အစိမ်းရောင်လမ်း
3,861
လွန်ခဲ့သော ၁ နာရီ က · ပြင်ဦးလွင်

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

261,273 လွန်ခဲ့သော ၁၁ မိနစ် က

ဂန္ဓမာပန်းစိုက်ပျိုးနည်း ( Cultivation of Chrysanthemun)

You
6
လွန်ခဲ့သော ၃ နာရီ က · မကွေး

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

261,273 လွန်ခဲ့သော ၁၄ မိနစ် က

ပဲကြီး စိုက်ပျိုးနည်း

You
2,559
လွန်ခဲ့သော ၄ နာရီ က · ပြည်

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Post image
You
10
လွန်ခဲ့သော ၄ နာရီ က · ညောင်ရွှေ

ဘာမြေသြဇာ ကျွေးရမလည်းဗျ

Post image
261,273 လွန်ခဲ့သော ၆ မိနစ် က

စပါးပင်သက်တမ်း (၁၄) ရက် (ပျိုးခင်း သို့မဟုတ် ရွှေ့ပြောင်းစိုက်ပြီးစ) သည် အမြစ်သစ်ပွားပြီး အပင်စတင်ကြီးထွားရန် နိုက်ထရိုဂျင်နှင့် ဖော့စဖရပ်ဓာတ် အလွန်လိုအပ်သော အချိန်ဖြစ်ပါတယ်။ မြေခံမြေဩဇာ မကျွေးရသေးပါက တီစူပါနှင့် ပိုတက်ရှ်ကို အမြန်ဆုံးကျွေးရမည်ဖြစ်ပြီး၊ အပင်အမြစ်စွဲအားကောင်းစေရန် ပုလဲ (ယူရီးယား) ကိုလည်း ပမာဏအနည်းငယ် စတင်ကျွေးနိုင်ပါတယ်။ စိုက်ပျိုးထားသည့် စပါးသည် ပျိုးခင်းလား သို့မဟုတ် ရွှေ့ပြောင်းစိုက်ခင်းလား၊ မြေခံကျွေးထားခြင်း ရှိ၊ မရှိနှင့် မြေအမျိုးအစားကို သိရမယ်ဆိုရင် ဒီထက် တိကျစွာ ဖြေပေးနိုင်မှာပါခင်ဗျာ။

You
1,569
လွန်ခဲ့သော ၁၆ နာရီ က · အုတ်ဖို

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Post image
Post image
Post image
အတည်ပြုပြီး 314,137 လွန်ခဲ့သော ၁၆ နာရီ က

မွှားပင့်ကူနီဟာ အိမ်တွင်းအလှစိုက်အပင်တွေမှာ ကျရောက်တတ်ပြီး ကာကွယ်နှိမ်နင်းဖို့ ခက်ခဲပါတယ်။ ၎င်းတို့ဟာ အပင်တွေပေါ်မှာနေထိုင်ပြီး အရွက်ကနေတစ်ဆင့် အပင်ရည်ကို စုပ်ယူစားသောက်ကြပါတယ်။ မွှားပင့်ကူနီကျရောက်ခြင်းရဲ့ ထင်ရှားတဲ့ လက္ခဏာကတော့ အရွက်တွေမှာ အညိုရောင် အစက်အပြောက်များနဲ့ ခြစ်ရာများကို တွေ့ရမှာ ဖြစ်ပါတယ်။ မွှားပင့်ကူနီဟာ ရေနဲ့ စိုထိုင်းဆများတာကို မကြိုက်တဲ့အတွက် ရေလောင်းပေးနိုင်ပါတယ်။ နေ့တိုင်းရေမလောင်းရင်တောင်မှ စိုထိုင်းဆရှိနေဖို့အတွက် ရေဖျန်းတဲ့ဗူး (ညှစ်တဲ့ဗူး) နဲ့ အပင်နဲ့ အပင်ပတ်ဝန်းကျင်ကို နေ့တိုင်းဖျန်းပေးသင့်ပါတယ်။ ဓာတုနည်းနဲ့ဆိုရင်တော့ ပိုးစေးနဲမှာ မျှဝေခဲ့သလိုပဲ သဘာဝဖက်တီးအက်စစ် (natural fatty acid) (သို့မဟုတ်) ဆာဖက်တန့် (surfactant) ပါဝင်တဲ့ ဆေးတွေအသုံးပြုနိုင်ပါတယ်။ https://greenwaymyanmar.com/articles/%E1%80%95%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%BD%E1%80%BE%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%AC%E1%80%82%E1%80%AB/pest_on_houseplants

You
ဖြေလည်သော အဖြေရရှိပြီး
17
လွန်ခဲ့သော ၁၉ နာရီ က · ဝက်လက်

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

261,273 လွန်ခဲ့သော ၁၃ နာရီ က
ဤအဖြေဖြင့် ပြေလည်

ရွှေဘိုပေါ်ဆန်းသက်နုမျိုးစပါးကို ရမယ်ဆိုရင် ဩဂုတ်လထဲပျိုးထောင်ပြီး စိုက်မယ်ဆိုရင် ရပါသေးတယ်ခင်ဗျာ

You
32
လွန်ခဲ့သော ၂၁ နာရီ က · တံတားဦး

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

1,569 လွန်ခဲ့သော ၂၀ နာရီ က

ဒီစာအုပ်သာ ဖတ် ပြီးရင် အစိမ်း‌ေရာင်လမ်းမှာ ပြန်လာမေး မျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်ပုံနည်းလမ်း

You
39
လွန်ခဲ့သော ၂၂ နာရီ က · ရွာငံ

ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး

39 လွန်ခဲ့သော ၂၁ နာရီ က

ကျေးဇူးပါဆရာ

အတည်ပြုပြီး 314,137 လွန်ခဲ့သော ၂၁ နာရီ က

မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့နေတဲ့ လက္ခဏာပြရင်တော့ ထည့်လို့ရပါတယ်။ ရွက်ကြောတွေပဲ စိမ်းနေပြီး အရွက်က ဝါနေတဲ့ လက္ခဏာပါ။ ဒီလိုလက္ခဏာပြနေမယ် ဒါမှမဟုတ် မြေကြီးစစ်ဆေးလိုက်လို့ မဂ္ဂနီဆီယမ်ဓာတ်နည်းနေမယ်ဆိုရင် ထည့်နိုင်ပါတယ်။ မြေကြီးထဲကို ထည့်လို့ရသလို ရွက်ဖျန်းအနေနဲ့လည်း ထည့်နိုင်ပါတယ်။ သူက အများလို အဟာရဓာတ်ထဲမပါတဲ့အတွက် မများကြီးထည့်စရာမလိုပါဘူး။ ရေ ၄ ဂါလံပုံးတစ်ပုံးကို ဟင်းစားဇွန်း ၂ ဇွန်းမှ ၄ ဇွန်းခန့် ထည့်ဖျန်းနိုင်ပါတယ်။ အပင်ခြေမှာ ထည့်မယ်ဆိုရင်တော့ တစ်ပင်ကို ဟင်းစားဇွန်း တစ်ဇွန်းလောက်ထည့်ပေးနိုင်ပါတယ်။​ မြေကြီးက အစိုဓာတ်ရှိနေရပါမယ်။ မလိုအပ်ဘဲ အများကြီးထည့်လိုက်ရင်တော့ အခြားလိုအပ်တဲ့ အဟာရတွေဖြစ်တဲ့ ကယ်ဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေကို အပင်က မရယူနိုင်အောင် ပိတ်ပင်ပစ်နိုင်ပါတယ်။

You
326
လွန်ခဲ့သော ၁ ရက် က · ဘားအံ

ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ

Post image
326 လွန်ခဲ့သော ၆ နာရီ က

အနီရောင်ပိုးသေးသေးလေးတွေ ပြေးနေတာတွေ့လို့ဘာဆေးဖြန်းရမလဲ

1,569 လွန်ခဲ့သော ၂၀ နာရီ က

ဆေးလောင်တာ

You
326
လွန်ခဲ့သော ၁ ရက် က · ဘားအံ

အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ

Post image
Post image
Post image
အတည်ပြုပြီး 314,137 လွန်ခဲ့သော ၂၁ နာရီ က

အခုပုံစံမျိုးပါ။ ဆေးရည်တွေက အရွက်ဖျားတွေမှာ သွားအိုင်နေပြီး ပြင်းအားများသွားတာကြောင့် အပင်လောင်သွားတာပါ။

326 လွန်ခဲ့သော ၂၃ နာရီ က

အားဆေးနဲ့မိုသတ်ဆေး လောင်ရင်ဘယ်လိုပုံစံဖြစ်လဲဗျာ

You
103
လွန်ခဲ့သော ၁ ရက် က · မြောင်းမြ

ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""

Post image
Post image
1,569 လွန်ခဲ့သော ၂၀ နာရီ က

မိုးတွင်းမှာတော့အမိုးကာကို လျော့သင့်တယ်

အတည်ပြုပြီး 314,137 လွန်ခဲ့သော ၁ ရက် က

ကွမ်းမှာ ရောဂါဝင်တာတွေရဲ့ အဓိက အကြောင်းအရင်းက မြေကြီးအစိုဓာတ်မြင့်ရာကနေ စတယ်လို့ ပြောလို့ရပါတယ်။ စိမ့်မြောင်းတူးထားပြီး အစိုဓာတ်များနေသေးရင် စိမ့်မြောင်းကို ထပ်ပြီး နက်နက်လေး တူးပေးပါ။ ကွမ်းဘောင်ရဲ့ အောက် အနက် ၁ပေခွဲကနေ ၂ ပေလောက်ထိ တူးပေးပါ။ ပြီးရင် ရေနှုတ်မြောင်းတွေ သေချာအောင် စစ်ပြီး ပြုပြင်ပေးပါ။ ကွမ်းပင်ခြေကို ထရိုင်ကိုဒါးမားပါတဲ့ သဘာဝမြေဩဇာတို့ ဖွဲပြာတို့ ထည့်ပြီး ဘောင်လုံးပြီး မြေမြှင့်ပေးပါ။

You
32
လွန်ခဲ့သော ၁ ရက် က · ပုသိမ်ကြီး

စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှု‌နေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အ‌ပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး

အတည်ပြုပြီး 314,137 လွန်ခဲ့သော ၁ ရက် က

အအေးကာလရောက်လာတဲ့အချိန် မြေကြီးအပူဓာတ်ရနေအောင်ဆိုရင် မြေကြီးကို မြေဖုံးပေးခြင်း (Mulching) လုပ်ပေးပါ။ ဒါက အပူဓာတ်ကို ထိန်းပေးရာလည်းရောက်ပါတယ်။ အေးတဲ့ကာလတွေမှာ ရေလောင်းခြင်းကို ညနေပိုင်းမှာ လုပ်တာထက် မနက်ပိုင်းတွေမှာ ပြောင်းလဲလုပ်ဆောင်ပါ။ မြေကြီးထဲမှာရှိတဲ့ အဏုဇီဝတွေ အသက်ဝင်နေအောင် သဘာဝမြေသြဇာများ ထည့်သွင်းပေးပါ။ နောက် အမြစ်ရဲ့ ကြံခိုင်သန်စွမ်းမှုရှိနေအောင် Pနဲ့ K အချိုးမြင့်တဲ့ အဟာရများ ထည့်ပေးပါ။

You
13
လွန်ခဲ့သော ၁ ရက် က · ကျောင်းကုန်း

ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ

အတည်ပြုပြီး 314,137 လွန်ခဲ့သော ၁ ရက် က
အတည်ပြုပြီး 314,137 လွန်ခဲ့သော ၁ ရက် က

ခေါင်းစဉ်တွေကို နှိပ်ပြီး လေ့လာလို့ရပါတယ်ဗျ။ ဂျပ်စက္ကူဖြင့် ကောက်ရိုးမှို စိုက်ပျိုးနည်း | ကောက်ရိုးမှိုကို ငှက်ပျောရွက်ခြောက်ဖြင့်စိုက်ပျိုးနည်း | ကောက်ရိုးမှိုကို ကျင်းဖြင့် စိုက်ပျိုးနည်း | ကောက်ရိုးမှိုစိုက်ပျိုးနည်း | ကောက်ရိုးမှို စီးပွားဖြစ်စိုက်ပျိုးတော့မယ်ဆိုရင် ဘာတွေ အထူးပြုလေ့လာထားသင့်လဲ...?

You
414
လွန်ခဲ့သော ၁ ရက် က · ပေါင်းတည်

ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာ‌တွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ

414 လွန်ခဲ့သော ၁၁ နာရီ က

စိုက်ပျိုးချိန်ဘယ်အချိန်အကောင်းဆုံးလဲဗျ ရေသွင်းပေးရတယ်ဆိုကောဟုတ်လားဆရာ

အတည်ပြုပြီး 314,137 လွန်ခဲ့သော ၁ ရက် က

ဟုတ်စိုက်လို့ရပါတယ်ဗျ။ ဧရာဝတီဘက်မှာလည်း ဒီလိုနည်းနဲ့ စိုက်ကြပါတယ်။ စပါးမရိတ်ခင် ၁-၂ ပတ်စောပြီး စိုက်လည်းရပါတယ်။ ခုတ်ဖုံးစနစ်လို့ ခေါ်ကြပါတယ်။

You
92
လွန်ခဲ့သော ၁ ရက် က · မိုးမိတ်

ဘယ်လိုလုပ်ရမလဲခင်ဗျ

Post image
အတည်ပြုပြီး 1,098,193 လွန်ခဲ့သော ၁ ရက် က

စပါးပင်ခြေပုပ်/Stem rot (Sclerotium oryzae )သို့မဟုတ် sheath blight ဖြစ်နိုင်ပါတယ်။ ရေထုတ်ပါ။ပိုတက်စီယံမြေဩဇာကျွေးပါ။azoxystrobin+difenoconazole ဖျန်းပါ။

You
Question image

မေးခွန်း

1
လွန်ခဲ့သော ၁ နှစ် က · ပုသိမ်

စပါးဝါတာဘာကြောင့်လဲ

ရောဂါစစ်ဆေးမှု အသေးစိတ်
သီးနှံ/မွေးမြူရေး
စပါး
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၇၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက် ပင်စည်
ရာသီဥတု (တစ်ပတ်အတွင်း)
နေသာ
စပါးရွက်ဖျား​ခြောက်
934 လွန်ခဲ့သော ၁ နှစ် က

အ​ဖြေစုံပါ​​ပေတယ်​ကျေးဇူး...

3,159 လွန်ခဲ့သော ၁ နှစ် က

စပါဖျက်ပိုးများအတွက် ပိုးသတ်ဆေးကတ်တလောက်ဘယ်လိုဝယ်ရမလဲ

116 လွန်ခဲ့သော ၁ နှစ် က

ဒီအဖြေကိုသဘောကျတယ် ဖြေးဆိုမှုအရမ်းတော်တယ် လေးစားပါတယ်

အတည်ပြုပြီး 1,098,193 လွန်ခဲ့သော ၁ နှစ် က

#စပါးရွက်ဖျား​ခြောက်/အပင်ဝါအ​ဖြေရှာခြင်း🌾 '''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''' မိတ်ဆွေတို့ စပါးခင်း​တွေမှာ ယခုနှစ်ပိုင်းတွေမှာ အရွက်ဝါခြင်း၊ အဖျား​ခြောက်ခြင်းနှင့် ဖြုတ်ပိုးများကျရောက်ခြင်းတို့ကြောင့် အချို့လယ်တွေ ဘက်တီးရီးယားရွက်​ခြောက်ကျခြင်း၊ ရွက်ဖုံးပုပ်/ ရွက်ဖုံး​ခြောက်ကျကြခြင်းနှင့် စပါး ဂုတ်ကျိုး​ရောဂါဝင်ခြင်းတို့ဖြစ်ပေါ်လျက်ရှိသည်ကိုတွေ့ရပါတယ်။ စပါးပင်ရဲ့ ပင်ပြလက္ခဏာကိုကြည့်ပြီး👈 - အချို့က ​ပေါင်းသတ်​ဆေး​လောင်တာပါတဲ့။ - အချို့က ဖြုတ်​ကြောင့်ပါတဲ့။ - အချို့ကျ​တော့ ဘက်တီးရီးယားရွက်​ခြောက် စသဖြင့်....စသဖြင့်....မိမိ ထင်မြင်ချက်အ​ပေါ် ​ကောက်ချက်ချပြီး မှို​ဆေး/ပိုးသတ်​ဆေး/ဘက်တီးရီးယား​ဆေး ဖျန်းပြီး အသည်းအသန် ကုသကြရပါတယ်။ စပါးပင်က အများအမြင်အရ ထူးမခြားနား ဘာ​ကြောင့်လည်း...(သုံးသပ်ကြည့်ကြရ​အောင်) #အရွက်ဝါတယ်/ အဖျား​ခြောက်တယ်/ အပင်မထဘူး /ပုလဲပက်ရင် ပိုဆိုးလာတယ်/ မထူးဘူး စသဖြင့်တွေ့ရတယ်...... #အ​ကြောင်းရင်းက ပိုးလား??...ရောဂါလား??.....အာဟာရလား??....🤔🤔 ၁။ ဖြုတ်စိမ်း/ဖြုတ်ညို​ကြောင့်ဖြစ်ခြင်း🕷🐜🐜 """"""""""""""""""""""""""""""""""""""""'''''''''''''''''''''''''''''''''''''''''''''''''''''''''''''"'''''''''''''''''''''''' 🔸ဖြုတ်ကြောင့်ဆိုရင် ရှင်းပါတယ်။ အပင်ကိုလက်နဲ့ပုတ်ရမ်းလို့ အ​ကောင်​လေး​တွေပျံတာ​တွေ့ရမယ်။ အ​ပေါ်အရွက်​တွေမှာ​တွေ့ရင် ဖြုတ်စိမ်း (leaf hopper)👈👈 အပင်​ခြေ/​ရေအစပ်မှာတွေ့ရင် ဖြုတ်ညို​​တွေပါ။ (အပင်​ခြေ ​အောက်ပိုင်း ဖြဲရှာမှ ​တွေ့ရတတ်ပါတယ်။ဆိုးရွားတဲ့အ​ခြေအ​နေမှာ​တော့ စမတ်ကြပ်ခိုး​တွေမဲ​နေတာ​တွေ့ရပါတယ်။)👈👈 #ဖြုတ်​ဆေးဖျန်း​ရမှာပါ။☑☑☑ (ဗိုက်တာဂရို၊ စက်ကင်းရှယ်)💯💯💯 ၂။ ဘက်တီးရီးယားရွက်​ခြောက်​ရောဂါ​ကြောင့်ဖြစ်ခြင်း(BLB) 🔸Blbရောဂါ​ကြောင့်ဆိုရင် အရွက်ဝါမယ်/အဖျား​ခြောက်မယ်။ အရွက်ဖျားကစပြီး၊ ရွက်နားတ​လျောက်၊ ရှည်လျားပြီး မညီမညာ ကွက်​/ဝါခြောက်လာမယ်။ ဘက်တီးရီးယား​ရောဂါအပင်​ကောင်းတဲ့​နေရာက စဖြစ်တယ်။ တ​စ်နေရာမှ တ​စ်နေရာကို လေ/ ရေနဲ့ ကူးစက်မြန်တယ်။ ယူရီးယား​ကျွေးရင် ပိုဆိုးမယ်။ အမြစ်နုတ်ကြည့်ရင်အ​ကောင်းအတိုင်းပဲ။ ဒါဆိုရင်​တော့..... #ဘစ်စမာသိုင်ယာဇိုး(ဖာတီဇို )မြန်မြန်ဖျန်းပါ💯 အဲသလိုလည်းမဟုတ်ဘဲ........ 🔸 ဖြုတ်လည်းမရှိဘူး။ အရွက်ဖျားလည်းမ​ခြောက်ဘူး။ အရွက်ဝါတယ်/ အောက်ရွက်​ဟောင်း​တွေက စဝါတယ်။ ပုလဲ​ကျွေး​ကျွေးမဖြုံဘူး။ အမြစ်နုတ်ကြည့်ရင်.....အမြစ်သစ်မထွက်ဘူး။ အချို့ရဲ​နေမယ်၊ အချို့မဲညို့​နေမယ်၊ ရေ​နေလည်းကြာမယ်ဆိုခဲ့ရင်တော့......... (မှိုသတ်​​ဆေးဖျန်းမ​နေပါနဲ့.....ရောဂါမဟုတ်ပါ။) ၃။ ဇီဝကမ္မက​မောက်ကမဖြစ်ခြင်း သက်မဲ့( Abiotic)ကြောင့်ဖြစ်တဲ့ လက္ခဏာပါ။⏪⏪ -​ အောက်ရွက်​တွေက စဝါ/​ခြောက်လာတယ်။ -​ ရေနဲ့ထိတဲ့​ ပင်စည်နေရာ​​တွေညိုပုပ်​နေတယ်။ - အမြစ်နုတ်ကြည့်ရင် အမြစ်သစ်မထွက်ဘူး။ -​ အမြစ်​တွေ ညိုမဲ​နေတယ်။ - ဟိုက်ဒြိုဂျင်ဆာလဖိုဒ်(H2S) အဆိပ်သင့်ခြင်း (နေပူ/ ရေပူ/ တမန်းပူလောင်တယ်လို့လည်း ခေါ်ကြတယ်။) #ဖြစ်ရခြင်းအ​ကြောင်းရင်း​တွေက.......... > မြေချဥ်ငံကိန်း နိမ့်နေခြင်း > တမန်းမပုပ်/မ​ဆွေးပဲ ကမန်းကတမ်းစိုက်ခြင်း၊ > ကောက်ချက်နက်ခြင်း၊​ ကောက်ပင်နာခြင်း၊ > ရေ​လှောင်များခြင်း/ ကြာခြင်း၊ > နေ့အပူချိန်မြင့်ခြင်း စတဲ့အချက်​တွေ​ကြောင့်စပါးပင်အမြစ်​တွေ အပူ​လောင်ပြီး အောက်စီဂျင်ပြတ်၊ အစာငတ်ကာအာဟာရ​ပေါင်းစုံ (ပိုတက်စီယံ၊ မဂ္ဂနီစီယံ၊​ ကယ်လစီယံ၊ ဖော့စဖိတ်)....ချို့တဲ့​တော့တာပါပဲ။ အဲသလိုဖြစ်​နေရင် ဘာလုပ်ရမလဲ???? ▪ ရေထုတ်လို့ရရင် ​ရေထုတ်ပါ။ (စပါးအမြစ်​လေး​တွေ လေရှူနိုင်မှ အမြစ်သစ်ထွက်မှာပါ) ▪ ဂျစ်ပဆန်(ရီဗိုက်-၁ဧက/၁အိတ်)နဲ့ ပိုတက်ချ် (၁ဧက/အိတ်ဝက်) ​ရောပက်ပါ။ ▪ ရေပါးပါးပြန်သွင်းပါ ▪ အရွက်​လေး​တွေ စိမ်းလာရင် ကွန်​ပေါင်း​မြေသြဇာ (စမတ် သီးစုံ19-7-8 ဟူးမစ်)ကျွေးပါ။

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။