖြူတို့ ပိုးဖလံတို့ဆိုတာကလည်း မသိလိုက်ရင် မသိလိုက်သလို မြန်မြန်ဆန်ဆန်နဲ့ တစ်ပင်လုံးရဲ့ ပင်ရည်တွေ စုပ်ယူ၊ အရွက်တွေကိုက်ဖြတ်စားစတဲ့ အဖျက်အမှောက်လုပ်ငန်းတွေကို လုပ်ဆောင်ကြတာပါ။ 

သူတို့ရှိလို့ အကုန်အစင်ရှင်းနိုင်တာတော့လည်း မဟုတ်ပါဘူး။ ပြီးတော့ သူတို့ရှိနေတာမို့လည်း နောက်ထပ် အကျိုးပြုတဲ့ အကျိုးပြုအင်းဆက်လေးတွေကပါ သူတို့ရဲ့ သားကောင်ဖြစ်နိုင်သေးတာမို့ အရာအားလုံးက တန်ဆေးလွန်ဘေးပါပဲခင်ဗျာ။

တစ်ချို့ကျတော့လည်း ဒီရှိခိုးကောင်တွေကို အလှမွေးတဲ့ အိမ်မွေးတိရိစ္ဆာန်အဖြစ်နဲ့တောင် ဖန်လုံအိမ်လေးတွေနဲ့ သူတို့ကြိုက်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပြီးတော့ အစာရေစာ ပေးပြီး တကူးတက မွေးကြပါသတဲ့။

ကဲ့ ခုတော့ ရှိခိုးကောင်နဲ့ ပတ်သတ်ပြီးတော့ အလုံးစုံနီးပါးလည်း သိသွားပြီဆိုတော့ တောင်သူဦးကြီးတို့တွေ ကွင်းထဲမှာ ရှိခိုးကောင်တွေကို မြင်တဲ့အခါမျိုးမှာ ဘာတွေအကျိုးပြုနေသလဲ ဒီအကောင်လေးတွေရှိနေခြင်းက ကိုယ့်အတွက် ဘာတွေကောင်းစေသလဲနဲ့ ကိုယ်ကလည်း သူတို့ကို ဘယ်လို အသုံးချနိုင်ပါသလဲဆိုတာကို သေချာနားလည်သွားကြလိမ့်မယ်လို့ ထင်ပါတယ်။

တောင်သူလယ်သမား ဦးကြီးဒေါ်ကြီးတို့ ကျန်းမာချမ်းသာ လုပ်ငန်းခွင်မှာ အောင်မြင်ဖြစ်ထွန်းကြပါစေခင်ဗျာ။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

1
ဦးကျော်မျိုးသူ

ဦးကျော်မျိုးသူ

လွန်ခဲ့သော ၂ နှစ် က

တွေ့ဖူးတယ်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 0 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 1 ခု

ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ

အောင် ကောင်းပြည့် • ဖြေကြားချက် 0 ခု

ကွမ်းပင်ခြေပုတ်ခါးရိေရာဂါကို ဒိုင်မီသိုေမာ့နဲ့ေဖာ့စတိုင်းအလူမီနီယံတွဲဖျန်းလို့ရလားဆရာေဆးေရာစပ်ပုံအချိုးေလးလည်းသိချင်ပါတယ်

ye • ဖြေကြားချက် 1 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....