အစိမ်းရောင်လမ်း
620
လွန်ခဲ့သော ၄၄ မိနစ် က · ပင်းတယ

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

Post image
You
395
လွန်ခဲ့သော ၁ နာရီ က · မကွေး

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Post image
အတည်ပြုပြီး 316,355 လွန်ခဲ့သော ၄၇ မိနစ် က

အမိုင်နိုအက်စစ်က အပင်အတွက် အဟာရအပြင် ဇီဝကမ္မဖြစ်စဉ်တွေအတွက်ပါ အထောက်ကူပြုတာကြောင့် ၂ ပတ်တစ်ကြိမ် ပုံမှန် ဖျန်းပေးနိုင်ပါတယ်။

You
356
လွန်ခဲ့သော ၂ နာရီ က · ဘားအံ

အရွက်ကဘာဖြစ်လို့ဝါတာလဲ

Post image
Post image
You
356
လွန်ခဲ့သော ၂ နာရီ က · ဘားအံ

ငရုတ်ပင်အရွက်ဝါတာဘာဖြစ်လို့လဲ

Post image
Post image
Post image
အတည်ပြုပြီး 316,355 လွန်ခဲ့သော ၃၈ မိနစ် က

အပေါ်ရွက်တွေ စိမ်းပြီး အောက်ရွက်တွေ ဝါတာက အဟာရချို့တဲ့တာ ဒါမဟုတ် မြေချဉ်ငန်မမျှလို့ အဟာရမစုပ်ဘူနိုင်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆားခါးကို လက်ဖက်ရည်ဇွန်း ၁ ဇွန် ရေ ၁ လီတာနှုန်းနဲ့ ဖျော်ပြီး အရွက်တွေ ဖျန်းကြည့်ပေးပါဗျ။ ဆားခါးကို အပင်အတွက်ဘယ်လိုအသုံးချကြမလဲ?

You
10
လွန်ခဲ့သော ၆ နာရီ က · မြစ်သား

ဖျန်းဆေးတွေမှာစီစီနဲ့ဧကတွက်နည်းသိခြင်လို့ပါ ဥပမာ600cc800ဧက

အတည်ပြုပြီး 316,355 လွန်ခဲ့သော ၂ နာရီ က

မေးခွန်းလေးက ကောင်းပါတယ်။ ဥပမာ ဆေးတစ်ခုက ၁ ဧကကို ၈၀ စီစီ ဖျန်းရမယ်လို့ ပြောထားရင် ကိုယ့်စိုက်ခင်းက ၁ ဧက နဲ့ ဒသမ ၂၀ ရှိတယ်ဆိုရင် ၈၀ စီစီ X ၁.၂၀ = ၉၆ စီစီ သုံးဖို့လိုပါတယ်။ နောက်တစ်ခုက ၁ ဧကမှာ ၈၀ စီစီဆိုတာ ၁ ဧကလုံးစာ ဖြစ်ပြီး တစ်ပုံးမှာ ထည့်ရမယ့် ပမာဏ မဟုတ်ပါဘူး။ ဒါအတွက်ပြန်တွက်ဖို့ လိုပါသေးတယ်။ ၁ ဧကကို ဆေးဖျန်းပုံး ၄ ပုံးဖျန်းမယ်ဆိုရင် ၈၀ စီစီကို ၄ နဲ့ ပြန်စားရပါမယ်။ အဲဒါကြောင့် ဆေးဖျန်းပုံး တစ်ပုံးမှာ ၂၀ စီစီ ထည့်ပေးရပါမယ်။

You
4
လွန်ခဲ့သော ၆ နာရီ က · ဘုတလင်

ဘိလပ် ဘယ်အချိန် စိုက်သင့်လည်းဗျ

390 လွန်ခဲ့သော ၂ နာရီ က

ဘိလပ်ဆိုတာ ဘာကိုပြောတာလဲ?

You
4
လွန်ခဲ့သော ၆ နာရီ က · သဲကုန်း

စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ

2,149 လွန်ခဲ့သော ၅၄ မိနစ် က

အခု Green Way မှာ ကြော်ငြာတက်နေတဲ့ ဘီယောင်း ကောင်းတယ်။

You
ဖြေလည်သော အဖြေရရှိပြီး
348
လွန်ခဲ့သော ၇ နာရီ က · ဝေါ

အမေရိကန်နည်းပညာဖြင့် ထိုင်းနိုင်ငံထုတ် အော်ဂဲနစ် သီးနှံမျိုးစုံအတွက် တောင်သူလယ်သမားကြီးများ ကုန်ကျစရိတ်သက်သာ အထွက်နှုန်းတိုး မှိုကင်းစင် အရွက်ဝါ အဖျက်ပိုးအန္တရာယ်များကို သိသာစွာကာကွယ်ပေးသည် သီးနှံ အစေ့အဆံများ သိသာစွာ တိုးတက်လာပါလိုက်မည် မှာယူလို့ပါက-☎️🇲🇲09787471142

Post image
အတည်ပြုပြီး 316,355 လွန်ခဲ့သော ၇ နာရီ က
ဤအဖြေဖြင့် ပြေလည်

အရောင်းအဝယ်အတွက်ဆို ဈေးတန်းကြီးမှာ တင်တာ သို့မဟုတ် ဆိုင်ဖွင့်တာမျိုးသာ လုပ်ပေးဗျ။ အမေးအဖြေကဏ္ဍက စိုက်ပျိုးနည်းပညာတွေ မေးမြန်းဆွေးနွေးတဲ့ နေရာဖြစ်ပါတယ်ဗျ။

58 လွန်ခဲ့သော ၄ နာရီ က

ဘယ်လောက်လဲဗျ

You
426
လွန်ခဲ့သော ၈ နာရီ က · မိတ္ထီလာ

စပါး

Post image
2,149 လွန်ခဲ့သော ၅ မိနစ် က

အမြစ်ပုပ်တာ။ ရေတွေရော နီနေသေးလား? ရေထုတ်ပြီး ကျောက်မှုန့်ပင်ပေးပါ။

348 လွန်ခဲ့သော ၈ နာရီ က

ဒီဆေးက စပါးအတွက်အရမ်းကောင်းပါတယ် ကိုယ်တိုင်အသုံးပြုဘူးသူမို့ စပါးလည်းအထွက်နှုန်းတိုးပါတယ် ကုန်ကျစရိတ်လည်းအရမ်းသက်သာပါတယ် မှာယူလို့ပါက 09787471141

You
ဖြေလည်သော အဖြေရရှိပြီး
98
လွန်ခဲ့သော ၁၀ နာရီ က · လက်ပံတန်း

ကျွန်တော်စိုက်ခင်းမှာ အဓိက ဘူး၊ရွှေဖရုံ၊ကျောက်ဖရုံစိုက်ပါတယ်။ သီးလာတဲ့ အသီးတွေကြတော့ ပျားကိုက်လို့ ပုက်ကုန်ပါတယ်။ဒီပြဿနာကို ဖြေရှင်းလို့ရမည့်နည်း သိချင်ပါတယ်။ ပညာရှင်အားလုံးကို လေးစားပါတယ်။

Post image
အတည်ပြုပြီး 1,099,837 လွန်ခဲ့သော ၁၀ နာရီ က
ဤအဖြေဖြင့် ပြေလည်

ပျားကိုက်လို့ မဖြစ်နိုင်ပါ။သီးထိုးယင်ကြောင့်အပေါက်မှတဆင့် မိုးရေဝင်ပြီးပုပ်နိုင်ပါတယ်။ သီးကင်းလေးတွေ အ‌ေအာင်ပြီ ဆိုတာနဲ့ အိတ်စွတ်ပေးနိာင်ရင်ကောင်းပါလိမ့်မယ်။ အသီးကြီးလာရင် အိတ်ကြီးပြောင်းစွပ်ပါ။

You
ဖြေလည်သော အဖြေရရှိပြီး
98
လွန်ခဲ့သော ၁၀ နာရီ က · လက်ပံတန်း

ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။

Post image
အတည်ပြုပြီး 1,099,837 လွန်ခဲ့သော ၁၀ နာရီ က
ဤအဖြေဖြင့် ပြေလည်

မှန်ပါတယ်။အပင်သန်ရင်သန်သလို၊အောက်ရွက်များရင်များသလို၊ အောက်ခြေရှင်းပေးသင့်ပါတယ်။

You
30
လွန်ခဲ့သော ၂၂ နာရီ က · ရွှေတောင်

ကရင်မရာသီစပါး မြေဩဇာကျွေးနည်းနဲ့ရေသွင်းရေထုတ်ပြုလုပ်နည်းလေးသိပါရစေ

263,169 လွန်ခဲ့သော ၁၃ နာရီ က

ကရင်မရာသီစပါး အောင်မြင်ဖြစ်ထွန်းရန် မြေဩဇာကျွေးခြင်းကို အောက်ခံအဖြစ် တီစူပါနှင့် ပိုတက်ရှ်ဓာတ်ကို နောက်ဆုံးထွန်တုံးရိုက်ချိန်တွင် စတင်ထည့်သွင်းရမည်ဖြစ်ပြီး၊ အပင်ပွားချိန်နှင့် ဖုံးလုံးချိန်များတွင် ယူရီးယားဓာတ်ကို အကြိမ်ကြိမ်ခွဲ၍ စနစ်တကျ ကျွေးရပါမယ်။ ရေသွင်းရေထုတ်ပိုင်းတွင် စပါးစိုက်စနှင့် ပင်ပွားထွက်ချိန်၌ ရေကို အနည်းငယ်သာ (၁-၂ လက်မ) ထားရှိပြီး၊ ပင်ပွားစုံချိန်တွင် လေဝင်လေထွက်ကောင်းစေရန် လယ်ကွက်ကို ၄-၅ ရက်ခန့် ခန်းခြောက်အောင် ရေထုတ်ပေးရပါမည်။ စပါးပင် မှို့ကပ်ချိန်မှ ပန်းပွင့်ချိန်အထိ ရေအပြည့်အဝသွင်းပေးကာ၊ စပါးအနှံများ ရင့်မှည့်လာချိန် (မရိတ်သိမ်းမီ ၁၀-၁၄ ရက်အလို) တွင် အပင်ယိုင်လဲမှုကို ကာကွယ်ရန် လယ်ကွက်အတွင်းရှိ ရေများကို အကုန်အစင် ဖောက်ထုတ်ပေးရပါမယ်။

အတည်ပြုပြီး 316,355 လွန်ခဲ့သော ၂၁ နာရီ က

ရာသီစပါးတွေက ဓာတ်မြေသြဇာကို တုန့်ပြန်မှုက အားနည်းတာကြောင့် အတွက်တိုးစပါးတွေလို မြင်သာတဲ့အထွက်ပိုလာတာမျိုး ဖြစ်မှာမဟုတ်ပါဘူး။ အဲဒီအစား မြေကြီးရဲ့ ဖွဲ့စည်းပုံကို ပိုကောင်းအောင်ရယ် အဟာရဓာတ်စုံစုံလင်လင်ရဖို့နဲ့ အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်ဖို့ သဘာဝမြေသြဇာကို ဦးစားပေးပြီး ထည့်စေချင်ပါတယ်ဗျ။

You
20
လွန်ခဲ့သော ၂၃ နာရီ က · ဟင်္သာတ

အခုမှဥကြက်စမွေးမှာမို့ဘာတွေလိုအပ်ပါဗျ

အတည်ပြုပြီး 316,355 လွန်ခဲ့သော ၂၁ နာရီ က

အသားတိုးကြက်လား ဥစားအတွက်လားဗျ? အစိမ်းရောင်လမ်းမှာ ကြက်မွေးမြူရေးနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေအများကြီး တင်ထားတာမို့ လေ့လာနိုင်ပါတယ်ဗျ။

You
327
လွန်ခဲ့သော ၂၃ နာရီ က · ဆိပ်ဖြူ

Black Gold

အတည်ပြုပြီး 316,355 လွန်ခဲ့သော ၂၂ နာရီ က

စိုက်ပျိုးရေးမှာတော့ ရွှေနက်ကို ဘိုင်အိုချား (မီးသွေး) ကို ခေါ်ဆိုကြပါတယ်။ သူက အဟာရဓာတ်ကြွယ်ဝသလို မြေကြီးကို ပြန်လည်ကေင်းမွန်စေတယ်။ အစိုဓာတ်ကိုလည်း ထိန်းထားပေးနိုင်ပါတယ်။ လာမယ့်နှစ် အယ်နီညိုရာသီဥတုအတွက် မဖြစ်မနေသုံးစွဲသင့်ပါတယ်။

You
365
လွန်ခဲ့သော ၁ ရက် က · ကျုံပျော်

8-လပိုင်း 2026 စပါးအစို/အခြောက်ဈေးလေးသိပါရစေခဗျ။🙏

Post image
97 လွန်ခဲ့သော ၁ ရက် က

ရက် ၉၀ စပါး ပင်ပွားချိန် နဲ့ မှို့ကပ်ချိန် သိချင်လို့ပါ

365 လွန်ခဲ့သော ၁ ရက် က

🙏🙏🙏

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

Question image

မေးခွန်း

356
လွန်ခဲ့သော ၂ နာရီ က · ဘားအံ

ငရုတ်ပင်အရွက်ဝါတာဘာဖြစ်လို့လဲ

အတည်ပြုပြီး 316,355 လွန်ခဲ့သော ၃၈ မိနစ် က

အပေါ်ရွက်တွေ စိမ်းပြီး အောက်ရွက်တွေ ဝါတာက အဟာရချို့တဲ့တာ ဒါမဟုတ် မြေချဉ်ငန်မမျှလို့ အဟာရမစုပ်ဘူနိုင်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆားခါးကို လက်ဖက်ရည်ဇွန်း ၁ ဇွန် ရေ ၁ လီတာနှုန်းနဲ့ ဖျော်ပြီး အရွက်တွေ ဖျန်းကြည့်ပေးပါဗျ။ ဆားခါးကို အပင်အတွက်ဘယ်လိုအသုံးချကြမလဲ?

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။