ဘောက်လောက်သီးပင်တွေမှာဒီလိုရောဂါတွေ့လို့ဘာမှိုလဲဗျအပင်ပြတ်တာကခါးရိမှိုလားပြောပြပါဦး
အော်တာနေရီးယား ရွက်ပြောက်ရောဂါ (Alternaria leaf spot) ကျနေတာပါ။ သူက ခရမ်းခရမ်းချဉ် စတဲ့ ခရမ်းမျိုးနွယ်တွေ၊ ဗူးဖရုံနဲ့ ပဲမျိုးနွယ်တွေမှာ ကျရောက်ပါတယ်။ မှိုကြောင့်ဖြစ်တတ်တဲ့ရောဂါဖြစ်ပြီး မိုးများပြီး ပူနွေးစိုစွတ်တဲ့ ရာသီဥတုမှာ ဖြစ်ပါတယ်။ အရမ်းမဆိုးဝါးသေးရင်တော့ ရောဂါကျတဲ့ အရွက်တွေကို ဖယ်ရှားပါ။ အပင်ပြတ်တာလည်း ဒီရောဂါနဲ့ ဆက်နွယ်မှုတော့ရှိပါတယ်။ ပြတ်တဲ့နေရာတွေရာ ရောဂါလက္ခဏာရှိမရှိစစ်ပါ။ ရှိရင် နှုတ်ပစ်ပါ။ ရောဂါကျတဲ့ အစိတ်ပိုင်းတွေကို မီးရှို့ဖျက်ဆီးပါ။ မဟုတ်ရင် အဲဒီက မှိုမျိုးစေ့တွေက ပြန်ပြန့်နိုင်ပါတယ်။ အောက်ခြေမှာ အရွက်တွေ ပေါင်းတွေ ရှုပ်မနေအောင် ဂရုစိုက်ပါ။ ကောပါးပါတဲ့ မှိုသတ်ဆေးကို ဖျန်းပေးပါ။ အစိမ်းရောင်လမ်း စိုက်ပျိုးမိုးလေဝသကို စစ်ပြီး ဆေးဖျန်းပြီး ၄-၆ နာရီ မိုးကင်းမယ့်အချိန်ကို ရွေးဖျန်းပါ။