ဆရာကြီးဗျာ မိုးရာသီစပါးဖုံးတဲ့အချိန် ပိုတက်မြေဩစာကျွေးထားp ရေဖောက်ချင်လို မြေဩဇာကျွေးpဘယ်နယ်ရက်နေမှ ရေဖောက်သင့်သလဲဗျ မြေဆီရေထဲပါသွားမလားစောစီဖောက်ရင်ဗျ ဆင်းသုခစပါးမျိုး
ဒိုက်မြက်နဲ့ မြင်းစာမြက်ရှိတဲ့လယ်တေကို မတ်ပဲကျဲလို့သင့်တော်မလား
ဆရာ ဒီလိုမျိုးပြဿနာက ပျောက်ကင်းအောင် ထပ်ပြီးမပြန့်ပွားရအောင် တားဆီးလို့ရပါသလားခင်ဗျ ဒါမှမဟုတ် ဒီကောင်တွေက တစ်ခင်းလုံးကို ကူးစက်နိုင်ပါသလားဆရာ အဲ့ပုံစံအလုံးလေးတွေကိုတော့အဆက်မပြတ်ရှာဖွေ ခူယူပြီးအဝေးကိုလွှင့်ပစ်ပါတယ်ဗျ ဒါမဲ့ မနေ့ကအပြောင်းခူးပေမဲ့ ဒီနေ့အလိုအလုံးလေးတွေ ထပ်တွေ့နေရလို့ စိတ်ညစ်နေရပါတယ် မနေ့မနက်က ကယ်စီပလပ်နဲ့မင်းသား တွဲပီးဖျန်းထားပါတယ်ဗျ မိုးမရွာတာလဲ တစ်လခွဲလောက်ရှိပါပြီ အခြေနေတွေကြောင့်ရေလဲမတင်နိုင်ပါဘူးဆရာ အခုတော့ ကြည်လွဲရက်ရောက်ပီဆိုတော့ မိုးအဆက်မပြတ်ရွာနိုင်ပါတယ်ဆရာ မိုးရွာတာမဲ့ ပုံထဲက မော်နီတာ ဂျစ်ပ်ဆမ် ဖြူးပါမယ်ဆရာ အခုလဲ မိုးအုံ့လိုက် နေပူလိုက် မိုးပေါက်ကျလိုက်အလိုအနေထားရှိနေပါတယ် ပျောက်ကင်းအောင်ကုသလို့ရလား တားဆီးလို့ရလားဆရာ တစ်ခင်းလုံးကူးရင်တော့ ရင်ကျိုးရချည်ရဲ့ ခရမ်းချဥ်သီးကဘယ်နေရာမှအသုံးမဝင်တဲ့ ရောဂါဆိုးကြီးတစ်ခုပါပဲဆရာ
ခရမ်းချဉ်သီးများတွင် ဖြစ်ပွားနေသော Blossom End Rot (ခရမ်းချဉ်ဖင်ပုပ်) ခြင်းသည် မှို သို့မဟုတ် ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ကူးစက်ရောဂါမဟုတ်ဘဲ ရေရရှိမှုမမှန်ကန်ခြင်းကြောင့် ဖြစ်ရသည့် အာဟာရချို့တဲ့မှု (Physiological Disorder) သာ ဖြစ်ပါတယ်။ ထို့ကြောင့် တစ်ခင်းလုံးသို့ ပိုးကူးစက်သကဲ့သို့ ပြန့်ပွားသွားခြင်း လုံးဝမရှိနိုင်ပါဘူး။ လွန်ခဲ့သော ၁ လခွဲခန့် မိုးခေါင်ပြီး ရေမသွင်းနိုင်ခဲ့ခြင်းကြောင့် မြေကြီးခြောက်သွေ့ကာ အပင်၏အမြစ်မှ ကယ်လ်ဆီယမ် (Calcium) ဓာတ်ကို မစုပ်ယူနိုင်ဘဲ ဖြစ်ရခြင်း ပါ။ လက်ရှိတွင် ရောဂါဖြစ်ပြီးသား အသီးများကို ဆက်လက်ဆွတ်ခူးဖယ်ရှားပေးရမည်ဖြစ်ပြီး၊ နောက်ထွက်မည့် အသီးအသစ်များကိုမူ မိုးရွာသွန်းချိန်တွင် ဂျစ်ပ်ဆမ် (Gypsum) ကျွေးခြင်း၊ ကယ်လ်ဆီယမ် ရွက်ဖျန်းဆေးများ ဆက်လက်ပက်ဖျန်းခြင်းနှင့် မြေကြီးအစိုဓာတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းခြင်းတို့ဖြင့် ရာနှုန်းပြည့် အောင်မြင်စွာ တားဆီးကာကွယ်နိုင်ပါတယ်။
မြေဧကတွက်နည့း
ကြွက်တေကိုက်တယ်ဗျာဘာဆေးသုံးရမလဲပြောကြပါအုန်း
စပါးခင်းတွင် ကြွက်ကျရောက်ခြင်းသည် အပင်ခြေနှင့် စပါးနှံများကို ကိုက်ဖြတ်ဖျက်ဆီးသဖြင့် အထွက်နှုန်းကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။ ၎င်းကို ပေါင်းစပ်ကာကွယ်ရန်အတွက် ကန်သင်းရိုးများကို ၁ ပေခွဲထက် မကျယ်စေဘဲ သေးကျစ်အောင် ပြုပြင်ပြီး ပေါင်းမြက်ရှင်းလင်းခြင်းဖြင့် ကြွက်ခိုအောင်းမည့်နေရာကို ဖျက်ဆီးရပါမယ်။ ထို့ပြင် တစ်ကွင်းလုံး စပါးကို ပြိုင်တူစိုက်ပျိုးခြင်း၊ လင်းမြွေ၊ ဇီးကွက် စသည့် သဘာဝရန်သူများကို ထိန်းသိမ်းခြင်းတို့ဖြင့် ကာကွယ်နိုင်ပါတယ်
ကြွက်ကတော့ စားတာပဲမရဘူး ဗျာ
မြေသန်ဆေးဘယ်မာဝယ်လို့ရလဲ
မြေသန်ဆေးဆိုတာဘာကိုပြောတာလဲဗျ
ကွန်ပေါင်းမြေသြဇာကိုပြောတာလား?
ပဲပုပ်နှင့် ပဲငပိကတူတူပဲလားဗျ ဒီဆေးတေသုံးလို့ရလားဗျ
Haloxyfop-p-methyl 10.8% EC အမျိုးအစား ဖြစ်ပြီး ပင်လုံးပြန့် အာနိသင်ရှိ ရွေးချယ်ပေါင်းသတ်ဆေး ဖြစ်ပါတယ်။ပဲပိစပ်ခင်းအတွင်း၌ မြက်ကဲ့သို့သော ရွက်ကျဉ်းပေါင်းများ ပေါက်ရောက်နေပါက Haloxyfop-p-methyl 10.8% ECဆေးကို အသုံးပြုနိုင်ပါတယ်။ ပဲပိစပ် (Horse Gram) သည် ပဲမျိုးရင်းဝင် ဖြစ်သော်လည်း ပဲပုပ် တို့နှင့် အပင်၏ ခံနိုင်ရည် သဘာဝ မတူညီပါဘူး။Fomesafen ဆေးအမျိုးအစားသည် ပဲပုပ် (Soybean) စိုက်ခင်းများတွင် ရွက်ပြန့်ပေါင်း နှိမ်နင်းရန် အဓိက အသိအမှတ်ပြု ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ပဲပိစပ် (Horse Gram) အပင်ကို ဆေးလောင်ခြင်း၊ ကြီးထွားမှု ရပ်တန့်ခြင်း သို့မဟုတ် အပင်သေစေခြင်း စသည့် ဘေးထွက်ဆိုးကျိုးများ (Phytotoxicity) ဖြစ်ပေါ်စေနိုင်သည့် အန္တရာယ် ရှိပါတယ်။အကယ်၍ မဖြစ်မနေ သုံးစွဲလိုပါက စိုက်ခင်း၏ ထောင့်စွန်း သို့မဟုတ် ပေါင်းပင်ထူထပ်သော နေရာအနည်းငယ် (အပင် အနည်းငယ်ခန့်) တွင်သာ ဆေးနှုန်းထား အနည်းငယ်ဖြင့် စမ်းသပ်ပက်ဖျန်းပြီး (၃) ရက်မှ (၅) ရက်ခန့် စောင့်ကြည့်ပါ။ ပဲပိစပ်ပင် ထိခိုက်ပျက်စီးမှု မရှိမှသာ တစ်ခင်းလုံးကို ဆက်လက် ဖျန်းသင့်ပါတယ်။ အနှစ်ချုပ်ရရင် Haloxyfop-p-methyl 10.8% ECကိုစိတ်ချစွာသုံးလို့ရပါတယ်၊ သူကတော့ မြက်အုပ်စုသာနိုင်ပါတယ်၊ မုန်ညင်းနှင့်ရွက်ပြန့်ပေါင်းများကိုတော့ ထိရောက်မှုမရှိပါ။ Fomesafenကတော့သုံးစွဲလို့မရပါဘူး၊သူကရွက်ပြန့်တွေနှိမ်နင်းနိုင်ပါတယ်။ အကယ်၍Fomesafenကိုသုံးစွဲမယ်ဆိုရင်လည်း အထက်ကပြောသလို နေရာထောင့်စွန်းအနည်းငယ်ကိုအရင်စမ်းသပ်ပြီးမှသာသုံးစွဲပါ။ကျွန်တော့်လေ့လာမှုအရကတော့ Fomesafenသုံးစွဲလို့မရပါဘူးခင်ဗျာ
ပဲပုပ် နဲ့ ပဲငပိ (ပဲပိစပ်) က မတူပါဘူးဗျ။ ဒီဆေးက ရွေးချယ်ဆိုပေမယ့် ပဲငပိကို ရွေးချယ်မချယ်တော့ ကျွန်တော်လည်း သေချာမသိတာမို့ အပင်အနည်းငယ်ကို အရင်စမ်းကြည့်ပါဗျ။ ပဲပိစပ်နဲ့ပဲပုပ်
နှိမ်နင်းရခက်တဲ့ဗီဇပြောင်းတက်ပွတ် တက်ကားကိုထိထိရောက်ရောက်နှိမ်နင်းနိုင်တဲ့ဆေးပေါ်ပြီလားဗျ
ရေသာအပြည့်ထည့်ထားလိုက်ပါ။ နိုင်ပါတယ်။
တက်ပွတ်မြက်ကို နှိမ်နင်းရန်အတွက် ယခင်သုံးနေကျ မဟုတ်သည့် လုပ်ဆောင်ချက်ယန္တရားသစ်ပါသော ပေါင်းသတ်ဆေးများကို ပြောင်းလဲအသုံးပြုရပါမယ်။ လက်ရှိတွင် အပင်ပေါက်ပြီးအဆင့်အတွက် Cyhalofop-butylသို့မဟုတ် Quinclorac + Bensulfuron-methyl သို့မဟုတ် Fenoxaprop-P-ethyl (ဖီနိုဆာပရော့ပ်-ပီ-အီသိုင်း) ဆေးများသည် တက်ပွတ်မြက်အတွက် အထိရောက်ဆုံးဖြစ်ပြီး ဆေးဖျန်းရာတွင် ဆေးစိမ့်ဝင်မှုအားကောင်းစေရန် စွဲကပ်ဆေး မဖြစ်မနေ ရောစပ်ဖျန်းရပါမယ်။ ဆေးဖျန်းပြီး ၂၄ နာရီမှ ၄၈ နာရီအတွင်း လယ်ကွက်ထဲသို့ ရေ ၄ လက်မခန့် သွင်း၍ အနည်းဆုံး ၇ ရက်ခန့် ရေလှောင်ထားခြင်းဖြင့် ပေါင်းစေ့များ ထပ်မံအပင်ပေါက်လာခြင်းကို ထိရောက်စွာ ဟန့်တားနိုင်ပါတယ်။
ဆရာများအားလုံးမဂ်လာပါ🙏 စပါးပီးရင် မတ်ပဲကိုခုတ်ဖုံးလုပ်ပီးရိုးပြက်တွေကိုEMဖျန်းမယ် တစ်ဧက ကိုဘယ်နှစ်ပုံးဖျန်းရမလဲ အပင်ဖြစ်လာရင် အမိုင်နိုဖျန်းချင်တယ် အပင်ဘယ်အရွယ်မှာဖျန်းရမလဲ ခုလို အသုံးပြုတာအဆင်ပြေမလာ ဖြေကြားပေးပါ။ 🌱
ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဟုတျ ကဲ့ ပါ
ပုံပါအတိုင်းရွက်ဖျားလေးတွေချောက်နေလို့ဘက်တီးရီးယားရွက်ခြောက်ကျတာလားခဗျ၅၈ရက်သားရှိပါပြီအခင်းက၄၅ကပဲ၁၅ပတ်လည်ကျွေးထားတာပါ
စပါးခင်းတွင် ရွက်ဖျားနှင့် အနားသတ်များ ဝါခြောက်နေခြင်းမှာ ပိုတက်ဆီယမ်ဓာတ် လိုအပ်နေခြင်း ကြောင့် ဖြစ်ပါတယ်။ ၎င်းကို ကုသရန်အတွက် တစ်ဧကလျှင် ပိုတက်ဆီယမ် (MOP) ၁၅-၂၀ ပေါင် ကို ဂျစ်ဆမ် အိတ်ဝက်၊ အပင်ပွားအားကောင်းစေမည့် ယူရီးယား (ပုလဲ) သို့မဟုတ် ၁၅ ပတ်လည် ၁၅-၂၀ ပေါင် တို့နှင့် သမအောင်ရောစပ်၍ မြေဆီလွှာစိုစွတ်ချိန် ရေစပ်စပ်တွင် ကြဲပက်ကျွေးရပါမယ်။ အရွက်များ လျင်မြန်စွာ ပြန်လည်စိမ်းလန်းလာစေရန်အတွက် ပိုတက်ဆီယမ် အချိုးအစားမြင့်မားသော ရွက်ဖျန်းမြေဩဇာကိုပါ တွဲဖက်ဖျန်းပေးခြင်းဖြင့် အာဟာရချို့တဲ့မှုကို အမြန်ဆုံး သက်သာစေနိုင်ပါလိမ့်မယ်။
ကွမ်းသီးပင်ကို ဖွဲ ပြာ အုံတယ် ၁၅ ပတ်လည် ကြွေးတယ် နွားသေးဖျန်းတယ် ၅ ရက်မြောက်မှာ အပင်တေက ဝါလာပီး တချို့ပင်တေက အရွက်ဖျားတေ ခြောက်လာလို့ ဘာလို့ပါလဲ ခင်ဗျ ဘာဖြစ်နိုင်လည်းခင်ဗျ ဘာလုပ်သင့်လည်းခင်ဗျ အပင်သေသွားနိုင်လားခင်ဗျ
@သော်ဇင် ကျေးဇူးပါခင်ဗျ ဒီရက်ပိုင်း မိုးဆက်တိုက်ရွာတော့၁၅ပတ်လည်တေကတော့ အရည်ပျော်သွားပါပီ ခင်ဗျ
ကွမ်းသီးပင်ငယ်များ အရွက်များဝါ၍ အဖျားခြောက်လာခြင်းမှာ ၁၅ ပတ်လည် ဓာတ်မြေဩဇာနှင့် နွားကျင်ငယ်ရည်တို့ပြင်းအားများကာ းဓာတ်မြေဩဇာ လောင်ခြင်း (Fertilizer Burn) ကြောင့် ဖြစ်ရတာပါ။ ဖွဲပြာကို အပင်ခြေတွင် ပတ်ပတ်လည် ပုံကျွေးခြင်းက မြေဆီလွှာ pH ကို ရုတ်တရက် တက်စေပြီး မြစ်လောင်မှုကို ပိုမိုဆိုးရွားစေပါတယ်။ အရေးပေါ် ကုသရန်အတွက် အပင်ခြေရှိ ဖွဲပြာနှင့် မြေဩဇာကျန်များကို အမြန်ဆုံး ယက်ထုတ်ဖယ်ရှားရမည်ဖြစ်ပြီး၊ မြေဆီလွှာထဲမှ ဆားဓာတ်များ မျောပါသွားစေရန် ရေကို နေ့စဉ် အလွန်အကျွံ အဝလောင်းချပေးရပါမယ်။ အမြစ်လောင်ဒဏ် ပြင်းထန်သော အပင်ငယ်အချို့ သေဆုံးနိုင်သော်လည်း၊ ပျက်စီးမှုနည်းသော အပင်များသည် ရေများများလောင်းပေးပါက ၂ ပတ်အတွင်း အညွန့်သစ်ထွက်ကာ ပြန်လည်နာလန်ထူလာနိုင်ပါတယ်။ လာမည့် ၁ လခွဲအထိ မြေဩဇာ ထပ်ကျွေးခြင်းကို လုံးဝရပ်ဆိုင်းထားရပါမယ်။
မိုးလေ၀သ ကြည့်မရတော့လို့ ကူညီပေးကြပါဦးခင်ဗျ
ဖုန်းတွေမှာ location permission ပိတ်ထားမိလိုက်တာကြောင့်ဖြစ်နိုင်ပါတယ်။ မိုးလေဝသနေရာမှာ ဘာပြနေလဲ တစ်ချက်စစ်ပေးပါ။ ဖုန်းကို အပေါ်ကနေ ဆွဲချပြီး location icon လေးကို ဖွင့်ထားပေးပါ။
Play Store ထဲ ဝင်ပြီး version update မြှင့်ကြည့်ပါ
ဘိုကိတ်ပဲကို ခုတ်ဖုံးစနစ်ဖြင့် စိုက်လို့ရမရကိုသိချင်ပါတယ်
ဘိုကိတ်ပဲ (ပဲလွမ်းပြာ) ကို ရိုးပြတ်ပေါ်တွင် အစေ့ချပြီး ကောက်ရိုးဖြင့် ပြန်လည်ခုတ်ဖုံးစိုက်ပျိုးသည့် “ခုတ်ဖုံးစနစ်” ဖြင့် လက်တွေ့စိုက်ပျိုးအောင်မြင်သည့် မှတ်တမ်းမှတ်ရာများ မရှိသဖြင့် စိုက်ပျိုးရန် မသင့်တော်ပါဘူး။ အဘယ်ကြောင့်ဆိုသော် ခုတ်ဖုံးစနစ်သည် မြေဆီလွှာအစိုဓာတ်ကို အလွန်အမင်း ထိန်းသိမ်းပေးသောကြောင့် ရေဝပ်ခြင်းနှင့် အစိုဓာတ်လွန်ကဲခြင်းဒဏ်ကို လုံးဝမခံနိုင်သော ဘိုကိတ်ပဲမျိုးစေ့များ အညှောက်မထွက်ဘဲ အမြစ်ပုပ်ကာ သေကြေပျက်စီးသွားတတ်သောကြောင့် ဖြစ်ပါတယ်၊ ဤခုတ်ဖုံးစနစ်သည် အပင်ပေါက်နှုန်းမြန်ပြီး လျင်မြန်စွာ ပေါက်ရောက်နိုင်သော ပဲတီစိမ်းနှင့် မတ်ပဲတို့အတွက်သာ သင့်တော်ပြီး၊ ဘိုကိတ်ပဲကိုမူ ထွန်ရေးညက်ညက်ဖြင့် စနစ်တကျ အစေ့ချစိုက်ပျိုးမှသာ အောင်မြင်နိုင်ပါလိမ့်မယ်။
ဆရာတို့ခဗျာ စပါးပင်က အရွက်ဝါပြီး အဖျားခြောက်နေလို့ ပုံကို ကြည့်ပြီး မခွဲခြားတတ်လို့ပါခင်ဗျာ ဘယ်လိုဆေးမျိုးသုံးရပါမလဲခင်ဗျာ
ပုံပါ စပါးပင်များတွင် ပိုတက်ဆီယမ်ဓာတ်ချို့တဲ့မှုကြောင့် ဖြစ်သော ရွက်ညိုပြောက်မှိုရောဂါ တို့ တွဲဖက်ကျရောက်နေပြီး အရင်ကစိုက်ခင်းရေပြတ်လပ်မှုဖြစ်ခဲ့တာမျိုးလည်းရှိခဲ့မယ်ထင်ပါတယ်။ ပိုတက်ဆီယမ်ချို့တဲ့မှုကို ကုသရန် ပိုတက်ဆီယမ်ပါဝင်သော မြေဩဇာ ကျွေးခြင်းနှင့် ပရိုပီကိုနာဇော (Propiconazole) ကဲ့သို့သော မှိုသတ်ဆေးကိုဖျန်းပေးရပါမယ်။ ရောဂါမပြန့်ပွားစေရန် ယူရီးယားမြေဩဇာကျွေးခြင်းကို ခေတ္တရပ်ဆိုင်းထားပြီး စိုက်ခင်းအတွင်း လေဝင်လေထွက်ကောင်းအောင် ရေသွင်းရေထုတ် စနစ်တကျ ပြုလုပ်ပေးရန် လိုအပ်ပါတယ်။ မှို ဆေးတစ်ခါဖျန်းပြီးတိုင်းရောဂါကျအရွက်များဆက်လက်ပျံ့ပွားခြင်း ရှိမရှိ နေ့စဉ်စစ်ဆေးပါ၊
အာဟာရချို့တဲ့တာရော၊ရွက်ညိုပြောက်ရောဂါပါ စုံကျနေတာ။ရေများလွန်း၊ရေငတ်လွန်းရင် ဖြစ်တတ်တယ်။ ပိုတက်နဲ့ ဂျစ်ဆန် ကျွေးပါ။ မှိုဆေးဖျန်းပါ။
Paclobutrazol 15% WP Plant Growth Regulator အာနိသင်ရှိ ဆေးကို စပါးခင်းမှာ အသုံးပြုချင်တာပါ။ စပါးပင်သတ်တမ်း ဘယ်အရွယ်မှာ အသုံးပြုသင့်ပါသလဲခင်ဗျာ။ ဆိုးကျိုးအနေနဲ့ ဘာတွေများ ဖြစ်နိုင်ပါသလဲ။
ကျွန်တော်နားလည်သလောက် သူက အပင်ရှည်လာတာကို ကာကွယ်ဖို့အတွက် ထုတ်ထားတာပါ။ စပါးအတွက် ရည်ရွယ်ချက် ၂ ခုနဲ့ သုံးကြပါတယ်။ ပထမက ရွေ့ပြောင်းစိုက်ပျိုးဖို့ နှောင့်နှေးနိုင်လို့ အပင်တွေ အရမ်းမကြီးသွားအောင် ဖျန်းကြတယ်။ နောက်တစ်မျိုးက စပါးပင် ယိုင်လဲနိုင်ခြေများလို့ အပင်ကြီးထွားမှုရပ်တန့်အောင် ဖျန်းကြပါတယ်။ ၇၀ ရက်သားဆို ပန်းခိုင်ထွက်ဖို့နီးနေလို့ အန္တရာယ်များနိုင်ပါတယ်။ သူ့ရဲ့ ဆိုးကျိုးတစ်ခုက ဓာတ်ကြွင်းအာနိသင်ရှိပြီး နောက်စိုက်မယ့် သီးနှံတွေအတွက်လည်း ထိခိုက်နိုင်ပါတယ်။ ဆေးဝါးကျွမ်းကျင်တဲ့ ဆရာတွေလည်း ဝင်ဆွေးနွေးပေးကြပါဦးဗျ။
Paclobutrazol 15% WP ဆေးကို စပါးခင်းတွင် အသုံးပြုမည်ဆိုပါက ပျိုးပင်သက်တမ်း (၁) ရွက်မှ (၃) ရွက်ထွက်ချိန် (ပျိုးသက် ၇-၁၀ ရက်) တွင် အမြစ်ပွားအားကောင်းပြီး ပင်စည်တုတ်စေရန် လည်းကောင်း၊ အဆစ်စထွက်ချိန် (ခေါ်) မှို့ကပ်ချိန်မတိုင်မီ ရက် ၃၀ အလို တွင် အပင်အရပ်ထိန်းပြီး အပင်လဲခြင်းကို ကာကွယ်ရန်လည်းကောင်း သုံးစွဲကျတာပါ။ အဆိုပါဆေးသည် သတ်မှတ်ထားသော ရက်ထက် နောက်ကျပြီး စပါးမှို့ကပ်ချိန် သို့မဟုတ် ပန်းပွင့်ချိန်မှ ဖျန်းမိပါက စပါးအနှံထွက်ရခက်ခြင်း ဖြစ်တတ်ပြီး ဆေးနှုန်းထားလွန်သွားပါက အပင်ပုကာ ကြီးထွားမှု လုံးဝရပ်တန့်သွားနိုင်ပါတယ်။ ထို့ပြင် မြေကြီးထဲတွင် ဆေးအာနိသင် ကြာရှည်ကျန်တတ်သဖြင့် နောက်သီးနှံများ(ဥပမာ- ပဲမျိုးစုံ သို့မဟုတ် ဟင်းသီးဟင်းရွက်များ) အပေါ် သက်ရောက်မှုရှိနိုင်၍ ဆေးနှုန်းထားကို တိကျစွာ ချိန်ဆပက်ဖျန်းရန် လိုအပ်ပါတယ်။အပင် ပုံမှန်ထက် အရပ်လွန်ပြီး လဲမည့်အန္တရာယ်ရှိသော လယ်ကွင်းများ သို့မဟုတ် ယူရီးယားမြေဩဇာ အလွန်အကျွံသုံးထား၍ အပင်အဆမတန် ကြီးထွားနေသော ကွင်းများတွင်သာ ရွေးချယ်အသုံးပြုသင့်ပါတယ်။ အပင်ညှက်နေသော ကွင်းများတွင် လုံးဝမသုံးရပါ။ဆေးဖျန်းမည်ဆိုပါက လယ်ကွင်းထဲမှ ရေကိုအရင်ထုတ်ပြီး ဆေးဖျန်းကာ၊ ဖျန်းပြီး ၂၄ နာရီကြာမှ ရေပြန်သွင်းပေးပါ။ ဆေးဘူး/ဆေးထုပ်ပါ လမ်းညွှန်ချက်အတိုင်း ဆေးနှုန်းထားကို တိကျစွာချိန်ဆပါ။
ကရင်ပြည်နယ်ကော့ကရိတ် တဝိုက်မှာ ပန်းစိုက်ခြံများ ရှိကြလားဗျ
ကော့ကရိတ်မြို့နယ်နှင့် ပတ်ဝန်းကျင်ဒေသများတွင် စီးပွားဖြစ် ဂန္ဓမာပန်းစိုက်ပျိုးသည့်ခြံကြီးများ အလွန်နည်းပါး သို့မဟုတ် မရှိသလောက် ရှားပါးပါတယ်ခင်ဗျာ။ ကော့ကရိတ်မြို့နယ်သည် မြေပြန့်ကုန်းတွင်းပိုင်းဒေသဖြစ်ပြီး ရာသီဥတု ပူပြင်းစိုစွတ်ကာ မိုးများသဖြင့် စီးပွားဖြစ် ဂန္ဓမာပန်းစိုက်ပျိုးရန် အခက်ခဲ အလွန်များလို့ပါ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
မေးခွန်းမေးရန်
အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ
မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။