မင်းဧရာစပါးအစေ့ကအညိုရောင်လေးတွေဖြစ်ပြီးအပိန်လေးတွေဖြစ်နေလို့ဆရာ
မင်းဧရာစပါးအစေ့ကအညိုရောင်လေးတွေဖြစ်ပြီးအပိန်လေးတွေဖြစ်နေလို့ဆရာ
ပိုးလားမှိုလားခင်ဗျ ပိုးဆေးကအာဘာမက်တင် ပရိုဖီနိုဖော့ဖြန်းထားပါတယ်ခင်ဗျမှိုဆေးကတော့ကော့ပါး +ကာဇူကာမိုင်ဇင်သုံးထားပါတယ် အမိုင်နိုပါတဲ့အားဆေးကိုပိုးဆေးးနဲ့တွဲပြီးဖြန်းထားပါတယ်ခင်ဗျ အဆင်ပြေမဲ့ဆေးနဲ့လိုအပ်ချက်တွေညွန်းပေးပါအုံးခင်ဗျ
ဆေးလိုအပ်ချက်ကြောင့်မဟုတ်ပဲ၊ မလိုအပ်ပဲ ဆေးတွေများလို့ ဖြစ်တယ်ထင်ပါတယ်။ဆက်ပြီးပွားနေပါသလား
မြေပဲခင်း ရက်40သားရပီ ဘာဆေးဖြန်းပေးရမလည်းဆရာတို့
trichoderma အသုံးပြုနည်း သိပါရစေဆရာတို့ လူးနယ်ဆေး မြေခံထည့် ရွတ်ဖြန်း တို့ပြုလုပ်ရာမှာ သုံးရမယ့် ထရိုင်ကိုဒါးမားအမှုန့် ပမာဏကို တိတိကျကျ မသိဘူး ဖြစ်နေလို့ပါ
ဧရာပဒေသာ၆၃ရက်သားအပေါ်အရွက်၃ရွက်အောက်ကအရွက်ရင့်တွေပုံပါအတိုင်းဖြစ်နေလို့ရောဂါလားအဟာရတောင်းတာလားခဗျပိုးတော့ရှင်းပါတယ်ခဗျာ
ပုံပါစပါးခင်းတွင် ဖြစ်ပေါ်နေသော လက္ခဏာမှာ အောက်ရွက်များ ဝါပြီး ခြောက်သွေ့နေခြင်းဖြစ်ပြီး၊ ၎င်းသည် ဖျက်ပိုးကြောင့်ထက် အာဟာရဓာတ် မမျှတခြင်း ကြောင့်ဖြစ်တာနှင့် ပိုမိုကိုက်ညီနေပါတယ်။ အရွက်များ လိပ်ခေါက်ခြင်း သို့မဟုတ် အလယ်ရွက်ညွန့် ညှိုးခြောက်ခြင်း မရှိသောကြောင့် လှေးပိုးနှင့် ဆစ်ပိုး ကျရောက်သည့် လက္ခဏာ မဟုတ်နိုင်ပါဘူး သို့ပေမယ်သေချာအောင်ထပ်စစ်ဆေးကြည့်ပါဦး။ နိုက်ထရိုဂျင် (ယူရီးယား) ကို တစ်ကြိမ်တည်း အများကြီးမကျွေးဘဲ ခွဲကျွေးပါ။ အပင်၏ ခံနိုင်ရည်စွမ်းအား တက်လာစေရန် ပိုတက်စီယမ် (ပိုတက်ရှ်) မြေဩဇာ ကို မဖြစ်မနေ ထည့်သွင်းပေးပါ။အောက်ခြေအရွက်များ အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းစေရန် လယ်ကွင်းထဲတွင် ရေကို အမြဲတမ်း လှောင်မထားဘဲ အလှည့်ကျ ရေသွင်းရေထုတ် (Intermittent Drainage) စနစ်ကို ကျင့်သုံးပေးပါ။
ရေသွင်းရေထုတ်ကဘယ်နှစ်ရက်ရေသွင်းပြီးဘယ်နှစ်ရက်ရင်ထုတ်ရသလဲခဗျပိုတက်နဲ့ပုလဲကိုဘယ်ရက်လောက်ကျွေးရမလဲခဗျဂျစ်ပ်ဆမ်လဲဝယ်ထားပါတယ်၁ဧကကျွေးရမဲ့နူန်းထားလေးဖြေပေးပါခဗျာ
ကလောက်ဒီ sulfur 80% ဆေးထုပ်မှာ ခရမ်းချဉ်ကို ဆေးတပုံး 200gလို့ညွှန်းထားဝာာ အဲတာဖြန်းလို့ရလားဗျ
မေးခွန်းရှင် ပြသထားသည့် ဆေးတစ်ပုံးလျှင် 200g ဆိုသော နှုန်းထားမှာ ခရမ်းချဉ်ပင်အတွက် အလွန်များပြားပြီး အပင်လောင်ကျွမ်းစေနိုင်ပါတယ်။ အမှန်တကယ် အသုံးပြုရမည့် မှန်ကန်သောနှုန်းထားမှာ ဆေးဖျန်းပုံး (၂၀ လီတာ) တစ်ပုံးလျှင် ဆေးမှုန့် ၃၀ ဂရမ် မှ ၅၀ ဂရမ် သာ ဖြစ်ပြီး၊ တစ်ဧကလျှင် ရောဂါအခြေအနေအလိုက် ၅၀၀ ဂရမ် မှ ၁၀၀၀ ဂရမ် (၁ ကီလိုဂရမ်) သုံးစွဲရပါမယ်။ ဆာလ်ဖာ ၈၀% သည် ခရမ်းချဉ်ပင်များတွင် အဖြစ်များသော ရောဂါနှင့် အရွက်လိပ်စေသော မွှားပိုးများကို ကာကွယ်နှိမ်နင်းပေးနိုင်သလို၊ အပင်ကြီးထွားမှုကိုလည်း အထောက်အကူပြုပါတယ်။ သို့သော် ကန့်ဓာတ်ပါဝင်သဖြင့် ရာသီဥတု အပူချိန်မြင့်မားချိန်တွင် ဖျန်းခြင်းကို လုံးဝရှောင်ကြဉ်ရမည်ဖြစ်ပြီး နေအေးချိန်တွင်သာ ဖျန်းရပါမယ်။ ထို့ပြင် အဆီအခြေခံဆေးများ (Neem oil ကဲ့သို့ဆေးများ) နှင့်လည်း တွဲဖက်မသုံးရပါ။ ဆေးမဖျန်းမီ ဆေးဘူးပါ အညွှန်းကိုလည်း သေချာစွာ စစ်ဆေးသင့်ပါတယ်။အောက်ပါနှုန်းထားကတော့ ဩဘာကုမ္မဏီကထုတ်သည့် ကလောက်ဒီ၏ဆေးနှုန်းထားမူရင်းဖြစ်ပါတယ်။ (နှုန်းထား. ရေ ၂၀ လီတာ ဝင်ဆေးဖျန်းပုံးတစ်ပုံးလျှင် ကလောက်ဒီ ၆၀-၈၀ ဂရမ်)
စိုက်ခင်းထဲပိုးအမဲကောင်လေးတွေအနည်းငယ်တွေ့လို့ဗျပြောင်ပြောင်ပြောင်နဲ့ကျောပေါ်ကစိုးရိမ်ရလားဆရာ ရေပေါ်မှာတော့ဥဖြူလေးတွေအနည်းငယ်တွေ့တယ်
စပါးသက်တမ်းမှာ ၆၅ ရက် ဖြစ်ပြီး ရာသီဥတုမှာ နေသာခြောက်သွေ့နေသဖြင့် အရွက်ပေါ်တွင် ပိုးမွှားများမှာ လောင်မီးပိုး (Rice Hispa) သို့မဟုတ် လှေးပိုး (Thrips) ဖြစ်နိုင်ပါတယ်။ သက်တမ်းအရ ၆၅ ရက်တွင် စပါးရွက်ကို ခြစ်စားတတ်သော လောင်မီးပိုး ဖြစ်နိုင်ခြေ ပိုများသော်လည်း၊ ခြောက်သွေ့သော ရာသီဥတုကြောင့် လှေးပိုးလည်း ပူးတွဲကျရောက်နိုင်ပါတယ်။ ချက်ချင်း ဆေးမဖျန်းဘဲ စောင့်ကြည့်ရန်အတွက် စီးပွားရေးအရ ခံနိုင်ရည်ရှိမှုအဆင့် (ETL) ကို တိုင်းတာရပါမယ်။ တစ်ပင်စုလျှင် လောင်မီးပိုး အကောင်ကြီး ၂ ကောင် (သို့မဟုတ်) အရွက်တစ်ရွက်လျှင် ပိုးလောင်း ၁ ကောင်ထက်ပို၍ ဖောက်စားနေပါကလည်းကောင်း၊ လှေးပိုးအတွက် စပါးခင်း၏ ၁၀ ရာခိုင်နှုန်းခန့် အရွက်များ လိပ်ခြောက်လာပါကလည်းကောင်း ETL ကျော်လွန်ပြီဖြစ်၍ ဖစ်ပရိုနေး (Fipronil) သို့မဟုတ် အီမီဒါကလိုပရစ် (Imidacloprid) ကဲ့သို့သော ဓာတုပိုးသတ်ဆေးများဖြင့် နှိမ်နင်းရန် လိုအပ်ပါတယ်။ စနစ်တကျ ခွဲခြားနိုင်ရန် ပိုးကောင် သို့မဟုတ် ဖျက်ဆီးထားသည့် အရွက်ကို အနီးကပ် ဓာတ်ပုံရိုက်၍ ထပ်မံအတည်ပြုချင်ပါတယ်။
ဘာဖြစ်တာလဲမသိဘူး ဘာဆေးအသုံးပြုရမလဲပြောပြပေးကြပါဦးခင်ဗျ
စပါးပင်စည်ပုပ်ရောဂါကျ နေတာပါ။ ဒီရောဂါသည် ရေမျက်နှာပြင်နှင့် ထိစပ်နေသော ရွက်ဖုံးနှင့် ပင်စည်များတွင် အမဲစက်များ စတင်ဖြစ်ပေါ်ကာ အတွင်းသို့ ပုပ်ဝင်သွားပြီး အပင်လဲပြိုစေတတ်သော မှိုရောဂါဖြစ်ပါတယ်။ ဤရောဂါကို နှိမ်နင်းရန် စိုက်ခင်းအတွင်းရှိရေကို ကုန်အောင်ထုတ်၍ ၄-၅ ရက်ခန့် မြေပက်လက်အက်ရုံ နေလှန်းပေးခြင်းဖြင့် မှိုပွားမှုကို ဖြတ်တောက်ရပါမယ်။ ရောဂါကျနေစဉ် နိုက်ထရိုဂျင် (ယူရီးယား) မြေဩဇာ ကျွေးခြင်းကို လုံးဝရပ်နားပြီး၊ ပင်စည်သန်မာစေရန် ပိုတက်စီယမ် (ပိုတက်ရှ်) မြေဩဇာကို ဖြည့်တင်းပေးရပါမယ်။ ဓာတုဆေးဝါးအနေဖြင့် (Azoxystrobin+Difenoconazole) သို့မဟုတ် ဗာလီဒါမိုင်ဆင် (Validamycin) သို့မဟုတ် ဟက်ဆာကိုနာဇိုးလ် (Hexaconazole) ပါဝင်သော မှိုသတ်ဆေးကို အပင်ခြေအရောက် စိုရွှဲစွာ ပက်ဖျန်းပေးရပါမယ်။
မည်သည့်ရောဂါကျရောက်သလဲ.မည်သို့ကုသရမည်လဲ
ရေပမာဏများပြီး၊လှောင်တာကြာရင် ဒီပြဿနာမျိုး ဖြစ်တာပါပဲ။ ရေထုတ်ပါ၊အမြစ်ဇုံ လေရှူခွင့်ပေးပါ။ ဂျစ်ဆန်+ပိုတက်ခ်ျ မြေဩဇာပက်ကျွေးပါ။ပြီးမှ ရေပါးပါးပြန်ထည့်ထားပါ။တပတ်လောက်ဆို၊ပြန်စိမ်းလာမှာပါ။ပြီးမှ Nနဲ့ Kကျွေးပါ။
ပုံပါစပါးပင်သည် ဇင့် (သွပ်ဓာတ်) ချို့တဲ့သည့် လက္ခဏာနှင့် အလွန်နီးစပ်နေပြီး စိုက်ခင်းအတွင်း ရေသွင်းရေထုတ်မလုပ်ဘဲ ရေဝပ်နေခြင်းက ဤပြဿနာကို ပိုမိုဆိုးရွားစေပါတယ်။ ထို့အပြင် အရွက်များ လိပ်ပြီး ခြောက်နေခြင်းသည် လှေးပိုးကဲ့သို့ ဖျက်ပိုးများကြောင့်လည်း ဖြစ်နိုင်သဖြင့် အရွက်လိပ်များကို ဖြည်ကြည့်၍ ပိုးကောင်ငယ်များနှင့် ပိုးချေးများ ရှိ၊ မရှိ အရင်ဆုံး အတည်ပြုရန် လိုအပ်သေးတာ်။ ပြုစုကုသရန်အတွက် စိုက်ခင်းအတွင်းရှိ ရေဟောင်းများကို ဖောက်ထုတ်၍ မြေအခြောက်ခံကာ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးရမည်ဖြစ်ပြီး၊ အပင်အမြန်ပြန်လည်နာလန်ထူလာစေရန် ဇင့် ပါသောအနည်းလို ရွက်ဖျန်း အားဆေးကို အမိုင်နိုအက်စစ်ဖြင့်ဖျန်း ပေးပြီး 15:15:15ပတ်လည်မြေဩဇာ ကြဲပက် ကျွေးပေးရပါမယ်။ ပိုးမွှားဒဏ်နှင့် အဟာရချို့တဲ့မှုကို ပိုမိုမဆိုးရွားစေရန် ယူရီးယား (ပုလဲ) မြေသြဇာ အလွန်အကျွံကျွေးခြင်းကိုလည်း ရှောင်ကြဉ်ရပါမယ်။
ထရိုင်ခိုဒါးမား ဘယ်တံဆိပ် ကကောင်းလဲ ဆရာသမားတို့။
မတ်ပဲစိုက်ပျိုးရာတွင် အမြစ်ပုပ်၊ ပင်ခြေပုပ်နှင့် ညှိုးသေရောဂါများကို ကာကွယ်ရန် အသုံးပြုသည့် ထရိုင်ကိုဒါးမား (Trichoderma) ဇီဝမှိုသတ်ဆေးဝယ်ယူရာတွင် တံဆိပ်အမည်ထက် ဆေး၏လတ်ဆတ်မှု (သက်တမ်းမကုန်ဆုံးသေးခြင်း) နှင့် သိုလှောင်မှုစနစ် ကောင်းမွန်ခြင်း က ပိုမိုအရေးကြီးပါတယ်။ မြန်မာ့ဈေးကွက်တွင် တောင်သူအများစု ယုံကြည်စိတ်ချစွာ သုံးစွဲနေကြသော တံဆိပ်များမှာ ထရိုင်ကို (Tricho)၊ ဇီဝပါဝါ ထရိုင်ကိုဒါးမား (Bio-Power) များ ဖြစ်ကြပြီး ၎င်းတို့ကို မစိုက်ပျိုးမီ မျိုးစေ့လူးနယ်၍သော်လည်းကောင်း၊ သဘာဝမြေဆွေးနှင့် ကြိုတင်ပွားများ၍သော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။ ထရိုင်ကိုဒါးမားသည် အသက်ရှိဇီဝမှိုဖြစ်သောကြောင့် ၎င်းကို အသုံးပြုထားသည့်အချိန်တွင် ဓာတုမှိုသတ်ဆေးများနှင့် လုံးဝတွဲဖက်မသုံးရန် သတိပြုရပါမယ်။
ငြုပ်ပင်အရွက်ထွတ်နေလို့ ဘာဆေးသုံးရင်ကောင်းမလည်းဗျ ပုလဲကျွေးထားတာ ၁ပတ်လောက်ရှိပြီ ပုလဲပက်ပြီးမှအရွက်ကပိုထွတ်လာလို့ ဘာဆေးသုံးရမလည်းပြောပြပေးပါလားဗျ အသီးပွင်အားအေးရောတခါတည်းညွှန်းပေးပါလားဗျ
အရွက်ထွတ်ရာမှာ၊လှေး၊ယင်ဖြူကြောင့်ထွတ်သလား?၊ မွှား ကြောင့်လား? အရွက်ညွန့်တွေ အပေါ်လှန်ပြီး ခွက်ပုံ ဆိုရင် လှေး။ အောက်ကုပ်ပြီး တွန့်လိမ်နေရင် broad mite ။မွှားကြေ င့်ဆိုရင် အဘာမက်တင်+ကလိုဖန်နပျာ ဖျန်းပါ။သို့မဟုတ် ပိုင်ရီဒါဘင်+ကလိုဖန်နပျာ ဖျန်းပါ။ အနည်းလိုအာဟာရ အားဆေး ကို ထပ်လိုက်ပေးပါ။
လှေးပိုးကျလို့ နောက်ဆက်တွဲ virus ဝင်တာပါ အကောင်းဆုံးကတော့ ငရုတ် ပန်းစပွင့်ချိန်မှာ လှေးပိုးနိုင်တဲ့ဆေး fipronil တို့ Acetameprid တို့ အလှည့်ကျ ဖြန်းပေးရင် အဆင်ပြေပါတယ် အညာဒေသဆိုရင် prophenofos ဖြန်းရင်လည်း အဆင်ပြေပါတယ်
အရင်ရက်က ဝတ်မှုန်ကူးထားတဲ့ အသီးတွေ မတက်ဘူး ပုတ်ကုန်လို့ ဘယ်လိုလုပ်ရမလဲ ဆရာတို့ ခင်ဗျာ။
ဂြစ်ပဆမ်လေးထည့်ပေးပါလား calcium ချို့တဲ့ရင်လည်း အသီးမတင်တတ်ပါဘူး သီးထိုးယင်တော့ ကာကွယ်ထားပါ
ရွှေဖရုံသီးကို လက်ဖြင့် ဝတ်မှုန်ကူးပေးသော်လည်း အသီးမတင်ဘဲ ပုပ်သွားရခြင်းမှာ မနက်ခင်းနောက်ကျမှ ဝတ်မှုန်ကူးမိ၍ ဝတ်မှုန်မအောင်မြင်ခြင်း၊ ဝတ်မှုန်ကူးချိန်တွင် အပူချိန် အလွန်မြင့်မားခြင်း သို့မဟုတ် ရာသီဥတုဆိုးဝါးခြင်း၊ မြေကြီးထဲတွင် ရေဝပ်ခြင်း သို့မဟုတ် စိုထိုင်းဆများလွန်းခြင်းနှင့် မြေဆီလွှာတွင် နိုက်ထရိုဂျင်ဓာတ် အလွန်များပြီး ကယ်လ်ဆီယမ်ဓာတ် ချို့တဲ့ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ အသီးနုလေးများ မြေကြီးနှင့် တိုက်ရိုက်ထိစပ်နေပါကလည်း မှိုရောဂါကြောင့် ချက်ချင်းပုပ်သွားတတ်သဖြင့် အောက်တွင် အခုအခံတစ်ခုခု ခံပေးရန်နှင့် အပင်အာဟာရကို မျှတအောင် ဖြည့်တင်းပေးရန် လိုအပ်ပါတယ်။အမပွင့်ရဲ့ ထိပ်ဖူး (Stigma) နေရာအနှံ့ကို အထီးပွင့်ရဲ့ ဝတ်မှုန်တွေ အပြည့်အဝ မရောက်ရှိခဲ့ရင် သို့မဟုတ် အထီးပွင့်အဆင်သင့်မဖြစ်သေးဘဲ အနုကြီးကို သုံးမိရင် အသီးဝါပြီး ပုပ်သွားတတ်ပါတယ်။
ဆရာခင်ဗျ ခရမ်းချဥ်ခင်းအတွက်ပါ ခရမ်းချဥ်ကတော့အသီးကတော့ အဆုတ်လိုက်တွေ သီးတာဗျ ဒါပေမဲ့ အပင်တက်ကျ နှေးနေလားလို့ဆရာ ဒီကြားထဲ ဆျာ ပီဖိုလန်ကို ရပ်ခိုင်းပီး ထွက်တိုးသုံးခိုင်းတာ နှစ်ကတ်တော့ဖျန်းပီးပီ နည်းနည်းတော့တက်လာတယ်ဆရာ အခုပထမပုံထဲက ရှယ်ပီကေ ကိုလဲ ဆျာပြောတဲ့ ပိုတက် အချိုးများလို့ အဲ့ဆေးလဲ ဖျန်းချင်တယ် အပင်ထိုင်သွားမှာလဲစိုးရတယ် အတာကို ဘယ်လိုဖျန်းသင့်လဲဆရာ ပီးတော့လေ ဝိစာရက ကပ်စီပလပ်နဲ့ မင်းမဟော်က မင်းသားက အာနိတင်တူလားဆရာ အဲ့ကယ်စီယမ်ပါတဲ့ဆေးတွေက ဘယ်နှစ်ရက်ကို ဘယ်နှစ်ကြိမ်လောက် ဖျန်းသင့်လဲဆရာ ကျွန်တော်ကတော့ ဘိုရွန်ပါတဲ့ ကပ်စီပလပ်ကိုကြိုက်မိနေလို့ ဆျာ အခုညနေက ဂရမ်း မှိုဆေးနဲ့ မင်းသား အားဆေးနှစ်မျိုးဖျန်းမှာပါဆရာ အတာပီးရင် ရှယ်ပီကေဝင်ချင်တာ အပင်ထိုင်သွားမှာစိုးလို့မဝင်ရဲဘူး အတာဆျာဘာဆေးတွေဝင်ရမလဲ အကြံပေးပါနော်ဆျာ မင်းသားနဲ့ ကယ်ီပလပ် ဘယ်ဟာနဲ့ရောတွဲရမလဲ နော်
ဂရန်းနှင့် မင်းသားဒီညနေဖျန်းပြီး နောက်တခါကျ ထွက်တိုး နှင့် ကယ်လ်စီပလပ်(Ca5,Mg3,B0.5) ဖျန်းလိုက်ပါ။ အပင်အရပ်အားမရသေးဘူးဆိုတော့ တတိယအကြိမ်မှသာ ရှယ်ပီကေကို မင်းသားဖြင့်ဖျန်းပါ။ ကယ်လ်ဆီယမ်အားဆေးတွေကတော့၇ရက်ခြားတစ်ကြိမ်သီးသန့်ဝင်ပေးနိုင်ရင် အကောင်းဆုံးပါခင်ဗျာ
ဟုတ်ဆျာ့ကျေးဇူးပါခင်ဗျ
ဆရာကြီး ဆေးရွက်ကြီးသဘာဝပိုးသတ်ဆေးလုပ်နည်းမျှဝေပေးပါဆရာ။ ဆေးနှုန်းထားလေးလဲမျှဝေပေးပါဆရာ အပင်လောင်မှာကိုဆိုးရိမ်ရပါသလားဆရာ မျှဝေပေးပါအုန်း
ပါးပါးလှီးထားသော ရွှေဝါဆပ်ပြာခဲ 1.80ကျပ်သားကိုပြောတာပါ
ဆပ်ပြာရည်က ဘနှစ်ကျပ်သားထည့်ခိုင်းတာလဲ နားမလည်လို့ပါ။ဘလိုဆပ်ပြာရည်လဲမတိဖူး
ဂရန်600နဲမင်းသားမတ်ပဲးဖြန်လို့ရလား
ဆေးနာမည်တွေပဲပြောတော့ ပါဝင်ပစ္စည်းတွေ မသိဘူးလေ။ pမပါရင်တော့ ရနိုင်ပါတယ်
ဆရာကြီးဗျမင်းသားမှာက (K2O: 7.4%, CaO: 32.6%) ပါဝင်ပါတယ်ဗျ၊
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ပိုးလားမှိုလားခင်ဗျ ပိုးဆေးကအာဘာမက်တင် ပရိုဖီနိုဖော့ဖြန်းထားပါတယ်ခင်ဗျမှိုဆေးကတော့ကော့ပါး +ကာဇူကာမိုင်ဇင်သုံးထားပါတယ် အမိုင်နိုပါတဲ့အားဆေးကိုပိုးဆေးးနဲ့တွဲပြီးဖြန်းထားပါတယ်ခင်ဗျ အဆင်ပြေမဲ့ဆေးနဲ့လိုအပ်ချက်တွေညွန်းပေးပါအုံးခင်ဗျ
ဆေးလိုအပ်ချက်ကြောင့်မဟုတ်ပဲ၊ မလိုအပ်ပဲ ဆေးတွေများလို့ ဖြစ်တယ်ထင်ပါတယ်။ဆက်ပြီးပွားနေပါသလား
အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ
မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။