အစိမ်းရောင်လမ်း
လွန်ခဲ့သော ၁ နာရီ က · သာစည်

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

You
64
လွန်ခဲ့သော ၇ နာရီ က · အင်္ဂပူ

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

262,550 လွန်ခဲ့သော ၃ နာရီ က

လယ်အနိမ့်ပိုင်းများတွင် ခုတ်ဖုံးစနစ်ကို လုပ်ဆောင်နိုင်သော်လည်း ရေဝပ်ပါက အမြစ်ပုပ်တတ်သဖြင့် စပါးရိတ်ပြီးသည်နှင့် လယ်ကွက်ပတ်လည်တွင် ရေနုတ်မြောင်း အရင်တူးရန် လိုအပ်ပါတယ်။ မြေပြင်ဗွက်မဖြစ်ဘဲ ခြေရာထင်ရုံ အစိုဓာတ်ရှိချိန်တွင် ပဲစေ့ကို ရေ ၄-၆ နာရီစိမ်၍ ကြဲပြီးမှ စပါးရိုးပြတ်များကို ခပ်ပါးပါး ညီညာစွာ ပြန်ဖုံးပေးရပါမယ်။ ဒုတိယစိတ်ကူးဖြစ်သော ထွန်ခင်းလုပ်၊ ပဲကြဲ၊ EM ဖြန်းပြီး ကောက်ရိုးပါးပါးဖုံးသည့် ပေါင်းစပ်နည်းလမ်းသည် အယ်နီညိုကြောင့်ဖြစ်သော အပူဒဏ်နှင့် မြေဆီလွှာအစိုဓာတ် ဆုံးရှုံးမှုကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပြီး ပဲပင်ပေါက်ခြင်းကို လုံးဝ မထိခိုက်စေနိုင်ပါဘူး။ သို့သော် EM အရည်ကို ပဲစေ့ပေါ် တိုက်ရိုက်မကျစေဘဲ ကောက်ရိုးပေါ်တွင် အရင်ဖြန်းရန်လိုပါလိမ့်မယ်ခင်ဗျာ။

You
345
လွန်ခဲ့သော ၈ နာရီ က · ကျိုက်လတ်

ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ

Post image
You
111
လွန်ခဲ့သော ၁၂ နာရီ က · ကျုံပျော်

ကွမ်းပင်ခြေပုတ်ခါးရိေရာဂါကို ဒိုင်မီသိုေမာ့နဲ့ေဖာ့စတိုင်းအလူမီနီယံတွဲဖျန်းလို့ရလားဆရာေဆးေရာစပ်ပုံအချိုးေလးလည်းသိချင်ပါတယ်

28 လွန်ခဲ့သော ၁၁ နာရီ က

ရတယ်လေ ရမ်းဆိုးရင် 100 gထည့်ဖြန်း

You
32
လွန်ခဲ့သော ၁၃ နာရီ က · ရေကြည်

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

262,550 လွန်ခဲ့သော ၃ နာရီ က

မြေပဲကို ဘောင်စနစ်ဖြင့် စိုက်ပျိုးခြင်းသည် မြေအောက်သီးနှံဖြစ်သော မြေပဲအတွက် မြေဆီလွှာပွအိစေသဖြင့် အထွက်နှုန်းကို သိသိသာသာ တိုးတက်စေပါတ်။ ဘောင်ပြင်ဆင်ရာတွင် အကျယ် ၃ ပေမှ ၃ ပေခွဲ၊ အမြင့် ၆ လက်မမှ ၈ လက်မ ထားရှိရမည်ဖြစ်ပြီး ဘောင်ကြားတွင် ၁ ပေခွဲခန့် ရေနုတ်မြောင်း ချန်လှပ်ရပါမည်။ ဤစနစ်သည် အမြစ်ပုပ်ခြင်းကို ကာကွယ်ပေးသည့်အပြင် မြေပဲလောင်းစွယ်များ မြေကြီးထဲသို့ လွယ်ကူစွာ ထိုးဝင်နိုင်စေခြင်း၊ ပေါင်းမြက်နှင့် ပိုးမွှားများကို အပင်မနင်းမိဘဲ အလွယ်တကူ ပြုစုဂရုစိုက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေပါတယ်။

You
3,921
လွန်ခဲ့သော ၁၅ နာရီ က · ပြင်ဦးလွင်

ခရမ်းပင်အရွက်တေဒီလိုဖစ်နေလို့ပါ

Post image
အတည်ပြုပြီး 1,098,781 လွန်ခဲ့သော ၁၄ နာရီ က

ဗာတီစီလီယံ ပင်ညှိုးရောဂါလို့ယူဆပါတယ်။ အဇိုဇီစထိုဘင်+ဒိုင်ဖန်နိုကိုနာဇီုးဖျန်းပါ။

You
ဖြေလည်သော အဖြေရရှိပြီး
3,921
လွန်ခဲ့သော ၁၅ နာရီ က · ပြင်ဦးလွင်

ခရမ်းခင်ကအရွက်တေဒီလိုဖစ်နေလို့ပါခင်ဗျ

Post image
Post image
အတည်ပြုပြီး 1,098,781 လွန်ခဲ့သော ၁၄ နာရီ က
ဤအဖြေဖြင့် ပြေလည်

ဗာတီစီလီယံ ပင်ညှိုးရောဂါလို့ယူဆပါတယ်။ အဇိုဇီစထိုဘင်+ဒိုင်ဖန်နိုကိုနာဇီုးဖျန်းပါ။

3,921 လွန်ခဲ့သော ၅ နာရီ က

‌ပြန်လည်ဖြေကြားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ

You
5
လွန်ခဲ့သော ၁၆ နာရီ က · ဝေါ

ငရုတ်စိုက်ရင်ဘာမျိုးအကောင်းဆုံးလဲသိချင်လို့ပါ။

You
17
လွန်ခဲ့သော ၁၈ နာရီ က · ကျောက်မဲ

ငါးစုံ

801 လွန်ခဲ့သော ၁၇ နာရီ က

အွန်လိုင်း တက်ချင်တာလားခင်ဗျာ?။ လူတွေ့ သင်တန်းမျိုး ရှမ်း/မြောက် ‌မှာ ဖွင့်စေချင်တာလား ခင်ဗျာ?

You
40
လွန်ခဲ့သော ၁၉ နာရီ က · နတ္တလင်း

ဝက်မြေ.ဝက်လာတွေ ကိုမျိုကန်းအောင်ဘယ်လိုလုပ်ရမလဲး

801 လွန်ခဲ့သော ၁၆ နာရီ က

ဝက်မြေစာပင်ကို ဆိုလိုတာ သိရပါပြီခင်ဗျ။ မျိုးကန်းအောင် လို့ ပြောလိုက်တာကို နည်းနည်း နားလည်မှုလွဲသွားလို့ပါ။ ဝက်မြေစာ (သို့မဟုတ်) ဝက်လာမြက် (Nut Grass / Nutsedge - Cyperus rotundus) သည် စိုက်ပျိုးရေးတွင် အလွန်တွေ့ရများပြီး နှိမ်နင်းရန် ခက်ခဲသည့် အမြဲစိမ်း ပေါင်းပင် (Perennial Weed) အမျိုးအစား ဖြစ်သည်။ ၎င်းကို ဒေသအလိုက် "ဝက်မြေစာ"၊ "ဝက်မြေ" သို့မဟုတ် "ဝက်လာ" ဟု အမျိုးမျိုး ခေါ်ဆိုကြသည်။ ၁။ ရုက္ခဗေဒဆိုင်ရာ လက္ခဏာများ * ပင်စည် (Stem): ပင်စည်သည် ပုံမှန် မြက်များကဲ့သို့ အဝိုင်းမဟုတ်ဘဲ သုံးထောင့်ပုံသဏ္ဌာန် (Triangular stem) ရှိသည်။ * အရွက် (Leaves): အစိမ်းရင့်ရောင်ရှိပြီး ပြောင်ချောကာ မြက်ရွက်နှင့် တူသော်လည်း အလယ်ဗဟိုတွင် အကြောနက်သည်။ * မြေအောက်ဥနှင့် မြစ်ဥ (Tubers & Rhizomes): မြေအောက်တွင် ဥကွန်ရက်များ (Tuber networks) ဖြင့် ပြန့်ပွားသည်။ ဤဥများသည် မြေအောက်အနက်၌ နှစ်ရှည်လများ အသက်ရှင်ကျန်ရစ်နိုင်သောကြောင့် နှိမ်နင်းရန် အခက်ခဲဆုံး အစိတ်အပိုင်း ဖြစ်သည်။ * အပွင့် (Flowers): ပင်စည်ထိပ်တွင် နီညိုရောင် သို့မဟုတ် ညိုဝါရောင် အပွင့်ခက်များ ပွင့်လေ့ရှိသည်။ ၂။ စိုက်ပျိုးရေးတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများ (က) နှိမ်နင်းရ ခက်ခဲခြင်း: အထက်ပိုင်း ပေါင်းပင်ကို ကုတ်ဖျက် သို့မဟုတ် သတ်လိုက်သော်လည်း မြေအောက်၌ ကျန်ခဲ့သော ဥများမှ ပြန်လည် အပင်ပေါက်လာနိုင်သည်။ (ခ) သီးနှံအထွက်နှုန်း ထိခိုက်ခြင်း: သီးနှံပင်များ ရယူရမည့် ရေ၊ အာဟာရ (နိုက်ထရိုဂျင်၊ ပိုတက်စီယမ် စသည်) နှင့် နေရောင်ခြည်တို့ကို အပြင်းအထန် လုယူသည်။ (ဂ) ဓာတုဓာတ်ထုတ်လွှတ်ခြင်း (Allelopathy): ဝက်မြေ/ဝက်လာပင်၏ အမြစ်နှင့် ဥများမှ အခြားသီးနှံပင်များ ကြီးထွားမှုကို တားဆီးသည့် သဘာဝဓာတုဓာတ်များကို ထုတ်လွှတ်သည်။ ၃။ ထိရောက်သော နှိမ်နင်းရေး နည်းလမ်းများ ဝက်မြေ/ဝက်လာကို စိုက်ပျိုးမြေမှ ကင်းစင်စေရန် စနစ်ပေါင်းစုံ ပေါင်းစပ်နှိမ်နင်းခြင်း (Integrated Weed Management) ကို အသုံးပြုရပါမည်။ (က) စိုက်ပျိုးနည်းစနစ်နှင့် ရူပဗေဒနည်းလမ်းများ * မြေလှန်/နေပူလှန်းခြင်း: နွေရာသီတွင် မြေကို နက်နက်လှန်ထွန်ပေးပြီး မြေအောက်ဥများကို အထက်သို့ ဖော်ထုတ်ကာ နေပူတွင် ခြောက်သွေ့အောင် လှန်းပေးခြင်းဖြင့် ဥများ၏ အပင်ပေါက်နိုင်စွမ်းကို လျှော့ချနိုင်သည်။ * အုပ်ပေါင်းအသုံးပြုခြင်း (Mulching): ပလတ်စတစ်အမည်း (Mulch film) သို့မဟုတ် ကောက်ရိုး ထူထူအုပ်ပေးခြင်းဖြင့် နေရောင်ခြည်ကို ပိတ်ပင်ကာ အပင်ပေါက်နှုန်းကို ထိန်းချုပ်နိုင်သည်။ * အပင်မရင့်မီ စိစစ်ဖယ်ရှားခြင်း: ပေါင်းပင်များ ပွင့်ခက်မပွင့်မီနှင့် မြေအောက်ဥ အသစ်များ မအိမ်မီ မကြာခဏ အမြစ်ပါတူးဆွ ဖယ်ရှားပေးရမည်။ (ခ) ဓာတုနည်းဖြင့် နှိမ်နင်းခြင်း * Halosulfuron-methyl: ဝက်မြေ/ဝက်လာကဲ့သို့ မြက်မြှောက်အုပ်စု (Sedges) များကို ရွေးချယ်သတ်ဖြတ်သည့် စနစ်ကူးပေါင်းသတ်ဆေးဖြစ်ပြီး သီးနှံအများစုတွင် ဘေးကင်းစွာ အသုံးပြုနိုင်သည်။ * Glyphosate: စိုက်ပျိုးခြင်းမပြုမီ မြေပြင်ချိန်တွင် ပေါင်းပင် အရွက်များပေါ်သို့ စနစ်ကူးပေါင်းသတ်ဆေးအဖြစ် ပက်ဖျန်းပါက အမြစ်နှင့် မြေအောက်ဥအထိ ထိရောက်စွာ သေစေနိုင်သည်။ (သီးနှံပင်များ မရှိသည့် အချိန်၌သာ သုံးစွဲရန် လိုအပ်သည်) ၄။ ဖက်စပ် အသုံးဝင်မှုများ နှိမ်နင်းရခက်သည့် ပေါင်းပင်ဖြစ်သော်လည်း ဝက်မြေ/ဝက်လာတွင် အချို့သော အသုံးဝင်မှုများလည်း ရှိသည်- * တိုင်းရင်းဆေးဖက်ဝင်မှု: ဝက်မြေစာဥကို မြန်မာ အပါအဝင် အာယုဗ္ဗေဒ ဆေးပညာတွင် အစာကြေစေရန်၊ အဖျားကျစေရန်နှင့် ရောင်ရမ်းမှု လျှော့ချရန် တိုင်းရင်းဆေးအဖြစ် အသုံးပြုကြသည်။ * တိရစ္ဆာန်စာ: ဝက်များနှင့် အချို့သော မွေးမြူရေးတိရစ္ဆာန်များအတွက် သဘာဝ အစာအဖြစ် အသုံးပြုနိုင်သည်။

40 လွန်ခဲ့သော ၁၇ နာရီ က

မြက်ကိုပြေားတာ

You
42
လွန်ခဲ့သော ၂၀ နာရီ က · ဒီပဲယင်း

ကျောက်ဖရုံစိုက်ခင်းမာ အသီးအကင်းလေးတွေ ထွက်လာပီဗျ မျှားနီမျိုးစိုက်တာပါ အသီးအဟာရ အတွက် မိုးရာသီ မှိုရောဂါအတွက်ရော ဘာဆေးတွေသုံးရမလဲဗျ

အတည်ပြုပြီး 1,098,781 လွန်ခဲ့သော ၁၇ နာရီ က

မိားများနေရင် မန်ကိုဇက် နဲ့ ကောပါး တပတ်တခါ အလှည့်ကျဖျန်းပါ။နေပွင့်ရင် မဖျန်းပါနဲ့။

You
ဖြေလည်သော အဖြေရရှိပြီး
22
လွန်ခဲ့သော ၂၀ နာရီ က · ကျောက်ဆည်

ကျနော့်ခရမ်းခင်းရွက်ဝါနေလို့ ဘယ်လိုပြုပြင် ဆောင်ရွက်ရမလဲဆိုတာ အကြံညာဏ်ပေးကြပါအုံးခဗျာ

Post image
အတည်ပြုပြီး 315,850 လွန်ခဲ့သော ၂၀ နာရီ က
ဤအဖြေဖြင့် ပြေလည်

ခရမ်းချဉ်အဝါရောင်မိုစိတ်ဗိုင်းရပ်ရောဂါ ကျနေတာပါ။ ဒီဗိုင်းရပ်ရောဂါကို နိုင်တဲ့ ဆေးမရှိသေးပါဘူး။ ကျရောက်တဲ့အပင်ကို နှုတ်ပြီး မီးရှိုဖျက်ဆီးပစ်ပါ။ ဒီဗိုင်းရပ်ပိုးက ယင်ဖြူနဲ့ စုပ်စားပိုးတွေကနေ သယ်လာတာမို့ ယင်ဖြူနဲ့ စုပ်စားပိုးတွေကို နှိမ်နင်းပါ။

You
666
လွန်ခဲ့သော ၂၁ နာရီ က · မြိတ်

နမ်းဖတ်ကိုအချဉ်ဖောက်တာ ဘယ်နပတ်ထားပီးမှ သုံးလို့ရတာလဲ

အတည်ပြုပြီး 1,098,781 လွန်ခဲ့သော ၁၇ နာရီ က

ရာသီဥတုအခြေအနေအရ၊၃-၅ရက်ဆိုရင် ရပါတယ်

372 လွန်ခဲ့သော ၁၈ နာရီ က

နှဖက်.နွာသေးက. ရွက်ဖျန်လား မြေပြင်လောင်လား

You
19
လွန်ခဲ့သော ၂၂ နာရီ က · ပခုက္ကူ

အပင်အနေအထား အဟာရ မြေပြုပြင်မူ့ ဘာလိုပါသလဲ

Post image
အတည်ပြုပြီး 1,098,781 လွန်ခဲ့သော ၂၀ နာရီ က

အပင်အနေအထား၊အရောင်အသွေး ကောင်းပါတယ်။လိုအပ်မယ်ထင်တာလေးတွေ အကြံပြုရရင်၊ သားတက်ငယ်တာလေးတွေ ကျန်တာတွေ့ရတယ်။အရွက်တွေ ရှင်းလင်းပြီး အတန်းကြားထဲ၊ထယ်ဝင်နိုင်သလောက်ဝင်လိုက်ရင်၊မြေကြီးလေဝင်လေထဠက်ပိုကောင်းမယ်။အစိုဓာတ် ကြာကြာထိန်းနိုင်မယ်။

You
10
လွန်ခဲ့သော ၂၃ နာရီ က · မိတ္ထီလာ

အားလုံးဘဲ မဂ်လာနံနက်ခင်းလေးပါ ကျွန်တော်တို့ အပူပိုင်းဒေသတွေမှာ နှစ်ရှည် သီးပင် စားပင်လေးတွေ ဘာအမျိုးစား စိုက်ပျိုးသင့်ပါသလဲ ခင်ဗျာ

Post image
အတည်ပြုပြီး 1,098,781 လွန်ခဲ့သော ၂၁ နာရီ က

စပစြျစိုကျပါ။

You

မေးခွန်း

1,922
လွန်ခဲ့သော ၆ နှစ် က · စလင်း

နှမ်း

နှမ်းခင်းမြေပြုပြင်ခြင်း
174 လွန်ခဲ့သော ၆ နှစ် က

ရေဖြန်ပေလိုက်ပါ

8,096 လွန်ခဲ့သော ၆ နှစ် က

မြေကသဲနုံးစက်ဆိုရင်ရေသွင်းပေးတာကောင်းတယ်

အတည်ပြုပြီး 180,367 လွန်ခဲ့သော ၆ နှစ် က

နွေနှမ်းစိုက်ပျိုးမယ်ဆိုရင် ၁။ရေ...၂။စိုက်ချိန်..၃။မျိုး..၄။မြေသြဇာ ဂရုစိုက်​ရပါတယ်။နွေနှမ်းဟာမိုးရေမရရှိနိုင်တာမို့သွင်းရေပေးနိုင်မှအဆင်ပြေမှာပါ။ဒါကြောင့်အဓိကရေလိုအပ်တဲ့အချိန်ရေသွင်းနိုင်မှကုန်ကျစရိတ်သက်သာပြီးအကျိုးရှိမှာပါ။မြေပြင်ချိန်,စိုက်ပြီး၁လသားရှိချိန်,ပန်းပွင့်ချိန် နဲ့ သီးကင်းဝင်ချိန်တို့မှာရေသွင်းပေးရပါမယ်။ပန်းပွင့်ချိန်နဲ့သီးကင်းဝင်ချိန်မှာရေသွင်းရင် အပင်သက်တမ်း ပိုကြီးပြီးအပင်ကြီးထွားနှုန်းမတူတာကြောင့်အပင်၂ထပ်ဖြစ်တယ်ဆိုတာ မဟုတ်နိုင်ပါ။သီးနှံအများစုဟာဒီအချိန်တွေမှာရေအဓိကလိုအပ်ပါတယ်။စိုက်ချိန်ကလည်းဖေဖော်ဝါရီလကုန်နောက်ဆုံးထားစိုက်ရပါမယ်။မေ/ဇွန်ဆိုမိုးဦးကျပြီမို့ ရိတ်ချိန်နဲ့မိုးလွတ်အောင် ချိန်ဆပြီးစိုက်စေချင်ပါတယ်။မျိုးဆိုရင်သက်တမ်းတိုတဲ့မျိုးတွေ (၇၅ရက်,ရက်၉၀မျိုး)စိုက်မှသာမိုးလွတ်လေလွတ်ဖြစ်မှာပါ။မြေသြဇာအနေနဲ့ဆိုရင်မြေခံမှာထည့်ရသလို ပန်းပွင့်ချိန်မှာပုလဲမြေသြဇာမဖြစ်မနေထည့်ရပါမယ်။အပင်ရဲ့လိုအပ်ချက်အရပါ။စစ်ကိုင်း,မန္တလေးနဲ့မကွေးအပူပိုင်းဇုံဒေသတွေမှာမြေတွေကိုဓာတ်ခွဲစစ်ဆေးချက်အရ အာဟာရဓာတ်တွေချို့တဲ့နေတာကိုတွေ့ရပါတယ်။ဒါကြောင့်အထွက်ကောင်းချင်တယ်ဆိုရင်သင့်လျော်တဲ့မြေဆီပမာဏကိုအပင်အတွက်ကျွေးပေးမှသာအဆင် ပြေနိုင်မှာပါ။မိုးကြိုနှမ်းကိုတော့ မေ/ဇွန် လမှာ မိုးဦးမိုးနဲ့အတူစိုက်သင့်ပါတယ်။အညာဒေသက ဇူလိုင်လမှာ တစ်လလုံးနီးပါးမိုခေါင်တတ်ပြီးသြဂုတ်လဆန်းမှာမိုးရွာလေ့ရှိပါတယ်။ကိုယ့်ဒေသရဲ့မိုးလေဝသအနေအထားနဲ့ချိန်ဆပြီးစိုက်ပျိုးရေးကိုအဆက်ပြေအောက်လုပ်ဆောင်သင့်ပါတယ်။

အတည်ပြုပြီး 180,367 လွန်ခဲ့သော ၆ နှစ် က

မစိုက်ခင်စိုက်ခင်းကိုရေသွင်းဖြစ်သေးလား။နွေနှမ်းရဲ့အသက်ဟာ စိုက်ချိန်, ရေ နဲ့ အဟာရဓာတ်ပါဘဲ။နွေနှမ်းကဖေဖော်ဝါရီလကုန်နောက်ဆုံးစိုက်သင့်ပါတယ်။ရိတ်သိမ်းချိန်မှာမိုးမမိအောင်ဖေဖော်ဝါရီလထက်နောက်မကျဘဲစိုက်စေချင်ပါတယ်။စိုက်ချိန်မှာအစိုဓာတ်ရှိတယ်ဆိုရင်မျိုးမကောင်းလို့အပင်ပေါက်ညံ့တာပါ။နောက်၅ရက်မှမပေါက်ဘူးဆိုရင်သေချာပါတယ်..မျိုးကြောင့်ပါ။အကယ်၍စိုက်ချိန်မှာအစိုဓာတ်လုံလောက်စွာမရှိခဲ့ဘူးဆိုရင်မြောင်းထဲရေသွင်းပေးကြည့်ပါ။

2,675 လွန်ခဲ့သော ၆ နှစ် က

ြဲကဲတာ ၅ ရက်ရှိပီ အပင်မပေါက်သေးလို့ မြှောင်းထဲ ရေသွင်းပေးရ ကောင်းမလား? အပေါ်ကနေ ရေပါးပါးဖြန်းပေးရကောင်းမလား? အကြံပေးပါဦး ဆရာတို့...

2,091 လွန်ခဲ့သော ၆ နှစ် က

လနဲ့မှတ်ထားပါတိကြပါစေ၁၀ရက်နောကကြရင်နောက်ကြတဲ့လိုက်ဘာမှမဖြစ်ဘူးလို့မတွေးပါနဲ့

2,091 လွန်ခဲ့သော ၆ နှစ် က

ကျွန်တော့အမြင်ကတော့မြေသြဇာမြေဆီနဲ့မဆိုင်ဘူးဗျရေသွင်းစိုက်မယ်ဆိုရင်မိုးလနဲ့မနီးစေချင်ဘူးသီးနှံတိုင်းကအဖူးပွင့်လာခါနီးမှမိုးရွှာခဲ့မယ်ဆိုရင်အပင်ရဲ့သက်တန်းကပိုကြာမယ်အပင်တွေကြီးထွားလာမယ်အပင်ကြီးလာတဲ့အတွက်ကြောင့်အရင်ကြီးတဲ့အပင်ကကြီးသထက်ကြီးပီးနောက်ကြတဲ့အပင်ကညက်သွားမယ်အဲ့တော့နှစ်ထက်ဖြစ်သွားမယ်ညက်တဲ့ပင်ကသက်တန်းတိုပီးလှတဲ့ပင်ကသက်ကြီးသွားမယ်အဲ့တော့နှစ်ထက်ဖြစ်သွားတာပေါ့တစ်ညီတည်းမဟုပ်တော့ထင်သလောက်ဖြစ်လာဘူးအခုချိုန်ကဇဃချိုန်ဖြစ်နေပီကျွန်တော်ကတော့မစိုက်စေချင်သေးဘူးနောက်ထက်၁၅ရက်လောက်စောင့်စေချင်တယ်ဆေးဖိုးရေးဖိုးပိုကုန်မှာဆိုးလို့ပါအဆိုဓါတ်ရှော့ချိုန်မှာအပင်ရဲ့သက်တန်းတစ်လခွဲသားဆိုအနေတော်ပဲမိုးလကိုသိဖို့လိုတယ်သင်ကေတထားပါလေ့လာပါကိုယ်ကိုတိုင်သိမှပိုပီးအဆင်ပြေမယ်အမြဲတန်းလေ့လာပါစန်းသက်မှု့လုပ်ပါအချိုန်ကာလတွေအဓိကထားလေ့လာပါအဂးၤလိပ်

အတည်ပြုပြီး 180,367 လွန်ခဲ့သော ၆ နှစ် က

မြေပြင်ချိန််မှာ ပုလဲ၂၈ပေါင်,တီဆူပါ၅၆ပေါင်,ပိုတက်ရ်ှ၂၈ပေါင်ထည့်သင့်ပါတယ်။နွားချေးရှိရင်လှည်း၅စီးတိုက်ထည့်ပါ။ပန်းပွင့်ချိန်မှာပုလဲ၂၈ပေါင်ထပ်ထည့်ပါ။

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။