မှော်ဘီ၂ဘယ်စျေးပေါက်လဲဗျ
ရွှေဘိုပေါ်ဆန်းသက်လတ်စပါးသက် 77ရက်ရှိပါပီ။ဒီလ 13/14 ရက်က ဆစ်ပိုးကာကွယ်ဖို့ Profenofos+Lambda cyhalothrin ဆေးတွဲကို ဖြန်းခဲ့ပါတယ် ဒါမဲ့ ခုဆစ်ပိုးက လောက်ကောင်အဆင့်ရောက်ပီး ပင်စည်တွင်းဝင်ရောက်ဖျက်စီးနေကြလို့ပါ။ Acetamiprid20%+Fipronil 20% ပါတဲ့ဆေးထပ်ဖြန်းမလို့ပါဗျ။ သင့်တော်လားဗျ။တစ်ပတ်စောင့်ပီးမှဖြန်းရမလားဗျ။ဖြန်းဆေးဖြန်းပီး နဲ့ 3Gနဲ့ပိုတက် ရောပက်သုံးရင်ရော ပိုပီးအာနိသင်ထိနိုင်လားဗျ။
စပါးသက်တမ်း ၇၇ ရက်တွင် ပင်စည်တွင်း လောက်ကောင်ဝင်ရောက်နေခြင်းသည် စပါးပင်စည်ထိုးပိုး ကျရောက်ခြင်း ဖြစ်ပါတယ်။ ယခင်ဖြန်းခဲ့သော ဆေးအတွဲသည် ပင်စည်ထဲရှိ ပိုးကို မနှိမ်နင်းနိုင်သဖြင့် စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့အပင်တွင်းစိမ့်ဝင်နိုင်သော Acetamiprid 20% + Fipronil 20% ကို တစ်ပတ်စောင့်ရန်မလိုဘဲ ချက်ချင်းပြောင်းလဲပက်ဖျန်းသုံးစွဲလေ့ရှိတယ်။ အာနိသင် ပိုမိုထိရောက်စေရန် ရက်ရှည်ကာကွယ်နိုင်သော 3G ဆေးခဲကိုပါ ပူးတွဲအသုံးပြုနိုင်သော်လည်း အပင်အဆိပ်သင့်ခြင်းမှ ကာကွယ်ရန် ဆေးဖျန်းပြီး (၂) ရက် သို့မဟုတ် (၃) ရက်ခန့် ခွာ၍ ကြဲပေးသုံးစွဲလေ့ရှိတယ်။ ဒဏ်ရာရ ပင်စည်များမှတစ်ဆင့် မှိုရောဂါမဝင်စေရန် နောင်တွင်မှိုသတ်ဆေးတစ်ကြိမ်ပက်ဖျန်းသင့်ပါတယ်။
ယင်ဖြူ အရမ်းများနေပါတယ် ဖြုတ်စိမ်းလဲရှိတယ် Thiamethoxam -20 WDG (10 g) + Lambda Cyhalothrin -5W/ V(15 cc)ဖျန်းပါတယ် ယင်ဖြူ မပျောက်ဘူးဖြစ်နေပါတယ် Abamectin -1.8% W/ V (20cc) လဲဖျန်းပါတယ် ယင်ဖြူ အမြစ်ပျက် နှိပ်နှင်းရန် ဆေးနဲ့ မိုစေ့ ဗိုင်းရပ် ကာကွယ်ဆေးလေးသိချင်ပါတယ်ဗျာ
တောင်သူကြီး သုံးစွဲထားသော Thiamethoxam၊ Lambda Cyhalothrin နှင့် Abamectin ဆေးများသည် ယင်ဖြူများ ဆေးယဉ်ပါးမှု (ဆေးမတိုးခြင်း) ဖြစ်သွားစေသည့်အတွက် အကောင်များ မသေဘဲ ရှိနေခြင်းဖြစ်ပါသည်။ ဤပြဿနာကို ဖြေရှင်းရန်အတွက်စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ဆေးအုပ်စုအသစ်များဖြစ်သော Spiromesifen (သို့မဟုတ်) Pyriproxyfen ,Dinotefuran (သို့မဟုတ်) Acetamiprid ကဲ့သို့ ဆေးများဖြင့်တွဲဖက်၍ အရွက်အောက်မျက်နှာပြင်များအထိ နှံ့စပ်အောင် ပြောင်းလဲပက်ဖျန်းသုံးစွဲလေ့ရှိတယ် ။ ၎င်းအပြင် စိုက်ခင်းအတွင်း အဝါရောင် ကော်စေးကပ်ပြားများ ချိတ်ဆွဲခြင်း၊ တမာဆီ သုံးစွဲခြင်းဖြင့် ပိုးကောင်ရေကို ပူးတွဲထိန်းချုပ်သုံးစွဲလေ့ရှိတယ် ။ ယင်ဖြူသည် ဗိုင်းရပ်စ်ရောဂါကို သယ်ဆောင်တတ်သဖြင့် ရောဂါရပင်များကို နှုတ်ယူဖျက်ဆီးပြီး အပင်သန်မာ ခံနိုင်ရည်ရှိစေရန် အနည်းလိုအာဟာရဓာတ်များ ပံ့ပိုးပေးသင့်ပါတယ်။
မတ်ပဲ ၁၅ .၂၀ရက်သားမှာ ဆာလ်ဖာ၈၀%ပါတဲ့ရွက်ဖျန်းဆေးဖျန်းလို့ရပြီလား ဆာလ်ဖာကို အလူမီနီယမ်မှိုသတ်ဆေးနဲ.ရောဖျန်းလို့ရလား
မတ်ပဲ သက်တမ်း ၁၅-၂၀ ရက်သားမှာ ဆာလ်ဖာ ၈၀% ရွက်ဖျန်းဆေး ဖျန်းလို့ရပါတယ်။ ဒါပေမဲ့ အလူမီနီယမ် ဖော့စတစ် (Fosetyl-Al) မှိုသတ်ဆေးနဲ့တော့ လုံးဝတွဲဖက်မရောရပါဘူး။ ဓာတုဗေဒသဘောတရားအရ ကန့် (Sulfur) နဲ့ Fosetyl-Al ဟာ ဓာတ်ပြုပြီး အပင်လောင်ခြင်း (Phytotoxicity) ကို ပြင်းထန်စွာ ဖြစ်စေနိုင်လို့ပါ။ ဒီဆေးနှစ်မျိုးလုံး သုံးချင်ရင် ဆေးတစ်မျိုးနဲ့တစ်မျိုးအကြား အနည်းဆုံး (၇) ရက်ကနေ (၁၀) ရက်ခန့် အချိန်ခြားပြီးမှ သီးခြားစီ ခွဲဖျန်းပေးရပါမယ်။ ဒါ့အပြင် ဆာလ်ဖာကို အဆီအခြေခံဆေးတွေနဲ့ မရောရဘဲ၊ နေ့လယ်ခင်းအပူချိန် နေပြင်းချိန်တွေကို ရှောင်ပြီး ညနေပိုင်းအေးမြချိန်မှာပဲ ဖျန်းပေးရပါမယ်။
ဖျန်းလို့ရပါတယ်ဗျ။ အလူမီနီယမ်မှိုသတ်ဆေးနဲ့တော့ ရောမဖျန်းပါနဲ့ဗျ။ ဓာတ်ပျယ်တာ၊ အပင်လောင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဆာလဖာဆိုရင်...စနစ်တကျသုံးစေလို
စပါးရွက်မာ အမဲစက်များ ရှိနေတာဘာဖစ်လို့လဲ ဘယ်လိုကုသရမလဲဗျ
ပုံပါ စပါးရွက်တွင် တွေ့ရသော လက္ခဏာမှာ မှိုကြောင့်ဖြစ်ပွားသည့် စပါးရွက်ညိုပြောက်ရောဂါ (Brown Spot) ဖြစ်ပြီး အများအားဖြင့် ပိုတက်ဆီယမ် (Potassium) ဓာတ် ချို့တဲ့သော စိုက်ခင်းများနှင့် ရေပြတ်လပ်သော လယ်ကွက်များတွင် ပိုမိုကျရောက်တတ်ပါတယ်။ ဤရောဂါကို ကုသရန်အတွက် ပရိုပီကိုနာဇိုးလ် (Propiconazole) သို့မဟုတ် ဒီုင်ဖီနိုကိုနာဇိုးလ် (Difenoconazole) ကဲ့သို့သော မှိုသတ်ဆေးတစ်မျိုးမျိုးကို အညွှန်းအတိုင်း ပက်ဖျန်းပေးရပါမယ်။ ရေရှည်ကာကွယ်မှုအတွက် ယူရီးယားကို လွန်ကဲစွာ မသုံးဘဲ ပိုတက်ရှ်မြေသြဇာကို တိုးမြှင့်ထည့်သွင်းပေးရန်နှင့် ရိတ်သိမ်းပြီးပါက ရောဂါပိုးခိုအောင်းရာ စပါးရိုးပြတ်များကို မီးရှို့ဖျက်ဆီးပစ်ရန် လိုအပ်ပါတယ်။
မြစ်ကြီးနားမှာမိုးရာသီက မိုးအရမ်းများလို့ ခရမ်စိုက်မယ်ဆိုရင် ဘယ်မျိုးကို စိုက်သင့်လဲ
မိုးများသော ကချင်ပြည်နယ်၊ မြစ်ကြီးနားဒေသ မိုးရာသီတွင် ခရမ်းချဉ်သီး စိုက်ပျိုးအောင်မြင်ရန်အတွက် အဓိကသော့ချက်မှာ မိုးဒဏ်နှင့် ဘက်တီးရီးယားပင်ညှိုးရောဂါကို ခံနိုင်ရည်ရှိသည့် လိုရာ ၉၀၉ (Lora 909) ကဲ့သို့သော အရည်အသွေးမြင့် မိုးဒဏ်ခံမျိုးများကို ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပါတယ်။ ထို့ပြင် စိုက်ပျိုးရာ၌ မိုးရေဝပ်၍ အမြစ်ပုပ်ခြင်းမှ ကာကွယ်ရန် အနည်းဆုံး ၈ လက်မမှ ၁ ပေအထိ မြင့်သော စိုက်ဘောင်များ ဖော်ပေးရမည်ဖြစ်ပြီး၊ မြေဆီလွှာမပျက်စီးစေရန်နှင့် ပေါင်းမြက်သက်သာစေရန် ပလပ်စတစ်အုပ်စနစ် (Mulching) ကို အသုံးပြုသင့်ပါတယ်။ ပျိုးပင်ငယ်စဉ်တွင် မိုးဒဏ်တိုက်ရိုက်မထိအောင် အမိုးအကာအောက်၌ ပျိုးထောင်ရမည်ဖြစ်ပြီး၊ စိုက်ပျိုးပြီးပါကလည်း မိုးရာသီမှိုရောဂါများအတွက် မှိုသတ်ဆေးကို ပုံမှန်ကြိုတင်ကာကွယ်ဖျန်းပေးရန် လိုအပ်ပါတယ်။
စပါးခင်းတွေပိုးကျသက်သာအာင်မြေကိုစိုစွတ်နေတဲ့အတိုင်ရေစိုစွတ်ယုံလောက်ထားမယ်စပါးထွက်စပြုစပါးနှံနိုရေမထည့်ခင်လေး မြေအဲ့လိုထားပြီးစပါးအနှံအောင်တဲ့အချိန်မှဲ့တဲ့ထိထားမယ် အစင်ပြေနိုင်လာ
စပါးမှို့ကပ်ချိန်မှ အနှံထွက်ပြီး နို့ရည်တည်ချိန်အထိ ကာလတွင် ပိုးမွှားကျရောက်မှု သက်သာစေရန် ရေကို အမြဲအိုင်မနေစေဘဲ မြေစိုစွတ်ရုံသာ ထားရှိခြင်း စနစ်ကို သုံးစွဲရန် လုံးဝအဆင်မပြေပါဘူး။ ဤကာလသည် စပါးပင်၏ မျိုးပွားမှုအဆင့် ဖြစ်သောကြောင့် ရေကို အထူးလိုအပ်ပြီး ဤအချိန်တွင် ရေပြတ်လပ်သွားပါက စပါးပွင့်များ ကောင်းစွာမပွင့်နိုင်ခြင်း၊ ဝတ်မှုန်ကူးမှု မအောင်မြင်ခြင်းနှင့် စပါးနှံများ အဖျင်းအမှော် အလွန်များပြားသွားခြင်းတို့ ဖြစ်တတ်ပါတယ်။ ထို့ကြောင့် ဤအရေးကြီးကာလတွင် ရေကို မခြောက်စေဘဲ စပါးခင်းထဲ၌ ရေအနက် (၂) လက်မမှ (၃) လက်မခန့် အမြဲရှိနေအောင် ရေလှောင်ထားပေးရပါမယ်။"ရေသွင်းတစ်လှည့် ခြောက်တစ်လှည့်" (AWD) စနစ်ကို စပါးပင်ပွားချိန်တွင်သာ အသုံးပြုသင့်ပြီး အနှံထွက်ပြီးနောက် စပါးစေ့များ ရင့်မှည့်လာသည့် ရက်ပိုင်းအလို (ရိတ်သိမ်းခါနီး ၁၀-၁၄ ရက်အလို) တွင်မှ ရေကို ကုန်အောင် ပြန်ထုတ်ပေးရပါမယ်။ ဤAWDနည်းလမ်းသည် စပါးပင်ခြေကို လေဝင်လေထွက်ကောင်းစေပြီး ဖြုတ်ပိုးနှင့် မှိုရောဂါ ခိုအောင်းမှုကို လျှော့ချပေးသည့်အပြင် အမြစ်ကို ပိုမိုသန်မာစေပါတယ်။ ရေစိုစွတ်ရုံထားချိန်တွင် ပေါင်းမြက်များ ပိုပေါက်နိုင်သဖြင့် ပေါင်းမြက်ကိုလည်း ဂရုစိုက်နှိမ်နင်းပေးရန် လိုအပ်ပါတယ်။ မိမိကပိုးရောဂါကျရောက်မှုသက်သာချင်လို့စမ်းသပ်ချင်တယ်ဆိုရင်လည်း မှို့ကပ်ချိန်မှ အနှံထွက်ရင့်မှည့်သည်အထိရေ၁လက်မပါးပါးလောက်ထည့်ပြီးစမ်းသပ်နိုင်ပါတယ်။
ရပါတယ်။ အဓိက ပက်ကြားတွေထပြီး မြေကြီးခြောက်သွေ့မသွားရင် ရပါပြီ။
မိုးများပီးပန်းအောက်အရွက်တေမှာဒီလိုဖစ်လာလို့ပါ
ပုံပါ ဂန္ဓမာပင်တွင် ကျရောက်နေသည်မှာ စိုထိုင်းဆမြင့်မားပြီး အရွက်များ ရေရှည်စိုစွတ်မှုကြောင့် ဖြစ်ပွားတတ်သော အော်တာနေးရီးယား ရွက်ခြောက်ရောဂါ (Alternaria Leaf Spot) ဖြစ်ပါတယ်။ ရောဂါကြောင့် အောက်ခြေအရွက်များပေါ်တွင် စက်ဝိုင်းရစ်ပုံသဏ္ဌာန် အညိုရောင်/အမည်းရောင် အနာကွက်များ ဖြစ်ပေါ်ကာ အရွက်များ ဝါခြောက်ကြွေကျပျက်စီးစေတတ်သည်။ ကာကွယ်ရန်အတွက် ရောဂါရအရွက်များကို ဆွတ်ခူးဖျက်ဆီးပစ်ရမည်ဖြစ်ပြီး၊ လေဝင်လေထွက်ကောင်းအောင် အပင်ထူထပ်မှု လျှော့ချကာ အပင်ခြေမှသာ ရေသွင်းပေးရပါမယ်။ ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် (Tebuconazole)၊ Azoxystrobin, (Difenoconazole) ကဲ့သို့သော မှိုသတ်ဆေးတစ်မျိုးမျိုးကို ဆေးစွဲကပ်ဆေးနှင့် ရောစပ်၍ ၇ရက်ခြား၂ကြိမ်တိတိအလှည့်ကျ စနစ်တကျ ပက်ဖျန်းပေးရပါမယ်။ ဆေးတခါဖျန်းပြီးတိုင်း ရောဂါကျအရွက်များဆက်လက်ပျံ့ပွားခြသ်းရှိမရှိစောင့်ကြည့်ပါခင်ဗျာ။ရောဂါမကျသေးသောအခင်းများအတွက် မန်ကိုဇက် (Mancozeb)ပက်ဖျန်းပြီးကာကွယ်နိုင်ပါတယ်။
ပြန်လည်ဖြေကြားပေးတဲ့တွက်ကျေးဇူးတင်ပါတယ်ဆရာ
sulfur ဖြန်းပီး နောက်တရက်နေရင် copper oxichloride ဖြန်းလို့ရလားဗျ
ဘက်တီးရီးယားကျတယ်ဆိုရင် Oxolinic acid, Bismerthiazole, Kasugamycin, Copper oxychloride, Copper hydroxide လိုဘက်တီးရီးယားသတ်ဆေးများကို ၇-၁၀ရက်ခြားအလှည့်ကျ ရေုဂါရပ်တန့်သည်အထိဖျန်းပေးမှ ထိရောက်မှာပါ။ ဆာလ်ဖာဖျန်းပက်စရာမလိုပါဘူးဗျ
ဘကျတီးရီးယားကလြို့ဗြ
သဲဆန်တဲ့မြေမှာမတ်ပဲကိုခုတ်ဖုံးလုပ်တာပိုကောင်းလား ထယ်ရေးနဲ့လုပ်တာပိုကောင်းလား
သဲဆန်သောမြေဆီလွှာသည် ရေနှင့် အစိုဓာတ်ကို ကြာရှည်စွာ မထိန်းထားနိုင်သည့်အပြင် အာဟာရဓာတ် လျင်မြန်စွာ ဆုံးရှုံးတတ်သဖြင့် မတ်ပဲစိုက်ပျိုးရာတွင် "ထယ်ရေးပြင်ပြီး စိုက်ပျိုးခြင်း" က အကောင်းဆုံး ဖြစ်ပါတယ်။ ထယ်ရေးသေချာပြင်ခြင်းဖြင့် မျိုးစေ့နှင့် မြေကြီးကို ကောင်းစွာထိတွေ့စေကာ အပင်ပေါက်နှုန်း ညီညာစေပြီး၊ မတ်ပဲအမြစ်များ အောက်သို့ နက်နက်ဆင်းကာ အစိုဓာတ်နှင့် အာဟာရကို ပိုမိုစုပ်ယူနိုင်စေတယ်။ ထို့ပြင် ထယ်ရေးပြင်ချိန်တွင် သဘာဝမြေဆွေးကို အောက်ခံအဖြစ် ထည့်သွင်းပေးနိုင်ခြင်းကြောင့် သဲဆန်မြေကို ပြုပြင်ရာရောက်ပါတယ်။ အပြန်အလှန်အားဖြင့် ခုတ်ဖုံးစနစ်သည် မြေမျက်နှာပြင် လျင်မြန်စွာ ခြောက်သွေ့သွားတတ်သဖြင့် အစိုဓာတ်နည်းသော သဲဆန်မြေတွင် အပင်ပေါက်ညံ့ဖျင်းခြင်းနှင့် အထွက်နှုန်းကျဆင်းခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဆေးလောင်တာလား ယင်ဖြူကျတာလားဗျ ၁၂ရက်သားမှာဖော်ကျွန်း၄၀ccဖျန်းခဲ့ပါတယ်
@သော်ဇင် အဆင်ပြေနိုင်လားဗျ
အခုက အမိုင်နိုအက်စစ်နဲ့ ဘက်တားတွဲပြီးဖျန်းထားပါတယ် အမှန်ကယင်ဖြူနဲ့ ဆေးလောင်တာမခွဲနိုင်ဖြစ်နေခဲ့တာပါ
စပါးပင်မှာ အဲ့လိုအကွက်လေးတွေတွေ့လိုပါခင်ဗျာ။ဘယ်လိုပြုလုပ်သင့်ပါသလဲခင်ဗျာ။
စပါးရွက်ညိုပြောက်ရှည်ရောဂါကျေနတာပါ။ဒီ ရောဂါသည် Sphaerulina oryzina မှိုကြောင့်ဖြစ်ပြီး စပါး မှို့ကပ်ချိန်မှ အနှံထွက်ချိန်တွင် အဖြစ်များပါတယ်။ ကာကွယ်ရန် ပုလဲမြေသြဇာလျှော့ကျွေးပြီး ပိုတက်ရှ်မြေသြဇာကို မျှတစွာထည့်ရပါမယ်။ ရောဂါလက္ခဏာ ၅% ကျော်ပါက ပရိုပီကိုနာဇိုးလ်(Propiconazole) သို့မဟုတ် တက်ဗျူကိုနာဇိုးလ်+ ထရိုင်ဖလောက်စီစထရိုဘင် (Tebuconazole + Trifloxystrobin)ကဲ့သို့သော မှိုသတ်ဆေးတစ်မျိုးမျိုးကို ညွှန်ကြားချက်အတိုင်း စနစ်တကျပက်ဖျန်း နှိမ်နင်းရပါမယ်။အပင်မစိပ်လွန်း မများလွန်းစေရန် သတိပြုပြီး စိုက်ခင်းကို ရေသွင်းရေထုတ် ကောင်းမွန်အောင် စီမံထားရပါမယ်။ရောဂါကျရောက်ဖူးသော လယ်ကွက်ရှိ အပင်အကြွင်းအကျန်များနှင့် ရိုးပြတ်များကို မီးရှို့ဖျက်ဆီးပါ။ လယ်ကန်သင်းဘေးရှိ ပေါင်းမြက်များနှင့် စပါးရိုင်းပင်များကို အမြဲရှင်းလင်းပေးပါ။
မတ်ပဲချွေပြီးထွက်လာတဲ့အပင်အခွံမှော်တွေကိုထည်ထိုးပြီးမြေကြီးနဲ့ဖုံးလိုက်တာဘာတွေကောင်းစေလဲ NPKအချိုးညီမျှလားသူက
မတ်ပဲခွံကို မြေကြီးထဲ ပြန်ထည့်၍ ဖုံးအုပ်ပေးခြင်းသည် စိုက်ပျိုးမည့် မြေဆီလွှာအတွက် အလွန်ကောင်းမွန်သော သဘာဝမြေဩဇာ ဖြစ်စေပါတယ်။ မတ်ပဲခွံ ဆွေးမြည့်သွားသောအခါ မြေကြီးကို ပွစေပြီး လေဝင်လေထွက် ကောင်းမွန်ပါတယ်။ ၎င်းတွင် နိုက်ထရိုဂျင် (N) ဓာတ် ပိုမိုကြွယ်ဝစွာ ပါဝင်သော်လည်း အစေ့အဆန် အောင်မြင်ရန် လိုအပ်သော ဖော့စ်ဖရပ် (P) နှင့် ပိုတက်စီယမ် (K) ဓာတ်များမှာမူ ညီတူညီမျှ ပါဝင်ခြင်းမရှိဘဲ လျော့နည်းနေတတ်ပါတယ်။ ထို့ကြောင့် NPK အချိုးအစား မျှတပြီး အပင်က ချက်ချင်းစုပ်ယူနိုင်စေရန် မတ်ပဲခွံကို နွားချေး၊ တီကောင်ချေး သို့မဟုတ် ဖော့စ်ဖရပ် (တီစူပါ) တို့နှင့် ရောစပ်ကာ မြေဆွေးအဖြစ် ဦးစွာဆွေးမြည့်အောင် ပြုလုပ်ပြီးမှ ထည့်သွင်းစိုက်ပျိုးခြင်းက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
မတ်ပဲပင်အရင်ဆုံးထွက်တဲ့အရွက်နှစ်ရွက်ကတစ်ချို့ကျဝါပြီးကြွေသွားတယ်တစ်ချို့ကျအကောင်းတိုင်းရှိနေတယ်ဘာကြောင့်လဲဗျ
ပဲပင်သက် ၄၅ ရက်တွင် အောက်ခြေအစေ့ရွက်များ ဝါကြွေခြင်းသည် အရွက်စစ်များထွက်လာပြီးနောက် ဖြစ်လေ့ရှိသည့် သဘာဝဖြစ်စဉ် (ပုံမှန်) သာ ဖြစ်ပါတယ်။ အကယ်၍ အပေါ်ဘက်က အရွက်စစ်များပါ လိုက်ဝါလာမှသာ အာဟာရချို့တဲ့ခြင်း၊ ရေဝပ်ခြင်းနှင့် ရောဂါကြောင့် ဖြစ်နိုင်သဖြင့် အရွက်စစ်များပါ ဝါ၊ မဝါ ကိုသာ အဓိကထား စစ်ဆေးပေးပါ။
အစိုဓါတ်များ/မှိုရောဂါ
စပါးကိုနိုက်ထရိုဂျင်ကို ပုလဲကျွေးမယ်ပြီးရင် ကျန်တဲ့ Pနဲ့K ကိုကျရွက်ဖျန်းအားဆေးဘဲသုံးမယ်ဆိုရင်အဆင်ပြေနိုင်လား Pနဲ့Kကစေျးကြီးလို့ပါ
စပါးသက်တမ်း (၃၀) ရက်တွင် ပုလဲ (နိုက်ထရိုဂျင်) ကို မြေကျွေးပြီးနောက် ဈေးကြီးသော P (ဖော့စဖိတ်) နှင့် K (ပိုတက်စီယမ်) ဓာတ်မြေဩဇာများနေရာတွင် ရွက်ဖျန်းအားဆေးကို အပြည့်အဝ အစားထိုးသုံးစွဲရန် မဖြစ်နိုင်ပါဘူး။ အဘယ်ကြောင့်ဆိုသော် စပါးပင် ကြီးထွားအထွက်တိုးရန် P နှင့် K ဓာတ်ကို မြေကြီးထဲမှ အမြစ်မှတစ်ဆင့် ပမာဏအမြောက်အမြား စုပ်ယူရခြင်းဖြစ်ပြီး၊ ရွက်ဖျန်းဆေးများသည် အပင်အတွက် အားဖြည့်အာဟာရ ပမာဏအနည်းငယ်ကိုသာ လျင်မြန်စွာ ပေးစွမ်းနိုင်သောကြောင့် ဖြစ်ပါတယ်။ သို့သော် ကုန်ကျစရိတ်သက်သာစေရန်အတွက် မြေပြင်ချိန်တွင် ကောက်ရိုးပြန်ထည့်ခြင်း၊ သဘာဝမြေဩဇာသုံးခြင်းတို့ဖြင့် ဓာတ်မြေဩဇာလိုအပ်ချက်ကို လျှော့ချနိုင်ပြီး၊ စပါးပင်ပွားချိန်နှင့် မှို့ကပ်ချိန်များတွင် P နှင့် K ပါဝင်မှုများသော ရွက်ဖျန်းဆေးများကို အချိန်ကိုက် တွဲဖက်ပက်ဖျန်းပေးခြင်းဖြင့် အိတ်စိုက်စရိတ်ကို အကောင်းဆုံး ထိန်းညှိနိုင်ပါလိမ့်မယ်။Pနှင့်Kကို လုံးဝမကျွေးတာမျိုးမဟုတ်ဘဲ သဘာဝမြေဩဇာနှင့် သေချာနှပ်ပြီးပမာဏကိုတော့ လျှော့သုံးစွဲကြည့်လို့ရပါတယ်၊ ကျန်တာကိုတော့ရွက်ဖျန်းအားဆေးဖြင့်ထိန်းကြည့်ရမှာပေါ့
P နဲ့ K ကလည်း စပါးပင်အတွက် ကြီးထွားသန်စွမ်းဖို့ အရေးကြီးတဲ့အဟာရဓာတ်တွေပါပဲဗျ။ နိုက်ထရိုဂျင်ရဲ့ အာနိသင်က မြန်မြန် မြင်သာတာမို့လို့ပါ။ P နဲ့ K အတွက် လျော့ချနိုင်ဖို့အတွက်ဆို ရွက်ဖျန်းဆေးတင်မဟုတ်ဘဲ နိုက်ထရိုဂျင်ကျွေးတဲ့အချိန်မှာ သဘာဝမြေသြဇာနဲ့ သေချာနှပ်ပြီး ကျွေးပါ။ ဒါဆို P နဲ့ K တင်မကဘဲ နိုက်ထရိုဂျင်ပါ လျော့ချနိုင်ပါလိမ့်မယ်ဗျ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
မေးခွန်းမေးရန်
အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ
မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။