အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၃၁ မိနစ် က · ရပ်စောက်

စပါးရွက်မာ အမဲစက်များ ရှိနေတာဘာဖစ်လို့လဲ ဘယ်လိုကုသရမလဲဗျ

ပိုးမွှားရောဂါ စပါး
Post image
314,950 လွန်ခဲ့သော ၁၂ မိနစ် က

ပုံပါ စပါးရွက်တွင် တွေ့ရသော လက္ခဏာမှာ မှိုကြောင့်ဖြစ်ပွားသည့် စပါးရွက်ညိုပြောက်ရောဂါ (Brown Spot) ဖြစ်ပြီး အများအားဖြင့် ပိုတက်ဆီယမ် (Potassium) ဓာတ် ချို့တဲ့သော စိုက်ခင်းများနှင့် ရေပြတ်လပ်သော လယ်ကွက်များတွင် ပိုမိုကျရောက်တတ်ပါတယ်။ ဤရောဂါကို ကုသရန်အတွက် ပရိုပီကိုနာဇိုးလ် (Propiconazole) သို့မဟုတ် ဒီုင်ဖီနိုကိုနာဇိုးလ် (Difenoconazole) ကဲ့သို့သော မှိုသတ်ဆေးတစ်မျိုးမျိုးကို အညွှန်းအတိုင်း ပက်ဖျန်းပေးရပါမယ်။ ရေရှည်ကာကွယ်မှုအတွက် ယူရီးယားကို လွန်ကဲစွာ မသုံးဘဲ ပိုတက်ရှ်မြေသြဇာကို တိုးမြှင့်ထည့်သွင်းပေးရန်နှင့် ရိတ်သိမ်းပြီးပါက ရောဂါပိုးခိုအောင်းရာ စပါးရိုးပြတ်များကို မီးရှို့ဖျက်ဆီးပစ်ရန် လိုအပ်ပါတယ်။

You
လွန်ခဲ့သော ၁ နာရီ က · မြစ်ကြီးနား

မြစ်ကြီးနားမှာမိုးရာသီက မိုးအရမ်းများလို့ ခရမ်စိုက်မယ်ဆိုရင် ဘယ်မျိုးကို စိုက်သင့်လဲ

စိုက်ပျိုးနည်း ခရမ်းသီး
314,950 လွန်ခဲ့သော ၈ မိနစ် က

မိုးများသော ကချင်ပြည်နယ်၊ မြစ်ကြီးနားဒေသ မိုးရာသီတွင် ခရမ်းချဉ်သီး စိုက်ပျိုးအောင်မြင်ရန်အတွက် အဓိကသော့ချက်မှာ မိုးဒဏ်နှင့် ဘက်တီးရီးယားပင်ညှိုးရောဂါကို ခံနိုင်ရည်ရှိသည့် လိုရာ ၉၀၉ (Lora 909) ကဲ့သို့သော အရည်အသွေးမြင့် မိုးဒဏ်ခံမျိုးများကို ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပါတယ်။ ထို့ပြင် စိုက်ပျိုးရာ၌ မိုးရေဝပ်၍ အမြစ်ပုပ်ခြင်းမှ ကာကွယ်ရန် အနည်းဆုံး ၈ လက်မမှ ၁ ပေအထိ မြင့်သော စိုက်ဘောင်များ ဖော်ပေးရမည်ဖြစ်ပြီး၊ မြေဆီလွှာမပျက်စီးစေရန်နှင့် ပေါင်းမြက်သက်သာစေရန် ပလပ်စတစ်အုပ်စနစ် (Mulching) ကို အသုံးပြုသင့်ပါတယ်။ ပျိုးပင်ငယ်စဉ်တွင် မိုးဒဏ်တိုက်ရိုက်မထိအောင် အမိုးအကာအောက်၌ ပျိုးထောင်ရမည်ဖြစ်ပြီး၊ စိုက်ပျိုးပြီးပါကလည်း မိုးရာသီမှိုရောဂါများအတွက် မှိုသတ်ဆေးကို ပုံမှန်ကြိုတင်ကာကွယ်ဖျန်းပေးရန် လိုအပ်ပါတယ်။

You
319
လွန်ခဲ့သော ၂ နာရီ က · ကဝ

စပါးခင်းတွေပိုးကျသက်သာအာင်မြေကိုစိုစွတ်နေတဲ့အတိုင်ရေစိုစွတ်ယုံလောက်ထားမယ်စပါးထွက်စပြုစပါးနှံနိုရေမထည့်ခင်လေး ‌မြေအဲ့လိုထားပြီးစပါးအနှံအောင်တဲ့အချိန်မှဲ့တဲ့ထိထားမယ် အစင်ပြေနိုင်လာ

စိုက်ပျိုးစီးပွား စပါး
Post image
You
ဖြေလည်သော အဖြေရရှိပြီး
4,034
လွန်ခဲ့သော ၂ နာရီ က · ပြင်ဦးလွင်

မိုးများပီးပန်းအောက်အရွက်တေမှာဒီလိုဖစ်လာလို့ပါ

ပိုးမွှားရောဂါ ဂန္ဓမာ
Post image
Post image
Post image
Post image
314,950 လွန်ခဲ့သော ၂ နာရီ က
ဤအဖြေဖြင့် ပြေလည်

ပုံပါ ဂန္ဓမာပင်တွင် ကျရောက်နေသည်မှာ စိုထိုင်းဆမြင့်မားပြီး အရွက်များ ရေရှည်စိုစွတ်မှုကြောင့် ဖြစ်ပွားတတ်သော အော်တာနေးရီးယား ရွက်ခြောက်ရောဂါ (Alternaria Leaf Spot) ဖြစ်ပါတယ်။ ရောဂါကြောင့် အောက်ခြေအရွက်များပေါ်တွင် စက်ဝိုင်းရစ်ပုံသဏ္ဌာန် အညိုရောင်/အမည်းရောင် အနာကွက်များ ဖြစ်ပေါ်ကာ အရွက်များ ဝါခြောက်ကြွေကျပျက်စီးစေတတ်သည်။ ကာကွယ်ရန်အတွက် ရောဂါရအရွက်များကို ဆွတ်ခူးဖျက်ဆီးပစ်ရမည်ဖြစ်ပြီး၊ လေဝင်လေထွက်ကောင်းအောင် အပင်ထူထပ်မှု လျှော့ချကာ အပင်ခြေမှသာ ရေသွင်းပေးရပါမယ်။ ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် (Tebuconazole)၊ Azoxystrobin, (Difenoconazole) ကဲ့သို့သော မှိုသတ်ဆေးတစ်မျိုးမျိုးကို ဆေးစွဲကပ်ဆေးနှင့် ရောစပ်၍ ၇ရက်ခြား၂ကြိမ်တိတိအလှည့်ကျ စနစ်တကျ ပက်ဖျန်းပေးရပါမယ်။ ဆေးတခါဖျန်းပြီးတိုင်း ရောဂါကျအရွက်များဆက်လက်ပျံ့ပွားခြသ်းရှိမရှိစောင့်ကြည့်ပါခင်ဗျာ။ရောဂါမကျသေးသောအခင်းများအတွက် မန်ကိုဇက် (Mancozeb)ပက်ဖျန်းပြီးကာကွယ်နိုင်ပါတယ်။

4,034 လွန်ခဲ့သော ၁ နာရီ က

‌ပြန်လည်‌ဖြေကြားပေးတဲ့တွက်ကျေးဇူးတင်ပါတယ်ဆရာ

You
1,692
လွန်ခဲ့သော ၄ နာရီ က · မင်းလှ

sulfur ဖြန်းပီး နောက်တရက်နေရင် copper oxichloride ဖြန်းလို့ရလားဗျ

စိုက်ပျိုး ဗဟုသုတ ခရမ်းချဉ်
314,950 လွန်ခဲ့သော ၂ နာရီ က

ဆာလ်ဖာ (Sulfur) ဖြန်းပြီး နောက်တစ်ရက်၌ ကိုပါအောက်ဆီကလိုရိုက် (Copper Oxychloride) ကို ဆက်တိုက်ဖြန်းခြင်း လုံးဝမပြုလုပ်သင့်ပါဘူး။ ဆာလ်ဖာနှင့် ကော့ပါးဓာတ်များ အရွက်ပေါ်တွင် ရက်နီးကပ်စွာ ပေါင်းစပ်မိပါက ပြင်းထန်သော ဓာတုဓာတ်ပြုမှုဖြစ်ပြီး ခရမ်းချဉ်ပင်ကို ဆေးလောင် (Phytotoxicity) စေပါတယ်။ ၎င်းသည် အရွက်များ ခြောက်သွေ့ခြင်း၊ အကွက်များဖြစ်ခြင်းနှင့် အရွက်ကြွေခြင်းတို့ကို ဖြစ်ပေါ်စေကာ အပင်ကို ဆိုးရွားစွာ ပျက်စီးစေနိုင်သောကြောင့် ဤဆေးနှစ်မျိုးအကြား အနည်းဆုံး ၁၀ ရက်မှ ၁၄ ရက် (၂ ပတ်ခန့်) မပျက်မကွက် ခြားပြီးမှသာ ဖြန်းရပါမယ်။လက်ရှိ ခရမ်းချဉ်စိုက်ခင်းထဲမှာ ဘယ်လိုရောဂါလက္ခဏာ (မှိုစွဲတာလား သို့မဟုတ် ဘက်တီးရီးယားကြောင့်လား) တွေ့နေရလို့လဲဆိုတာ ပြောပြပေးနိုင်မလားခင်ဗျာ။ အခြေအနေပေါ်မူတည်ပြီး ပိုမိုဘေးကင်းထိရောက်မယ့် ရောဂါကာကွယ်နည်းကို အကြံပေးပါ့မယ်ခင်ဗျာ။

You
148
လွန်ခဲ့သော ၄ နာရီ က · ထန်းတပင်

သဲဆန်တဲ့မြေမှာမတ်ပဲကိုခုတ်ဖုံးလုပ်တာပိုကောင်းလား ထယ်ရေးနဲ့လုပ်တာပိုကောင်းလား

စိုက်ပျိုးနည်း မတ်ပဲ
314,950 လွန်ခဲ့သော ၂ နာရီ က

သဲဆန်သောမြေဆီလွှာသည် ရေနှင့် အစိုဓာတ်ကို ကြာရှည်စွာ မထိန်းထားနိုင်သည့်အပြင် အာဟာရဓာတ် လျင်မြန်စွာ ဆုံးရှုံးတတ်သဖြင့် မတ်ပဲစိုက်ပျိုးရာတွင် "ထယ်ရေးပြင်ပြီး စိုက်ပျိုးခြင်း" က အကောင်းဆုံး ဖြစ်ပါတယ်။ ထယ်ရေးသေချာပြင်ခြင်းဖြင့် မျိုးစေ့နှင့် မြေကြီးကို ကောင်းစွာထိတွေ့စေကာ အပင်ပေါက်နှုန်း ညီညာစေပြီး၊ မတ်ပဲအမြစ်များ အောက်သို့ နက်နက်ဆင်းကာ အစိုဓာတ်နှင့် အာဟာရကို ပိုမိုစုပ်ယူနိုင်စေတယ်။ ထို့ပြင် ထယ်ရေးပြင်ချိန်တွင် သဘာဝမြေဆွေးကို အောက်ခံအဖြစ် ထည့်သွင်းပေးနိုင်ခြင်းကြောင့် သဲဆန်မြေကို ပြုပြင်ရာရောက်ပါတယ်။ အပြန်အလှန်အားဖြင့် ခုတ်ဖုံးစနစ်သည် မြေမျက်နှာပြင် လျင်မြန်စွာ ခြောက်သွေ့သွားတတ်သဖြင့် အစိုဓာတ်နည်းသော သဲဆန်မြေတွင် အပင်ပေါက်ညံ့ဖျင်းခြင်းနှင့် အထွက်နှုန်းကျဆင်းခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

You
အစိမ်းရောင်လမ်း အက်ပ် ရယူပါ
41
လွန်ခဲ့သော ၆ နာရီ က · မြန်အောင်

ဆေးလောင်တာလား ယင်​ဖြူကျတာလားဗျ ၁၂ရက်သားမှာဖော်ကျွန်း၄၀ccဖျန်းခဲ့ပါတယ်

ပိုးမွှားရောဂါ ပဲပုပ်
Post image
41 လွန်ခဲ့သော ၂ နာရီ က

အခုက အမိုင်နိုအက်စစ်နဲ့ ဘက်တားတွဲပြီးဖျန်းထားပါတယ် အမှန်ကယင်ဖြူနဲ့ ဆေးလောင်တာမခွဲနိုင်ဖြစ်နေခဲ့တာပါ

314,950 လွန်ခဲ့သော ၆ နာရီ က

အပင်သက်တမ်း ၁၂ ရက်သားမှာ ပဲပုပ်ပင်အရွက်တွေ အဝါရောင်သန်းပြီး ပျက်စီးရခြင်းဟာ ၂၀ လီတာ ဆေးဖျန်းပုံးတစ်ပုံးကို သီးနှံပင်ဘေးကင်းရန် ၂၀-၃၀ စီစီထက် ပိုမိုပြီး ၄၀ စီစီအထိ အလွန်အကျွံ သုံးစွဲခဲ့ခြင်းကြောင့် ဖြစ်တဲ့ ဓာတုဆေးလောင်ခြင်း ဖြစ်နိုင်ခြေ အလွန်များပါတယ်။ ဒါ့အပြင် ပဲမျိုးစုံမှာ အဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါ (Yellow Mosaic Virus) ကို သယ်ဆောင်တတ်တဲ့ ယင်ဖြူ (Whitefly) နဲ့ မွှားပင့်ကူ (Mites) တို့ ကျရောက်ခြင်း ရှိ၊ မရှိကိုလည်း တောင်သူကိုယ်တိုင် စိုက်ခင်းထဲ ဆင်းပြီး အရွက်အောက်မျက်နှာပြင်တွေကို သေချာစွာ စစ်ဆေး ရပါမယ်။ လောလောဆယ် ဆေးလောင်တဲ့ဒဏ်ကနေ အပင်ပြန်လည်နာလန်ထူလာစေဖို့ အမိုင်နိုအက်ဆစ် (သို့) ပင်လယ်ရေမှော်ရည်(Seaweed Extract) ကဲ့သို့သော အရွက်ဖျန်းအားဆေးကို နှုန်းထားမှန်မှန်ဖြင့် ပက်ဖျန်းပေးသင့်ပြီး၊ တကယ်လို့ ယင်ဖြူနဲ့ မွှားပင့်ကူတွေ တွေ့ရှိခဲ့ရင်တော့ အေစီတာမီပရစ် (Acetamiprid)၊ အီမီဒါကလိုပရစ် (Imidacloprid) တမျိုးမျိုးကိုသတ်မှတ်ဆေးနှုန်းထားအတိုင်း တိကျစွာ စနစ်တကျ ပြန်လည်ပက်ဖျန်း နှိမ်နင်းပေးရမှာ ဖြစ်ပါတယ်။

You
143
လွန်ခဲ့သော ၆ နာရီ က · ကဝ

စပါးပင်မှာ အဲ့လိုအကွက်လေးတွေတွေ့လိုပါခင်ဗျာ။ဘယ်လိုပြုလုပ်သင့်ပါသလဲခင်ဗျာ။

ပိုးမွှားရောဂါ စပါး
Post image
314,950 လွန်ခဲ့သော ၆ နာရီ က

စပါးရွက်ညိုပြောက်ရှည်ရောဂါကျ‌ေနတာပါ။ဒီ‌ ရောဂါသည် Sphaerulina oryzina မှိုကြောင့်ဖြစ်ပြီး စပါး မှို့ကပ်ချိန်မှ အနှံထွက်ချိန်တွင် အဖြစ်များပါတယ်။ ကာကွယ်ရန် ပုလဲမြေသြဇာလျှော့ကျွေးပြီး ပိုတက်ရှ်မြေသြဇာကို မျှတစွာထည့်ရပါမယ်။ ရောဂါလက္ခဏာ ၅% ကျော်ပါက ပရိုပီကိုနာဇိုးလ်(Propiconazole) သို့မဟုတ် တက်ဗျူကိုနာဇိုးလ်+ ထရိုင်ဖလောက်စီစထရိုဘင် (Tebuconazole + Trifloxystrobin)ကဲ့သို့သော မှိုသတ်ဆေးတစ်မျိုးမျိုးကို ညွှန်ကြားချက်အတိုင်း စနစ်တကျပက်ဖျန်း နှိမ်နင်းရပါမယ်။အပင်မစိပ်လွန်း မများလွန်းစေရန် သတိပြုပြီး စိုက်ခင်းကို ရေသွင်းရေထုတ် ကောင်းမွန်အောင် စီမံထားရပါမယ်။ရောဂါကျရောက်ဖူးသော လယ်ကွက်ရှိ အပင်အကြွင်းအကျန်များနှင့် ရိုးပြတ်များကို မီးရှို့ဖျက်ဆီးပါ။ လယ်ကန်သင်းဘေးရှိ ပေါင်းမြက်များနှင့် စပါးရိုင်းပင်များကို အမြဲရှင်းလင်းပေးပါ။

You
148
လွန်ခဲ့သော ၁၇ နာရီ က · ထန်းတပင်

မတ်ပဲချွေပြီးထွက်လာတဲ့အပင်အခွံမှော်တွေကိုထည်ထိုးပြီးမြေကြီးနဲ့ဖုံးလိုက်တာဘာတွေကောင်းစေလဲ NPKအချိုးညီမျှလားသူက

အပင်အာဟာရ မတ်ပဲ
314,950 လွန်ခဲ့သော ၇ နာရီ က

မတ်ပဲခွံကို မြေကြီးထဲ ပြန်ထည့်၍ ဖုံးအုပ်ပေးခြင်းသည် စိုက်ပျိုးမည့် မြေဆီလွှာအတွက် အလွန်ကောင်းမွန်သော သဘာဝမြေဩဇာ ဖြစ်စေပါတယ်။ မတ်ပဲခွံ ဆွေးမြည့်သွားသောအခါ မြေကြီးကို ပွစေပြီး လေဝင်လေထွက် ကောင်းမွန်ပါတယ်။ ၎င်းတွင် နိုက်ထရိုဂျင် (N) ဓာတ် ပိုမိုကြွယ်ဝစွာ ပါဝင်သော်လည်း အစေ့အဆန် အောင်မြင်ရန် လိုအပ်သော ဖော့စ်ဖရပ် (P) နှင့် ပိုတက်စီယမ် (K) ဓာတ်များမှာမူ ညီတူညီမျှ ပါဝင်ခြင်းမရှိဘဲ လျော့နည်းနေတတ်ပါတယ်။ ထို့ကြောင့် NPK အချိုးအစား မျှတပြီး အပင်က ချက်ချင်းစုပ်ယူနိုင်စေရန် မတ်ပဲခွံကို နွားချေး၊ တီကောင်ချေး သို့မဟုတ် ဖော့စ်ဖရပ် (တီစူပါ) တို့နှင့် ရောစပ်ကာ မြေဆွေးအဖြစ် ဦးစွာဆွေးမြည့်အောင် ပြုလုပ်ပြီးမှ ထည့်သွင်းစိုက်ပျိုးခြင်းက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

You
148
လွန်ခဲ့သော ၁၉ နာရီ က · ထန်းတပင်

မတ်ပဲပင်အရင်ဆုံးထွက်တဲ့အရွက်နှစ်ရွက်ကတစ်ချို့ကျဝါပြီးကြွေသွားတယ်တစ်ချို့ကျအကောင်းတိုင်းရှိနေတယ်ဘာကြောင့်လဲဗျ

ပိုးမွှားရောဂါ မတ်ပဲ
314,950 လွန်ခဲ့သော ၈ နာရီ က

ပဲပင်သက် ၄၅ ရက်တွင် အောက်ခြေအစေ့ရွက်များ ဝါကြွေခြင်းသည် အရွက်စစ်များထွက်လာပြီးနောက် ဖြစ်လေ့ရှိသည့် သဘာဝဖြစ်စဉ် (ပုံမှန်) သာ ဖြစ်ပါတယ်။ အကယ်၍ အပေါ်ဘက်က အရွက်စစ်များပါ လိုက်ဝါလာမှသာ အာဟာရချို့တဲ့ခြင်း၊ ရေဝပ်ခြင်းနှင့် ရောဂါကြောင့် ဖြစ်နိုင်သဖြင့် အရွက်စစ်များပါ ဝါ၊ မဝါ ကိုသာ အဓိကထား စစ်ဆေးပေးပါ။

29 လွန်ခဲ့သော ၁၄ နာရီ က

အစိုဓါတ်များ/မှိုရောဂါ

You
148
လွန်ခဲ့သော ၁၉ နာရီ က · ထန်းတပင်

စပါးကိုနိုက်ထရိုဂျင်ကို ပုလဲကျွေးမယ်ပြီးရင် ကျန်တဲ့ Pနဲ့K ကိုကျရွက်ဖျန်းအားဆေးဘဲသုံးမယ်ဆိုရင်အဆင်ပြေနိုင်လား Pနဲ့Kကစေျးကြီးလို့ပါ

အပင်အာဟာရ စပါး
314,950 လွန်ခဲ့သော ၈ နာရီ က

စပါးသက်တမ်း (၃၀) ရက်တွင် ပုလဲ (နိုက်ထရိုဂျင်) ကို မြေကျွေးပြီးနောက် ဈေးကြီးသော P (ဖော့စဖိတ်) နှင့် K (ပိုတက်စီယမ်) ဓာတ်မြေဩဇာများနေရာတွင် ရွက်ဖျန်းအားဆေးကို အပြည့်အဝ အစားထိုးသုံးစွဲရန် မဖြစ်နိုင်ပါဘူး။ အဘယ်ကြောင့်ဆိုသော် စပါးပင် ကြီးထွားအထွက်တိုးရန် P နှင့် K ဓာတ်ကို မြေကြီးထဲမှ အမြစ်မှတစ်ဆင့် ပမာဏအမြောက်အမြား စုပ်ယူရခြင်းဖြစ်ပြီး၊ ရွက်ဖျန်းဆေးများသည် အပင်အတွက် အားဖြည့်အာဟာရ ပမာဏအနည်းငယ်ကိုသာ လျင်မြန်စွာ ပေးစွမ်းနိုင်သောကြောင့် ဖြစ်ပါတယ်။ သို့သော် ကုန်ကျစရိတ်သက်သာစေရန်အတွက် မြေပြင်ချိန်တွင် ကောက်ရိုးပြန်ထည့်ခြင်း၊ သဘာဝမြေဩဇာသုံးခြင်းတို့ဖြင့် ဓာတ်မြေဩဇာလိုအပ်ချက်ကို လျှော့ချနိုင်ပြီး၊ စပါးပင်ပွားချိန်နှင့် မှို့ကပ်ချိန်များတွင် P နှင့် K ပါဝင်မှုများသော ရွက်ဖျန်းဆေးများကို အချိန်ကိုက် တွဲဖက်ပက်ဖျန်းပေးခြင်းဖြင့် အိတ်စိုက်စရိတ်ကို အကောင်းဆုံး ထိန်းညှိနိုင်ပါလိမ့်မယ်။Pနှင့်Kကို လုံးဝမကျွေးတာမျိုးမဟုတ်ဘဲ သဘာ‌ဝမြေဩဇာနှင့် သေချာနှပ်ပြီးပမာဏကိုတော့ လျှော့သုံးစွဲကြည့်လို့ရပါတယ်၊ ကျန်တာကိုတော့ရွက်ဖျန်းအားဆေးဖြင့်ထိန်းကြည့်ရမှာပေါ့

အတည်ပြုပြီး 322,027 လွန်ခဲ့သော ၁၇ နာရီ က

P နဲ့ K ကလည်း စပါးပင်အတွက် ကြီးထွားသန်စွမ်းဖို့ အရေးကြီးတဲ့အဟာရဓာတ်တွေပါပဲဗျ။ နိုက်ထရိုဂျင်ရဲ့ အာနိသင်က မြန်မြန် မြင်သာတာမို့လို့ပါ။ P နဲ့ K အတွက် လျော့ချနိုင်ဖို့အတွက်ဆို ရွက်ဖျန်းဆေးတင်မဟုတ်ဘဲ နိုက်ထရိုဂျင်ကျွေးတဲ့အချိန်မှာ သဘာဝမြေသြဇာနဲ့ သေချာနှပ်ပြီး ကျွေးပါ။ ဒါဆို P နဲ့ K တင်မကဘဲ နိုက်ထရိုဂျင်ပါ လျော့ချနိုင်ပါလိမ့်မယ်ဗျ။

You
ဖြေလည်သော အဖြေရရှိပြီး
522
လွန်ခဲ့သော ၁၉ နာရီ က · ရပ်စောက်

မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ

မြေဆီလွှာ ငရုတ်သီး
314,950 လွန်ခဲ့သော ၈ နာရီ က
ဤအဖြေဖြင့် ပြေလည်

ငရုတ်ခင်းတွင် ပုလဲဓာတ်လွန်ကဲ၍ မြေမာခြင်းအတွက် ဂျစ်ဆမ် (Gypsum) ထည့်ပေးခြင်းသည် အလွန်ထိရောက်သော နည်းလမ်းကောင်း ဖြစ်ပါတယ်။ ဂျစ်ဆမ်သည် မြေဆီလွှာ၏ ချဉ်ငန်ဓာတ် (pH) ကို မပြောင်းလဲစေဘဲ ပုလဲဓာတ်ကြောင့် ကျစ်မာသွားသော မြေဆီလွှာကို ပြန်လည်ပွလာစေကာ လေဝင်လေထွက်နှင့် ရေစိမ့်ဝင်မှုကို ကောင်းမွန်စေပါတယ်။ ထို့ပြင် ပါဝင်သော ကယ်လ်ဆီယမ်ဓာတ်က ငရုတ်ပင်၏ ဆဲလ်နံရံကို သန်မာစေပြီး ရောဂါဒဏ်ခံနိုင်ရည်ကို တိုးတက်စေပါတယ်။

You
ဖြေလည်သော အဖြေရရှိပြီး
549
လွန်ခဲ့သော ၁၉ နာရီ က · မအူပင်

ဆရာကြီးတို့ရေ မင်းဧရာစပါးက အရွက်ကွက်ကြားခြောက်နေတာရယ် ပိုးအနီလေး‌‌ေကာင်တွေတွေ့လို့

ပိုးမွှားရောဂါ စပါး
Post image
Post image
Post image
Post image
Post image
+၁
314,950 လွန်ခဲ့သော ၈ နာရီ က
ဤအဖြေဖြင့် ပြေလည်

ရောဂါက စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါကျနေတာပါ။ဒီရောဂါကာကွယ်ရန် ယူရီးယားမြေဩဇာ ကျွေးခြင်းကို ချက်ချင်းရပ်ဆိုင်းပြီး လယ်ကွင်းထဲတွင် ရေသွင်းရေထုတ် ပြုလုပ်ပေးပါ။ ပုံထဲတွင် တွေ့ရသော ပိုးအနီကောင်သည် ဖျက်ပိုးများကို နှိမ်နင်းပေးသည့် အကျိုးပြု 'မိတ်ဆွေပိုး' (Ladybird Beetle) ဖြစ်သဖြင့် ၎င်းတို့ကို မသေစေရန် ပြင်းထန်သော ပိုးသတ်ဆေးဖျန်းခြင်းကို ရှောင်ကြဉ်ရပါမယ်။ ရောဂါပြင်းထန်ပြီး မဖြစ်မနေ ဆေးဖျန်းရမည်ဆိုပါက စပါးပွင့်ချိန် (မနက်ပိုင်း) ကို ရှောင်ပြီး ညနေခင်းအေးချိန်တွင်သာ စပါးပင်ခြေကို ဦးတည်၍ ဖျန်းပေးနိုင်သော်လည်း စီးပွားရေးတွက်ခြေကို ချင့်ချိန်သင့်ပါတယ်။ရောဂါကျရောက်မှု ၅ ရာခိုင်နှုန်းအောက်ဆိုလျှင် ဆေးမဖျန်း လည်းရပါတယ်။ရောဂါပြင်းထန်ပြီး ၂၀ ရာခိုင်နှုန်းကျော်မှသာ ကုန်ကျစရိတ်နှင့် စပါးအထွက်နှုန်း ဆုံးရှုံးနိုင်ခြေကို နှိုင်းယှဉ်ကာ ပန်းပွင့်ချိန်ရှောင်၍ ဆေးဖျန်းရန် ဆုံးဖြတ်ပါ။အသုံးပြုရမည့်ဆေး - Oxolinic acid, Copper oxychloride, Copper hydroxide, Bismerthiazole, Kasugamycin တမျိုးမျိုး ဘက်တီးရီးယားရောဂါဖြစ်တာကြောင့် ကူးစက်မှုအရမ်းမြန်ပါတယ်၊ရိတ်သိမ်းချိန် ဝေး နေခြင်းနှင့် ရောဂါကျရောက်မှုဆိုးရွားနေပါကဆေးတစ်ကြိမ်ဖျန်းရန်တော့တိုက်တွန်းလိုပါတယ်ခင်ဗျာ

You
203
လွန်ခဲ့သော ၂၂ နာရီ က · ရေတာရှည်

ဘာရောဂါကြတာလဲဗျ ဓာတ်မြေတောင်းတာလား ရောဂါကြတာလားသိရင်ပြောပြကြပါအုံးဗျ

ပိုးမွှားရောဂါ စပါး
Post image
အတည်ပြုပြီး 1,111,957 လွန်ခဲ့သော ၂၁ နာရီ က

ရွက်ဖျား၊ရွက်နုတွေ ဝါဖျော့တာက၊ ဆာလ်ဖာချို့တဲ့လို့ပါ။Nနဲ့Sနဲ့ အတွဲလိုက် လိုအပ်နေတယ်လို့ယူဆပါတယ်။

203 လွန်ခဲ့သော ၂၁ နာရီ က

ကရင်မ

You
31
လွန်ခဲ့သော ၁ ရက် က · ဘိုကလေး

စပါးတစ်ပင်လုံးခြောက်ပြီးအောက်ကိုပျော့ပီးကျသွားပါတယ်အဲဒါရောဂါလားပိုးလားသိချင်ပါတယ်တစ်ခင်းလုံးအရွက်တွေခြောက်ကုန်တာပါ

ပိုးမွှားရောဂါ စပါး
Post image
အတည်ပြုပြီး 1,111,957 လွန်ခဲ့သော ၂၁ နာရီ က

အမြစ်ကိုနုတ်ကြည့်မှသိမှာပါ။ အမြစ်တွေ မဖြူပဲ၊နီသလား၊မဲသလား။ ရွက်ဖုံးတွေ ခြောက်နေလား ကြည့်ပါ။ အပေါ်ယံအမြင်နဲ့ မှန်းပြောလို့မရပါဘူးဗျ။ ပိုးကြောင့်ဆိုရင်တော့၊ဘာပိုးရှိလဲ ဆိုတာ ပုံရိုက်ရင်းကြည့်ခဲ့ရမှာပါ။

72 လွန်ခဲ့သော ၂၂ နာရီ က

ပိုးသတ်ဆေးနဲ့မိုဆေးပြန်းသင့်တယ်

You

မေးခွန်း

148
လွန်ခဲ့သော ၄ နာရီ က · ထန်းတပင်

သဲဆန်တဲ့မြေမှာမတ်ပဲကိုခုတ်ဖုံးလုပ်တာပိုကောင်းလား ထယ်ရေးနဲ့လုပ်တာပိုကောင်းလား

စိုက်ပျိုးနည်း မတ်ပဲ
314,950 လွန်ခဲ့သော ၂ နာရီ က

သဲဆန်သောမြေဆီလွှာသည် ရေနှင့် အစိုဓာတ်ကို ကြာရှည်စွာ မထိန်းထားနိုင်သည့်အပြင် အာဟာရဓာတ် လျင်မြန်စွာ ဆုံးရှုံးတတ်သဖြင့် မတ်ပဲစိုက်ပျိုးရာတွင် "ထယ်ရေးပြင်ပြီး စိုက်ပျိုးခြင်း" က အကောင်းဆုံး ဖြစ်ပါတယ်။ ထယ်ရေးသေချာပြင်ခြင်းဖြင့် မျိုးစေ့နှင့် မြေကြီးကို ကောင်းစွာထိတွေ့စေကာ အပင်ပေါက်နှုန်း ညီညာစေပြီး၊ မတ်ပဲအမြစ်များ အောက်သို့ နက်နက်ဆင်းကာ အစိုဓာတ်နှင့် အာဟာရကို ပိုမိုစုပ်ယူနိုင်စေတယ်။ ထို့ပြင် ထယ်ရေးပြင်ချိန်တွင် သဘာဝမြေဆွေးကို အောက်ခံအဖြစ် ထည့်သွင်းပေးနိုင်ခြင်းကြောင့် သဲဆန်မြေကို ပြုပြင်ရာရောက်ပါတယ်။ အပြန်အလှန်အားဖြင့် ခုတ်ဖုံးစနစ်သည် မြေမျက်နှာပြင် လျင်မြန်စွာ ခြောက်သွေ့သွားတတ်သဖြင့် အစိုဓာတ်နည်းသော သဲဆန်မြေတွင် အပင်ပေါက်ညံ့ဖျင်းခြင်းနှင့် အထွက်နှုန်းကျဆင်းခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။