အစိမ်းရောင်လမ်း
2
လွန်ခဲ့သော ၁ နာရီ က · မြစ်သား

ဖျန်းဆေးတွေမှာစီစီနဲ့ဧကတွက်နည်းသိခြင်လို့ပါ ဥပမာ600cc800ဧက

You
လွန်ခဲ့သော ၁ နာရီ က · ဘုတလင်

ဘိလပ် ဘယ်အချိန် စိုက်သင့်လည်းဗျ

You
လွန်ခဲ့သော ၁ နာရီ က · သဲကုန်း

စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ

You
ဖြေလည်သော အဖြေရရှိပြီး
333
လွန်ခဲ့သော ၃ နာရီ က · ဝေါ

အမေရိကန်နည်းပညာဖြင့် ထိုင်းနိုင်ငံထုတ် အော်ဂဲနစ် သီးနှံမျိုးစုံအတွက် တောင်သူလယ်သမားကြီးများ ကုန်ကျစရိတ်သက်သာ အထွက်နှုန်းတိုး မှိုကင်းစင် အရွက်ဝါ အဖျက်ပိုးအန္တရာယ်များကို သိသာစွာကာကွယ်ပေးသည် သီးနှံ အစေ့အဆံများ သိသာစွာ တိုးတက်လာပါလိုက်မည် မှာယူလို့ပါက-☎️🇲🇲09787471142

Post image
အတည်ပြုပြီး 316,339 လွန်ခဲ့သော ၂ နာရီ က
ဤအဖြေဖြင့် ပြေလည်

အရောင်းအဝယ်အတွက်ဆို ဈေးတန်းကြီးမှာ တင်တာ သို့မဟုတ် ဆိုင်ဖွင့်တာမျိုးသာ လုပ်ပေးဗျ။ အမေးအဖြေကဏ္ဍက စိုက်ပျိုးနည်းပညာတွေ မေးမြန်းဆွေးနွေးတဲ့ နေရာဖြစ်ပါတယ်ဗျ။

You
422
လွန်ခဲ့သော ၄ နာရီ က · မိတ္ထီလာ

စပါး

Post image
333 လွန်ခဲ့သော ၃ နာရီ က

ဒီဆေးက စပါးအတွက်အရမ်းကောင်းပါတယ် ကိုယ်တိုင်အသုံးပြုဘူးသူမို့ စပါးလည်းအထွက်နှုန်းတိုးပါတယ် ကုန်ကျစရိတ်လည်းအရမ်းသက်သာပါတယ် မှာယူလို့ပါက 09787471141

You
ဖြေလည်သော အဖြေရရှိပြီး
92
လွန်ခဲ့သော ၅ နာရီ က · လက်ပံတန်း

ကျွန်တော်စိုက်ခင်းမှာ အဓိက ဘူး၊ရွှေဖရုံ၊ကျောက်ဖရုံစိုက်ပါတယ်။ သီးလာတဲ့ အသီးတွေကြတော့ ပျားကိုက်လို့ ပုက်ကုန်ပါတယ်။ဒီပြဿနာကို ဖြေရှင်းလို့ရမည့်နည်း သိချင်ပါတယ်။ ပညာရှင်အားလုံးကို လေးစားပါတယ်။

Post image
အတည်ပြုပြီး 1,099,829 လွန်ခဲ့သော ၅ နာရီ က
ဤအဖြေဖြင့် ပြေလည်

ပျားကိုက်လို့ မဖြစ်နိုင်ပါ။သီးထိုးယင်ကြောင့်အပေါက်မှတဆင့် မိုးရေဝင်ပြီးပုပ်နိုင်ပါတယ်။ သီးကင်းလေးတွေ အ‌ေအာင်ပြီ ဆိုတာနဲ့ အိတ်စွတ်ပေးနိာင်ရင်ကောင်းပါလိမ့်မယ်။ အသီးကြီးလာရင် အိတ်ကြီးပြောင်းစွပ်ပါ။

You
ဖြေလည်သော အဖြေရရှိပြီး
92
လွန်ခဲ့သော ၅ နာရီ က · လက်ပံတန်း

ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။

Post image
အတည်ပြုပြီး 1,099,829 လွန်ခဲ့သော ၅ နာရီ က
ဤအဖြေဖြင့် ပြေလည်

မှန်ပါတယ်။အပင်သန်ရင်သန်သလို၊အောက်ရွက်များရင်များသလို၊ အောက်ခြေရှင်းပေးသင့်ပါတယ်။

You
30
လွန်ခဲ့သော ၁၈ နာရီ က · ရွှေတောင်

ကရင်မရာသီစပါး မြေဩဇာကျွေးနည်းနဲ့ရေသွင်းရေထုတ်ပြုလုပ်နည်းလေးသိပါရစေ

263,167 လွန်ခဲ့သော ၉ နာရီ က

ကရင်မရာသီစပါး အောင်မြင်ဖြစ်ထွန်းရန် မြေဩဇာကျွေးခြင်းကို အောက်ခံအဖြစ် တီစူပါနှင့် ပိုတက်ရှ်ဓာတ်ကို နောက်ဆုံးထွန်တုံးရိုက်ချိန်တွင် စတင်ထည့်သွင်းရမည်ဖြစ်ပြီး၊ အပင်ပွားချိန်နှင့် ဖုံးလုံးချိန်များတွင် ယူရီးယားဓာတ်ကို အကြိမ်ကြိမ်ခွဲ၍ စနစ်တကျ ကျွေးရပါမယ်။ ရေသွင်းရေထုတ်ပိုင်းတွင် စပါးစိုက်စနှင့် ပင်ပွားထွက်ချိန်၌ ရေကို အနည်းငယ်သာ (၁-၂ လက်မ) ထားရှိပြီး၊ ပင်ပွားစုံချိန်တွင် လေဝင်လေထွက်ကောင်းစေရန် လယ်ကွက်ကို ၄-၅ ရက်ခန့် ခန်းခြောက်အောင် ရေထုတ်ပေးရပါမည်။ စပါးပင် မှို့ကပ်ချိန်မှ ပန်းပွင့်ချိန်အထိ ရေအပြည့်အဝသွင်းပေးကာ၊ စပါးအနှံများ ရင့်မှည့်လာချိန် (မရိတ်သိမ်းမီ ၁၀-၁၄ ရက်အလို) တွင် အပင်ယိုင်လဲမှုကို ကာကွယ်ရန် လယ်ကွက်အတွင်းရှိ ရေများကို အကုန်အစင် ဖောက်ထုတ်ပေးရပါမယ်။

အတည်ပြုပြီး 316,339 လွန်ခဲ့သော ၁၆ နာရီ က

ရာသီစပါးတွေက ဓာတ်မြေသြဇာကို တုန့်ပြန်မှုက အားနည်းတာကြောင့် အတွက်တိုးစပါးတွေလို မြင်သာတဲ့အထွက်ပိုလာတာမျိုး ဖြစ်မှာမဟုတ်ပါဘူး။ အဲဒီအစား မြေကြီးရဲ့ ဖွဲ့စည်းပုံကို ပိုကောင်းအောင်ရယ် အဟာရဓာတ်စုံစုံလင်လင်ရဖို့နဲ့ အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်ဖို့ သဘာဝမြေသြဇာကို ဦးစားပေးပြီး ထည့်စေချင်ပါတယ်ဗျ။

You
20
လွန်ခဲ့သော ၁၈ နာရီ က · ဟင်္သာတ

အခုမှဥကြက်စမွေးမှာမို့ဘာတွေလိုအပ်ပါဗျ

အတည်ပြုပြီး 316,339 လွန်ခဲ့သော ၁၆ နာရီ က

အသားတိုးကြက်လား ဥစားအတွက်လားဗျ? အစိမ်းရောင်လမ်းမှာ ကြက်မွေးမြူရေးနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေအများကြီး တင်ထားတာမို့ လေ့လာနိုင်ပါတယ်ဗျ။

You
327
လွန်ခဲ့သော ၁၈ နာရီ က · ဆိပ်ဖြူ

Black Gold

အတည်ပြုပြီး 316,339 လွန်ခဲ့သော ၁၇ နာရီ က

စိုက်ပျိုးရေးမှာတော့ ရွှေနက်ကို ဘိုင်အိုချား (မီးသွေး) ကို ခေါ်ဆိုကြပါတယ်။ သူက အဟာရဓာတ်ကြွယ်ဝသလို မြေကြီးကို ပြန်လည်ကေင်းမွန်စေတယ်။ အစိုဓာတ်ကိုလည်း ထိန်းထားပေးနိုင်ပါတယ်။ လာမယ့်နှစ် အယ်နီညိုရာသီဥတုအတွက် မဖြစ်မနေသုံးစွဲသင့်ပါတယ်။

You
365
လွန်ခဲ့သော ၂၁ နာရီ က · ကျုံပျော်

8-လပိုင်း 2026 စပါးအစို/အခြောက်ဈေးလေးသိပါရစေခဗျ။🙏

Post image
97 လွန်ခဲ့သော ၂၀ နာရီ က

ရက် ၉၀ စပါး ပင်ပွားချိန် နဲ့ မှို့ကပ်ချိန် သိချင်လို့ပါ

365 လွန်ခဲ့သော ၂၁ နာရီ က

🙏🙏🙏

You
28
လွန်ခဲ့သော ၂၁ နာရီ က · မန်စီ

နို့ခွဲ​ပြိီး 3 ပတ်မှာ နို့အုံရောင်လာတာ ဘာကြေင့်လဲ?

Post image
2,149 လွန်ခဲ့သော ၂၁ နာရီ က

ပိုးဝင်တဲ့ လက္ခဏာလိုမျိုးပါ။ အပြာရောင်/အစိမ်းရောင်က သွေးကြာတွေ ပြတ်တာမျိုးလို့ ယူဆပါတယ်။ တကယ်အနာနဲ့ဆေးတည့်ဖို့ကတော့ တိဆရာဝန် ခေါ်ပြတာမျိုးလိုအပ်ပါတယ်။

You
39
လွန်ခဲ့သော ၁ ရက် က · ကမာရွတ်

ဒူးရင်းအပင်ငယ်တွေနဲ့ပတ်သက်ပြီးလိုအပ်တဲ့ဆေးဝါးတွေဘယ်မှာဝယ်ယူလို့ရမလဲသိရင်ညွှန်းပေးကြပါဦးခင်ဗျာ မုဒုံကယိုးဒယားဆေးတွေမှာတာ ကျနော်တို့ဘက်တွေပို့ခွင့်မရှိဘူးဆိုလို့ပါ မာလာမြိုင်ကတော့ဝယ်ဖူးပါတယ် ဒါမယ့်ဒူးရင်းအတွက်သီးသန့်ဆေးတွေမရှိလို့ကူညီပေးကြပါဦးခင်ဗျာ

333 လွန်ခဲ့သော ၃ နာရီ က

333 လွန်ခဲ့သော ၁၈ နာရီ က

ကျနော့်မှာထိုင်းနိုင်ငံထုတ်ဆေးတစ်မျိုးရှိပါတယ်။ အပင်အားတိုး‌ေဆးနဲ့အသီးအားတိုးပါ လေတံမိုးဒဏ်ခံနိုင်ခြင်း အသီးများကြွေခြင်းမှကာကွယ်ပေးပါတယ် ပဲခူးမှာမှားယူနိုင်ပါတယ် 09787471142 ကိုထိုက်

You
1,039
လွန်ခဲ့သော ၁ ရက် က · ချောက်

အင်ဇိုင်းအသိးအပွင့်အားဆေးကို.အခုပှစပြီးဖော်ထားခြင်လို့.ငှက်ပြောသိး.1.20သားသဘော်သီး.1.20.စပျစ်သိး.1.20.ထန်းလျက်.3.60သားထဲကို.ကြဥ.15လုံးလောက်ထည့်ရင်ကောင်းနိင်မလားဆရာတို့

1,039 လွန်ခဲ့သော ၁ ရက် က

ဟုတျကဲ့

အတည်ပြုပြီး 316,339 လွန်ခဲ့သော ၁ ရက် က

စပျစ်သီးက ဈေးကြီးပါတယ်။ အရည်ရွှမ်းပြီး ချိုတဲ့အသီးဆိုရင် ရပါပြီဗျ။ အင်ဇိုင်းအသီးအပွင့်အားဆေးရည်ဖော်စပ်နည်း (Fermented Fruit Juice)

You
1,039
လွန်ခဲ့သော ၁ ရက် က · ချောက်

ဥဖြစ်တာကဖြစ်.စွယ်ကထပ်ခြနေလို့..အရင်ဥထားတာကလေးတွေအဆံလေးဖြစ်နေပြီအောင်တော့မအောင်သေးဘူးပေါ့...အရင်ဥထားတာနဲ့နောက်ခြတဲ့အစွယ်ကမှိအောင်လို့.ဘာဆေးဖျန်းရမလဲဗျ...ကျွန်တော်တို့ဆိမှာတော့အဲဆေးဖျန်းကြပါတယ်...အဲဒိဆေးကနောက်အစွယ်ဥကြီးမြန်အောင်လုပ်ပေးတယ်စိုတာဟုတ်လားဆရာတို့..

Post image
1,039 လွန်ခဲ့သော ၁ ရက် က

ဟုတ်ကဲ့...ကျေးဇူးပါခင်ဗျ..

263,167 လွန်ခဲ့သော ၁ ရက် က

ဆေးဘူးခွံပေါ်တွင် ပါဝင်သော အစွမ်းရှိပစ္စည်း Mepiquat Chloride (မီပီကွတ် ကလိုရိုက်) သည် အပင်ကြီးထွားမှုကို ထိန်းညှိပေးသည့် ဟော်မုန်း ( PGR) တစ်မျိုးဖြစ်ပြီး မြေပဲပင်၏ ကိုယ်ထည်ပိုင်း (အရွက်နှင့် ပင်စည်) အလွန်အကျွံ ကြီးထွားမှုကို ဟန့်တားပေးနိုင်ပါတယ်။ပုံပါ "နီယွန်" (Neon) ဆေးသည် အပင်ကြီးထွားမှုကို ထိန်းညှိပေးသည့် Mepiquat Chloride (မီပီကွတ် ကလိုရိုက်) ပါဝင်သောကြောင့်အာဟာရအားလုံးကို မြေအောက်ဥများဆီသို့ အပြည့်အဝ ပို့ဆောင်ပေးခြင်း နောက်ထွက်မည့် မြေပဲဥများကို အောင်မြင်စေရန် ကူညီပေးနိုင်သော ဆေးအမျိုးအစား အမှန်အကန် ဖြစ်ပါတယ်။ ဤဆေးသည် အပင်ကို အပေါ်သို့ အလွန်အကျွံ ရှည်တက်မသွားအောင် ထိန်းချုပ်ပေးပြီး အရွက်နှင့် ပင်စည်ဆီသို့ သွားမည့် အာဟာရဓာတ်များကို မြေအောက်ရှိ မြေပဲဥများဆီသို့ လမ်းကြောင်းပြောင်း စီးဆင်းသွားအောင် တွန်းပို့ပေးပါတယ်။ ထို့ကြောင့် မလိုအပ်ဘဲ ပဲဥအသစ်များ ဆက်တိုက်ထွက်ပြီး ဖျင်းကျန်ရစ်မည့် ဘေးမှ ကာကွယ်ပေးကာ ရှိပြီးသား ပဲဥများကို အစေ့အဆံ ပြည့်ဝပြီး ဥကြီးထွားအောင်မြင်စေပါသည်။ ဆေးဖျန်းရာတွင် မြေစိုဓာတ် အလုံအလောက် ရှိနေရန် လိုအပ်ပြီး ပဲဥပိုမို တင်းထွက်စေရန် ပိုတက်ဆီယမ် ရွက်ဖျန်းမြေဩဇာနှင့် တွဲဖက်ဖျန်းပေးပါက ပိုမိုထိရောက်ပါသည်။နေပြင်းချိန်တွင် မဖြန်းရပါ။ ညနေပိုင်း နေအေးချိန် (ညနေ ၃ နာရီ နောက်ပိုင်း) တွင် အပင်ထိပ်ဖျားပိုင်းများဆီသို့ အဓိကရောက်အောင် သမအောင် ပက်ဖျန်းပေးရပါမယ်။အပင်က အဝါရောင်သန်းပြီး အာဟာရချို့တဲ့နေလျှင် သို့မဟုတ် အပင်သိသိသာသာ တိုညှောက်နေလျှင် ဤဆေးကို ထပ်မံ မဖြန်းသင့်ပါ။ အပင်အဆမတန် မြင့်တက်ပြီး သန်လွန်းနေသော အခင်းများတွင် ဖြန်းရန် ပိုမို သင့်တော်ပါတယ်။မြေပဲခင်းသည် ရေငတ်နေလျှင် သို့မဟုတ် မိုးခေါင်ပြီး မြေခြောက်သွေ့နေလျှင် ဤဆေးကို မဖြန်းရပါ။ ဆေးဖြန်းမည့်အချိန်တွင် မြေစိုဓာတ် အလုံအလောက် ရှိနေရပါမယ်။ တောင်သူဦးကြီး၏ စိုက်ခင်းသည် ပထမတစ်သုတ် ဥတင်နေပြီဖြစ်ပြီး နောက်ထပ် ပဲဥအသစ်များ ဆက်လိုက်နေသော အခြေအနေမျိုး (ဥစုံ၊ ပန်းစုံချိန်) တွင် ဖြန်းပေးရန် အကောင်းဆုံး ဖြစ်ပါတယ်ခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မေးခွန်း

လွန်ခဲ့သော ၁ နာရီ က · သဲကုန်း

စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။