အစိမ်းရောင်လမ်း
2,556
လာမည့် ၆ နာရီ မှာ · ပြည်

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Post image
You
လာမည့် ၆ နာရီ မှာ · ညောင်ရွှေ

ဘာမြေသြဇာ ကျွေးရမလည်းဗျ

Post image
You
1,565
လွန်ခဲ့သော ၅ နာရီ က · အုတ်ဖို

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Post image
Post image
Post image
အတည်ပြုပြီး 314,132 လွန်ခဲ့သော ၅ နာရီ က

မွှားပင့်ကူနီဟာ အိမ်တွင်းအလှစိုက်အပင်တွေမှာ ကျရောက်တတ်ပြီး ကာကွယ်နှိမ်နင်းဖို့ ခက်ခဲပါတယ်။ ၎င်းတို့ဟာ အပင်တွေပေါ်မှာနေထိုင်ပြီး အရွက်ကနေတစ်ဆင့် အပင်ရည်ကို စုပ်ယူစားသောက်ကြပါတယ်။ မွှားပင့်ကူနီကျရောက်ခြင်းရဲ့ ထင်ရှားတဲ့ လက္ခဏာကတော့ အရွက်တွေမှာ အညိုရောင် အစက်အပြောက်များနဲ့ ခြစ်ရာများကို တွေ့ရမှာ ဖြစ်ပါတယ်။ မွှားပင့်ကူနီဟာ ရေနဲ့ စိုထိုင်းဆများတာကို မကြိုက်တဲ့အတွက် ရေလောင်းပေးနိုင်ပါတယ်။ နေ့တိုင်းရေမလောင်းရင်တောင်မှ စိုထိုင်းဆရှိနေဖို့အတွက် ရေဖျန်းတဲ့ဗူး (ညှစ်တဲ့ဗူး) နဲ့ အပင်နဲ့ အပင်ပတ်ဝန်းကျင်ကို နေ့တိုင်းဖျန်းပေးသင့်ပါတယ်။ ဓာတုနည်းနဲ့ဆိုရင်တော့ ပိုးစေးနဲမှာ မျှဝေခဲ့သလိုပဲ သဘာဝဖက်တီးအက်စစ် (natural fatty acid) (သို့မဟုတ်) ဆာဖက်တန့် (surfactant) ပါဝင်တဲ့ ဆေးတွေအသုံးပြုနိုင်ပါတယ်။ https://greenwaymyanmar.com/articles/%E1%80%95%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%BD%E1%80%BE%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%AC%E1%80%82%E1%80%AB/pest_on_houseplants

You
ဖြေလည်သော အဖြေရရှိပြီး
14
လွန်ခဲ့သော ၈ နာရီ က · ဝက်လက်

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

261,267 လွန်ခဲ့သော ၂ နာရီ က
ဤအဖြေဖြင့် ပြေလည်

ရွှေဘိုပေါ်ဆန်းသက်နုမျိုးစပါးကို ရမယ်ဆိုရင် ဩဂုတ်လထဲပျိုးထောင်ပြီး စိုက်မယ်ဆိုရင် ရပါသေးတယ်ခင်ဗျာ

You
30
လွန်ခဲ့သော ၁၀ နာရီ က · တံတားဦး

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

1,565 လွန်ခဲ့သော ၉ နာရီ က

ဒီစာအုပ်သာ ဖတ် ပြီးရင် အစိမ်း‌ေရာင်လမ်းမှာ ပြန်လာမေး မျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်ပုံနည်းလမ်း

You
39
လွန်ခဲ့သော ၁၁ နာရီ က · ရွာငံ

ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး

39 လွန်ခဲ့သော ၁၀ နာရီ က

ကျေးဇူးပါဆရာ

အတည်ပြုပြီး 314,132 လွန်ခဲ့သော ၁၀ နာရီ က

မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့နေတဲ့ လက္ခဏာပြရင်တော့ ထည့်လို့ရပါတယ်။ ရွက်ကြောတွေပဲ စိမ်းနေပြီး အရွက်က ဝါနေတဲ့ လက္ခဏာပါ။ ဒီလိုလက္ခဏာပြနေမယ် ဒါမှမဟုတ် မြေကြီးစစ်ဆေးလိုက်လို့ မဂ္ဂနီဆီယမ်ဓာတ်နည်းနေမယ်ဆိုရင် ထည့်နိုင်ပါတယ်။ မြေကြီးထဲကို ထည့်လို့ရသလို ရွက်ဖျန်းအနေနဲ့လည်း ထည့်နိုင်ပါတယ်။ သူက အများလို အဟာရဓာတ်ထဲမပါတဲ့အတွက် မများကြီးထည့်စရာမလိုပါဘူး။ ရေ ၄ ဂါလံပုံးတစ်ပုံးကို ဟင်းစားဇွန်း ၂ ဇွန်းမှ ၄ ဇွန်းခန့် ထည့်ဖျန်းနိုင်ပါတယ်။ အပင်ခြေမှာ ထည့်မယ်ဆိုရင်တော့ တစ်ပင်ကို ဟင်းစားဇွန်း တစ်ဇွန်းလောက်ထည့်ပေးနိုင်ပါတယ်။​ မြေကြီးက အစိုဓာတ်ရှိနေရပါမယ်။ မလိုအပ်ဘဲ အများကြီးထည့်လိုက်ရင်တော့ အခြားလိုအပ်တဲ့ အဟာရတွေဖြစ်တဲ့ ကယ်ဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေကို အပင်က မရယူနိုင်အောင် ပိတ်ပင်ပစ်နိုင်ပါတယ်။

You
323
လွန်ခဲ့သော ၁၆ နာရီ က · ဘားအံ

ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ

Post image
323 လာမည့် ၄ နာရီ မှာ

အနီရောင်ပိုးသေးသေးလေးတွေ ပြေးနေတာတွေ့လို့ဘာဆေးဖြန်းရမလဲ

1,565 လွန်ခဲ့သော ၉ နာရီ က

ဆေးလောင်တာ

You
323
လွန်ခဲ့သော ၁၆ နာရီ က · ဘားအံ

အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ

Post image
Post image
Post image
အတည်ပြုပြီး 314,132 လွန်ခဲ့သော ၁၀ နာရီ က

အခုပုံစံမျိုးပါ။ ဆေးရည်တွေက အရွက်ဖျားတွေမှာ သွားအိုင်နေပြီး ပြင်းအားများသွားတာကြောင့် အပင်လောင်သွားတာပါ။

323 လွန်ခဲ့သော ၁၂ နာရီ က

အားဆေးနဲ့မိုသတ်ဆေး လောင်ရင်ဘယ်လိုပုံစံဖြစ်လဲဗျာ

You
101
လွန်ခဲ့သော ၁၈ နာရီ က · မြောင်းမြ

ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""

Post image
Post image
1,565 လွန်ခဲ့သော ၉ နာရီ က

မိုးတွင်းမှာတော့အမိုးကာကို လျော့သင့်တယ်

အတည်ပြုပြီး 314,132 လွန်ခဲ့သော ၁၃ နာရီ က

ကွမ်းမှာ ရောဂါဝင်တာတွေရဲ့ အဓိက အကြောင်းအရင်းက မြေကြီးအစိုဓာတ်မြင့်ရာကနေ စတယ်လို့ ပြောလို့ရပါတယ်။ စိမ့်မြောင်းတူးထားပြီး အစိုဓာတ်များနေသေးရင် စိမ့်မြောင်းကို ထပ်ပြီး နက်နက်လေး တူးပေးပါ။ ကွမ်းဘောင်ရဲ့ အောက် အနက် ၁ပေခွဲကနေ ၂ ပေလောက်ထိ တူးပေးပါ။ ပြီးရင် ရေနှုတ်မြောင်းတွေ သေချာအောင် စစ်ပြီး ပြုပြင်ပေးပါ။ ကွမ်းပင်ခြေကို ထရိုင်ကိုဒါးမားပါတဲ့ သဘာဝမြေဩဇာတို့ ဖွဲပြာတို့ ထည့်ပြီး ဘောင်လုံးပြီး မြေမြှင့်ပေးပါ။

You
32
လွန်ခဲ့သော ၁၈ နာရီ က · ပုသိမ်ကြီး

စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှု‌နေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အ‌ပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး

အတည်ပြုပြီး 314,132 လွန်ခဲ့သော ၁၄ နာရီ က

အအေးကာလရောက်လာတဲ့အချိန် မြေကြီးအပူဓာတ်ရနေအောင်ဆိုရင် မြေကြီးကို မြေဖုံးပေးခြင်း (Mulching) လုပ်ပေးပါ။ ဒါက အပူဓာတ်ကို ထိန်းပေးရာလည်းရောက်ပါတယ်။ အေးတဲ့ကာလတွေမှာ ရေလောင်းခြင်းကို ညနေပိုင်းမှာ လုပ်တာထက် မနက်ပိုင်းတွေမှာ ပြောင်းလဲလုပ်ဆောင်ပါ။ မြေကြီးထဲမှာရှိတဲ့ အဏုဇီဝတွေ အသက်ဝင်နေအောင် သဘာဝမြေသြဇာများ ထည့်သွင်းပေးပါ။ နောက် အမြစ်ရဲ့ ကြံခိုင်သန်စွမ်းမှုရှိနေအောင် Pနဲ့ K အချိုးမြင့်တဲ့ အဟာရများ ထည့်ပေးပါ။

You
13
လွန်ခဲ့သော ၁၉ နာရီ က · ကျောင်းကုန်း

ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ

အတည်ပြုပြီး 314,132 လွန်ခဲ့သော ၁၄ နာရီ က
အတည်ပြုပြီး 314,132 လွန်ခဲ့သော ၁၅ နာရီ က

ခေါင်းစဉ်တွေကို နှိပ်ပြီး လေ့လာလို့ရပါတယ်ဗျ။ ဂျပ်စက္ကူဖြင့် ကောက်ရိုးမှို စိုက်ပျိုးနည်း | ကောက်ရိုးမှိုကို ငှက်ပျောရွက်ခြောက်ဖြင့်စိုက်ပျိုးနည်း | ကောက်ရိုးမှိုကို ကျင်းဖြင့် စိုက်ပျိုးနည်း | ကောက်ရိုးမှိုစိုက်ပျိုးနည်း | ကောက်ရိုးမှို စီးပွားဖြစ်စိုက်ပျိုးတော့မယ်ဆိုရင် ဘာတွေ အထူးပြုလေ့လာထားသင့်လဲ...?

You
414
လွန်ခဲ့သော ၂၀ နာရီ က · ပေါင်းတည်

ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာ‌တွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ

414 လွန်ခဲ့သော ၁၉ မိနစ် က

စိုက်ပျိုးချိန်ဘယ်အချိန်အကောင်းဆုံးလဲဗျ ရေသွင်းပေးရတယ်ဆိုကောဟုတ်လားဆရာ

အတည်ပြုပြီး 314,132 လွန်ခဲ့သော ၁၅ နာရီ က

ဟုတ်စိုက်လို့ရပါတယ်ဗျ။ ဧရာဝတီဘက်မှာလည်း ဒီလိုနည်းနဲ့ စိုက်ကြပါတယ်။ စပါးမရိတ်ခင် ၁-၂ ပတ်စောပြီး စိုက်လည်းရပါတယ်။ ခုတ်ဖုံးစနစ်လို့ ခေါ်ကြပါတယ်။

You
90
လွန်ခဲ့သော ၂၂ နာရီ က · မိုးမိတ်

ဘယ်လိုလုပ်ရမလဲခင်ဗျ

Post image
အတည်ပြုပြီး 1,098,186 လွန်ခဲ့သော ၂၀ နာရီ က

စပါးပင်ခြေပုပ်/Stem rot (Sclerotium oryzae )သို့မဟုတ် sheath blight ဖြစ်နိုင်ပါတယ်။ ရေထုတ်ပါ။ပိုတက်စီယံမြေဩဇာကျွေးပါ။azoxystrobin+difenoconazole ဖျန်းပါ။

You
22
လွန်ခဲ့သော ၂၃ နာရီ က · လယ်ဝေး

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

Post image
အတည်ပြုပြီး 1,098,186 လွန်ခဲ့သော ၂၀ နာရီ က

အစိမ်းရောင်လမ်း၊စိုက်ပျိုးရေးနည်းပညာ ဆောင်းပါးတွေ များများဖတ်ပေးပါကမျာ့။သိချင်တာတွေကို အချိန်မရွေး မေးနိုင်ပါတယ်။စိတ်ရှည်၊လက်ရှည် ဖြေပေးနေပါတယ် ကမျာ။

You
ဖြေလည်သော အဖြေရရှိပြီး
26
လွန်ခဲ့သော ၁ ရက် က · ပေါင်

မွန်ပြည်နယ်မုတ္တမတွင်ငါမွေးမည်ဆိုပါကဘယ်ငါးအမျိုးစားကအသင့်တော်ဆုံးလဲဘယ်ငါးအမျိုးစားကဈေးပိုကောင်းလဲဈေးကွက်ကိုရောဘယ်လိုရောင်းရလဲ

1,565 လွန်ခဲ့သော ၁၅ နာရီ က
ဤအဖြေဖြင့် ပြေလည်

ကကတစ်၊ ငါးမြင်း၊ တီလားပီးယား

26 လွန်ခဲ့သော ၁၅ နာရီ က

ဈေးကွက်ကရော

You
Question image

မေးခွန်း

ဖြေလည်သော အဖြေရရှိပြီး
298
လွန်ခဲ့သော ၁၁ လ က · စဉ့်ကိုင်

ကိုဘော့(Co)၊မိုလစ်ဒီနန်(Mo )၊ကာဗွန်(C)၊ဟိုက်ဒရိုဂျင်(H)၊အောက်ဆီဂျင်(O)တို့ရဲ့အကျိုးအာနိသက်ကိုလည်းသိချင်ပါတယ်။

အပင်အာဟာရဓာတ်များ
261,267 လွန်ခဲ့သော ၁၁ လ က
ဤအဖြေဖြင့် ပြေလည်

☑ကာဗွန်(C)၊အောက်စီဂျင်(O)၊ဟိုက်ဒရိုဂျင်(H)☑ ကာဗွန်၊အောက်စီဂျင်နှင့် ဟိုက်ဒရိုဂျင်တို့သည့် အာဟာရများထဲတွင် အများဆုံးလိုအပ်သည့် အာဟာရများဖြစ်သည်။လေထဲရှိ ကာဗွန်ဒိုင်ဆိုက်ကို အပင်အရွက်အောက်မျက်နှာပြင်ရှိ လေရှူပေါက်ကလေးများဖြင့် စုပ်ယူပြီး အမြစ်က စုပ်ယူရရှိသည့် ရေ(ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်တို့ဖြင့် ပေါင်းစပ်ထားသော)နှင့် ပေါင်းစပ်ကာ နေရောင်ခြည်စွမ်အင်ကို အသုံးပြု၍ အစာချက်ခြင်းဖြစ်စဉ်ကို ဆောင်ရွက်ကြရသည်။ဤဖြစ်စဉ်ကို အလင်းမှီအစာချက်ခြင်းဖြစ်စဉ်(Photosynthesis) ဟု ခေါ်ဆိုပေသည်။ဤတွင် အပင်အတွက် သကြားဓာတ်၊ကဆီဓာတ်တို့ဖြစ်သော ကာဗွန်ဟိုက်ဒရိတ်ကို ရရှိပြီး ၎င်းသည် အပင်ဆဲလ်သစ်များကို ဖြစ်ပေါ်စေခြင်း၊ဆဲလ်ကွဲပွားမှုကို ဖြစ်ပေါ်စေခြင်းတို့ဖြင့် အပင်၏ အရွက်သစ်၊အကိုင်းသစ်၊အမြစ်သစ်များကို ဖြစ်ပေါ်စေကာ အပင်ကြီးထွားစေပါတော့သည်။ထို့ကြောင့် ထိုဓာတ်စဉ် (၃)များသည် အပင်ခန္ဓာဖွဲ့စည်းတည်ဆောက်ရာတွင် အလွန်အရေးပါပြီး များစွာလိုအပ်သည့် အတွက် ဖွဲ့စည်းပုံအရလိုအပ်သော ဓာတ်စင်များ(Structural Elelents)ဟုလည်း ခေါ်ဆိုကြပေသည်။အပင်တစ်ပင်ကို ကာဗွန်-၄၅ရာခိုင်နှုန်း၊‌အောက်စီဂျင်-၄၅ရာခိုင်နှုန်း၊ဟိုက်ထရိုဂျင်-၆ရာခိုင်နှုန်းခန့်ဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ကျန်အာဟာရများမှာ ၄လောက်ပင်ရှိပေသည်။

261,267 လွန်ခဲ့သော ၁၁ လ က

မိုလစ်ဒီနန်(Mo) မိုလစ်ဒီနန်ဓာတ်သည် အပင်ကို ကျန်းမာသန်စွမ်းစေပြီး နိုင်ထရိုဂျင်ဓာတ်စုပ်ယူရာတွင် လည်းကောင်း၊အပင်မှ တိုက်ရိုက်စားသုံး၍မရသည့် နိုက်ထရိုဂျင်ဓာတ်ပုံစံများကို စုပ်ယူစားသုံးနိုင်စေရန်လည်းကောင်း ကူညီထောက်ပံ့ပေးပါသည်။အပင်အတွင်း လွယ်ကူစွာ ရွေ့လျားသွားလာမှု မပြုနိုင်သောကြောင့် ချို့တဲ့မှု ဖြစ်ပေါ်လာပါက အပင်ထိပ်ပိုင်းရှိ စိမ်းဝါရောင်အရာင် များမှ အဝါရောင်အရွက်များသို့ ပြောင်းလဲစေပါသည်။

261,267 လွန်ခဲ့သော ၁၁ လ က

ကိုဘော့(Co ) ကိုဘော့ဓာတ်သည် အင်ဇိုင်းတည်ဆောက်ခြင်းတွင် မရှိမဖြစ်လိုအပ်လှပြီး အပင်ကြီးထွားမှုနှင့် ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေပါသည်။

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။