အစိမ်းရောင်လမ်း
454
လွန်ခဲ့သော ၉ မိနစ် က · မကွေး

မြေပဲခင်း အောက်ရွက်နေဝါနေလို့ ဘယ်လိုမှိုသတ်ဆေးသုံးပြုရမလဲဗျ မှိုသတ်ဆေးဖျန်းပြီး အားဆေး ဘယ်နှစ်ရက်ခြားမှဖျန်းသင့်လဲ?

ပိုးမွှားရောဂါ မြေပဲ
Post image
Post image
You
1,577
လွန်ခဲ့သော ၂ နာရီ က · မင်းလှ

ဒါ ဘာဖြစ်တာလဲဗျ အညွန့်တေမှာအ့လိုတွေ့ရလို့

ပိုးမွှားရောဂါ ခရမ်းချဉ်
Post image
Post image
You
ဖြေလည်သော အဖြေရရှိပြီး
360
လွန်ခဲ့သော ၅ နာရီ က · ညောင်ရွှေ

နှင်းဆီးအပင်ဖြစ်အောင်ဘယ်လိုလုပ်ရလည်း

စိုက်ပျိုးနည်း နှင်းဆီ
360 လွန်ခဲ့သော ၅ နာရီ က
ဤအဖြေဖြင့် ပြေလည်

အပင်ဖြစ်နှေးနေလို့

အတည်ပြုပြီး 217,292 လွန်ခဲ့သော ၂ နာရီ က

နှင်းဆီပင်ဖြစ်အောင်ပထမသန်မာတဲ့အောက်ခံပင်ပေါ်အဖူးမြှတ်မျိုးပွားထားသောအပင်ဖြစ်ရမယ်လေဝင်လေထွက်ကောင်းပြီ မြေသြဇာကောင်းသောမြေဖြစ်ပြီးတစ်လတခါသဘာဝမြေဆွေးကျွေးပေးပြီးnpk လည်းမှန်မှန်ကြွေးပေးပြီးထုံးဒတ္ထာဆေးမကြာခဏဖျန်းပေးရမယ်

You
ဖြေလည်သော အဖြေရရှိပြီး
540
လွန်ခဲ့သော ၆ နာရီ က · ဝိုင်းမော်

စပါးရွှေ့စိုက်တာရက်၂၀ရှိပြီအပင်မတက်ပဲအခုလိုပုံထဲကအတိုင်းဖြစ်နေလို့ဘယ်လုပ်ရင်‌အကောင်းဆုံးဖြစ်နိုင်လဲ

အပင်အာဟာရ စပါး
Post image
အတည်ပြုပြီး 317,987 လွန်ခဲ့သော ၄ နာရီ က
ဤအဖြေဖြင့် ပြေလည်

အမြစ်နာတာ ဒါမဟုတ် ပြောင်းရွေ့ဒဏ်ကြောင့် အထနှေးတာမျိုး ဖြစ်လေ့ရှိပါတယ်။ စပါးခင်းရဲ့ ရေကို ခပ်ပါးပါးပဲ ထားပေးပါ။ အပင်အထမြန်စေရန်အတွက် ငါးအမိုင်နိုအက်စစ်လိုမျိုး ဖြန်းပေးပါ။

62 လွန်ခဲ့သော ၅ နာရီ က

မတ်ပဲပဲတီစိမ်းနဲ့ပဲပုတ်ပြန်စိုက်မှာပါခင်ဗျအထွတ်တိုးအောင်ဘာတွေလုပ်ဆောင်သင့်လည်းဗျ

You
ဖြေလည်သော အဖြေရရှိပြီး
62
လွန်ခဲ့သော ၇ နာရီ က · ကြံခင်း

နှမ်းအပင်တိုပြီးအသီးနည်းလို့ပါအသီးကြတော့လည်းအစေ့မအောင်တာဘာလုပ်ရလည်းခင်ဗျ

စိုက်ပျိုးနည်း နှမ်း
အတည်ပြုပြီး 317,987 လွန်ခဲ့သော ၆ နာရီ က
ဤအဖြေဖြင့် ပြေလည်

အပင်တိုတာက မျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရာသီဥတုနဲ့ အဟာရကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အစေ့မအောင်တာကတော့ အနည်းလိုအဟာရဓာတ်တွေဖြစ်တဲ့ ဘိုရွင်နဲ့ ဇင့်ဓာတ်လိုအပ်ချက်တွေကြောင့် ဖြစ်ပါတယ်။ အခုက အချိန်လွန်သွားပါပြီ။ အခြားခင်းတွေရှိသေးရင်တော့ ပန်းမပွင့်မီ ဘိုရွင်နဲ့ ဇင့်ပါတဲ့ ရွက်ဖျန်းဆေး ဖျန်းစေချင်ပါတယ်ဗျ။

အတည်ပြုပြီး 217,292 လွန်ခဲ့သော ၃ နာရီ က

နှမ်းအသီနဲ အသိးမအောင်တာကြီးထွားချိန်တစ်လျှောက်လုံးအာဟာရကြွေးတာမလုံလောက်လို့ပါမူလထဲကမြေထဲမှာလည်းအပင်အတွက်အာဟာရနည်းလို့ပါမြေအချဥ်အငံဓာတ်ကိုလည်းတိုင်းကြည့်ပါpH က၅.၅ မှ၆ လောက်ဆိုမြေတွင်းရှိအာဟာရများပေင်အတွက်စားသုံးနိုင်သောအချေအနေမျာရှိတယ်

You
460
လွန်ခဲ့သော ၁၈ နာရီ က · မိတ္ထီလာ

အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ

တန်ဘိုးမြှင့်ထုတ်ကုန် ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
အတည်ပြုပြီး 317,987 လွန်ခဲ့သော ၈ နာရီ က

ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများကို စုစည်းထားပေးပါတယ်ဗျ။ လင့်ကိုနှိပ်ပြီး တစ်ခုချင်း လေ့လာနိုင်ပါတယ်။ https://greenwaymyanmar.com/topics/3

You
1,097
လွန်ခဲ့သော ၂၂ နာရီ က · ချောက်

ဂျင်း50သား.ကြက်သွန်ဖြူ50.အရက်ဆိ.5လိတာက...နဲ့စိမ်ထားတဲ့အရည်ကဘယ်လိုရောဂါပိုးနိင်လဲဗျ...အထူးသဖြင့်မှိုနဲ့ပတ်သက်တဲ့ရောဂါကာကွယ်နိင်လဲဆရာတို့..အဲဆေးမှိုကာကွယ်တယ်စိုပြီးသုံးနေကြလို့ပါ...

အတည်ပြုပြီး 317,987 လွန်ခဲ့သော ၈ နာရီ က

@UTinHtutAung သဘာဝဆေးတွေက သုံးစွဲချင်တဲ့ပုံစံပေါ်မူတည်ပြီး ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။ ပိုးမွှားရောဂါ ခံနိုင်ရည်တက်အေင်အတွက် စပါးခွံပေါင်းခံရည်လုပ်နည်း ၊ အပင်ကြီးထွားသန်စွမ်းဖို့အတွက် ဇီဝစူပါ ရွက်ဖျန်းမြေသြဇာ အရည်ငါးအမိုင်နိုအက်ဆစ်ပြုလုပ်နည်း (Fish Amino Acid - FAA) အသေးစိတ်လေ့လာချင်တယ်ဆိုရင် ဒီလင့်ကိုနှိပ်ပြီး ဆောင်းပါးများမှာ စိတ်ကြိုက်လေ့လာနိုင်ပါတယ်ဗျ။ https://greenwaymyanmar.com/topics/198?tab=articles

175 လွန်ခဲ့သော ၁၉ နာရီ က

ခရမ်းချဉ်အတွက် သဘာဝဆေး ဘယ်ဟာလုပ် ဖျန်းရင် ကောင်းပါသလဲ

You
80
လွန်ခဲ့သော ၁ ရက် က · မြစ်သား

အစိမ်းလမ်း App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားမှု၊ ဝန်ထမ်း၏ ဝန်ဆောင်မှုအဆင်မပြေမှုတို့အား တာဝန်ရှိသူများမှ ခိုင်လုံစွာ ရှင်းလင်းပေးရန် တောင်းဆိုခြင်း တာဝန်ရှိသူများ (အစိမ်းရောင်လမ်း - Green Way Myanmar) ကျနော်အစိမ်းရောင်လမ်း App ကို ပုံမှန်ကြည့်ရှုအသုံးပြုနေသူတစ်ဦး ဖြစ်ပါသည်။ ယနေ့ ၁၈ ရက် ၈ လ ၂၀၂၆ ရက်၊ မွန်းလွဲ ၂:၂၅ နာရီဝန်းကျင်တွင် App ပေါ်၌ ဖော်ပြထားသော မာလာမြိုင် မန်ကိုဇက် ၈၀% WP (၁ ကီလိုလျှင် ၂၀,၁၀၀ ကျပ်) ဈေးနှုန်းကို တွေ့ရှိ၍ ဖုန်းနံပါတ် 09-799993322 သို့ ဆက်သွယ်ဝယ်ယူခဲ့ပါသည်။ သို့သော် ဖုန်းဆက်သွယ်မေးမြန်းသည့်အခါတွင် - ၁။ ဈေးနှုန်းလွဲမှားမှု - App တွင် ဖော်ပြထားသည့် ဈေးနှုန်း (၂၀,၁၀၀ ကျပ်) နှင့်မတူဘဲ ဈေးနှုန်း သုံးသောင်းကျော် ဖြစ်နေခြင်း။ ၂။ ဝန်ထမ်း၏ ဝန်ဆောင်မှု ပေါ့ဆမှု - နောက်တစ်ကြိမ် ထပ်မံဆက်သွယ်ရာတွင် "မင်္ဂလာပါ မာလာမြိုင်ကပါ" ဟု ပြောပြီးနောက် "အစိမ်းရောင်လမ်းကပါ" ဟု အကြောင်းပြန်ပြောစဉ် ဖုန်းကို ရုတ်တရက် ဒီဇိုင်းအတင်း ချသွားခဲ့ခြင်း။ စသည့် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သုံးစွဲသူ တောင်သူထု/အသုံးပြုသူများဘက်မှ App ပေါ်တွင် တင်ထားသော အချက်အလက်များကို ယုံကြည်၍ ဆက်သွယ်ရခြင်း ဖြစ်သော်လည်း ကုမ္ပဏီ၏ အပြောနှင့်အလုပ် မညီညွတ်ခြင်း၊ ဝန်ထမ်းများ၏ မလေးမစား ပြုမူဆက်ဆံခြင်း၊ App ပေါ်တွင် ကိုက်ညီမှုမရှိသော သတင်းအချက်အလက်နှင့် ဈေးနှုန်းများ တင်ပြထားခြင်းတို့ကြောင့် များစွာ စိတ်ပျက်ရပါသည်။ သို့ပါ၍ ဤဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် - App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားနေရသည့် အကြောင်းအရင်း၊ ဝန်ထမ်း၏ မလျော်ကန်သော ပြောဆိုပြုမူမှုတို့နှင့် ပတ်သက်၍ ခိုင်လုံသော အချက်အလက်များဖြင့် စနစ်တကျ ပြန်လည်ရှင်းလင်း အကြောင်းပြန်ပေးပါရန် တောင်းဆိုအပ်ပါသည်။ အကယ်၍ ဤကိစ္စအား ထိရောက်စွာ အကြောင်းပြန် ရှင်းလင်းပေးခြင်း မရှိပါက ပလက်ဖောင်းအသုံးပြုသူများ နစ်နာမှုမရှိစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများ (Facebook / YouTube) တွင် အထောက်အထားများနှင့်တကွ တင်ပြအသိပေးသွားမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။

ခေတ်သစ်စိုက်ပျိုးရေး ကြက်သွန်နီ
Post image
အတည်ပြုပြီး 711 လွန်ခဲ့သော ၂၁ နာရီ က

ဦးဆုံးအနေနဲ့ အခုလို စေတနာနဲ့ သတိပေးတာကို ကျေးဇူးတင်ပါတယ်ဗျ။ အစိမ်းရောင်လမ်းက တောင်သူတွေနဲ့ ပညာရှင်၊ ကုန်သည်၊ အရောင်းဆိုင်၊ ကုမ္ပဏီများကြား အမှီခိုကင်းပြီး လွတ်လပ်စွာ ချိတ်ဆက်ပေးတဲ့ ပလက်ဖောင်းတစ်ခုအနေနဲ့ ရပ်တည်ပါတယ်။ အစိမ်းရောင်လမ်းအနေနဲ့ မည်သည့်ဆိုင်၊ ကုန်ပစ္စည်းမှ ထုတ်လုပ်ဖြန့်ဖြူးခြင်းမရှိပါဘူး။ အခုလို ဈေးနှုန်းများမှာလည်း သက်ဆိုင်ရာဆိုင်ရှင်များမှ ၎င်းတိုအကောင့်များမှသာ ကိုယ်တိုင်ပြောင်းလဲပြင်ဆင်နိုင်တာ ဖြစ်ပါတယ်။ အခုကာလ ဈေးနှုန်းအပြောင်းလဲမြန်ဆန်တဲ့အတွက် တောင်သူများ/ ဆိုင်ရှင်များကြား နစ်နာဆုံးရှုးမှုများ မဖြစ်ပေါ်စေရန်အတွက် အွန်ပေးငွေပေးချေမှုကိုလည်း ရပ်ဆိုင်ထားပြီးဖြစ်ပါတယ်။ အစိမ်းရောင်လမ်းဘက်မှ သက်ဆိုင်ရာ ဆိုင်ရှင်များကို ဈေးနှုန်းများ ကွာဟမှုနည်းစေရန် အတတ်နိုင်ဆုံး အကြောင်းကြားသွားပါမယ်ဗျ။ ယခုဖြစ်ရပ်ကိုလည်း သက်ဆိုင်ရာဆိုင်ရှင်အကောင့်သို ဆက်သွယ်အသိပေးလိုက်ပါမယ်ဗျ။

You
36
လွန်ခဲ့သော ၁ ရက် က · ရွှေဘို

စပါးမှာကျရောက်တတ်တဲ့ရောဂါနှင့်ပိုးအကြောင်းလေးသိချင်လို့ပါရှင့်

ပိုးမွှားရောဂါ စပါး
265,435 လွန်ခဲ့သော ၁ ရက် က

ဆောင်းပါးကဏ္ဍမှာ စပါးခေါင်းစဉ်အမည်ရိုက်ပြီးရှာဖွေပြီး တခုချင်းစီလေ့လာကြည့်ပါ၊ စုစည်းပြီး တင်ပြထားတာမျိုးမရှိသေးလို့ပါခင်ဗျ

You
135
လွန်ခဲ့သော ၁ ရက် က · မတ္တရာ

ခရမ်းချဥ်ပင်များစိုက်လို့ရပြီလား

ခေတ်သစ်စိုက်ပျိုးရေး ခရမ်းချဉ်
Post image
အတည်ပြုပြီး 217,292 လွန်ခဲ့သော ၂ နာရီ က

စိုကျလို့ရပါတယျ

175 လွန်ခဲ့သော ၁၉ နာရီ က

ခရမ်းချဉ်ကို သဘာဝနည်းဖြင့် ဘယ်လိုကာကွယ်ရမလဲ

You
236
လွန်ခဲ့သော ၁ ရက် က · ချမ်းအေးသာဇံ

ဆိတ်စာချဉ်ဖတ် လုပ်လို့ရတယ်ပြောကြတယ်။ ဘယ်လိုလုပ်ရသလဲ ပြောပေးပါ။

အာဟာရဗေဒ ဆိတ်
အတည်ပြုပြီး 317,987 လွန်ခဲ့သော ၁ ရက် က

ချဉ်ဖတ်လုပ်တာ ကောင်းပါတယ်။ အဟာရတန်ဖိုးလည်း မြှင့်တယ်။ ကြာကြာလည်း အထားခံတယ်။ ဆိတ်တွေလည်း စားဝင်ပြီး ကြိုက်ကြပါတယ်။ လုပ်နည်းကို ခေါင်းစဉ်နှိပ်ပြီး အသေးစိတ်ဖတ်နိုင်ပါတယ်။ ဆိတ်စာချဉ်ဖတ်ပြုလုပ်ရာတွင် သိရှိထားသင့်သောအချက်အလက်များနှင့် အကျိုးများ

You
212
လွန်ခဲ့သော ၁ ရက် က · မုံရွာ

လိုရာ909ခရမ်းချဉ်က ဘေးတက်ဖဲ့ရသေးတာလား

အတည်ပြုပြီး 217,292 လွန်ခဲ့သော ၁ ရက် က

909မျိုးကပင်ထောင်မျိုးလားပင်ပြန့်မျိုးလားသိဘို့လိုတယ်ပင်ပြန့်ပျိုးကခေါင်နှိမ်ရန်မလိုဘဲ(determinate) ပင်ထောင်မျိုးကတိုင်ထောင်ပေးပြီး(indeterminate)မျိုးကခေါင်နှိမ်ပေးမှဘေးတက်ထွက်လာမယ်

အတည်ပြုပြီး 1,101,330 လွန်ခဲ့သော ၁ ရက် က

ဝိုင်ဂွအောက်က အတက်ကိုဖဲ့ပေးရင်ပိုကောင်းပါတယ်။

You
182
လွန်ခဲ့သော ၁ ရက် က · ယင်းမာပင်

Dr.Cho Han Kyu(CGNF)ရဲ့ Water-Solube Phosphoric Acid (WS-PA) အကြောင်းမှာ နှမ်းရိုးမီးသွေးနဲ့ ပြုလုပ်ရကြောင်းသိရပါတယ် စပါးခွံမီးသွေးနဲ့ နှမ်းရိုးမီးသွေးကဘယ်လိုကွားခြားမှု ရှိသလဲ ပြီးတော့ အရိုးမှုန့်မြေဩဇာနဲ့ နှမ်းရိုးမီးသွေးက ဘယ်လိုကွားခြားမှုရှိပါသလဲ ဆရာတို့ ကျေးဇူးပြု၍ ဖြေကြားပေးကြပါဦးခင်ဗျ

အပင်အာဟာရ ကြက်သွန်နီ
80 လွန်ခဲ့သော ၂၃ နာရီ က

ကျွတော်ကတော့နှမ်းရိုးနွားချေးကြက်ချေးဖွဲနုEMအမိုင်နို၂ပေ ခွဲထက်မမြင်သောအလွှာလိုက်အကြည်အိပ်ခံ ကာ အုပ်ပြီးလုပ်ပါတယ်

182 လွန်ခဲ့သော ၁ ရက် က

ကျွန်တော်တို့ဆီမှာက နှမ်းရိုးအလွန်ပေါပါတယ် အလွယ်တကူရပါတယ် ဘိုကာရှီမြေဆွေးပြုလာရမှာ နှမ်းရိုးမီးသွေးနဲ့ ပြုလုပ်ချင်ပါတယ် အထူးသဖြင့် အရိုးမှုန့်နေရာမှာ အစားထိုးလုပ်ချင်ပါတယ် ဘယ်လိုလုပ်ရပါသလဲဆရာတို့ ပြီးတော့ စပါးခွံမီးသွေးနဲ့မြေဆွေးလုပ်တာနဲ့ နှမ်းရိုးမီးသွေးနဲ့ မြေဆွေးလုပ်တာ ကွာခြားမှုသိပါရစေ နှမ်းရိုးမီးသွေးနဲ့ မြေဆွေးလုပ်တာ မတွေ့ဘူး မကြားဘူးသေးလို့ပါ

You
15
လွန်ခဲ့သော ၁ ရက် က · ညောင်တုန်း

ဆရာရေကျွန်တော်ငါးမွေးဖို့ဝါသနာပါတ့ဲသူတယောက်ပါဒါပေမ့ဲငွေကြေးရင်းနှီးဖို့အများကြီးမရင်းနှီးနိုင်ဘူးနေရာကလဲခြံထဲမှာအနံ၄ပေအလျား၁၅လောက်တော့ရှိတယ်ဘာမွေးရမလဲငါးရ့ံမွေးရင်ကောအဆင်လောက်လားအကောင်ဘယ်လောက်လောက်မွေးလို့ရမလဲဘယ်လိုပုံစံတွေလုပ်ဆောင်ကမလဲဆိုတာလမ်းညွှန်ပေးပါအုံးနော်

မွေးမြူနည်း ငါး
236 လွန်ခဲ့သော ၁ ရက် က

ငါးရံ့လည်း အဆင်ပြေပါတယ်။ အကြပ်မွေးမယ့်နည်းသုံးမယ်ဆိုရင် အကောင် ရာကျော်ထည့်လို့ရပါတယ်။ ရေတော့ လဲပေးတာမျိုး လိုအပ်ရင်လုပ်ရပါမယ်။ ငါးရံ့ထက် ငါးခူက ပိုအကြမ်းခံပါတယ်။ သူ့ကိုတော့ ပိုအားပေးပါတယ်။ တာလပတ်နဲ့ပါ မွေးလို့ရပါတယ်။

You
459
လွန်ခဲ့သော ၁ ရက် က

ဆရာကြီးခင်ဗျ သင်ဘောစိုက်ခင်း ၇လ သား​ရှိနေပါပြီ အခု မြစ်ရေဝင်သွားလို့ ပျက်စီးသွားပါပြီး အဲ့ဒီနေရာမှာပဲ သင်္ဘောပြန်စိုက်လို့ ရမလား ရမယ်ဆိုရင်လည်း ကျနော်တို့ အလယ်ပိုင်း ဒေသမှာ သင်ဘောသည် ဘယ်လဟာစိုက်ပျိုးရန်သင့်တော်သလည်းဆိုတာလည်း ပြောပေးပါဥိးခင်ဗျာ

စိုက်ပျိုးနည်း သင်္ဘော
အတည်ပြုပြီး 217,292 လွန်ခဲ့သော ၁ ရက် က

သင်းဘောကိုဒီရေတက်တဲ့ဧရာဝတီတိုင်းမှာအများစိုက်တာဘောင်အမြင်ုမျးပြုလုပ်စိုက်ကြပါတယ်ရေနဲ့နီးလို့တနှစ်ပတ်လုံးလိုစိုက်ကျတယ်ဘောင်အမြင့်ကိုဒီရေအမြင့်လိုက်ပြီးသုံးလေးပေအကျယ်လေးငါးပေထားပြီးဘောင်ကိုထိမ်းရန်ဘေတာပင်များနဲ့ဖုံးထားပေးတယ်မြေဆွေးလည်းရ မြေလဲတိုက်စားမှုမရှိပါသင်းဘောပင်စိုက်ရင်ဗိုင်းရပ်စ်ရောဂါသတိထားပါပိုးသတ်ဆေးမကြာဖျန်းပြီးရောဂါကျအပင်တွေ့ရင်နှုပ်ပြစ်ပါရောဂါကျအပင်ကိုကိုင်ပြီးအခြားအပင်မျာကိုလက်မဆေးဘဲမကိုင်ပါနဲ့ သင်းဘောကနနစ်သုံးနုစ်စားရပါတယ်အပင်သိပ်မြင့်သွားရင်အပင်က်ုမြေမှတစ်ပေဖြတ်ပြီးအပေါ်ကသီးကိုင်းကိုအောက်ခံပင်လိုလု်ပြီးမြင်းကုန်းနှိးကိုင်းဆက်နည်းနဲဆက်ပြီးအပင်ပုပြန်ဖြစ်အောင်ပြုလုပ်နိုင်တယ်

အတည်ပြုပြီး 317,987 လွန်ခဲ့သော ၁ ရက် က

သင်္ဘောက ရေ ၂၄ ဝပ်သွားတာနဲ့ အပင်သေပါတယ်။ စိုက်ခင်းက ရောဂါကင်းရှင်းတယ်ဆိုရင် ပြန်စိုက်လို့ရပါတယ်။ မျိုးကတော့ အထုပ်မျိုးတွေ ဝယ်စိုက်ပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မေးခွန်း

ဖြေလည်သော အဖြေရရှိပြီး
62
လွန်ခဲ့သော ၇ နာရီ က · ကြံခင်း

နှမ်းအပင်တိုပြီးအသီးနည်းလို့ပါအသီးကြတော့လည်းအစေ့မအောင်တာဘာလုပ်ရလည်းခင်ဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၉၀ ရက်
စိုက်ပျိုးနည်း နှမ်း
အတည်ပြုပြီး 317,987 လွန်ခဲ့သော ၆ နာရီ က
ဤအဖြေဖြင့် ပြေလည်

အပင်တိုတာက မျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရာသီဥတုနဲ့ အဟာရကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အစေ့မအောင်တာကတော့ အနည်းလိုအဟာရဓာတ်တွေဖြစ်တဲ့ ဘိုရွင်နဲ့ ဇင့်ဓာတ်လိုအပ်ချက်တွေကြောင့် ဖြစ်ပါတယ်။ အခုက အချိန်လွန်သွားပါပြီ။ အခြားခင်းတွေရှိသေးရင်တော့ ပန်းမပွင့်မီ ဘိုရွင်နဲ့ ဇင့်ပါတဲ့ ရွက်ဖျန်းဆေး ဖျန်းစေချင်ပါတယ်ဗျ။

အတည်ပြုပြီး 217,292 လွန်ခဲ့သော ၃ နာရီ က

နှမ်းအသီနဲ အသိးမအောင်တာကြီးထွားချိန်တစ်လျှောက်လုံးအာဟာရကြွေးတာမလုံလောက်လို့ပါမူလထဲကမြေထဲမှာလည်းအပင်အတွက်အာဟာရနည်းလို့ပါမြေအချဥ်အငံဓာတ်ကိုလည်းတိုင်းကြည့်ပါpH က၅.၅ မှ၆ လောက်ဆိုမြေတွင်းရှိအာဟာရများပေင်အတွက်စားသုံးနိုင်သောအချေအနေမျာရှိတယ်

62 လွန်ခဲ့သော ၅ နာရီ က

ကျေးဇူးပါဗျ

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။