အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၃၇ မိနစ် က · မိတ္ထီလာ

ငြုပ်ပင်အရွက်ထွတ်နေလို့ ဘာဆေးသုံးရင်ကောင်းမလည်းဗျ ပုလဲ​ကျွေးထားတာ ၁ပတ်လောက်ရှိပြီ ပုလဲပက်ပြီးမှအရွက်ကပိုထွတ်လာလို့ ဘာဆေးသုံးရမလည်းပြောပြပေးပါလားဗျ အသီးပွင်အားအေးရောတခါတည်းညွှန်းပေးပါလားဗျ

ပိုးမွှားရောဂါ ငရုတ်သီး
လွန်ခဲ့သော ၉ မိနစ် က

@သော်ဇင် ဖိုးလပြည့် aiကိုမေးကြည့်တာတော့ဒီဆေးကိုညွန်ထားတယ်ဆရာ အပြင်လောက်လားဗျ Abamectin + Chlorfenapyr

လွန်ခဲ့သော ၉ မိနစ် က

aiကိုမေးကြည့်တာတော့ဒီဆေးကိုညွန်ထားတယ်ဆရာ အပြင်လောက်လားဗျ Abamectin + Chlorfenapyr

You
186
လွန်ခဲ့သော ၂ နာရီ က · လက်ပံတန်း

အရင်ရက်က ဝတ်မှုန်ကူးထားတဲ့ အသီးတွေ မတက်ဘူး ပုတ်ကုန်လို့ ဘယ်လိုလုပ်ရမလဲ ဆရာတို့ ခင်ဗျာ။

စိုက်ပျိုး ဗဟုသုတ ရွှေဖရုံသီး
Post image
308,147 လွန်ခဲ့သော ၁ နာရီ က

ရွှေဖရုံသီးကို လက်ဖြင့် ဝတ်မှုန်ကူးပေးသော်လည်း အသီးမတင်ဘဲ ပုပ်သွားရခြင်းမှာ မနက်ခင်းနောက်ကျမှ ဝတ်မှုန်ကူးမိ၍ ဝတ်မှုန်မအောင်မြင်ခြင်း၊ ဝတ်မှုန်ကူးချိန်တွင် အပူချိန် အလွန်မြင့်မားခြင်း သို့မဟုတ် ရာသီဥတုဆိုးဝါးခြင်း၊ မြေကြီးထဲတွင် ရေဝပ်ခြင်း သို့မဟုတ် စိုထိုင်းဆများလွန်းခြင်းနှင့် မြေဆီလွှာတွင် နိုက်ထရိုဂျင်ဓာတ် အလွန်များပြီး ကယ်လ်ဆီယမ်ဓာတ် ချို့တဲ့ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ အသီးနုလေးများ မြေကြီးနှင့် တိုက်ရိုက်ထိစပ်နေပါကလည်း မှိုရောဂါကြောင့် ချက်ချင်းပုပ်သွားတတ်သဖြင့် အောက်တွင် အခုအခံတစ်ခုခု ခံပေးရန်နှင့် အပင်အာဟာရကို မျှတအောင် ဖြည့်တင်းပေးရန် လိုအပ်ပါတယ်။အမပွင့်ရဲ့ ထိပ်ဖူး (Stigma) နေရာအနှံ့ကို အထီးပွင့်ရဲ့ ဝတ်မှုန်တွေ အပြည့်အဝ မရောက်ရှိခဲ့ရင် သို့မဟုတ် အထီးပွင့်အဆင်သင့်မဖြစ်သေးဘဲ အနုကြီးကို သုံးမိရင် အသီးဝါပြီး ပုပ်သွားတတ်ပါတယ်။

You
ဖြေလည်သော အဖြေရရှိပြီး
8,667
လွန်ခဲ့သော ၅ နာရီ က · ချောက်

ဆရာခင်ဗျ ခရမ်းချဥ်ခင်းအတွက်ပါ ခရမ်းချဥ်ကတော့အသီးကတော့ အဆုတ်လိုက်တွေ သီးတာဗျ ဒါပေမဲ့ အပင်တက်ကျ နှေးနေလားလို့ဆရာ ဒီကြားထဲ ဆျာ ပီဖိုလန်ကို ရပ်ခိုင်းပီး ထွက်တိုးသုံးခိုင်းတာ နှစ်ကတ်တော့ဖျန်းပီးပီ နည်းနည်းတော့တက်လာတယ်ဆရာ အခုပထမပုံထဲက ရှယ်ပီကေ ကိုလဲ ဆျာပြောတဲ့ ပိုတက် အချိုးများလို့ အဲ့ဆေးလဲ ဖျန်းချင်တယ် အပင်ထိုင်သွားမှာလဲစိုးရတယ် အတာကို ဘယ်လိုဖျန်းသင့်လဲဆရာ ပီးတော့လေ ဝိစာရက ကပ်စီပလပ်နဲ့ မင်းမဟော်က မင်းသားက အာနိတင်တူလားဆရာ အဲ့ကယ်စီယမ်ပါတဲ့ဆေးတွေက ဘယ်နှစ်ရက်ကို ဘယ်နှစ်ကြိမ်လောက် ဖျန်းသင့်လဲဆရာ ကျွန်တော်ကတော့ ဘိုရွန်ပါတဲ့ ကပ်စီပလပ်ကိုကြိုက်မိနေလို့ ဆျာ အခုညနေက ဂရမ်း မှိုဆေးနဲ့ မင်းသား အားဆေးနှစ်မျိုးဖျန်းမှာပါဆရာ အတာပီးရင် ရှယ်ပီကေဝင်ချင်တာ အပင်ထိုင်သွားမှာစိုးလို့မဝင်ရဲဘူး အတာဆျာဘာဆေးတွေဝင်ရမလဲ အကြံပေးပါနော်ဆျာ မင်းသားနဲ့ ကယ်ီပလပ် ဘယ်ဟာနဲ့ရောတွဲရမလဲ နော်

စိုက်ပျိုးစီးပွား ခရမ်းချဉ်
Post image
Post image
Post image
Post image
Post image
308,147 လွန်ခဲ့သော ၄ နာရီ က
ဤအဖြေဖြင့် ပြေလည်

ဂရန်းနှင့် မင်းသားဒီညနေဖျန်းပြီး နောက်တခါကျ ထွက်တိုး နှင့် ကယ်လ်စီပလပ်(Ca5,Mg3,B0.5) ဖျန်းလိုက်ပါ။ အပင်အရပ်အားမရသေးဘူးဆိုတော့ တတိယအကြိမ်မှသာ ရှယ်ပီကေကို မင်းသားဖြင့်ဖျန်းပါ။ ကယ်လ်ဆီယမ်အားဆေးတွေကတော့၇ရက်ခြားတစ်ကြိမ်သီးသန့်ဝင်ပေးနိုင်ရင် အကောင်းဆုံးပါခင်ဗျာ

8,667 လွန်ခဲ့သော ၃ နာရီ က

ဟုတ်ဆျာ့ကျေးဇူးပါခင်ဗျ

You
206
လွန်ခဲ့သော ၅ နာရီ က · မလှိုင်

ဆရာကြီး ဆေးရွက်ကြီးသဘာဝပိုးသတ်ဆေးလုပ်နည်းမျှဝေပေးပါဆရာ။ ဆေးနှုန်းထားလေးလဲမျှဝေပေးပါဆရာ အပင်လောင်မှာကိုဆိုးရိမ်ရပါသလားဆရာ မျှဝေပေးပါအုန်း

ပိုးမွှားရောဂါ ဝါ
308,147 လွန်ခဲ့သော ၁ နာရီ က

ပါးပါးလှီးထားသော ရွှေဝါဆပ်ပြာခဲ 1.80ကျပ်သားကိုပြောတာပါ

206 လွန်ခဲ့သော ၂ နာရီ က

ဆပ်ပြာရည်က ဘနှစ်ကျပ်သားထည့်ခိုင်းတာလဲ နားမလည်လို့ပါ။ဘလိုဆပ်ပြာရည်လဲမတိဖူး

You
147
လွန်ခဲ့သော ၁၉ နာရီ က · နတ္တလင်း

ဂရန်600နဲမင်းသားမတ်ပဲးဖြန်လို့ရလား

ပိုးမွှားရောဂါ မတ်ပဲ
308,147 လွန်ခဲ့သော ၉ နာရီ က

ဆရာကြီးဗျမင်းသားမှာက (K2O: 7.4%, CaO: 32.6%) ပါဝင်ပါတယ်ဗျ၊

အတည်ပြုပြီး 1,110,843 လွန်ခဲ့သော ၁၂ နာရီ က

Phosphates နှင့် Alkaline တုံ့ပြန်မှု: ရွက်ဖျန်း NPK ဆေးများတွင် ပါဝင်သော ဖော့စဖရပ် (P) သို့မဟုတ် ပိုတက်စီယမ် (K) ဒြပ်ပေါင်းအချို့သည် Metiram အုပ်စုဝင် မှိုသတ်ဆေးများနှင့် ဓာတ်ပြုကာ ဆေးအနယ်ထိုင်ခြင်း သို့မဟုတ် အရွက်လောင်ခြင်း (Leaf scorch) ဖြစ်စေနိုင်သည်။ မဖျန်းမီ အပြင်မှာ အစမ်းရောကြည့်ပါ။ မှိုသတ်ဆေး(အထူးသဖြင့် metiram)က NPKအားဆေးတွေနဲ့ အပင်နု၊အရွက်နု၊အပွင့်ဝင်ချိန်မှာ error ရှိနိုင်ပါတယ်။ ဖြစ်တတ်တဲ့ သဘာဝကိုပြောတာပါ။

You
ဖြေလည်သော အဖြေရရှိပြီး
275
လွန်ခဲ့သော ၁၉ နာရီ က · ယင်းမာပင်

ဒိန်ချဥ်ထဲ ကြေးနီပြား ထည့်စိမ်ပီး ရလာတဲ့အရည်က မှိုရောဂါကို ကုသနိုင်တယ်လို့ AIက ဖြေထားပါတယ် တကယ်ပဲ မှိုရောဂါကို ကုသနိုင်သလား ဘယ်လိုရောဂါတွေကုသနိုင်သလဲ ဆေးနည်းပြုလုပ်နည်းကို ဖြေကြားပေးပါဦးဆရာတို့

ပိုးမွှားရောဂါ ကြက်သွန်နီ
308,147 လွန်ခဲ့သော ၁၃ နာရီ က
ဤအဖြေဖြင့် ပြေလည်

နို့ချဉ်ထဲ ကြေးနီပြားစိမ်ထားသော အရည်သည် နို့ချဉ်တွင်ပါဝင်သည့် လက်တစ်အက်ဆစ်နှင့် ကြေးနီအိုင်းယွန်းတို့ ပေါင်းစပ်သွားသဖြင့် မှိုပိုးများကို တားဆီးနိုင်သည့် အာနိသင်အနည်းငယ် ရှိလာသောကြောင့် အပင်မှိုရောဂါကို တစိတ်တပိုင်း ကာကွယ်/ကုသနိုင်ပါတယ်။ ဤနည်းလမ်းသည် အိမ်တွင်းအော်ဂဲနစ်စိုက်ပျိုးရေးတွင် ကြိုတင်ကာကွယ်ရန်အတွက်သာ အဆင်ပြေပြီး၊ စီးပွားဖြစ် ကြက်သွန်စိုက်ခင်းကြီးများတွင် ကျရောက်တတ်သော ဒေါင်းနီမှိုရွက်ခြောက်၊ ရွက်ဖျားခြောက် ရောဂါများ ပြင်းထန်စွာကျရောက်ပါက အမြစ်ပြတ်ကုသရန် ခက်ခဲပါတယ်။ ထို့ကြောင့် ပိုမိုစိတ်ချရစေရန် စိုက်ပျိုးရေးသိပ္ပံနည်းကျ ရိုးရာကြေးနီမှိုသတ်ဆေးဖြစ်သော "ဘော်ဒိုဆေးရည်" ကို ကိုယ်တိုင်ဖော်စပ်သုံးစွဲခြင်း သို့မဟုတ် ရောဂါကျရောက်ချိန်တွင် Mancozeb, Metalaxy စသည့် ထိရောက်မြန်ဆန်သော ဓာတုမှိုသတ်ဆေးများကို တိုက်ရိုက်ပက်ဖျန်းနှိမ်နင်းခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။ နို့ချဉ်နှင့်ကြေးနီပြားထက်ဘော်ဒိုဆေးရည်ပြုလုပ်သုံးစွဲတာကမှစိတ်ချရနိုင်ပါတယ်။

You
23
လွန်ခဲ့သော ၂၂ နာရီ က · ဒီပဲယင်း

ကျဲစပါး17ရက်လောက်မာအပင်ဝါပီးအဖြားခြောက်နေရင်ဘာလုပ်ရမလဲဗျ

စိုက်ပျိုး ဗဟုသုတ စပါး
အတည်ပြုပြီး 1,110,843 လွန်ခဲ့သော ၁၂ နာရီ က

ပုံတင်ဖို့အခက်အခဲရှိပုံရပါတယ်။ ပုံကြည့်မှ အကြောင်းရင်းကို သေချာပေါက်သိနိုင်ပါတယ်။ ဖြစ်‌နိုင်ချေကတော့၊ဖြုတ်လေးတွေကျနေတာလည်းဖြစ်နိုင်သလို၊နေပူ၊‌ေရပူ၊တမန်းပူလို့လည်း ဖြစ်တတ်ပါတယ်။ ပိုးရှိရင် ပိုင်မီထရိုဇင်းပါတဲ့ဆေးအုပ်စုဖျန်းပါ။ ပိုးမရှိရင်၊အစိုဓာတ်ရှိရင်၊ ဂျစ်ဆန်နဲ့ ပိုတက်ခ်ျ ရောပက်ပါ

308,147 လွန်ခဲ့သော ၂၀ နာရီ က

ပူံတင်မေးပေးပါဗျ

You
အစိမ်းရောင်လမ်း အက်ပ် ရယူပါ
ဖြေလည်သော အဖြေရရှိပြီး
206
လွန်ခဲ့သော ၂၂ နာရီ က · မလှိုင်

၎င်းဆေးတွင် ရေနံဆီအစား ဒီဇယ်ရပါသလားဆရာ အပင်လောင်တာတွေရှိနိင်လားဆရာ ဆေးသက်တမ်းပါ ရှင်းပြပေးပါဆရာ

ပိုးမွှားရောဂါ ဝါ
Post image
308,147 လွန်ခဲ့သော ၂၀ နာရီ က
ဤအဖြေဖြင့် ပြေလည်

ပုံပါ သဘာဝပိုးသတ်ဆေးစပ်နည်းတွင် ရေနံဆီအစား ဒီဇယ်ကို လုံးဝ အသုံးမပြုသင့်ပါဘူး။ ဒီဇယ်သည် ရေနံဆီထက် ပိုမိုပျစ်ပြီး ပြင်းထန်သောကြောင့် အရွက်ပေါ်တွင် ရေရှည်စွဲကပ်ကာ အပင်ကို ဆိုးရွားစွာ လောင်ကျွမ်းစေနိုင်ပါတယ်။ အပင်မလောင်စေရန်အတွက် ဆေးရည်ကို ဆပ်ပြာရည်အနည်းငယ်ဖြင့် သမအောင်သေချာမွှေရမည်ဖြစ်ပြီး၊ နေပြင်းချိန်တွင် မဖျန်းဘဲ မနက်စောစော သို့မဟုတ် ညနေအေးချိန်တွင်သာ ဖျန်းရပါမယ်။ ထို့ပြင် အခင်းတစ်ခုလုံးမဖျန်းမီ အရွက်အနည်းငယ်တွင် အရင်စမ်းသပ်ဖျန်းရန် လိုအပ်ပါတယ်။ ဤသဘာဝဆေးရည်၏ အာနိသင်အကောင်းဆုံး သက်တမ်းသည် ဆေးအာနိသင်အပြည့်အဝရရန်အကောင်းဆုံးကတော့တစ်ညသိပ်ပြီး ဆေးရည်ပြုလုပ်ပြီးစီးသည့်ဖျန်းရသည်နှင့်တစ်ပြိုင်နက်တည်းအသုံးပြုရန်အရေးကြီးသည်။ရက်ကြာရှည်ထားလို့မရပါ။

You
16
လွန်ခဲ့သော ၂၃ နာရီ က · မော်လမြိုင်

ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ

မြေဆီလွှာ ဒူးရင်းသီး
Post image
အတည်ပြုပြီး 1,110,843 လွန်ခဲ့သော ၁၂ နာရီ က

Dung Beetle သို့မဟုတ် White Grub ရဲ့ အကောင်ကြီး / Scarab Beetleအုပ်စု နွားချေးပိုးတမျိုးပါပဲ။ ညဖက်မှာ ဒူးရင်းအညွန့်လေးတွေကိုက်တတ်ပေမယ့်၊ပျက်စီးလောက်အောင် မဆိုးရွားနိုင်ပါဘူး။ သို့သော် ဒူးရင်းအပင်ငယ်လေးတွေရဲ့ အမြစ်လေးတွေကိုတော့၊သူတို့ရဲ့ ပိုးလောင်းလေးတွေက မြေကြီးထဲကနေ ကိုက်ဖြတ်နိုင်ပါတယ်။

You
1,453
လွန်ခဲ့သော ၁ ရက် က · ငပုတော

ပုံပါစပါးပင်က ဘာဖြစ်တဲ့လက္ခဏာလဲဗျ ဘာဆေးဖျန်းရမလဲ

ပိုးမွှားရောဂါ စပါး
Post image
Post image
308,147 လွန်ခဲ့သော ၁ ရက် က

ရပါတယျ

1,453 လွန်ခဲ့သော ၁ ရက် က

thiamithoxan လက်ကျန်ရှိပါသေးတယ် date မလွန်သေးပါဘူး အဲ့ဒါရော ဖျန်းလို့ရပါသလားဗျ

You
455
လွန်ခဲ့သော ၁ ရက် က · ရပ်စောက်

ကျနော့်မိတ်ဆွေနဲ့ ဆရာ့ဆရာများ ကျနော့် စပါးခင်းထဲ က ဒီပေါင်းလေး မနိုင်လို့ပါ ဘယ်လို နိုင်နင်းရမလဲဘယ်ဆေး သုံးရမလဲ ဖြေပေးပါ/ရွှေနဂါးပေါင်းဝေး/ ဘစ်ဘန်း/ တရုတ်ထုပ် ဆေးမုန့်ဝါ / ဒါတွေ သုံးပြီးပါပြီ

စိုက်ပျိုး ဗဟုသုတ စပါး
Post image
455 လွန်ခဲ့သော ၈ နာရီ က

ဖြေပေးသူများအားလုံးကို ကျေးဇူးတင်ပါသည် ဒီနေ့ ဖျန်းလိုက်ပါပြီခင်ဗျ

အတည်ပြုပြီး 1,110,843 လွန်ခဲ့သော ၁၂ နာရီ က

ရေထုတ်ပြီး၊တူးဖိုးဒီ အုပ်စု ပေါင်းသတ်ဆေးဖျန်းပါ။ ဆေးဖျန်းပြီး တပတ်လောက်ဆိုရင်၊မြေဩဇာ ကျွေးလိုက်ပါ။ပြီးမှ ရေပါးပါးပြန်သွင်းပါ။

You
9,773
လွန်ခဲ့သော ၁ ရက် က · မအူပင်

မဂ်လာပါEM ၁လီတာဗူးကို ၁ဧက အတွက်အကုန်သုံးရမှာလာ ဆေးပုံးတစ်ပုံးကိုဘယ်လောက်ဖျန်းရမလဲဖြေကြားပေးပါ။

မြေဆီလွှာ မတ်ပဲ
Post image
308,147 လွန်ခဲ့သော ၁ ရက် က

အမြန်ဆွေး မြေ့ရန်အတွက်၂၀လီတာဝင်ဆေးဖျန်းပုံးတစ်ပုံးလျင်အီးအမ်အပြင်း ၁လီတာနှုန်းထည့်ရပါမယ်၊ တစ်ဧကကို ၃ဗူးအနည်းဆူံးဖျန်ူးရပါမယ်၊ရိုးပြတ်များအပေါ်နှံ့စပ်စွာဖျန်းရန်လိုအပ်ပါတယ်၊အစိုဓာတ်ရှိရန်လည်းလိုအပ်ပါတယ်၊ ဆေးဖျန်းပြီးနောက် ပုလဲ၇ပြည်နှင့် ဖွဲနုရောပြီးထပ်မံကျဲပက်ပေးနိုင်ပါက ပိုမိုမြန်ဆန်ပြီးအကျိုးကျေးဇူးများပါတယ်ခင်ဗျာ

You
67
လွန်ခဲ့သော ၁ ရက် က · ထန်းတပင်

စပါးခင်းထဲမှာပေါက်နေတာပါဘာမြက်လဲဘယ်လိုဆေးမျိုးဖျန်းလို့ရနိုင်လဲဗျ

စိုက်ပျိုး ဗဟုသုတ စပါး
Post image
308,147 လွန်ခဲ့သော ၁ ရက် က

ပုံပါပေါင်းပင်သည် စပါးခင်းများတွင် အတွေ့ရများသော ဝက်လာမြက် လို့ခေါ်တာပါ။ အခေါ်ကတော့ကွဲနိုင်ပါတယ်။Bensulfuron-methyl + Bispyribac-sodium စသည့် န့်ပေါင်းသတ်ဆေးများကို စပါးခင်း ရေစစ်ပြီး စနစ်တကျ ဖျန်းပေးမှသာ အမြစ်ပြတ် နှိမ်နင်းနိုင်မည်ဖြစ်ပါတယ်။မြေပြင်ချိန်တွင် သေချာစွာ ထယ်မှောက်ထွန်းမွှေပြီး ပေါင်းပင်အကြွင်းအကျန်များကို အခြောက်လှန်းဖျက်ဆီးပါ။ဆေးဖြန်းပြီး ၂ ရက်မှ ၃ ရက်အကြာတွင် စပါးခင်းထဲသို့ ရေပြန်သွင်းပေးခြင်းဖြင့် ပေါင်းပင်ကို ပုပ်ပျက်သေဆုံးစေနိုင်ပါတယ်။ဤပေါင်းပင်သည် စိုစွတ်သောမြေနှင့် ရေဝပ်သောနေရာများကို ကြိုက်နှစ်သက်သဖြင့် စပါးခင်းထဲတွင် ရေအနက်ကို (၅ စင်တီမီတာခန့်) ညီညာစွာ ထိန်းထားနိုင်ပါက ပေါင်းစေ့များ အလင်းရောင်မရဘဲ အပင်မပေါက်နိုင်အောင် ကာကွယ်နိုင်ပါတယ်။အငပ်ကကြီးသွားတော့ ဆေးထိရောက်မှုတော့နည်းနိုင်ပါတယ်။

You
15
လွန်ခဲ့သော ၁ ရက် က · မင်းလှ

အပင်ကြ‌ီးထွားမူကောင်းအောင်ဘာဆေးတြွေဖန်းရမလဲဘာ‌ေြမဆီတွေကျွေးရမလဲဗျ

အပင်အာဟာရ သခွား
308,147 လွန်ခဲ့သော ၁ ရက် က

ပုံပါ သခွားပင်သည် သက်တမ်း ၁၁ ရက်သာရှိသေးသော အပင်ပေါက်အဆင့်ဖြစ်သဖြင့် ပင်စည်နှင့် အမြစ်စနစ် အခြေခိုင်ရန် အဓိကလိုအပ်ပါတယ်။ ဤအဆင့်တွင် အမြစ်ဆင်းကောင်းစေသော ဟူးမစ်အက်ဆစ် (Humic Acid) နှင့် တီစူပါ (Phosphorus) ဓာတ်ပါဝင်မှုများသည့်မြေဩဇာကို အပင်ခြေနှင့် ခပ်လှမ်းလှမ်းတွင် နည်းနည်းချင်းစီ စတင်ကျွေးရပါမယ်။ သက်တမ်း ၂၀ ရက်ကျော်၍ အပင်ကြီးထွားလာချိန်တွင် ကိုင်းဖြာပြီး ထွားကျိုင်းစေရန် နိုက်ထရိုဂျင် (ယူရီးယား) နှင့် သဘာဝမြေဩဇာများကို မြေဆွ၍ ဖြည့်စွက်ကျွေးရမည်ဖြစ်ပြီး၊ သက်တမ်း ၃၅ ရက်နောက်ပိုင်း အသီးတင်ချိန်တွင်မူ ပိုတက်စီယမ်နှင့် ကယ်လ်စီယမ်-ဘိုရွန် အားဆေးရွက်ဖျန်း အားဆေးများကို ပြောင်းလဲအသုံးပြုပေးရပါမယ်။ အပင်ငယ်စဉ် မြေဩဇာအလွန်အကျွံကျွေးပါက အမြစ်လောင်တတ်သဖြင့် ပမာဏကို ဂရုစိုက်ရန် လိုအပ်ပါတယ်။

You
ဖြေလည်သော အဖြေရရှိပြီး
100
လွန်ခဲ့သော ၁ ရက် က · ကြာအင်းဆိပ်ကြီး

အိမ်စားဖို့ ဆလပ်ရွက် ၊ ပူစီနံ ၊ ကိုက်လန်၊ ကန်စွန်း၊နံနံ ၊ အစရှိတဲ့ ဟင်းသီးဟင်းရွက်ပင်လေးတွေ ပျိုးထားပါတယ်။ စိုက်ပျိုးဖို‌့မြေက အဆင်ပြေရဲ့လား ဘာထည့်ပေးရဦးမလဲ သိချင်လို့ပါဆရာ။ မြေကြီးစမ်းသပ်ကြည့်တာကတော့ - အောက်ဆုံးအလွှာ 1.5cm အလယ်အလွှာ 1.4cm အပေါ်ဆုံးအလွှာ 0.6cm စုစုပေါင်းအမြင့် 3.5cm ရှိပါတယ်။ ကျေးဇူးပြု၍ဖြေကြားပေးပါခင်ဗျာ။

မြေဆီလွှာ ဆလပ်
Post image
308,147 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်

မေးခွန်းရှင် ပြုလုပ်ထားသော မြေဆီလွှာဖွဲ့စည်းမှု စမ်းသပ်ချက် (Soil Jar Test) အရ စုစုပေါင်းအမြင့် ၃.၅ စင်တီမီတာတွင် သဲအလွှာ ၄၃%၊ နုန်းအလွှာ ၄၀% နှင့် စေးမြေအလွှာ ၁၇% ပါဝင်နေသဖြင့် ဤမြေသည် စိုက်ပျိုးရေးအတွက် အလွန်ကောင်းမွန်သော နုန်းမြေဆီလွှာ အမျိုးအစား ဖြစ်ပါတယ်။ ရေနုတ်စနစ်ကောင်းမွန်ပြီး ရေနှင့်အာဟာရကို မျှတစွာထိန်းညှိပေးနိုင်သောကြောင့် မေးခွန်းရှင် စိုက်ပျိုးလိုသည့် ဆလတ်၊ ပူစီနံ၊ ကိုက်လန်၊ ကန်စွန်း၊ နံနံ စသည့် အိမ်တွင်းစားဖိုဆောင် ဟင်းသီးဟင်းရွက်ပင်များနှင့် အလွန်ကိုက်ညီမှု ရှိပါသည်။ သီးနှံများ ပိုမိုဖြစ်ထွန်းစေရန်အတွက် စိုက်ပျိုးခါနီး မြေပြင်ရာတွင် နိုက်ထရိုဂျင်နှင့် အာဟာရဓာတ် ကြွယ်ဝသော သဘာဝမြေဆွေး သို့မဟုတ် နွားချေးခြောက် မြေဆွေးများကို မဖြစ်မနေ ထပ်မံဖြည့်စွက်ပေးရန် လိုအပ်ပါတယ်။

100 လွန်ခဲ့သော ၁ ရက် က

ကျေးဇူးတင်ပါတယ်ခင်ဗျာ

You

မေးခွန်း

လွန်ခဲ့သော ၃၇ မိနစ် က · မိတ္ထီလာ

ငြုပ်ပင်အရွက်ထွတ်နေလို့ ဘာဆေးသုံးရင်ကောင်းမလည်းဗျ ပုလဲ​ကျွေးထားတာ ၁ပတ်လောက်ရှိပြီ ပုလဲပက်ပြီးမှအရွက်ကပိုထွတ်လာလို့ ဘာဆေးသုံးရမလည်းပြောပြပေးပါလားဗျ အသီးပွင်အားအေးရောတခါတည်းညွှန်းပေးပါလားဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၉၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
နေရာကွက်ကျားမိုးရွာ
ပိုးမွှားရောဂါ ငရုတ်သီး
လွန်ခဲ့သော ၉ မိနစ် က

@သော်ဇင် ဖိုးလပြည့် aiကိုမေးကြည့်တာတော့ဒီဆေးကိုညွန်ထားတယ်ဆရာ အပြင်လောက်လားဗျ Abamectin + Chlorfenapyr

လွန်ခဲ့သော ၉ မိနစ် က

aiကိုမေးကြည့်တာတော့ဒီဆေးကိုညွန်ထားတယ်ဆရာ အပြင်လောက်လားဗျ Abamectin + Chlorfenapyr

308,147 လွန်ခဲ့သော ၁၈ မိနစ် က

ငရုတ်ပင် သက်တမ်း ရက် ၉၀ တွင် ပုလဲကျွေးပြီးနောက် အရွက်သစ်များ တွန့်လိမ်ကုတ်ထွက်လာခြင်းသည် ငရုတ်ရွက်လိပ်ဗိုင်းရပ်စ်ရောဂါ (Leaf Curl Virus)၊ လှေးပိုး (Thrips) သို့မဟုတ် မွှားပင့်ကူ (Mites) ကျရောက်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ်ရောဂါသည် အပင်ထဲဝင်ပါက ဆေးဖြန်းရုံဖြင့် လုံးဝပျောက်ကင်းအောင် ကုသ၍မရနိုင်သဖြင့် စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ရောဂါသယ်ဆောင်သော ယင်ဖြူနှင့် စုပ်စားပိုးများကျ‌ေရာက်ပါက အီမီဒါကလိုပရစ် (Imidacloprid) သို့မဟုတ် Acetamiprid ကဲ့သို့ ပင်လုံးပျံ့ပိုးသတ်ဆေးများသုံးစွဲလေ့ရှိတယ်။ တစ်ပြိုင်နက်တည်းတွင် စိုက်ခင်းအတွင်အဝါရောင်‌ကော်စေးများ ထောင်ခြင်း၊ အပင်ခံနိုင်ရည်ရှိစေရန် အနည်းလို ရွက်ဖျန်းအားဆေးများ ကျွေးခြင်းတို့ကို ပေါင်းစပ်လုပ်ဆောင်ပေးရပါမယ်။

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။