ဥဖြစ်တာကဖြစ်.စွယ်ကထပ်ခြနေလို့..အရင်ဥထားတာကလေးတွေအဆံလေးဖြစ်နေပြီအောင်တော့မအောင်သေးဘူးပေါ့...အရင်ဥထားတာနဲ့နောက်ခြတဲ့အစွယ်ကမှိအောင်လို့.ဘာဆေးဖျန်းရမလဲဗျ...ကျွန်တော်တို့ဆိမှာတော့အဲဆေးဖျန်းကြပါတယ်...အဲဒိဆေးကနောက်အစွယ်ဥကြီးမြန်အောင်လုပ်ပေးတယ်စိုတာဟုတ်လားဆရာတို့..
မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
လယ်အနိမ့်ပိုင်းများတွင် ခုတ်ဖုံးစနစ်ကို လုပ်ဆောင်နိုင်သော်လည်း ရေဝပ်ပါက အမြစ်ပုပ်တတ်သဖြင့် စပါးရိတ်ပြီးသည်နှင့် လယ်ကွက်ပတ်လည်တွင် ရေနုတ်မြောင်း အရင်တူးရန် လိုအပ်ပါတယ်။ မြေပြင်ဗွက်မဖြစ်ဘဲ ခြေရာထင်ရုံ အစိုဓာတ်ရှိချိန်တွင် ပဲစေ့ကို ရေ ၄-၆ နာရီစိမ်၍ ကြဲပြီးမှ စပါးရိုးပြတ်များကို ခပ်ပါးပါး ညီညာစွာ ပြန်ဖုံးပေးရပါမယ်။ ဒုတိယစိတ်ကူးဖြစ်သော ထွန်ခင်းလုပ်၊ ပဲကြဲ၊ EM ဖြန်းပြီး ကောက်ရိုးပါးပါးဖုံးသည့် ပေါင်းစပ်နည်းလမ်းသည် အယ်နီညိုကြောင့်ဖြစ်သော အပူဒဏ်နှင့် မြေဆီလွှာအစိုဓာတ် ဆုံးရှုံးမှုကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပြီး ပဲပင်ပေါက်ခြင်းကို လုံးဝ မထိခိုက်စေနိုင်ပါဘူး။ သို့သော် EM အရည်ကို ပဲစေ့ပေါ် တိုက်ရိုက်မကျစေဘဲ ကောက်ရိုးပေါ်တွင် အရင်ဖြန်းရန်လိုပါလိမ့်မယ်ခင်ဗျာ။
ကျေးဇူးတင်ပါတယ် ဆရာ
ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ
ကွမ်းပင်ခြေပုတ်ခါးရိေရာဂါကို ဒိုင်မီသိုေမာ့နဲ့ေဖာ့စတိုင်းအလူမီနီယံတွဲဖျန်းလို့ရလားဆရာေဆးေရာစပ်ပုံအချိုးေလးလည်းသိချင်ပါတယ်
ရတယ်လေ ရမ်းဆိုးရင် 100 gထည့်ဖြန်း
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
မြေပဲကို ဘောင်စနစ်ဖြင့် စိုက်ပျိုးခြင်းသည် မြေအောက်သီးနှံဖြစ်သော မြေပဲအတွက် မြေဆီလွှာပွအိစေသဖြင့် အထွက်နှုန်းကို သိသိသာသာ တိုးတက်စေပါတ်။ ဘောင်ပြင်ဆင်ရာတွင် အကျယ် ၃ ပေမှ ၃ ပေခွဲ၊ အမြင့် ၆ လက်မမှ ၈ လက်မ ထားရှိရမည်ဖြစ်ပြီး ဘောင်ကြားတွင် ၁ ပေခွဲခန့် ရေနုတ်မြောင်း ချန်လှပ်ရပါမည်။ ဤစနစ်သည် အမြစ်ပုပ်ခြင်းကို ကာကွယ်ပေးသည့်အပြင် မြေပဲလောင်းစွယ်များ မြေကြီးထဲသို့ လွယ်ကူစွာ ထိုးဝင်နိုင်စေခြင်း၊ ပေါင်းမြက်နှင့် ပိုးမွှားများကို အပင်မနင်းမိဘဲ အလွယ်တကူ ပြုစုဂရုစိုက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေပါတယ်။
ခရမ်းပင်အရွက်တေဒီလိုဖစ်နေလို့ပါ
ဗာတီစီလီယံ ပင်ညှိုးရောဂါလို့ယူဆပါတယ်။ အဇိုဇီစထိုဘင်+ဒိုင်ဖန်နိုကိုနာဇီုးဖျန်းပါ။
ခရမ်းခင်ကအရွက်တေဒီလိုဖစ်နေလို့ပါခင်ဗျ
ဗာတီစီလီယံ ပင်ညှိုးရောဂါလို့ယူဆပါတယ်။ အဇိုဇီစထိုဘင်+ဒိုင်ဖန်နိုကိုနာဇီုးဖျန်းပါ။
ပြန်လည်ဖြေကြားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ
ငရုတ်စိုက်ရင်ဘာမျိုးအကောင်းဆုံးလဲသိချင်လို့ပါ။
ငါးစုံ
အွန်လိုင်း တက်ချင်တာလားခင်ဗျာ?။ လူတွေ့ သင်တန်းမျိုး ရှမ်း/မြောက် မှာ ဖွင့်စေချင်တာလား ခင်ဗျာ?
ဝက်မြေ.ဝက်လာတွေ ကိုမျိုကန်းအောင်ဘယ်လိုလုပ်ရမလဲး
ဝက်မြေစာပင်ကို ဆိုလိုတာ သိရပါပြီခင်ဗျ။ မျိုးကန်းအောင် လို့ ပြောလိုက်တာကို နည်းနည်း နားလည်မှုလွဲသွားလို့ပါ။ ဝက်မြေစာ (သို့မဟုတ်) ဝက်လာမြက် (Nut Grass / Nutsedge - Cyperus rotundus) သည် စိုက်ပျိုးရေးတွင် အလွန်တွေ့ရများပြီး နှိမ်နင်းရန် ခက်ခဲသည့် အမြဲစိမ်း ပေါင်းပင် (Perennial Weed) အမျိုးအစား ဖြစ်သည်။ ၎င်းကို ဒေသအလိုက် "ဝက်မြေစာ"၊ "ဝက်မြေ" သို့မဟုတ် "ဝက်လာ" ဟု အမျိုးမျိုး ခေါ်ဆိုကြသည်။ ၁။ ရုက္ခဗေဒဆိုင်ရာ လက္ခဏာများ * ပင်စည် (Stem): ပင်စည်သည် ပုံမှန် မြက်များကဲ့သို့ အဝိုင်းမဟုတ်ဘဲ သုံးထောင့်ပုံသဏ္ဌာန် (Triangular stem) ရှိသည်။ * အရွက် (Leaves): အစိမ်းရင့်ရောင်ရှိပြီး ပြောင်ချောကာ မြက်ရွက်နှင့် တူသော်လည်း အလယ်ဗဟိုတွင် အကြောနက်သည်။ * မြေအောက်ဥနှင့် မြစ်ဥ (Tubers & Rhizomes): မြေအောက်တွင် ဥကွန်ရက်များ (Tuber networks) ဖြင့် ပြန့်ပွားသည်။ ဤဥများသည် မြေအောက်အနက်၌ နှစ်ရှည်လများ အသက်ရှင်ကျန်ရစ်နိုင်သောကြောင့် နှိမ်နင်းရန် အခက်ခဲဆုံး အစိတ်အပိုင်း ဖြစ်သည်။ * အပွင့် (Flowers): ပင်စည်ထိပ်တွင် နီညိုရောင် သို့မဟုတ် ညိုဝါရောင် အပွင့်ခက်များ ပွင့်လေ့ရှိသည်။ ၂။ စိုက်ပျိုးရေးတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများ (က) နှိမ်နင်းရ ခက်ခဲခြင်း: အထက်ပိုင်း ပေါင်းပင်ကို ကုတ်ဖျက် သို့မဟုတ် သတ်လိုက်သော်လည်း မြေအောက်၌ ကျန်ခဲ့သော ဥများမှ ပြန်လည် အပင်ပေါက်လာနိုင်သည်။ (ခ) သီးနှံအထွက်နှုန်း ထိခိုက်ခြင်း: သီးနှံပင်များ ရယူရမည့် ရေ၊ အာဟာရ (နိုက်ထရိုဂျင်၊ ပိုတက်စီယမ် စသည်) နှင့် နေရောင်ခြည်တို့ကို အပြင်းအထန် လုယူသည်။ (ဂ) ဓာတုဓာတ်ထုတ်လွှတ်ခြင်း (Allelopathy): ဝက်မြေ/ဝက်လာပင်၏ အမြစ်နှင့် ဥများမှ အခြားသီးနှံပင်များ ကြီးထွားမှုကို တားဆီးသည့် သဘာဝဓာတုဓာတ်များကို ထုတ်လွှတ်သည်။ ၃။ ထိရောက်သော နှိမ်နင်းရေး နည်းလမ်းများ ဝက်မြေ/ဝက်လာကို စိုက်ပျိုးမြေမှ ကင်းစင်စေရန် စနစ်ပေါင်းစုံ ပေါင်းစပ်နှိမ်နင်းခြင်း (Integrated Weed Management) ကို အသုံးပြုရပါမည်။ (က) စိုက်ပျိုးနည်းစနစ်နှင့် ရူပဗေဒနည်းလမ်းများ * မြေလှန်/နေပူလှန်းခြင်း: နွေရာသီတွင် မြေကို နက်နက်လှန်ထွန်ပေးပြီး မြေအောက်ဥများကို အထက်သို့ ဖော်ထုတ်ကာ နေပူတွင် ခြောက်သွေ့အောင် လှန်းပေးခြင်းဖြင့် ဥများ၏ အပင်ပေါက်နိုင်စွမ်းကို လျှော့ချနိုင်သည်။ * အုပ်ပေါင်းအသုံးပြုခြင်း (Mulching): ပလတ်စတစ်အမည်း (Mulch film) သို့မဟုတ် ကောက်ရိုး ထူထူအုပ်ပေးခြင်းဖြင့် နေရောင်ခြည်ကို ပိတ်ပင်ကာ အပင်ပေါက်နှုန်းကို ထိန်းချုပ်နိုင်သည်။ * အပင်မရင့်မီ စိစစ်ဖယ်ရှားခြင်း: ပေါင်းပင်များ ပွင့်ခက်မပွင့်မီနှင့် မြေအောက်ဥ အသစ်များ မအိမ်မီ မကြာခဏ အမြစ်ပါတူးဆွ ဖယ်ရှားပေးရမည်။ (ခ) ဓာတုနည်းဖြင့် နှိမ်နင်းခြင်း * Halosulfuron-methyl: ဝက်မြေ/ဝက်လာကဲ့သို့ မြက်မြှောက်အုပ်စု (Sedges) များကို ရွေးချယ်သတ်ဖြတ်သည့် စနစ်ကူးပေါင်းသတ်ဆေးဖြစ်ပြီး သီးနှံအများစုတွင် ဘေးကင်းစွာ အသုံးပြုနိုင်သည်။ * Glyphosate: စိုက်ပျိုးခြင်းမပြုမီ မြေပြင်ချိန်တွင် ပေါင်းပင် အရွက်များပေါ်သို့ စနစ်ကူးပေါင်းသတ်ဆေးအဖြစ် ပက်ဖျန်းပါက အမြစ်နှင့် မြေအောက်ဥအထိ ထိရောက်စွာ သေစေနိုင်သည်။ (သီးနှံပင်များ မရှိသည့် အချိန်၌သာ သုံးစွဲရန် လိုအပ်သည်) ၄။ ဖက်စပ် အသုံးဝင်မှုများ နှိမ်နင်းရခက်သည့် ပေါင်းပင်ဖြစ်သော်လည်း ဝက်မြေ/ဝက်လာတွင် အချို့သော အသုံးဝင်မှုများလည်း ရှိသည်- * တိုင်းရင်းဆေးဖက်ဝင်မှု: ဝက်မြေစာဥကို မြန်မာ အပါအဝင် အာယုဗ္ဗေဒ ဆေးပညာတွင် အစာကြေစေရန်၊ အဖျားကျစေရန်နှင့် ရောင်ရမ်းမှု လျှော့ချရန် တိုင်းရင်းဆေးအဖြစ် အသုံးပြုကြသည်။ * တိရစ္ဆာန်စာ: ဝက်များနှင့် အချို့သော မွေးမြူရေးတိရစ္ဆာန်များအတွက် သဘာဝ အစာအဖြစ် အသုံးပြုနိုင်သည်။
မြက်ကိုပြေားတာ
ကျောက်ဖရုံစိုက်ခင်းမာ အသီးအကင်းလေးတွေ ထွက်လာပီဗျ မျှားနီမျိုးစိုက်တာပါ အသီးအဟာရ အတွက် မိုးရာသီ မှိုရောဂါအတွက်ရော ဘာဆေးတွေသုံးရမလဲဗျ
မိားများနေရင် မန်ကိုဇက် နဲ့ ကောပါး တပတ်တခါ အလှည့်ကျဖျန်းပါ။နေပွင့်ရင် မဖျန်းပါနဲ့။
ကျနော့်ခရမ်းခင်းရွက်ဝါနေလို့ ဘယ်လိုပြုပြင် ဆောင်ရွက်ရမလဲဆိုတာ အကြံညာဏ်ပေးကြပါအုံးခဗျာ
ခရမ်းချဉ်အဝါရောင်မိုစိတ်ဗိုင်းရပ်ရောဂါ ကျနေတာပါ။ ဒီဗိုင်းရပ်ရောဂါကို နိုင်တဲ့ ဆေးမရှိသေးပါဘူး။ ကျရောက်တဲ့အပင်ကို နှုတ်ပြီး မီးရှိုဖျက်ဆီးပစ်ပါ။ ဒီဗိုင်းရပ်ပိုးက ယင်ဖြူနဲ့ စုပ်စားပိုးတွေကနေ သယ်လာတာမို့ ယင်ဖြူနဲ့ စုပ်စားပိုးတွေကို နှိမ်နင်းပါ။
နမ်းဖတ်ကိုအချဉ်ဖောက်တာ ဘယ်နပတ်ထားပီးမှ သုံးလို့ရတာလဲ
ရာသီဥတုအခြေအနေအရ၊၃-၅ရက်ဆိုရင် ရပါတယ်
နှဖက်.နွာသေးက. ရွက်ဖျန်လား မြေပြင်လောင်လား
အပင်အနေအထား အဟာရ မြေပြုပြင်မူ့ ဘာလိုပါသလဲ
အပင်အနေအထား၊အရောင်အသွေး ကောင်းပါတယ်။လိုအပ်မယ်ထင်တာလေးတွေ အကြံပြုရရင်၊ သားတက်ငယ်တာလေးတွေ ကျန်တာတွေ့ရတယ်။အရွက်တွေ ရှင်းလင်းပြီး အတန်းကြားထဲ၊ထယ်ဝင်နိုင်သလောက်ဝင်လိုက်ရင်၊မြေကြီးလေဝင်လေထဠက်ပိုကောင်းမယ်။အစိုဓာတ် ကြာကြာထိန်းနိုင်မယ်။
ရေပန်းစားသော အကြောင်းအရာများ
မေးခွန်း
မျိုးပေးထားသောဝက်မဝမ်းမာနေတာဘယ်လိုပြုစုရမလည်းသိသူများဖြေပေးစေချင်ပါသည်ကျေးဇူးတင်လျှက်
ဝက်မွေးမြူရေးသမားများအားလုံးကြုံတွေ့နေကြရသည့် ဝက်ဝမ်းချုပ်ခြင်းပြဿနာကို ဖြေရှင်းခြင်း ------------------------- ခြံကဝက်တွေ ဝမ်းချုပ်နေပြီး ဒီဝက်တွေ ဝမ်းချုပ်တိုင်း သောကရောက်နေရပြီလား အထူးသဖြင့် ဇီးဝက်မကြီးတွေမှာ ဝမ်းချုပ်တာများတတ်ကြပြီး အစာကောက်စ ဝက်ငယ်တွေမှာလဲ အစာနှင့်အူလမ်းကြောင်း အကျင့်မရသေးချိန်မှာ ဝမ်းချုပ်တတ်ကြပါတယ်။ အရွယ်မရွေး အကြောင်းအမျိုးမျိုးကြောင့် ဝမ်းချုပ်နိုင်ပါတယ်။ ဝက်မွေးမြူရေးခြံမှာ ဝက်ဦးရေ (၂၀)%ခန့်က ဝမ်းချုပ်တတ်ကြပြီး ပူအိုက်တဲ့ရာသီဥတုနှင့် ရေပြတ်လတ်မှု ၊ အစာအစေ့အဆန်များမှု ၊ အူလမ်းကြောင်းအစာခြေဖျက်မှုနည်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း ၊ ရောဂါနောက်ဆက်တွဲများကြောင့်လည်း ဝမ်ချုပ်နိုင်ပါတယ်။ ဝက်များဝမ်းချုပ်လာပါက အစာစားနှုန်းကျပြီး၊ မှိုင်ကျနေခြင်း ဝမ်းသွားလျှင်အားစိုက်ရခြင်း၊ မစင်အတုံးအခဲသဏ္ဍန် မာတောင့်နေပြီး ဝမ်းမသွားနိုင်ဖြစ်ကာ အူလမ်းကြောင်းမှာ တစ်ခံနေခြင်းတို့ကို တွေ့ရမှာဖြစ်ပြီး ဝမ်းချုပ်လွန်ကာ သွေးကြောမှတစ်ဆင့် အဆိပ်တက်ပြီး ကိုယ်ပူချိန်တက်ခြင်း ၊ အူလမ်းကြောင်းယောင်ယမ်းလာခြင်း၊ သွေးပါခြင်းတို့ဖြစ်နိုင်သည်။ ဇီးဝက်မတွေ မွေးဖွားခါနီး ဝမ်းချုပ်ပါက မွေးရခက်ခဲတာတွေဖြစ်ပြီး သားအိမ်ကိုပါ ဝမ်းချုပ်၍ညှစ်သည့်ညှစ်အားကြောင့် ဒုက္ခပေးနိုင်သသည်။ ဝက်ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်မည့်အချက်များမှာ အပေါ်ကဖြစ်ပွားနိုင်သည့် အချက်များကို ရှောင်ရှားကာကွယ်ပြီး အမျှင်ဓါတ်ပါအောင်ကျွေးမွေးခြင်း ရေအမြဲရအောင်ထားပေးခြင်း အင်ဇိုင်း၊ EM နှင့် probioticsဆေးများ အစာတွင်း ထည့်ကျွေးပြီး ဝက်ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည့်အပြင် အူလမ်းကြောင်းကျန်းမာစေရန် များစွာအထောက်အပံ့ပေးပြီး အစာ၏အာဟာရတန်ဖိုးအား မြင့်မားစေပြီး အူမှ အာဟာရဓါတ်အားလုံးကို စုပ်ယူနိုင်မည်ဖြစ်ပါသည်။ EMတွင်အကျိုးပြု ပရိုဘိုင်အိုးတစ် (Probiotics)ပိုးများပါဝင်ပြီး ဝက်တို့၏ အစာခြေစနစ်ကို ထောက်ပံ့ပေးသောကြောင့် ဝမ်းဓါတ်ချုပ်ခြင်း၊ စမြင်းခံခြင်း၊ ဆီးပူ၊ဆီးချုပ်ခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်းတို့ကို ကာကွယ်ပေးပါသည်။ ဆေးရည်ကို ခြံဖျန်းဆေးအဖြစ်အသုံးပြုခြင်းဖြင့် ခြံအနံ့ဆိုးထွက်ခြင်း ၊ယင်ကောင်ပေါများခြင်းတို့ကိုသက်သာစေသည်။
မေးခွန်းမေးရန်
အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ
မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။