အစိမ်းရောင်လမ်း
လွန်ခဲ့သော ၁ နာရီ က · သပိတ်ကျဉ်း

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

365 လွန်ခဲ့သော ၁၈ မိနစ် က

ဒီဆေးလေးက ထိုင်းနိုင်ငံထုတ် သီးနှံအထွက်နှုန်းတအားကောင်းပါတယ် အပွင့်‌ေကြွခြင်းမှာလည်းကာကွယ်ပေးပါတယ် ကုန်ကျစရိတ်လည်းအလွန်သက်သာပါတယ် မှာယူလို့ပါက 09787471142

You
2
လွန်ခဲ့သော ၃ နာရီ က · လပွတ္တာ

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

You
650
လွန်ခဲ့သော ၄ နာရီ က · ပင်းတယ

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

Post image
အတည်ပြုပြီး 1,099,995 လွန်ခဲ့သော ၃ နာရီ က

Bismerthiazol ဖျန်းစေချင်တယ်

အတည်ပြုပြီး 1,099,995 လွန်ခဲ့သော ၃ နာရီ က

လက္ခဏာအရတော့၊မှိုရောဂါနဲ့ ဘက်တီးရီးယားရွက်ပြောက်လက္ခဏာနဲ့တူနေတယ်။ ရောဂါနဲ့ ဆေးနဲ့ တလွဲဖြစ်ပြီး အပင်နာတဲ့ပုံစံလဲ ဖြစ်နိုင်ပါတယ်။

You
422
လွန်ခဲ့သော ၄ နာရီ က · မကွေး

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Post image
အတည်ပြုပြီး 316,412 လွန်ခဲ့သော ၄ နာရီ က

အမိုင်နိုအက်စစ်က အပင်အတွက် အဟာရအပြင် ဇီဝကမ္မဖြစ်စဉ်တွေအတွက်ပါ အထောက်ကူပြုတာကြောင့် ၂ ပတ်တစ်ကြိမ် ပုံမှန် ဖျန်းပေးနိုင်ပါတယ်။

You
377
လွန်ခဲ့သော ၆ နာရီ က · ဘားအံ

အရွက်ကဘာဖြစ်လို့ဝါတာလဲ

Post image
Post image
အတည်ပြုပြီး 1,099,995 လွန်ခဲ့သော ၃ နာရီ က

အဖျားရွက်တွေ ဝါရတာက၊ဆာလဖာချို့တဲ့လို့ဖြစ်ပါတယ်။

You
377
လွန်ခဲ့သော ၆ နာရီ က · ဘားအံ

ငရုတ်ပင်အရွက်ဝါတာဘာဖြစ်လို့လဲ

Post image
Post image
Post image
အတည်ပြုပြီး 1,099,995 လွန်ခဲ့သော ၃ နာရီ က

အရွက်အဝါစင်းတွေဖြစ်တာက၊မဂ္ဂနီစီယံချို့တဲ့လို့ဖြစ်ပါတယ်။

အတည်ပြုပြီး 316,412 လွန်ခဲ့သော ၄ နာရီ က

အပေါ်ရွက်တွေ စိမ်းပြီး အောက်ရွက်တွေ ဝါတာက အဟာရချို့တဲ့တာ ဒါမဟုတ် မြေချဉ်ငန်မမျှလို့ အဟာရမစုပ်ဘူနိုင်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆားခါးကို လက်ဖက်ရည်ဇွန်း ၁ ဇွန် ရေ ၁ လီတာနှုန်းနဲ့ ဖျော်ပြီး အရွက်တွေ ဖျန်းကြည့်ပေးပါဗျ။ ဆားခါးကို အပင်အတွက်ဘယ်လိုအသုံးချကြမလဲ?

You
38
လွန်ခဲ့သော ၉ နာရီ က · မြစ်သား

ဖျန်းဆေးတွေမှာစီစီနဲ့ဧကတွက်နည်းသိခြင်လို့ပါ ဥပမာ600cc800ဧက

အတည်ပြုပြီး 316,412 လွန်ခဲ့သော ၆ နာရီ က

မေးခွန်းလေးက ကောင်းပါတယ်။ ဥပမာ ဆေးတစ်ခုက ၁ ဧကကို ၈၀ စီစီ ဖျန်းရမယ်လို့ ပြောထားရင် ကိုယ့်စိုက်ခင်းက ၁ ဧက နဲ့ ဒသမ ၂၀ ရှိတယ်ဆိုရင် ၈၀ စီစီ X ၁.၂၀ = ၉၆ စီစီ သုံးဖို့လိုပါတယ်။ နောက်တစ်ခုက ၁ ဧကမှာ ၈၀ စီစီဆိုတာ ၁ ဧကလုံးစာ ဖြစ်ပြီး တစ်ပုံးမှာ ထည့်ရမယ့် ပမာဏ မဟုတ်ပါဘူး။ ဒါအတွက်ပြန်တွက်ဖို့ လိုပါသေးတယ်။ ၁ ဧကကို ဆေးဖျန်းပုံး ၄ ပုံးဖျန်းမယ်ဆိုရင် ၈၀ စီစီကို ၄ နဲ့ ပြန်စားရပါမယ်။ အဲဒါကြောင့် ဆေးဖျန်းပုံး တစ်ပုံးမှာ ၂၀ စီစီ ထည့်ပေးရပါမယ်။

You
7
လွန်ခဲ့သော ၁၀ နာရီ က · ဘုတလင်

ဘိလပ် ဘယ်အချိန် စိုက်သင့်လည်းဗျ

အတည်ပြုပြီး 1,099,995 လွန်ခဲ့သော ၃ နာရီ က

ဘိလပ်ချဉ်ပေါင်ကို မိုးဦးကျချိန် စိုက်ရပါတယ်

392 လွန်ခဲ့သော ၆ နာရီ က

ဘိလပ်ဆိုတာ ဘာကိုပြောတာလဲ?

You
14
လွန်ခဲ့သော ၁၀ နာရီ က · သဲကုန်း

စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ

အတည်ပြုပြီး 1,099,995 လွန်ခဲ့သော ၃ နာရီ က

စပါးပင် ၁၀-၁၅ရက်သားအရွယ်မှာ၊ ဘီယောင်း သို့မဟုတ် ဘေဘီလုံ(Bispyribac sodium 40%+Bensulfuron methyl 10%) ကို အညွှန်းအတိုင်းအသုံးပြုပါ။

2,175 လွန်ခဲ့သော ၄ နာရီ က

အခု Green Way မှာ ကြော်ငြာတက်နေတဲ့ ဘီယောင်း ကောင်းတယ်။

You
ဖြေလည်သော အဖြေရရှိပြီး
365
လွန်ခဲ့သော ၁၁ နာရီ က · ဝေါ

အမေရိကန်နည်းပညာဖြင့် ထိုင်းနိုင်ငံထုတ် အော်ဂဲနစ် သီးနှံမျိုးစုံအတွက် တောင်သူလယ်သမားကြီးများ ကုန်ကျစရိတ်သက်သာ အထွက်နှုန်းတိုး မှိုကင်းစင် အရွက်ဝါ အဖျက်ပိုးအန္တရာယ်များကို သိသာစွာကာကွယ်ပေးသည် သီးနှံ အစေ့အဆံများ သိသာစွာ တိုးတက်လာပါလိုက်မည် မှာယူလို့ပါက-☎️🇲🇲09787471142

Post image
အတည်ပြုပြီး 316,412 လွန်ခဲ့သော ၁၀ နာရီ က
ဤအဖြေဖြင့် ပြေလည်

အရောင်းအဝယ်အတွက်ဆို ဈေးတန်းကြီးမှာ တင်တာ သို့မဟုတ် ဆိုင်ဖွင့်တာမျိုးသာ လုပ်ပေးဗျ။ အမေးအဖြေကဏ္ဍက စိုက်ပျိုးနည်းပညာတွေ မေးမြန်းဆွေးနွေးတဲ့ နေရာဖြစ်ပါတယ်ဗျ။

65 လွန်ခဲ့သော ၇ နာရီ က

ဘယ်လောက်လဲဗျ

You
434
လွန်ခဲ့သော ၁၂ နာရီ က · မိတ္ထီလာ

စပါး

Post image
2,175 လွန်ခဲ့သော ၃ နာရီ က

အမြစ်ပုပ်တာ။ ရေတွေရော နီနေသေးလား? ရေထုတ်ပြီး ကျောက်မှုန့်ပင်ပေးပါ။

365 လွန်ခဲ့သော ၁၁ နာရီ က

ဒီဆေးက စပါးအတွက်အရမ်းကောင်းပါတယ် ကိုယ်တိုင်အသုံးပြုဘူးသူမို့ စပါးလည်းအထွက်နှုန်းတိုးပါတယ် ကုန်ကျစရိတ်လည်းအရမ်းသက်သာပါတယ် မှာယူလို့ပါက 09787471141

You
ဖြေလည်သော အဖြေရရှိပြီး
102
လွန်ခဲ့သော ၁၃ နာရီ က · လက်ပံတန်း

ကျွန်တော်စိုက်ခင်းမှာ အဓိက ဘူး၊ရွှေဖရုံ၊ကျောက်ဖရုံစိုက်ပါတယ်။ သီးလာတဲ့ အသီးတွေကြတော့ ပျားကိုက်လို့ ပုက်ကုန်ပါတယ်။ဒီပြဿနာကို ဖြေရှင်းလို့ရမည့်နည်း သိချင်ပါတယ်။ ပညာရှင်အားလုံးကို လေးစားပါတယ်။

Post image
အတည်ပြုပြီး 1,099,995 လွန်ခဲ့သော ၁၃ နာရီ က
ဤအဖြေဖြင့် ပြေလည်

ပျားကိုက်လို့ မဖြစ်နိုင်ပါ။သီးထိုးယင်ကြောင့်အပေါက်မှတဆင့် မိုးရေဝင်ပြီးပုပ်နိုင်ပါတယ်။ သီးကင်းလေးတွေ အ‌ေအာင်ပြီ ဆိုတာနဲ့ အိတ်စွတ်ပေးနိာင်ရင်ကောင်းပါလိမ့်မယ်။ အသီးကြီးလာရင် အိတ်ကြီးပြောင်းစွပ်ပါ။

You
ဖြေလည်သော အဖြေရရှိပြီး
102
လွန်ခဲ့သော ၁၄ နာရီ က · လက်ပံတန်း

ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။

Post image
အတည်ပြုပြီး 1,099,995 လွန်ခဲ့သော ၁၃ နာရီ က
ဤအဖြေဖြင့် ပြေလည်

မှန်ပါတယ်။အပင်သန်ရင်သန်သလို၊အောက်ရွက်များရင်များသလို၊ အောက်ခြေရှင်းပေးသင့်ပါတယ်။

You
32
လွန်ခဲ့သော ၁ ရက် က · ရွှေတောင်

ကရင်မရာသီစပါး မြေဩဇာကျွေးနည်းနဲ့ရေသွင်းရေထုတ်ပြုလုပ်နည်းလေးသိပါရစေ

263,482 လွန်ခဲ့သော ၁၇ နာရီ က

ကရင်မရာသီစပါး အောင်မြင်ဖြစ်ထွန်းရန် မြေဩဇာကျွေးခြင်းကို အောက်ခံအဖြစ် တီစူပါနှင့် ပိုတက်ရှ်ဓာတ်ကို နောက်ဆုံးထွန်တုံးရိုက်ချိန်တွင် စတင်ထည့်သွင်းရမည်ဖြစ်ပြီး၊ အပင်ပွားချိန်နှင့် ဖုံးလုံးချိန်များတွင် ယူရီးယားဓာတ်ကို အကြိမ်ကြိမ်ခွဲ၍ စနစ်တကျ ကျွေးရပါမယ်။ ရေသွင်းရေထုတ်ပိုင်းတွင် စပါးစိုက်စနှင့် ပင်ပွားထွက်ချိန်၌ ရေကို အနည်းငယ်သာ (၁-၂ လက်မ) ထားရှိပြီး၊ ပင်ပွားစုံချိန်တွင် လေဝင်လေထွက်ကောင်းစေရန် လယ်ကွက်ကို ၄-၅ ရက်ခန့် ခန်းခြောက်အောင် ရေထုတ်ပေးရပါမည်။ စပါးပင် မှို့ကပ်ချိန်မှ ပန်းပွင့်ချိန်အထိ ရေအပြည့်အဝသွင်းပေးကာ၊ စပါးအနှံများ ရင့်မှည့်လာချိန် (မရိတ်သိမ်းမီ ၁၀-၁၄ ရက်အလို) တွင် အပင်ယိုင်လဲမှုကို ကာကွယ်ရန် လယ်ကွက်အတွင်းရှိ ရေများကို အကုန်အစင် ဖောက်ထုတ်ပေးရပါမယ်။

အတည်ပြုပြီး 316,412 လွန်ခဲ့သော ၁ ရက် က

ရာသီစပါးတွေက ဓာတ်မြေသြဇာကို တုန့်ပြန်မှုက အားနည်းတာကြောင့် အတွက်တိုးစပါးတွေလို မြင်သာတဲ့အထွက်ပိုလာတာမျိုး ဖြစ်မှာမဟုတ်ပါဘူး။ အဲဒီအစား မြေကြီးရဲ့ ဖွဲ့စည်းပုံကို ပိုကောင်းအောင်ရယ် အဟာရဓာတ်စုံစုံလင်လင်ရဖို့နဲ့ အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်ဖို့ သဘာဝမြေသြဇာကို ဦးစားပေးပြီး ထည့်စေချင်ပါတယ်ဗျ။

You
20
လွန်ခဲ့သော ၁ ရက် က · ဟင်္သာတ

အခုမှဥကြက်စမွေးမှာမို့ဘာတွေလိုအပ်ပါဗျ

အတည်ပြုပြီး 316,412 လွန်ခဲ့သော ၁ ရက် က

အသားတိုးကြက်လား ဥစားအတွက်လားဗျ? အစိမ်းရောင်လမ်းမှာ ကြက်မွေးမြူရေးနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေအများကြီး တင်ထားတာမို့ လေ့လာနိုင်ပါတယ်ဗျ။

You

မေးခွန်း

လွန်ခဲ့သော ၁ နာရီ က · သပိတ်ကျဉ်း

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

365 လွန်ခဲ့သော ၁၈ မိနစ် က

ဒီဆေးလေးက ထိုင်းနိုင်ငံထုတ် သီးနှံအထွက်နှုန်းတအားကောင်းပါတယ် အပွင့်‌ေကြွခြင်းမှာလည်းကာကွယ်ပေးပါတယ် ကုန်ကျစရိတ်လည်းအလွန်သက်သာပါတယ် မှာယူလို့ပါက 09787471142

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။