အစိမ်းရောင်လမ်း
27
လွန်ခဲ့သော ၁၅ မိနစ် က · လှည်းကူး

ကြက်မောက်အသီးရဲ့အသားပြည့်တင်းစေရန် ဆေးဝါးနှင့်အစာကျွေးစနစ်လေးပြောပြကြပါဗျ

Post image
You
7
လွန်ခဲ့သော ၅၈ မိနစ် က · ရွှေဘို

မြနှင်းပုလဲမျိုးအကြောင်းလေးသိချင်လို့ပါ သိတဲ့သူများပြောပေးကြပါ

You
လွန်ခဲ့သော ၂ နာရီ က · ပဲခူး

အသီးမာအမည်းစက်လေးတွေအပေါက်ကလေးတွေဖြစ်နေပါတယ် အသီးပုပ်တာမျိုးတော့မရှိပါဘူး ပိုးကောင်လည်းသိပ်မတွေ့ပါဘူး မှိုရောဂါဖြစ်နိုင်မလား ဘယ်လိုကာကွယ်ရမလဲ အကြံပေးကြပါဗျ

Post image
Post image
2,182 လွန်ခဲ့သော ၁ နာရီ က

သီးထိုးယင်ဖြစ်မယ်

You
လွန်ခဲ့သော ၂ နာရီ က · တောင်တွင်းကြီး

ဓာတ်ပုံထဲမှာပါတဲ့ ပဲပုပ်မျိုးက မိုးတွင်းမှာစိုက်ရင် သီးတောင့်သီးတဲ့ အချိန်အထိကို အပင်ကြီးထွားမှုက ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်ကြီးထွားနေတာကို ရပ်တန့်ချင်တာပါ။ ဖြစ်နိုင်လျှင် ကိုးကားချက်ကို download ဆွဲလို့ရအောင် pdf file or word file ပေးရင်ပိုကောင်းပါမယ်။ ကောင်းသောနေ့ဖြစ်ပါစေ။

Post image
You
675
လွန်ခဲ့သော ၂ နာရီ က · မြိတ်

နွား/ကြက်ချည်းဖြင့်မြေဆွေးလုပ်တဲ့အခါမှာ ချပိုးတွေလာတဲ့အတွက် ချဆေးဖြူးပေးရတယ် အဲဒါ အပင်အကျိုးပြုဇီဝပိုးတွေရောသေး‌ေစနိုင်သလား

အတည်ပြုပြီး 316,445 လွန်ခဲ့သော ၁ နာရီ က

မြေဆွေးပုံပြီးတဲ့အချိန်မှာ အပေါ်ကနေ မိုးကာစ/ ပလပ်စတစ်နဲ့ အုပ်ထားပေးရင်း ချဆေးဖြူးစရာမလိုတော့ပါဘူးဗျ။ မြေဆွေးပုံတဲ့အချိန်မှာ အပူတက်အောင် မိုးကာစ အုပ်ပေးရပါတယ်ဗျ။ ဆွေးမြေ့နေတဲ့ဖြစ်စဉ်တစ်လျှောက်မှာလည်း မိုးကာစအကောက်နေ လက်ထည့်ကြည့်လိုက်လို့ အပူက လက်မခံနိုင်အောင် ပူလာရင် မြေဆွေးကို အထက်အောင် လုပ်ပေး ရေလိုအပ်ရင် ထည့်ပေးလုပ်ရပါတယ်။ ဒီလိုလုပ်မယ်ဆိုရင် ချလိုအကောင်တွေ ဥတွေပါလာရင်တော့ ဆွေးမြေ့သွားမှာ ဖြစ်လို့ ဆေးထည့်စရာမလိုတော့ပါဘူးဗျ။ အီးအမ်အသုံးပြုမြေသြဇာပြုလုပ်နည်း

You
2
လွန်ခဲ့သော ၂ နာရီ က · ညောင်လေးပင်

ပဲခူးတိုင်းနှင့်ဧရဝတီတိုင်းတွင်နှစ်ရှည်သစ်မာပင်စိုက်ပျိုးနည်းစနစ်အကြောင်းသိချင်ပါတယ်

You
ဖြေလည်သော အဖြေရရှိပြီး
99
လွန်ခဲ့သော ၃ နာရီ က · ဝေါ

🌱 တောင်သူဦးကြီးများအတွက် သီးနှံအားကောင်းစေမယ့် အပင်အာဟာရဖော်မြူလာ 🌱 💚 UNİCORN – Nito Finn & Nito Max 💚 “အပင်ကောင်းမှ… အသီးအနှံကောင်းမယ်” 🌿 🌱 Nito Finn – STEM CELL BIOSTIMULANTS အပင်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အားပေးပြီး အပင်သန်မာစွာ ကြီးထွားနိုင်ရန် ကူညီပေးတဲ့ Biostimulant အမျိုးအစားဖြစ်ပါတယ်။ 🥬 Nito Max – BIOSTIMULANTS အပင်ရဲ့ အာဟာရအသုံးချနိုင်မှုနဲ့ သီးနှံဖွံ့ဖြိုးမှုကို အားပေးရန် ရည်ရွယ်ထားတဲ့ Biostimulant ဖြစ်ပါတယ်။ ✨ တောင်သူများအတွက် မျှော်မှန်းနိုင်သော အကျိုးကျေးဇူးများ ✅ အပင်ကြီးထွားဖွံ့ဖြိုးမှုကို အားပေးခြင်း ✅ အပင်သန်မာကျန်းမာစွာ ဖွံ့ဖြိုးရန် ကူညီခြင်း ✅ အပင်၏ အာဟာရအသုံးချနိုင်မှုကို အားပေးခြင်း ✅ အပွင့်၊ အသီး ဖွံ့ဖြိုးမှုကောင်းမွန်စေရန် အထောက်အကူပြုခြင်း ✅ သီးနှံအရည်အသွေးကောင်းမွန်စေရန် အထောက်အကူပြုခြင်း 🌾 စပါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် အခြားသီးနှံများ စိုက်ပျိုးရာတွင် အပင်အခြေအနေအလိုက် အသုံးချနိုင်ပါသည်။ 💬 တောင်သူဦးကြီးတို့ရေ… သီးနှံကောင်းဖို့ မြေ၊ ရေ၊ အာဟာရနဲ့အတူ အပင်ရဲ့ သဘာဝကြီးထွားမှုကို အားပေးဖို့လည်း အရေးကြီးပါတယ်။ 🌱 Nito Finn + Nito Max — သီးနှံကောင်းဖို့ တောင်သူ့အဖော်ကောင်း 🇲🇲☎️09787471142 ကိုထိုက်

Post image
လွန်ခဲ့သော ၃ နာရီ က
ဤအဖြေဖြင့် ပြေလည်

အစိမ်းရောင်လမ်းမှာ ပစ္စည်းရောင်းချင်တယ်ဆိုရင် ဆိုင်ဖွင့်ပြီးမှ ရောင်းပါဗျ။ အမေးအဖြေကဏ္ဍနဲ့ မသက်ဆိုင်တဲ့အတွက် စည်းမျဉ်းအရ မကြာခင်မှာ ဖျက်သွားမှာ ဖြစ်ပါတယ်ဗျ။ ဆိုင်ဖွင့်မယ်ဆိုရင်တော့ သွင်းအားစုက မှတ်ပုံတင်ရှိဖို့တော့ လိုပါတယ်ဗျ။

99 လွန်ခဲ့သော ၂ နာရီ က

နိုင်ငံတော် အသိမှတ်ပြု မှတ်ပုံတင် အမှတ် တသ/7582 ရပီးသားပါ ဆရာ မြန်မာနိုင်ငံ တချို့ဒေသတွေမှာ စိုက်ပျိုးရေးတောင်သူများ ရာနှုန်းပြည့် အောင်မြင်ပီးသားပါ ခင်ဗျာ

You
69
လွန်ခဲ့သော ၄ နာရီ က · ပုသိမ်ကြီး

အညွန့်စား ဖရုံဆိုပြီး စိုက်တာ အသီးတွေသီးပြီး အညွန့်အားနည်းသွားတယ် တချို့အသီးတွေ အချင်း ၈လက်မခန့်ရှိနေပြီ အညွန့်သန်ဖို့အကုန်ခူးပစ်လိုက်ရမလား ခင်ဗျာ

Post image
အတည်ပြုပြီး 1,100,897 လွန်ခဲ့သော ၂ နာရီ က

အညွန့်စားဖို့ဆိုရင်တော့၊အသီးကင်းလေးတွေခူးပစ်ရပါမယ်။

You
12
လွန်ခဲ့သော ၅ နာရီ က · မုံရွာ

ဆဲလ်ကွက်လိုက် အကြောတွေ နီနေတာ ဘာ ဖြစ်တာလဲ အရွက်နုရော အကြမ်းရော မှာ ဖြစ်တယ်

Post image
264,555 လွန်ခဲ့သော ၄ နာရီ က

ကွမ်းရွက်တွင် အရွက်အကြောများ နီမြန်းလာခြင်းသည် ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရခြင်း (သို့မဟုတ်) ဖော့စဖရပ်နှင့် မဂ္ဂနီစီယမ်ကဲ့သို့သော အာဟာရဓာတ်များ ချို့တဲ့ခြင်းကြောင့် ဖြစ်ပွားတတ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းရန်အတွက် ဗိုင်းရပ်စ်သယ်ဆောင်သော စုတ်စားပိုးများ ကျရောက်ခြင်းရှိမရှိစစ်ဆေးပါ၊ မြေဆီလွှာတွင် မဂ္ဂနီစီယမ်ဆာလ်ဖိတ်နှင့် ကွန်ပေါင်းမြေဩဇာများ ဖြည့်တင်းပေးခြင်းတို့ကို လုပ်ဆောင်ရပါမယ်။ ထို့ပြင် ကွမ်းဘောင်များတွင် ရေမဝပ်စေရန် ရေနုတ်မြောင်းများ စနစ်တကျ ဖောက်လုပ်ပေးခြင်းဖြင့်လည်း အမြစ်ပုပ်ရောဂါကြောင့် အာဟာရမစုပ်ယူနိုင်ခြင်းကို ကာကွယ်နိုင်ပါတယ်ခင်ဗျာ။

You
ဖြေလည်သော အဖြေရရှိပြီး
7
လွန်ခဲ့သော ၅ နာရီ က · ရွှေဘို

ဆလပ်ကိုမျိုးစေ့ထုတ်လုပ်သောလုပ်ငန်းစဉ်အဆင့်ဆင့်အကြောင်းအကျယ်ချဲ့သိချင်လို့ပါရှင့်

264,555 လွန်ခဲ့သော ၅ နာရီ က
ဤအဖြေဖြင့် ပြေလည်

ဆလပ်မျိုးစေ့ထုတ်လုပ်ရန်အတွက် အနည်းဆုံး မျိုးကွဲအကွာအဝေး (၆-၁၀) ပေ ခြား၍ စနစ်တကျ ပျိုးထောင်စိုက်ပျိုးရပါမယ်။ အပင်ကြီးထွားမှုအဆင့်တွင် မိမိစိုက်ပျိုးသည့် မျိုးနှင့်မကိုက်ညီသော မျိုးကွဲများနှင့် ရောဂါရအပင်များကို စိုက်ခင်းထဲမှ ရှာဖွေနုတ်ပယ်ရပါမည်။ အပင်ရိုးတံရှည်ထွက်ပြီး ပန်းပွင့်ချိန်တွင် မှိုရောဂါမကျရောက်စေရန် အပင်အပေါ်မှရေလောင်းခြင်းကို ရှောင်ကြဉ်ပြီး အောက်ခြေမှသာ ရေသွင်းရပါမယ်။ ပန်းခေါင်းများ၏ သုံးပုံနှစ်ပုံခန့် ဖြူဖွေးသောအမွှေးပွလေးများ ထွက်လာချိန်တွင် နေမပြင်းခင် စောစောရိတ်သိမ်းပြီး၊ ရိပ်သိမ်းပြီးနောက် သေချာစွာ ထပ်မံအခြောက်ခံ၊ အမှိုက်သန့်စင်ကာ လေလုံသောဘူးဖြင့် အေး၍ခြောက်သွေ့သောနေရာတွင် သိုလှောင်ရပါမယ်။

အတည်ပြုပြီး 216,833 လွန်ခဲ့သော ၅ နာရီ က

ရှွေဘိုမှာဆလပ်မျိုးစေ့ ထုပ်မယ်ဆိုရင်အောက်တ်ုဘာလလခန့်တွင်အပင်ကြီးများကိုရွေးပြီးဘောင်များတွင်သုံးပေခြါစိုက်ပြီးထားရင် ရာသီဥတုအေးလာရင်အပင်ရှေထွက်္(bolt)လာပြီးပန်းများနှစ်လခန့်ကြာအောင်ပန်းများပွင့်ပြီးပင်တည်းဝတ်မှုံကူးပြီးမျိုးအောင်ပြီးအစေ့များဖြစ်ပေါ်လာပြီးအမွှးများဖြူလာရင်ရင့်ပြီဖြစ်၍ဆွတ်ခူးပြီနေလှန်းအခြောက်ခံပြီးဖန်ပါလင်းတဲလေလုံအောင်သိမ်းထားပါ

You
12
လွန်ခဲ့သော ၅ နာရီ က · အိမ္မဲ

တက်ပွတ် အတွက် ဘာဆေးသုံးရမလဲ

264,555 လွန်ခဲ့သော ၅ နာရီ က

စပါးခင်းအတွင်းရှိ တက်ပွက်မြက်ကို ထိရောက်စွာ ကာကွယ်နှိမ်နင်းရန် စပါးပင်ကို မထိခိုက်စေသည့် ရွေးချယ်သတ် ပေါင်းသတ်ဆေးများဖြစ်သော ဆိုင်ဟေလိုဖော့ ဘျူတိုင် (Cyhalofop-butyl)၊ ဘစ်စပိုင်ရီဘက် ဆိုဒီယမ် (Bispyribac-sodium) သို့မဟုတ် ဖီနောက်ဆာပရော့-ပီ-အီသိုင်း (Fenoxaprop-p-ethyl) ဆေးတစ်မျိုးမျိုးကို အသုံးပြုရပါမယ်။ ဆေးမဖျန်းမီ စိုက်ခင်းအတွင်းရှိ ရေများကို ကုန်စင်အောင် အရင်ထုတ်ပစ်ရမည်ဖြစ်ပြီး၊ မြေပြင်အစိုဓာတ်ရှိချိန်တွင် မြက်ပင်များပေါ်သို့ နှံ့စပ်အောင် ဖျန်းပေးရပါမယ်။ ဆေးဖျန်းပြီး ၂ ရက်မှ ၃ ရက်အကြာတွင် စိုက်ခင်းထဲသို့ ရေပြန်သွင်းကာ ရေအနက်ကို ၅ ရက်ခန့် အလွှာလိုက် ဆက်တိုက်ထိန်းထားပေးခြင်းဖြင့် မြက်ပင်များ ပြန်လည်ရှင်သန်ခြင်းကို တားဆီးနိုင်ပါသည်။ ဆေးဒဏ်ခံပြီး ကြွင်းကျန်ခဲ့သော သက်တမ်းရင့် မြက်ကြီးများကိုမူ လက်ဖြင့် လိုက်လံနုတ်ပစ်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်ခင်ဗျာ။

You
2
လွန်ခဲ့သော ၉ နာရီ က · ဒိုက်ဦး

ငါးခူမွေးချင်တယ် တာပေါ်လင်ကန်နဲ့ပါ မွေးမြူရေးနည်းပညာနဲ့ စနစ်တကျမွေးမြူပြီး ရေအနေအထားတွေဘယ်လိုပြင်ဆင်ရမလဲ သိချင်ပါတယ်။

အတည်ပြုပြီး 316,445 လွန်ခဲ့သော ၇ နာရီ က

ဒီဆောင်းပါးမှာ လေ့လာနိုင်ပါတယ်ဗျ။ ရေချိုငါးခူမွေးမြူနည်း

You
1
လွန်ခဲ့သော ၁၀ နာရီ က · ပုသိမ်

တစ်ပိုင်တစ်နိုင် ငါးခူမွေးချင်လို့ပါ။ အခုမှစမွေးမှာမို့ တာပေါ်လင်ကန်ဖြင့်မွေးချင်ပါတယ်။ ငါးခူသားပေါက် အစာ ဆေး အစရှိတာတွေကို ဘယ်မှာဝယ်ယူရရှိနိုင်ပါသလဲခင်ဗျာ့။ ပုသိမ်မြို့နှင့်အနီးတဝိုက်ဆိုပိုအဆင်ပြေပါတယ်ခင်ဗျာ့။

အတည်ပြုပြီး 316,445 လွန်ခဲ့သော ၇ နာရီ က

ဒီဆောင်းပါးမှာ လေ့လာနိုင်ပါတယ်ဗျ။ ရေချိုငါးခူမွေးမြူနည်း

You
121
လွန်ခဲ့သော ၁၉ နာရီ က · သီပေါ

မိုးဖရဲက ဘယ်နှရက်သားဆိုခူးလို့ရပီလည်း

Post image
264,555 လွန်ခဲ့သော ၁၀ နာရီ က

မိုးဖရဲသီးသည် ဝတ်မှုန်ကူး/အသီးတင်ပြီးနောက် ပုံမှန်အားဖြင့် ၃၀ မှ ၃၅ ရက် ဝန်းကျင် (မျိုးစပ်ပေါ်မူတည်၍ ရက် ၄၀ အထိ) ကြာလျှင် ရင့်မှည့်ဆွတ်ခူးနိုင်ပြီး၊ အစေ့ချစိုက်သည့်နေ့မှ တွက်လျှင် ၇၅ ရက်မှ ၉၀ ဝန်းကျင် ကြာမြင့်တတ်ပါတယ်။ ဆွတ်ခူးရန် အသင့်ဖြစ်မဖြစ်ကို သိရှိနိုင်ရန် အသီးနှင့် အနီးဆုံးရှိ နားရွက်ခိုင် ညိုခြောက်ခြင်း၊ အသီးအောက်ခြေ မြေကပ်အကွက် ဝါကြန့်ကြန့်အရောင် ပြောင်းခြင်း၊ လက်ဖြင့်တောက်ပါက အုန်းအုန်း (သို့မဟုတ်) ပတ်စာပိတ်သံကဲ့သို့ ရင့်မှည့်သံ ထွက်ခြင်းနှင့် အခွံပြောင်လက်မှုပျောက်ပြီး အရောင်မှိန်လာခြင်း စသည့် ကွင်းဆင်းစစ်ဆေးချက်များဖြင့် ပူးတွဲဆုံးဖြတ်ရပါမယ်။ မိုးရာသီတွင် အသီးမခူးမီ ၃ ရက်မှ ၅ ရက်အလို၌ ရေဖြတ်ပေးခြင်းဖြင့် ဖရဲသီးကွဲခြင်းကို ကာကွယ်နိုင်ပြီး အချိုဓာတ်ကို ပိုမိုတိုးတက်ကောင်းမွန်စေပါလိမ့်မယ်။

You
18
လွန်ခဲ့သော ၂၀ နာရီ က · ပုသိမ်

ဘူးပင်ကိုဘယ် ရာသီတွေမှာစိုက်တာအကောင်းဆုံးလဲဗျ

264,555 လွန်ခဲ့သော ၁၀ နာရီ က

ဘူးပင်သည် ပူနွေးစိုစွတ်သော ရာသီဥတုကို နှစ်သက်သည့်အတွက် မြန်မာနိုင်ငံတွင် မိုးဦးကျကာလ (မေ-ဇွန်)၊ မိုးအကုန်ဆောင်းအကူး (အောက်တိုဘာ-နိုဝင်ဘာ) နှင့် နွေဦးကာလ (ဖေဖော်ဝါရီ-မတ်) တို့သည် စိုက်ပျိုးရန် အကောင်းဆုံး ရာသီများ ဖြစ်ကြပါတယ်။ မိုးဦးစိုက်ခြင်းသည် သဘာဝမိုးရေရသဖြင့် ရေဖိုးသက်သာပြီး အပင်သန်သော်လည်း ရေမဝပ်ရန် သတိပြုရမည်ဖြစ်ကာ၊ ဆောင်းစိုက်ခြင်းသည် ပိုးမွှားအန္တရာယ်နည်းပြီး အသီးအရည်အသွေး ကောင်းမွန်စေပါတယ်။ နွေစိုက်ခြင်းအတွက်မူ အစေ့ညှောက်ပေါက် ကောင်းမွန်သော်လည်း စိုက်ခင်းအတွင်း မြေဆီလွှာအစိုဓာတ် အမြဲရှိနေစေရန်အတွက် စိတ်ချရသော ရေသွင်းရေထုတ်စနစ် ရှိဖို့ အထူးလိုအပ်ပါတယ်။

32 လွန်ခဲ့သော ၁၈ နာရီ က

ဆောင်းဝင်စမှာ စိုက်တာအကောင်းဆုံးပါ

You

မေးခွန်း

7
လွန်ခဲ့သော ၅၈ မိနစ် က · ရွှေဘို

မြနှင်းပုလဲမျိုးအကြောင်းလေးသိချင်လို့ပါ သိတဲ့သူများပြောပေးကြပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
သီးနှံ/မွေးမြူရေး
ဂန္ဓမာ
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။