မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
လယ်အနိမ့်ပိုင်းများတွင် ခုတ်ဖုံးစနစ်ကို လုပ်ဆောင်နိုင်သော်လည်း ရေဝပ်ပါက အမြစ်ပုပ်တတ်သဖြင့် စပါးရိတ်ပြီးသည်နှင့် လယ်ကွက်ပတ်လည်တွင် ရေနုတ်မြောင်း အရင်တူးရန် လိုအပ်ပါတယ်။ မြေပြင်ဗွက်မဖြစ်ဘဲ ခြေရာထင်ရုံ အစိုဓာတ်ရှိချိန်တွင် ပဲစေ့ကို ရေ ၄-၆ နာရီစိမ်၍ ကြဲပြီးမှ စပါးရိုးပြတ်များကို ခပ်ပါးပါး ညီညာစွာ ပြန်ဖုံးပေးရပါမယ်။ ဒုတိယစိတ်ကူးဖြစ်သော ထွန်ခင်းလုပ်၊ ပဲကြဲ၊ EM ဖြန်းပြီး ကောက်ရိုးပါးပါးဖုံးသည့် ပေါင်းစပ်နည်းလမ်းသည် အယ်နီညိုကြောင့်ဖြစ်သော အပူဒဏ်နှင့် မြေဆီလွှာအစိုဓာတ် ဆုံးရှုံးမှုကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပြီး ပဲပင်ပေါက်ခြင်းကို လုံးဝ မထိခိုက်စေနိုင်ပါဘူး။ သို့သော် EM အရည်ကို ပဲစေ့ပေါ် တိုက်ရိုက်မကျစေဘဲ ကောက်ရိုးပေါ်တွင် အရင်ဖြန်းရန်လိုပါလိမ့်မယ်ခင်ဗျာ။
ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ
ကွမ်းပင်ခြေပုတ်ခါးရိေရာဂါကို ဒိုင်မီသိုေမာ့နဲ့ေဖာ့စတိုင်းအလူမီနီယံတွဲဖျန်းလို့ရလားဆရာေဆးေရာစပ်ပုံအချိုးေလးလည်းသိချင်ပါတယ်
ရတယ်လေ ရမ်းဆိုးရင် 100 gထည့်ဖြန်း
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
မြေပဲကို ဘောင်စနစ်ဖြင့် စိုက်ပျိုးခြင်းသည် မြေအောက်သီးနှံဖြစ်သော မြေပဲအတွက် မြေဆီလွှာပွအိစေသဖြင့် အထွက်နှုန်းကို သိသိသာသာ တိုးတက်စေပါတ်။ ဘောင်ပြင်ဆင်ရာတွင် အကျယ် ၃ ပေမှ ၃ ပေခွဲ၊ အမြင့် ၆ လက်မမှ ၈ လက်မ ထားရှိရမည်ဖြစ်ပြီး ဘောင်ကြားတွင် ၁ ပေခွဲခန့် ရေနုတ်မြောင်း ချန်လှပ်ရပါမည်။ ဤစနစ်သည် အမြစ်ပုပ်ခြင်းကို ကာကွယ်ပေးသည့်အပြင် မြေပဲလောင်းစွယ်များ မြေကြီးထဲသို့ လွယ်ကူစွာ ထိုးဝင်နိုင်စေခြင်း၊ ပေါင်းမြက်နှင့် ပိုးမွှားများကို အပင်မနင်းမိဘဲ အလွယ်တကူ ပြုစုဂရုစိုက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေပါတယ်။
ခရမ်းပင်အရွက်တေဒီလိုဖစ်နေလို့ပါ
ဗာတီစီလီယံ ပင်ညှိုးရောဂါလို့ယူဆပါတယ်။ အဇိုဇီစထိုဘင်+ဒိုင်ဖန်နိုကိုနာဇီုးဖျန်းပါ။
ခရမ်းခင်ကအရွက်တေဒီလိုဖစ်နေလို့ပါခင်ဗျ
ဗာတီစီလီယံ ပင်ညှိုးရောဂါလို့ယူဆပါတယ်။ အဇိုဇီစထိုဘင်+ဒိုင်ဖန်နိုကိုနာဇီုးဖျန်းပါ။
ပြန်လည်ဖြေကြားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ
ငရုတ်စိုက်ရင်ဘာမျိုးအကောင်းဆုံးလဲသိချင်လို့ပါ။
ငါးစုံ
အွန်လိုင်း တက်ချင်တာလားခင်ဗျာ?။ လူတွေ့ သင်တန်းမျိုး ရှမ်း/မြောက် မှာ ဖွင့်စေချင်တာလား ခင်ဗျာ?
ဝက်မြေ.ဝက်လာတွေ ကိုမျိုကန်းအောင်ဘယ်လိုလုပ်ရမလဲး
ဝက်မြေစာပင်ကို ဆိုလိုတာ သိရပါပြီခင်ဗျ။ မျိုးကန်းအောင် လို့ ပြောလိုက်တာကို နည်းနည်း နားလည်မှုလွဲသွားလို့ပါ။ ဝက်မြေစာ (သို့မဟုတ်) ဝက်လာမြက် (Nut Grass / Nutsedge - Cyperus rotundus) သည် စိုက်ပျိုးရေးတွင် အလွန်တွေ့ရများပြီး နှိမ်နင်းရန် ခက်ခဲသည့် အမြဲစိမ်း ပေါင်းပင် (Perennial Weed) အမျိုးအစား ဖြစ်သည်။ ၎င်းကို ဒေသအလိုက် "ဝက်မြေစာ"၊ "ဝက်မြေ" သို့မဟုတ် "ဝက်လာ" ဟု အမျိုးမျိုး ခေါ်ဆိုကြသည်။ ၁။ ရုက္ခဗေဒဆိုင်ရာ လက္ခဏာများ * ပင်စည် (Stem): ပင်စည်သည် ပုံမှန် မြက်များကဲ့သို့ အဝိုင်းမဟုတ်ဘဲ သုံးထောင့်ပုံသဏ္ဌာန် (Triangular stem) ရှိသည်။ * အရွက် (Leaves): အစိမ်းရင့်ရောင်ရှိပြီး ပြောင်ချောကာ မြက်ရွက်နှင့် တူသော်လည်း အလယ်ဗဟိုတွင် အကြောနက်သည်။ * မြေအောက်ဥနှင့် မြစ်ဥ (Tubers & Rhizomes): မြေအောက်တွင် ဥကွန်ရက်များ (Tuber networks) ဖြင့် ပြန့်ပွားသည်။ ဤဥများသည် မြေအောက်အနက်၌ နှစ်ရှည်လများ အသက်ရှင်ကျန်ရစ်နိုင်သောကြောင့် နှိမ်နင်းရန် အခက်ခဲဆုံး အစိတ်အပိုင်း ဖြစ်သည်။ * အပွင့် (Flowers): ပင်စည်ထိပ်တွင် နီညိုရောင် သို့မဟုတ် ညိုဝါရောင် အပွင့်ခက်များ ပွင့်လေ့ရှိသည်။ ၂။ စိုက်ပျိုးရေးတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများ (က) နှိမ်နင်းရ ခက်ခဲခြင်း: အထက်ပိုင်း ပေါင်းပင်ကို ကုတ်ဖျက် သို့မဟုတ် သတ်လိုက်သော်လည်း မြေအောက်၌ ကျန်ခဲ့သော ဥများမှ ပြန်လည် အပင်ပေါက်လာနိုင်သည်။ (ခ) သီးနှံအထွက်နှုန်း ထိခိုက်ခြင်း: သီးနှံပင်များ ရယူရမည့် ရေ၊ အာဟာရ (နိုက်ထရိုဂျင်၊ ပိုတက်စီယမ် စသည်) နှင့် နေရောင်ခြည်တို့ကို အပြင်းအထန် လုယူသည်။ (ဂ) ဓာတုဓာတ်ထုတ်လွှတ်ခြင်း (Allelopathy): ဝက်မြေ/ဝက်လာပင်၏ အမြစ်နှင့် ဥများမှ အခြားသီးနှံပင်များ ကြီးထွားမှုကို တားဆီးသည့် သဘာဝဓာတုဓာတ်များကို ထုတ်လွှတ်သည်။ ၃။ ထိရောက်သော နှိမ်နင်းရေး နည်းလမ်းများ ဝက်မြေ/ဝက်လာကို စိုက်ပျိုးမြေမှ ကင်းစင်စေရန် စနစ်ပေါင်းစုံ ပေါင်းစပ်နှိမ်နင်းခြင်း (Integrated Weed Management) ကို အသုံးပြုရပါမည်။ (က) စိုက်ပျိုးနည်းစနစ်နှင့် ရူပဗေဒနည်းလမ်းများ * မြေလှန်/နေပူလှန်းခြင်း: နွေရာသီတွင် မြေကို နက်နက်လှန်ထွန်ပေးပြီး မြေအောက်ဥများကို အထက်သို့ ဖော်ထုတ်ကာ နေပူတွင် ခြောက်သွေ့အောင် လှန်းပေးခြင်းဖြင့် ဥများ၏ အပင်ပေါက်နိုင်စွမ်းကို လျှော့ချနိုင်သည်။ * အုပ်ပေါင်းအသုံးပြုခြင်း (Mulching): ပလတ်စတစ်အမည်း (Mulch film) သို့မဟုတ် ကောက်ရိုး ထူထူအုပ်ပေးခြင်းဖြင့် နေရောင်ခြည်ကို ပိတ်ပင်ကာ အပင်ပေါက်နှုန်းကို ထိန်းချုပ်နိုင်သည်။ * အပင်မရင့်မီ စိစစ်ဖယ်ရှားခြင်း: ပေါင်းပင်များ ပွင့်ခက်မပွင့်မီနှင့် မြေအောက်ဥ အသစ်များ မအိမ်မီ မကြာခဏ အမြစ်ပါတူးဆွ ဖယ်ရှားပေးရမည်။ (ခ) ဓာတုနည်းဖြင့် နှိမ်နင်းခြင်း * Halosulfuron-methyl: ဝက်မြေ/ဝက်လာကဲ့သို့ မြက်မြှောက်အုပ်စု (Sedges) များကို ရွေးချယ်သတ်ဖြတ်သည့် စနစ်ကူးပေါင်းသတ်ဆေးဖြစ်ပြီး သီးနှံအများစုတွင် ဘေးကင်းစွာ အသုံးပြုနိုင်သည်။ * Glyphosate: စိုက်ပျိုးခြင်းမပြုမီ မြေပြင်ချိန်တွင် ပေါင်းပင် အရွက်များပေါ်သို့ စနစ်ကူးပေါင်းသတ်ဆေးအဖြစ် ပက်ဖျန်းပါက အမြစ်နှင့် မြေအောက်ဥအထိ ထိရောက်စွာ သေစေနိုင်သည်။ (သီးနှံပင်များ မရှိသည့် အချိန်၌သာ သုံးစွဲရန် လိုအပ်သည်) ၄။ ဖက်စပ် အသုံးဝင်မှုများ နှိမ်နင်းရခက်သည့် ပေါင်းပင်ဖြစ်သော်လည်း ဝက်မြေ/ဝက်လာတွင် အချို့သော အသုံးဝင်မှုများလည်း ရှိသည်- * တိုင်းရင်းဆေးဖက်ဝင်မှု: ဝက်မြေစာဥကို မြန်မာ အပါအဝင် အာယုဗ္ဗေဒ ဆေးပညာတွင် အစာကြေစေရန်၊ အဖျားကျစေရန်နှင့် ရောင်ရမ်းမှု လျှော့ချရန် တိုင်းရင်းဆေးအဖြစ် အသုံးပြုကြသည်။ * တိရစ္ဆာန်စာ: ဝက်များနှင့် အချို့သော မွေးမြူရေးတိရစ္ဆာန်များအတွက် သဘာဝ အစာအဖြစ် အသုံးပြုနိုင်သည်။
မြက်ကိုပြေားတာ
ကျောက်ဖရုံစိုက်ခင်းမာ အသီးအကင်းလေးတွေ ထွက်လာပီဗျ မျှားနီမျိုးစိုက်တာပါ အသီးအဟာရ အတွက် မိုးရာသီ မှိုရောဂါအတွက်ရော ဘာဆေးတွေသုံးရမလဲဗျ
မိားများနေရင် မန်ကိုဇက် နဲ့ ကောပါး တပတ်တခါ အလှည့်ကျဖျန်းပါ။နေပွင့်ရင် မဖျန်းပါနဲ့။
ကျနော့်ခရမ်းခင်းရွက်ဝါနေလို့ ဘယ်လိုပြုပြင် ဆောင်ရွက်ရမလဲဆိုတာ အကြံညာဏ်ပေးကြပါအုံးခဗျာ
ခရမ်းချဉ်အဝါရောင်မိုစိတ်ဗိုင်းရပ်ရောဂါ ကျနေတာပါ။ ဒီဗိုင်းရပ်ရောဂါကို နိုင်တဲ့ ဆေးမရှိသေးပါဘူး။ ကျရောက်တဲ့အပင်ကို နှုတ်ပြီး မီးရှိုဖျက်ဆီးပစ်ပါ။ ဒီဗိုင်းရပ်ပိုးက ယင်ဖြူနဲ့ စုပ်စားပိုးတွေကနေ သယ်လာတာမို့ ယင်ဖြူနဲ့ စုပ်စားပိုးတွေကို နှိမ်နင်းပါ။
နမ်းဖတ်ကိုအချဉ်ဖောက်တာ ဘယ်နပတ်ထားပီးမှ သုံးလို့ရတာလဲ
ရာသီဥတုအခြေအနေအရ၊၃-၅ရက်ဆိုရင် ရပါတယ်
နှဖက်.နွာသေးက. ရွက်ဖျန်လား မြေပြင်လောင်လား
အပင်အနေအထား အဟာရ မြေပြုပြင်မူ့ ဘာလိုပါသလဲ
အပင်အနေအထား၊အရောင်အသွေး ကောင်းပါတယ်။လိုအပ်မယ်ထင်တာလေးတွေ အကြံပြုရရင်၊ သားတက်ငယ်တာလေးတွေ ကျန်တာတွေ့ရတယ်။အရွက်တွေ ရှင်းလင်းပြီး အတန်းကြားထဲ၊ထယ်ဝင်နိုင်သလောက်ဝင်လိုက်ရင်၊မြေကြီးလေဝင်လေထဠက်ပိုကောင်းမယ်။အစိုဓာတ် ကြာကြာထိန်းနိုင်မယ်။
အားလုံးဘဲ မဂ်လာနံနက်ခင်းလေးပါ ကျွန်တော်တို့ အပူပိုင်းဒေသတွေမှာ နှစ်ရှည် သီးပင် စားပင်လေးတွေ ဘာအမျိုးစား စိုက်ပျိုးသင့်ပါသလဲ ခင်ဗျာ
စပစြျစိုကျပါ။
ရေပန်းစားသော အကြောင်းအရာများ
မေးခွန်း
ကြက်ဉ အဆင့်ဆင့် ပေါက်ပုံကိုရှင်းပြလို့ရနိုင်မလားရှင့်
ကြက်ဥမှ ကြက်ပေါက်သို့ ဖြစ်ပေါ်လာပုံ အဆင့်ဆင့် သိပံ္ပပညာရှင်များသည် ကြက်ကလေးဖြစ်ပေါ်လာပုံ အဆင့်ဆင့်ကို လေ့လာခဲ့ကြရာ (21)ရက်အတွင်း ပြည့်စုံသော အကောင်ဖြစ်ပေါ်လာသောကြောင့် လေ့လာမှု မြန်ဆန်၏။ အချို့က ကြက်မဝပ်ပေးခြင်းသည် ကောင်းသည်ဆိုသော်လည်း ဖောက်စက်က သာလွန်သည်ဟု ယူဆကြပါသည်။ ကြက်မလုပ်မပေးနိုင်သော အခြေအနေများကို ဖောက်စက်က လုပ်ပေးနိုင်သည့်အပြင် မပြောင်းလဲသော ပုံမှန်ကို ရရှိစေပါသည်။ ယခင်ကဖောက်စက်အတွင်းရှိ ဥများကို ထုတ်ပြီး ရံဖန်ရံခါ အအေးပေးလေ့ရှိပါသည်။ ကြက်မကြီး ဥမှ ခေတ္တဖယ်ခွာသွားချိန်ကို တု၍လုပ်ခြင်း ဖြစ်ပါသည်။ ခုချိန်တွင် မလိုကြောင်း တွေ့ရှိလာပါသည်။ ကြက်ဥ ပေါက်ရန် (21) ရက် ငုံး (22) ရက် ခွဲ ကြက်ဆင် (28) ရက် ဘဲ (28) ရက် ရေကြက် (28) ရက် ငန်း (30) ရက် ရစ် (23) ရက် ခွဲ ကြက်ဥအနှစ်သည် ဥအိမ်မှပြုတ်ကျလာချင်း ဥပြွန်တွင်းသို့ ဝင်ရောက်လာသည်။ ယင်းနေရာ၌ အသင့်စောင့်နေသော အထီးသုတ်ပိုးနှင့် ပူးပေါင်း၍ မျိုးအောင်၏။ မျိုးအောင်ထားသော သန္ဓေပါရှိသည့် ဥအနှစ်သည် တဖြည်းဖြည်း လိမ့်ဆင်းလာရာ အကာနှင့် အခွံ့များ ရရှိလာပါသည်။ အကာနှင့် အခွံပြည့်စုံရန် နာရီ (20)ကြာ၏။ ထို့ကြောင့် မျိုးဥထွက်ကျလာချိန်တွင် သန္ဓေသားသည် (20)နာရီ ကြီးပွားခဲ့ပြီး ဖြစ်လေသည်။ ကြက်ဥစိမ်း / ပြုတ်ပြီးသားက်ို ခွဲကြည့်လျှင် ဥနှင့် မျက်နှာပြင်ပေါ်တွင် အဖြူစက်လေးတစ်စက် တွေ့ရပေမည်။ လေဥတွင် အမဝတ်မှုံသာရှိပြီး ယင်းအစက်သည် သေးငယ်လှ၏။ အျိုးအောင်ထားသောဥတွင် သန္ဓေသားဖြစ်နေရုံ မက အနည်းဆုံး နာရီ(20)ကြီးထွားခဲ့ပြီးဖြစ်၍ မျက်စိဖြင့် သိသိသာသာမြင်တွေ့နိုင်သည်။ ယင်းသန္ဓေသား အစက်ကလေးကို (ပလပ်စ်တိုတမ်)ဟုခေါ်ပါသည်။ ဥနှစ် နှင့် အကာတို့သည် ယင်းသန္ဓေသားအတွက် အကာအရံနှင့် အစာအဟာရဖြစ်၏။ အပြင်သို့ ရောက်ရှိလာသော မျိးဥသည် (55° F) အထိ အေးစေသောအခါ သန္ဓေသားကြီးထွားမှု ရပ်တန့်နေတော့၏။ အပူချိန် (80-100)ကြားတွင် သန္ဓေသားဆက်လက် ကြီးထွား၏။ မျိုးအောင်အောင်ခြင်း သန္ဓေသားသည် ကလပ်စည်းတစ်ခုမှ နှစ်ခု ၊ နှစ်ခုမှ လေးခု စသည်ဖြင့် ဆပွားလာရာ မျိုးအောင်ပြီး (8)နာရီကြာ (သားအိတ်တွင်းရှိဆဲ)တွင် ကလပ်စည်းပေါင်း (346)လုံးရှိလာတော့၏။ ဥပြီးကာစတွင် သန္ဓေသားသည် အလွှာနှစ်လွှာ အဖြစ်သို့ ပုံပြောင်းလာ၏။ ဖောက်စက်အတွင်းသို့့ ထည့်လိုက်ပြီး မကြာမီမှာ ယင်းနှစ်လွှာ မှ သုံးလွှာအဖြစ်သို့ ပြောင်းလာ၏။ အပြင်ဆုံးကလပ်စည်း (အက်ဒိုတမ်)အလွှာမှ အရေပြား အမွှေး ခြေသည်း နှုတ်သီး မျက်လုံးမှန် အာရုံကြောများ စအို နှင့် ပါးစပ်၏ အတွင်းမှေးများ ဖြစ်လာ၏။ အလယ်လွှာ ကလပ်စည်း (မီဆိုတမ်)မှ မျိုးပွားအင်္ဂါများ အညစ်အကြေးစွန့်အင်္ဂါများ အရိုးများ သွေးများ ကြွက်သားတို့ ဖြစ်ပေါ်လာ၏။ အတွင်းသုံးလွှာ ကလပ်စည်း (အင်ဒိုတမ်)မှ အသက်ရှုလမ်းကြောင်း၏ အတွင်းမှေးများ အူလမ်းကြောင်းအတွင်းမှေးများ ဟိုမုန်းထုတ်လုပ်သည့် ဂလင်းများဖြစ်ပေါ်လာ၏။ ဖောက်စက်အတွင်းတွင် လေးရက်ကြာသောအခါ သန္ဓေသားကို ဖုံးအုပ်သော အလွှာတစ်လွှာ(အမ်မီယွန်) ပေါ်လာ၏။ ယင်းအလွှာနှင့် သန္ဓေသားကြား အရည်ဖြင့်ပြည့်နေ၏။ ထိုအရည်သည် သန္ဓေသားလှုပ်ရှားမှုကို လွတ်လပ်စေသည့်အပြင် ထိခိုက်မှုမှ ကာကွယ်ပေး၏။ အခြားမျက်နှာပြင်တွင် တွယ်ကပ်မှုမရှိစေရန်လည်းဖြစ်၏။ အမ်မီယွန်အမှေးပေါ်သို့ နောက်ထပ်တစ်လွှာ (အလန်တိုးအစ်) ဖြစ်ပေါ်ဖုံးအုပ်လာ၏။ ယင်းအလွှာသည် အိတ်သဖွယ် ကြက်ဥ ပတ်ပတ်လည်သို့ ပြန့်သွား၏။ ဤအလွှာသည် ကြက်ဥခွံ ကြက်ဥအတွင်းမှေးနှင့် ကပ်နေ၍ အပြင်လေထုရှိ အောက်ဆီဂျင်ကို ကြက်သန္ဓေကလေးသို့ ဖမ်းယူပေး၏။ ယင်းအလွှာတွင် သွေးကြောငယ်များ ရှိနေပြီဖြစ်၏။ ကြက်သားလောင်းလေးမှ ဖြစ်ပေါ်လာသော မလိုလားအပ်သည့် ကာဘွန်ဒိုင်အောက်ဆိုဒ်ကို ကြက်ဥခွံ၏ အပြင်သို့ ထုတ်လွှတ်ပေး၏။ ထို့ကြောင့် ဤအလန်တိုးအစ်အမှေးသည် ကြက်သားလောင်းအတွက် အဆုပ်သဖွယ် ဓာတ်ငွေ့များ ဖလှယ်ပေးနိုင်သည့်အပြင် ကြက်သားလောင်း၏ အရိုးအတွက် လိုအပ်သော ကယ်လီစီယမ်ဓာတ်ကိုလည်း ကြက်ဥခွံမှ စုပ်ပို့ပေး၏။ ကြက်သားလောင်းသည် ကြက်ဥအကာမှ ပရိုတင်းဓာတ်များ ယူသုံး၍ အညစ်အကြေးအဖြစ် ယူရစ်အက်စစ် ဖြစ်ပေါ်လာ၏။ ယင်းအညစ်အကြေးသည် အဖြူဖတ်ကလေးများအဖြစ် အလန်တိုးအစ်မှေးတွင် ကပ်နေ၏။ ကြက်ဥအနှစ်ကို ဖုံးအုပ်ထားသော အမှေးတစ်ခုလည်း ဖြစ်ပေါ်ပြီး ကြက်သားလောင်း၏ ချက်တိုင်တွင် အခြားအမှေးနှင့်အတူ စုဝင်၏။ ယင်းအမှေးတွင်လည်း သွေးကြောများရှိ၍ ကြက်သားလောင်းသို့ ဥနှစ်နှင့် အကာမှ အဟာရများ ပို့ပေး၏။ အကောင်မပေါက်မီ(2)ရက်ခန့်တွင် အမ်မီယွန်အရည်များနှင့် ဥနှစ်မှ အရည်များကို ကြက်သားလောင်း ခန္ဓာကိုယ်မှ စုပ်ယူလိုက်၏။ ဥနှစ်တစ်ခုလုံးကို ကြက်သားလောင်း၏ ဝမ်းဗိုက်အတွင်းသို့ ဆွဲသွင်း၏ ။ ပေါက်ပေါက်ခြင်း ကြက်ငယ်ကို ခွဲကြည့်သော် အူတွင်ကပ်နေသည့် ဥနှစ်အိတ်ကို တွေ့နိုင်၏။ အူမှ ဥနှစ်ကို စုပ်ယုစားသုံး၏။ ဥနှစ်အိတ်သည် အူ၏အပြင်နံရံတွင် အမာရွတ်သဖွယ် ကျန်ရစ်ခဲ့၏။ ကြက်ကြီးများ၌ပင် ယင်းအမာရွတ်ကို ရှာတွေ့နိုင်ပါသည်။ ဖောက်စက်အတွင်းမျိုးဥများသည် အနည်းဆုံး (13%)သေကြေပျက်စီး ကြပါသည်။ ထိုသေကြေမှု၏ (16%)သည် ဖောက်စက်တွင်းထည့်ပြီး (4)ရက်ဝန်းကျင်တွင် ဖြစ်၏။ ဖောက်စက်အတွင်း (19)ရက်အကြာတွင် သေကြေမှု၏(48%)ဖြစ်၏။ ကျန်ရာနှုန်းသည် ကျန်ရက်များပေါ်တွင်ဖြစ်၏။ ထို(19)ရက်တွင် ကြက်သားလောင်း၏ ကိုယ်တွင်းသို့ အရည်များစတင်စုပ်ယူချိန် ဥနှစ်ကို ကိုယ်တွင်းသို့ စတင်ဆွဲသွင်းချိန်၊ အဆုပ်လည်း အလုပ်လုပ်ရန် စတင်ပြင်ဆင်ချိန်။ နှုတ်သီးသည် လေအိတ်တွင်းသို့ ထိုးသွင်းချိန်ဖြစ်၏ သေရသည့်အကြောင်းရင်းကို တိတိကျကျ မသိရသေးပါ။ ဒေါက်တာစိုင်းစံအိုက်(အမျိုးသားစာပေဆုရ) ဒေသကြက်မွေးမြူရေး ခေတ်မီကြက်မွေးမြူရေး စာအုပ်မှ ထုတ်နှုတ်တင်ပြပါသည်။
မေးခွန်းမေးရန်
အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ
မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။