ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
မွှားပင့်ကူနီဟာ အိမ်တွင်းအလှစိုက်အပင်တွေမှာ ကျရောက်တတ်ပြီး ကာကွယ်နှိမ်နင်းဖို့ ခက်ခဲပါတယ်။ ၎င်းတို့ဟာ အပင်တွေပေါ်မှာနေထိုင်ပြီး အရွက်ကနေတစ်ဆင့် အပင်ရည်ကို စုပ်ယူစားသောက်ကြပါတယ်။ မွှားပင့်ကူနီကျရောက်ခြင်းရဲ့ ထင်ရှားတဲ့ လက္ခဏာကတော့ အရွက်တွေမှာ အညိုရောင် အစက်အပြောက်များနဲ့ ခြစ်ရာများကို တွေ့ရမှာ ဖြစ်ပါတယ်။ မွှားပင့်ကူနီဟာ ရေနဲ့ စိုထိုင်းဆများတာကို မကြိုက်တဲ့အတွက် ရေလောင်းပေးနိုင်ပါတယ်။ နေ့တိုင်းရေမလောင်းရင်တောင်မှ စိုထိုင်းဆရှိနေဖို့အတွက် ရေဖျန်းတဲ့ဗူး (ညှစ်တဲ့ဗူး) နဲ့ အပင်နဲ့ အပင်ပတ်ဝန်းကျင်ကို နေ့တိုင်းဖျန်းပေးသင့်ပါတယ်။ ဓာတုနည်းနဲ့ဆိုရင်တော့ ပိုးစေးနဲမှာ မျှဝေခဲ့သလိုပဲ သဘာဝဖက်တီးအက်စစ် (natural fatty acid) (သို့မဟုတ်) ဆာဖက်တန့် (surfactant) ပါဝင်တဲ့ ဆေးတွေအသုံးပြုနိုင်ပါတယ်။ https://greenwaymyanmar.com/articles/%E1%80%95%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%BD%E1%80%BE%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%AC%E1%80%82%E1%80%AB/pest_on_houseplants
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
ရွှေဘိုပေါ်ဆန်းသက်နုမျိုးစပါးကို ရမယ်ဆိုရင် ဩဂုတ်လထဲပျိုးထောင်ပြီး စိုက်မယ်ဆိုရင် ရပါသေးတယ်ခင်ဗျာ
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
ဒီစာအုပ်သာ ဖတ် ပြီးရင် အစိမ်းေရာင်လမ်းမှာ ပြန်လာမေး မျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်ပုံနည်းလမ်း
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
ကျေးဇူးပါဆရာ
မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့နေတဲ့ လက္ခဏာပြရင်တော့ ထည့်လို့ရပါတယ်။ ရွက်ကြောတွေပဲ စိမ်းနေပြီး အရွက်က ဝါနေတဲ့ လက္ခဏာပါ။ ဒီလိုလက္ခဏာပြနေမယ် ဒါမှမဟုတ် မြေကြီးစစ်ဆေးလိုက်လို့ မဂ္ဂနီဆီယမ်ဓာတ်နည်းနေမယ်ဆိုရင် ထည့်နိုင်ပါတယ်။ မြေကြီးထဲကို ထည့်လို့ရသလို ရွက်ဖျန်းအနေနဲ့လည်း ထည့်နိုင်ပါတယ်။ သူက အများလို အဟာရဓာတ်ထဲမပါတဲ့အတွက် မများကြီးထည့်စရာမလိုပါဘူး။ ရေ ၄ ဂါလံပုံးတစ်ပုံးကို ဟင်းစားဇွန်း ၂ ဇွန်းမှ ၄ ဇွန်းခန့် ထည့်ဖျန်းနိုင်ပါတယ်။ အပင်ခြေမှာ ထည့်မယ်ဆိုရင်တော့ တစ်ပင်ကို ဟင်းစားဇွန်း တစ်ဇွန်းလောက်ထည့်ပေးနိုင်ပါတယ်။ မြေကြီးက အစိုဓာတ်ရှိနေရပါမယ်။ မလိုအပ်ဘဲ အများကြီးထည့်လိုက်ရင်တော့ အခြားလိုအပ်တဲ့ အဟာရတွေဖြစ်တဲ့ ကယ်ဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေကို အပင်က မရယူနိုင်အောင် ပိတ်ပင်ပစ်နိုင်ပါတယ်။
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
အနီရောင်ပိုးသေးသေးလေးတွေ ပြေးနေတာတွေ့လို့ဘာဆေးဖြန်းရမလဲ
ဆေးလောင်တာ
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
အခုပုံစံမျိုးပါ။ ဆေးရည်တွေက အရွက်ဖျားတွေမှာ သွားအိုင်နေပြီး ပြင်းအားများသွားတာကြောင့် အပင်လောင်သွားတာပါ။
အားဆေးနဲ့မိုသတ်ဆေး လောင်ရင်ဘယ်လိုပုံစံဖြစ်လဲဗျာ
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
မိုးတွင်းမှာတော့အမိုးကာကို လျော့သင့်တယ်
ကွမ်းမှာ ရောဂါဝင်တာတွေရဲ့ အဓိက အကြောင်းအရင်းက မြေကြီးအစိုဓာတ်မြင့်ရာကနေ စတယ်လို့ ပြောလို့ရပါတယ်။ စိမ့်မြောင်းတူးထားပြီး အစိုဓာတ်များနေသေးရင် စိမ့်မြောင်းကို ထပ်ပြီး နက်နက်လေး တူးပေးပါ။ ကွမ်းဘောင်ရဲ့ အောက် အနက် ၁ပေခွဲကနေ ၂ ပေလောက်ထိ တူးပေးပါ။ ပြီးရင် ရေနှုတ်မြောင်းတွေ သေချာအောင် စစ်ပြီး ပြုပြင်ပေးပါ။ ကွမ်းပင်ခြေကို ထရိုင်ကိုဒါးမားပါတဲ့ သဘာဝမြေဩဇာတို့ ဖွဲပြာတို့ ထည့်ပြီး ဘောင်လုံးပြီး မြေမြှင့်ပေးပါ။
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အအေးကာလရောက်လာတဲ့အချိန် မြေကြီးအပူဓာတ်ရနေအောင်ဆိုရင် မြေကြီးကို မြေဖုံးပေးခြင်း (Mulching) လုပ်ပေးပါ။ ဒါက အပူဓာတ်ကို ထိန်းပေးရာလည်းရောက်ပါတယ်။ အေးတဲ့ကာလတွေမှာ ရေလောင်းခြင်းကို ညနေပိုင်းမှာ လုပ်တာထက် မနက်ပိုင်းတွေမှာ ပြောင်းလဲလုပ်ဆောင်ပါ။ မြေကြီးထဲမှာရှိတဲ့ အဏုဇီဝတွေ အသက်ဝင်နေအောင် သဘာဝမြေသြဇာများ ထည့်သွင်းပေးပါ။ နောက် အမြစ်ရဲ့ ကြံခိုင်သန်စွမ်းမှုရှိနေအောင် Pနဲ့ K အချိုးမြင့်တဲ့ အဟာရများ ထည့်ပေးပါ။
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
ခေါင်းစဉ်တွေကို နှိပ်ပြီး လေ့လာလို့ရပါတယ်ဗျ။ ဂျပ်စက္ကူဖြင့် ကောက်ရိုးမှို စိုက်ပျိုးနည်း | ကောက်ရိုးမှိုကို ငှက်ပျောရွက်ခြောက်ဖြင့်စိုက်ပျိုးနည်း | ကောက်ရိုးမှိုကို ကျင်းဖြင့် စိုက်ပျိုးနည်း | ကောက်ရိုးမှိုစိုက်ပျိုးနည်း | ကောက်ရိုးမှို စီးပွားဖြစ်စိုက်ပျိုးတော့မယ်ဆိုရင် ဘာတွေ အထူးပြုလေ့လာထားသင့်လဲ...?
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
စိုက်ပျိုးချိန်ဘယ်အချိန်အကောင်းဆုံးလဲဗျ ရေသွင်းပေးရတယ်ဆိုကောဟုတ်လားဆရာ
ဟုတ်စိုက်လို့ရပါတယ်ဗျ။ ဧရာဝတီဘက်မှာလည်း ဒီလိုနည်းနဲ့ စိုက်ကြပါတယ်။ စပါးမရိတ်ခင် ၁-၂ ပတ်စောပြီး စိုက်လည်းရပါတယ်။ ခုတ်ဖုံးစနစ်လို့ ခေါ်ကြပါတယ်။
ဘယ်လိုလုပ်ရမလဲခင်ဗျ
စပါးပင်ခြေပုပ်/Stem rot (Sclerotium oryzae )သို့မဟုတ် sheath blight ဖြစ်နိုင်ပါတယ်။ ရေထုတ်ပါ။ပိုတက်စီယံမြေဩဇာကျွေးပါ။azoxystrobin+difenoconazole ဖျန်းပါ။
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
အစိမ်းရောင်လမ်း၊စိုက်ပျိုးရေးနည်းပညာ ဆောင်းပါးတွေ များများဖတ်ပေးပါကမျာ့။သိချင်တာတွေကို အချိန်မရွေး မေးနိုင်ပါတယ်။စိတ်ရှည်၊လက်ရှည် ဖြေပေးနေပါတယ် ကမျာ။
မွန်ပြည်နယ်မုတ္တမတွင်ငါမွေးမည်ဆိုပါကဘယ်ငါးအမျိုးစားကအသင့်တော်ဆုံးလဲဘယ်ငါးအမျိုးစားကဈေးပိုကောင်းလဲဈေးကွက်ကိုရောဘယ်လိုရောင်းရလဲ
ကကတစ်၊ ငါးမြင်း၊ တီလားပီးယား
ဈေးကွက်ကရော
ငါးကိုခုမှစမွေးမဲ့သူပါ။ငါးကန်ဆယ်ဧကပါ။တစ်ကန်ငါးဧကကျယ်ပါတယ်။ငါးမွေးမဲ့သူအတွက်ဘယ်လိုဆောင်ရွက်ရမလဲဆိုတာရယ်အစာဖိုးသက်သာအောင်ဘယ်လိုအစာမျိုးကျွေးလို့ရမလဲဆိုတာသိချင်ပါတယ်
၂။ အစာဘိုးသက်သာအောင်ဘယ်လိုအစာမျိုးကျွေးရမလဲ? - ကန်ရေအရည်အသွေးကောင်းနေအောင်(အစိမ်းဖျော့ရောင်) ထိန်းသိမ်းပေးခြင်း၊ - ရေကြည်နှုန်း ၁၈ လက်မကျော် သွားပါကသဘာဝမြေသြဇာ(ဥပမာ ပဲဖတ်)ထည့်ပေးခြင်းသည် အစာအဖြစ်စားနိုင်သလိုပိုလျှံသည်များကကန်ရေအားသြဇာဓာတ်ဖြည့်ပေးသဖြင့်ကန်အရည်အသွေးတက်လာစေသည်။ - ကျိုထားသောဆန်ကွဲကိုဖွဲနုနှင့်နယ်၍ကျွေးခြင်း၊အရည်အသွေးကောင်းသောကဇော်ဖတ် (အခြောက်)ကျွေးခြင်းတို့သည်လည်းကုန်ကျစရိတ်သက်သာစေသည်။ - ဖွဲနု ပဲဖတ် (၈၀:၂၀) ကိုရေဖြင့်သမ၍အလုံးလုပ်ပြီးလည်းကျွေးနိုင်သည်။ - အဓိက ကန်ရေအရည်အသွေးကိုကောင်းအောင်ထိန်းသိမ်းထားနိုင်ပါကအစာကုန်ကျစရိတ်သိသာစွာသက်သာစေပါသည်။
၁။(ခ) မွေးမည့်ငါးအမျိုးအစားရွေးချယ်ခြင်း: - ရေချိုမွေးမြူရေးငါးများဖြစ်သည့် ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးခေါင်းပွ၊ရွှေဝါငါးကြင်း၊ ငါးတန်၊ ရေချိုငါးမုတ်၊ တီလားပီးယား စသည့်ငါးများအနက်မိမိမွေးမြူလိုသည့်ငါးမျိုးစိတ်ကို သေချာရွေးချယ်ရန်။ - ငါးမျိုးစိတ်တစ်မျိုးထဲ (သို့) ရောနှောမွေးမြူခြင်းမှာ စျေးကွက်၏ Demand ပေါ်ကြည့်၍ရွေးချယ်မွေးမြူခြင်း။ - ငါးသားပေါက်၊ ငါးဖျန်း၊ သက်ကြီးငါးစသည့် မိမိအလိုရှိသလို ခရမ်း၊ တွံတေးရှိသားပေါက်ထုတ်လုပ်ရေးစခန်းများနှင့်ချိတ်ဆက်ဝယ်မြူခြင်း။ တို့ဆောင်ရွက်ရမည်။
၁။ ငါးမွေးမြူခြင်းကိုခုမှစတင်လုပ်ဆောင်တော့မယ်ဆိုရင် - (က)ကန်ပြင်ဆင်ခြင်း : - ကန်အောက်ခြေနဲ့ကန်ဘောင်ပတ်လည်ပေါက်နေတဲ့အပင်များအပြောင်ရှင်းခြင်း(ရှိနေပါက)၊ - ရှင်းထားတဲ့အပင်တွေခြောက်သွားပါကမီးရှို့ပေးခြင်း(ပြာသည် Potassiumဓါတ်ကိုပေးသဖြင့်ကန်ကိုအကျိုးပြုသည်)၊ - ကန်အတွင်းသို့ရေစပ်စပ်(၄ - ၅ လက်မ)ခန့်ထည့်ပေးပြီးမဖောက်ထုံးခပ်ပြင်းပြင်း(ပုံမှန်ထက်ပို)ထည့်ပေးခြင်း(ရေ pH 11 ထိမြင့်တက်ခြင်းဖြင့် ကန်ထဲရှိငါးရိုင်းများ၊ ပိုးမွှားမျာကိုသေစေခြင်း၊ Soil pH ပါမြှင့်ပေးခြင်း)၊ - ၅ ရက်ခန့်ထားပြီးပါကမွေးမည့်ကန်ရေအနက် ၅ - ၆ ပေခန့်ရောက်အောင်ရေရကိုစစ်၍သွင်းပေးခြင်း (ကန်ရေ၏ရေကြည်နှုန်း ၁၀ - ၁၂ လက်မ၊ pH ၇.၂ - ၈.၅ အတွင်းရှိမရှိစစ်ဆေးပေးရန်)၊ - ရေကြည်နေပါကဓာတ်မြေသြဇာ (သို့) သဘာဝမြေသြဇာနဲနဲစီအကြိမ်ခွဲ၍ထည့်ပေးခြင်း၊ - သြဇာဓာတ်ထည့်ပြီး ၅ ရက်ခန့်အကြာကန်ရေအရည်အသွေး (DO = >5 ppm၊ pH = 7.2 - 8.5၊ ရေကြည် နှုန်း ၁၀ - ၁၂ လက်မအတွင်းရှိကငါးထည့်သွင်းမွေးမြူရန်အသင့်ရှိပြီဖြစ်သည်။
Search function. ကနေ ငါးလို့ရိုက်ရှာပြီး ရှာဖွေဖတ်ရှုကြည့်ပါလားရှင့်
အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ
မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ