အစိမ်းရောင်လမ်း
4
လွန်ခဲ့သော ၁ နာရီ က · မကွေး

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

You
2,559
လွန်ခဲ့သော ၂ နာရီ က · ပြည်

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Post image
You
8
လွန်ခဲ့သော ၂ နာရီ က · ညောင်ရွှေ

ဘာမြေသြဇာ ကျွေးရမလည်းဗျ

Post image
You
1,568
လွန်ခဲ့သော ၁၄ နာရီ က · အုတ်ဖို

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Post image
Post image
Post image
အတည်ပြုပြီး 314,137 လွန်ခဲ့သော ၁၄ နာရီ က

မွှားပင့်ကူနီဟာ အိမ်တွင်းအလှစိုက်အပင်တွေမှာ ကျရောက်တတ်ပြီး ကာကွယ်နှိမ်နင်းဖို့ ခက်ခဲပါတယ်။ ၎င်းတို့ဟာ အပင်တွေပေါ်မှာနေထိုင်ပြီး အရွက်ကနေတစ်ဆင့် အပင်ရည်ကို စုပ်ယူစားသောက်ကြပါတယ်။ မွှားပင့်ကူနီကျရောက်ခြင်းရဲ့ ထင်ရှားတဲ့ လက္ခဏာကတော့ အရွက်တွေမှာ အညိုရောင် အစက်အပြောက်များနဲ့ ခြစ်ရာများကို တွေ့ရမှာ ဖြစ်ပါတယ်။ မွှားပင့်ကူနီဟာ ရေနဲ့ စိုထိုင်းဆများတာကို မကြိုက်တဲ့အတွက် ရေလောင်းပေးနိုင်ပါတယ်။ နေ့တိုင်းရေမလောင်းရင်တောင်မှ စိုထိုင်းဆရှိနေဖို့အတွက် ရေဖျန်းတဲ့ဗူး (ညှစ်တဲ့ဗူး) နဲ့ အပင်နဲ့ အပင်ပတ်ဝန်းကျင်ကို နေ့တိုင်းဖျန်းပေးသင့်ပါတယ်။ ဓာတုနည်းနဲ့ဆိုရင်တော့ ပိုးစေးနဲမှာ မျှဝေခဲ့သလိုပဲ သဘာဝဖက်တီးအက်စစ် (natural fatty acid) (သို့မဟုတ်) ဆာဖက်တန့် (surfactant) ပါဝင်တဲ့ ဆေးတွေအသုံးပြုနိုင်ပါတယ်။ https://greenwaymyanmar.com/articles/%E1%80%95%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%BD%E1%80%BE%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%AC%E1%80%82%E1%80%AB/pest_on_houseplants

You
ဖြေလည်သော အဖြေရရှိပြီး
16
လွန်ခဲ့သော ၁၇ နာရီ က · ဝက်လက်

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

261,272 လွန်ခဲ့သော ၁၁ နာရီ က
ဤအဖြေဖြင့် ပြေလည်

ရွှေဘိုပေါ်ဆန်းသက်နုမျိုးစပါးကို ရမယ်ဆိုရင် ဩဂုတ်လထဲပျိုးထောင်ပြီး စိုက်မယ်ဆိုရင် ရပါသေးတယ်ခင်ဗျာ

You
32
လွန်ခဲ့သော ၁၉ နာရီ က · တံတားဦး

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

1,568 လွန်ခဲ့သော ၁၉ နာရီ က

ဒီစာအုပ်သာ ဖတ် ပြီးရင် အစိမ်း‌ေရာင်လမ်းမှာ ပြန်လာမေး မျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်ပုံနည်းလမ်း

You
39
လွန်ခဲ့သော ၂၀ နာရီ က · ရွာငံ

ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး

39 လွန်ခဲ့သော ၂၀ နာရီ က

ကျေးဇူးပါဆရာ

အတည်ပြုပြီး 314,137 လွန်ခဲ့သော ၂၀ နာရီ က

မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့နေတဲ့ လက္ခဏာပြရင်တော့ ထည့်လို့ရပါတယ်။ ရွက်ကြောတွေပဲ စိမ်းနေပြီး အရွက်က ဝါနေတဲ့ လက္ခဏာပါ။ ဒီလိုလက္ခဏာပြနေမယ် ဒါမှမဟုတ် မြေကြီးစစ်ဆေးလိုက်လို့ မဂ္ဂနီဆီယမ်ဓာတ်နည်းနေမယ်ဆိုရင် ထည့်နိုင်ပါတယ်။ မြေကြီးထဲကို ထည့်လို့ရသလို ရွက်ဖျန်းအနေနဲ့လည်း ထည့်နိုင်ပါတယ်။ သူက အများလို အဟာရဓာတ်ထဲမပါတဲ့အတွက် မများကြီးထည့်စရာမလိုပါဘူး။ ရေ ၄ ဂါလံပုံးတစ်ပုံးကို ဟင်းစားဇွန်း ၂ ဇွန်းမှ ၄ ဇွန်းခန့် ထည့်ဖျန်းနိုင်ပါတယ်။ အပင်ခြေမှာ ထည့်မယ်ဆိုရင်တော့ တစ်ပင်ကို ဟင်းစားဇွန်း တစ်ဇွန်းလောက်ထည့်ပေးနိုင်ပါတယ်။​ မြေကြီးက အစိုဓာတ်ရှိနေရပါမယ်။ မလိုအပ်ဘဲ အများကြီးထည့်လိုက်ရင်တော့ အခြားလိုအပ်တဲ့ အဟာရတွေဖြစ်တဲ့ ကယ်ဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေကို အပင်က မရယူနိုင်အောင် ပိတ်ပင်ပစ်နိုင်ပါတယ်။

You
326
လွန်ခဲ့သော ၁ ရက် က · ဘားအံ

ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ

Post image
326 လွန်ခဲ့သော ၄ နာရီ က

အနီရောင်ပိုးသေးသေးလေးတွေ ပြေးနေတာတွေ့လို့ဘာဆေးဖြန်းရမလဲ

1,568 လွန်ခဲ့သော ၁၈ နာရီ က

ဆေးလောင်တာ

You
326
လွန်ခဲ့သော ၁ ရက် က · ဘားအံ

အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ

Post image
Post image
Post image
အတည်ပြုပြီး 314,137 လွန်ခဲ့သော ၂၀ နာရီ က

အခုပုံစံမျိုးပါ။ ဆေးရည်တွေက အရွက်ဖျားတွေမှာ သွားအိုင်နေပြီး ပြင်းအားများသွားတာကြောင့် အပင်လောင်သွားတာပါ။

326 လွန်ခဲ့သော ၂၂ နာရီ က

အားဆေးနဲ့မိုသတ်ဆေး လောင်ရင်ဘယ်လိုပုံစံဖြစ်လဲဗျာ

You
101
လွန်ခဲ့သော ၁ ရက် က · မြောင်းမြ

ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""

Post image
Post image
1,568 လွန်ခဲ့သော ၁၈ နာရီ က

မိုးတွင်းမှာတော့အမိုးကာကို လျော့သင့်တယ်

အတည်ပြုပြီး 314,137 လွန်ခဲ့သော ၂၃ နာရီ က

ကွမ်းမှာ ရောဂါဝင်တာတွေရဲ့ အဓိက အကြောင်းအရင်းက မြေကြီးအစိုဓာတ်မြင့်ရာကနေ စတယ်လို့ ပြောလို့ရပါတယ်။ စိမ့်မြောင်းတူးထားပြီး အစိုဓာတ်များနေသေးရင် စိမ့်မြောင်းကို ထပ်ပြီး နက်နက်လေး တူးပေးပါ။ ကွမ်းဘောင်ရဲ့ အောက် အနက် ၁ပေခွဲကနေ ၂ ပေလောက်ထိ တူးပေးပါ။ ပြီးရင် ရေနှုတ်မြောင်းတွေ သေချာအောင် စစ်ပြီး ပြုပြင်ပေးပါ။ ကွမ်းပင်ခြေကို ထရိုင်ကိုဒါးမားပါတဲ့ သဘာဝမြေဩဇာတို့ ဖွဲပြာတို့ ထည့်ပြီး ဘောင်လုံးပြီး မြေမြှင့်ပေးပါ။

You
32
လွန်ခဲ့သော ၁ ရက် က · ပုသိမ်ကြီး

စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှု‌နေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အ‌ပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး

အတည်ပြုပြီး 314,137 လွန်ခဲ့သော ၂၃ နာရီ က

အအေးကာလရောက်လာတဲ့အချိန် မြေကြီးအပူဓာတ်ရနေအောင်ဆိုရင် မြေကြီးကို မြေဖုံးပေးခြင်း (Mulching) လုပ်ပေးပါ။ ဒါက အပူဓာတ်ကို ထိန်းပေးရာလည်းရောက်ပါတယ်။ အေးတဲ့ကာလတွေမှာ ရေလောင်းခြင်းကို ညနေပိုင်းမှာ လုပ်တာထက် မနက်ပိုင်းတွေမှာ ပြောင်းလဲလုပ်ဆောင်ပါ။ မြေကြီးထဲမှာရှိတဲ့ အဏုဇီဝတွေ အသက်ဝင်နေအောင် သဘာဝမြေသြဇာများ ထည့်သွင်းပေးပါ။ နောက် အမြစ်ရဲ့ ကြံခိုင်သန်စွမ်းမှုရှိနေအောင် Pနဲ့ K အချိုးမြင့်တဲ့ အဟာရများ ထည့်ပေးပါ။

You
13
လွန်ခဲ့သော ၁ ရက် က · ကျောင်းကုန်း

ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ

အတည်ပြုပြီး 314,137 လွန်ခဲ့သော ၂၃ နာရီ က
အတည်ပြုပြီး 314,137 လွန်ခဲ့သော ၁ ရက် က

ခေါင်းစဉ်တွေကို နှိပ်ပြီး လေ့လာလို့ရပါတယ်ဗျ။ ဂျပ်စက္ကူဖြင့် ကောက်ရိုးမှို စိုက်ပျိုးနည်း | ကောက်ရိုးမှိုကို ငှက်ပျောရွက်ခြောက်ဖြင့်စိုက်ပျိုးနည်း | ကောက်ရိုးမှိုကို ကျင်းဖြင့် စိုက်ပျိုးနည်း | ကောက်ရိုးမှိုစိုက်ပျိုးနည်း | ကောက်ရိုးမှို စီးပွားဖြစ်စိုက်ပျိုးတော့မယ်ဆိုရင် ဘာတွေ အထူးပြုလေ့လာထားသင့်လဲ...?

You
414
လွန်ခဲ့သော ၁ ရက် က · ပေါင်းတည်

ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာ‌တွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ

414 လွန်ခဲ့သော ၉ နာရီ က

စိုက်ပျိုးချိန်ဘယ်အချိန်အကောင်းဆုံးလဲဗျ ရေသွင်းပေးရတယ်ဆိုကောဟုတ်လားဆရာ

အတည်ပြုပြီး 314,137 လွန်ခဲ့သော ၁ ရက် က

ဟုတ်စိုက်လို့ရပါတယ်ဗျ။ ဧရာဝတီဘက်မှာလည်း ဒီလိုနည်းနဲ့ စိုက်ကြပါတယ်။ စပါးမရိတ်ခင် ၁-၂ ပတ်စောပြီး စိုက်လည်းရပါတယ်။ ခုတ်ဖုံးစနစ်လို့ ခေါ်ကြပါတယ်။

You
92
လွန်ခဲ့သော ၁ ရက် က · မိုးမိတ်

ဘယ်လိုလုပ်ရမလဲခင်ဗျ

Post image
အတည်ပြုပြီး 1,098,193 လွန်ခဲ့သော ၁ ရက် က

စပါးပင်ခြေပုပ်/Stem rot (Sclerotium oryzae )သို့မဟုတ် sheath blight ဖြစ်နိုင်ပါတယ်။ ရေထုတ်ပါ။ပိုတက်စီယံမြေဩဇာကျွေးပါ။azoxystrobin+difenoconazole ဖျန်းပါ။

You
22
လွန်ခဲ့သော ၁ ရက် က · လယ်ဝေး

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

Post image
အတည်ပြုပြီး 1,098,193 လွန်ခဲ့သော ၁ ရက် က

အစိမ်းရောင်လမ်း၊စိုက်ပျိုးရေးနည်းပညာ ဆောင်းပါးတွေ များများဖတ်ပေးပါကမျာ့။သိချင်တာတွေကို အချိန်မရွေး မေးနိုင်ပါတယ်။စိတ်ရှည်၊လက်ရှည် ဖြေပေးနေပါတယ် ကမျာ။

You
Question image

မေးခွန်း

10,274
လွန်ခဲ့သော ၇ နှစ် က · ကျောက်ဆည်

ငရုတ်သီး

ငရုတ်အပွင့်မတင်ရခြင်းပြဿနာ
10,274 လွန်ခဲ့သော ၇ နှစ် က

hi crop/visilon မြန်မာလိုရေးပြပေးပါလား tea

10,274 လွန်ခဲ့သော ၇ နှစ် က

tea ဖျန်ဆေးနမည်ကို မြန်မာလိုရေးပြပေးပါလား

232 လွန်ခဲ့သော ၇ နှစ် က

green way ခများအပွင်မကြွေပဲနှစ်ခါပြန်သီးအောင်ဘယ်လိုလုတ်ရပါသလဲခဗျ

15,782 လွန်ခဲ့သော ၇ နှစ် က

ကိုစိုင်းကြီးဖုန်းကိုခေါ ်ပါ။၀၉၇၈၈၈၇၇၇၆၀ နှင့်ဆက်သွယ်ပြီးမှာယူပါ။ဦးထင်အောင်ရှိန်နာမည်ကိုမိတ်ဆက်လိုက်ပါ။

15,782 လွန်ခဲ့သော ၇ နှစ် က

ငရုပ်ဘယ်နှစ်ဧကစိုက်တာလဲ။ဝယ်ယူလိုပါက ကိုစိုင်းကြီး၏ဖုန်းကုဆက်မှာပါ။အခြားဆေးများထက်ထိရောက်မှုမြန်ပြီးအကျိုးထူးတာတွေ့ရပါမယ်။ဆက်သွယ်ရန်ဖုန်းနံပါတ်ပေးပါ။

15,782 လွန်ခဲ့သော ၇ နှစ် က

ရွှေတောင်ဟိန်းကုမ္ပဏီကရောင်းချပေးတဲ့ hi- crop ကို Visilonနှင့်ရောဖျန်းကြည့်ပါ။ ငရုတ်ကိုနှစ်ကြိမ်ဆွတ်တာတွေ့ကြုံခံစားရပါမယ်။

10,274 လွန်ခဲ့သော ၇ နှစ် က

ပိုတတ်ရှ်က ဖျန်ဈေးရည်လား

10,274 လွန်ခဲ့သော ၇ နှစ် က

ပိုတတ်ရ်ှဘယ်မှာဝယ်ရမလဲ

10,274 လွန်ခဲ့သော ၇ နှစ် က

ပြောပြပါလား

10,274 လွန်ခဲ့သော ၇ နှစ် က

ဖျန်းဆေးကတော့ မော်ဒယ်မှုန်းနဲ့ ဒီမွန်ဖျန်းပါတယ်

10,274 လွန်ခဲ့သော ၇ နှစ် က

အာမိုကြွေပါတယ်

15,782 လွန်ခဲ့သော ၇ နှစ် က

အပွင့်မကျွေဘဲနှစ်ခါပြန်သီးအောင်လုပ်တဲ့နည်းတွေရှိနေပါတယ်။သိချင်ရင် green way ကို မေးကြည့်ပါ။မယုံမရှိနဲ့ကိုယ်တွေ့ပြောပြမယ်။

15,782 လွန်ခဲ့သော ၇ နှစ် က

ဘာတွေကျွေးသလဲ။ဘယ်နှစ်ကြိမ်ကျွေးသလဲ။ဆိုတာထည့်ရေးပါ။

10,274 လွန်ခဲ့သော ၇ နှစ် က

ဟုတ်ကဲ့ကျေးဇှုးပါဗျာ ဟင်းစားဇွန်းနဲ့လား

79,210 လွန်ခဲ့သော ၇ နှစ် က

ဟုတ် ဆားခါးတစ်မျိုးပဲထည့်ဖြန်းပါ ၁၆ လီတာဆို ဆားခါး ၁၆ ဇွန်း ထည့်ပါရှင့်

10,274 လွန်ခဲ့သော ၇ နှစ် က

၁၆လီတာပုန်ဆိုရင် ဘလို ထဲ ဖျန်ရမလဲဗျ ပြီးတော့ ဆားခါးတမျိုး ဘဲဖျန်းရမှာလား

79,210 လွန်ခဲ့သော ၇ နှစ် က

မြေပြင်ချိန်တုန်းက ကွန်ပေါင်းမြေဩဇာတွေကျွေးထားပြီးသားဆိုရင်တော့ ဆားခါးက လိုအပ်တဲ့အာဟာရတွေစုပ်ယူနိုင်အောင်ကူညီပေးပါလိမ့်မယ်

79,210 လွန်ခဲ့သော ၇ နှစ် က

ဆားခါး ရဖို့အဆင်မပြေရင် ပိုတက်ရှ် ကျွေးလို့ ရပါတယ် အစ်ကို

79,210 လွန်ခဲ့သော ၇ နှစ် က

ရေတစ်လီတာ မှာ ဆားခါး တစ်ဇွန်းနှုန်းထည့်ပါ ဆားခါးအား မြေသြဇာအဖြစ် အသုံးပြုခြင်း ဆားခါးအကြောင်း ဒီမှာလေ့လာနိုင်ပါသေးတယ် အစ်ကို အဆင်ပြေပါစေရှင့်

10,274 လွန်ခဲ့သော ၇ နှစ် က

ဆားခါးဘလိုဖျန်ရမလဲဗျ

79,210 လွန်ခဲ့သော ၇ နှစ် က

အစ်ကိုရေ အပွင့်ကြွေရတဲ့အကြောင်းတွေအရင်ပြောပြမယ်နော် မြေဩဇာအကျွေးများရင်လည်း ကြွေပါတယ် အပင်တွေအရမ်းကြပ်ပြီး ဝတ်မှုန်ကူးတာ မအောင်မြင်ရင်လည်း အပွင့်က မတင်ပါဘူး ရေလောင်းတာ အရမ်းများရင်လည်းကြွေတာမို့ မိုးရာသီဆိုတော့ သတိထားပေးလိုက်ပါ ငရုပ်က အပူချိန် ငြိမ်နေတာကိုပဲကြိုက်တာပါ ပူလိုက်အေးလိုက်ဖြစ်ရင်လည်း ကြွေတတ်ပါတယ် နောက်တစ်ချက်ကတော့ အပင်မှာ ခူးဖို့ကောင်းတဲ့အသီးတွေချန်ထားမိရင်လည်းကြွေတတ်ပါတယ် အာ့အသီးအတွက်အပင်က အားစိုက်နေရတဲ့အခါ အပွင့်ကို ထိန်းမထားနိုင်တော့ဘဲ ကြွေရတာပါ ဒီအချက်တွေနဲ့ ပြန်စစ်ကြည့်ပြီး ပြု ပြင်လိုက်ပါ အစ်ကို ဆေးဖြန်းတိုင်းတော့မကောင်းပါဘူးရှင့် ဆားခါးလေးဖြန်းကြည့်ပေးထားလို့ရပါတယ် အစ်ကို အဆင်ပြေပါစေရှင့်

10,274 လွန်ခဲ့သော ၇ နှစ် က

သီးအားကေါင်းအောင် ဘာဆေးဖျန်းရအလဲဗျ

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။