Min Khant
15လွန်ခဲ့သော ၇ လ က
စိုကိပျိုးသည်မှ ရိတ်သိမ်းအထိ
စိုကိပျိုးသည်မှ ရိတ်သိမ်းအထိ
U Aung Lay
7လွန်ခဲ့သော ၉ လ က
မုန်ညင်း
စိုက်ပျိုးနည်း
Yamone
2လွန်ခဲ့သော ၁ နှစ် က
ပင်မှည့်စိုက်ထားတဲ့ တန်းကြားမှာ ဆောင်းဆီမုန်ညှင်း စိုက်လို့ ရနိုင်ပါသလား ဆီမုန်ညှင်းရဲ့ အမြစ်က ပင်မှည့်ပင်ကို အနှောင့်အယှက်အဟန့်အတားဖြစ်စေတယ်လို့လဲ ပြောကြလို့ပါ နေရာက ရှမ်းတောင်မှာပါ
ပင်မှည့်စိုက်ထားတဲ့ တန်းကြားမှာ ဆောင်းဆီမုန်ညှင်း စိုက်လို့ ရနိုင်ပါသလား ဆီမုန်ညှင်းရဲ့ အမြစ်က ပင်မှည့်ပင်ကို အနှောင့်အယှက်အဟန့်အတားဖြစ်စေတယ...
သူရိန်
လွန်ခဲ့သော ၂ နှစ် က
ဟင်းရွက်စိုက်ရင် ေြမခံဘယ်လိုထည့်ရပါသလဲ ဘယ်အချိန်ထည့်သင့်လဲ
ဟင်းရွက်စိုက်ရင် ေြမခံဘယ်လိုထည့်ရပါသလဲ ဘယ်အချိန်ထည့်သင့်လဲ
Aung Thu Htun
2,165လွန်ခဲ့သော ၂ နှစ် က
မုန်ညင်းဖြူထုပ်ဒီချိန်စိုက်လို့ရသေးလားဗျာ
မုန်ညင်းဖြူထုပ်ဒီချိန်စိုက်လို့ရသေးလားဗျာ
Hla Htun
8လွန်ခဲ့သော ၂ နှစ် က
ဆီထွက်မုန်ညှင်းစိုက်ပျိုးချိန်နှင့်စိုက်ပျိုးနည်းကိုသိချင်ပါတယ်
ဆီထွက်မုန်ညှင်းစိုက်ပျိုးချိန်နှင့်စိုက်ပျိုးနည်းကိုသိချင်ပါတယ်
မ
360လွန်ခဲ့သော ၂ နှစ် က
မုန်ညင်းထုပ် စိုက်ပျိုးနည်း 🥬🥬🥬🥬🥬🥬🥬🥬🥬🥬 မြန်မာအမည် - မုန်ညင်းထုပ် အင်္ဂလိပ်အမည် - CHINESE CABBAGE ရုက္ခဗေဒအမည် - Bassica chinensis မျိုးရင်းအမည် - CRUCIFERAE ၁။ မူရင်းဒေသ တရုတ်ပြည်မြောက်ပိုင်း၊ ရှန်တောင်ဒေသသည် မူရင်းဒေသဟု ယူဆရသည်။ ၂။ စိုက်ပျိုးသည့်ဒေသ ကမ္ဘာအနှံ့အပြားတွင် စိုက်ပျိုးသည်။ အများဆုံးစိုက်ပျိုးသော ဒေသမှာ တရုတ်၊ ဂျပန်နှင့် အာရှတောင်ပိုင်းဖြစ်သည်။ မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သော်လည်း ရှမ်းပြည်နယ်တွင် သင့်တော်သော ရာသီဥတုရှိခြင်းကြောင့် စိုက်ပျိုးမှုများသည်။ ၃။ အမျိုးအစား မုန်ညင်းထုပ်သည် ဂေါ်ဖီမျိုးရင်းထဲပါဝင်ပြီး၊ အေးသောရာသီဥတုကို ကြိုက်နှစ်သက်သည်။ ပုံသဏ္ဍာန် အားဖြင့် မုန်ညင်းထုပ် အရှည်မျိုးနှင့် အပုမျိုးရှိသည်။ သက်တမ်းအားဖြင့် သက်ရင့်မျိုး၊ သက်လတ်မျိုးနှင့် သက်ကြီးမျိုးဟူ၍ (၃) မျိုးခွဲခြားနိုင်သည်။ ၄။ မြေနှင့် ရာသီဥတု မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း မြေဆီသြဇာ ပြည့်စုံရန် အရေးကြီးသည်။ မြေညံ့တွင် နောက် ချေး၊ မြေဆွေးများများထည့်ပေးရန် လိုသည်။ အထူးသဖြင့် ရေမဝပ်သော မြေဖြစ်ရမည့်အပြင် ခြောက်သွေ့ လွယ်သော မြေလည်း မဟုတ်ရပေ။ မြေ၏ အချဉ်ဓာတ်ကို အတော်အတန်ခံနိုင်ရည်ရှိပြိး pH (၅.၃) မှ (၆.၅) အထိ စိုက်ပျိုးနိုင်သည်။ ကယ်လ်ဆီယမ်နည်းသော မြေတွင် အူတိုင်ပုပ်တတ်သည်။ ထို့်ကြောင့် မိုးများသော ဒေသများတွင် မိုးရေဖြင့် ကယ်လ်ဆီယမ်များ ဆုံးရှုံးတတ်ခြင်းကြောင့်၊ ၎င်းဓာတ်ပါသော ဓာတ်မြေသြဇာများ (အရိုးမှုန့် gypsum) ကို ထည့်ပေးရန် လိုသည်။ မိုးများသော ရာသီတွင် ရောဂါအလွန်ကျရောက်သောကြောင့် မိုးနည်းသောအချိန်ကို ရွေးစိုက်ရမည်။ မုန်ညင်းထုပ်သည် အအေးကြိုက်သော သီးနှံဖြစ်၍ အအေးဓာတ်ကို အတော်အတန်ခံနိုင်ရည်ရှိသည်။ တစ်နှစ်ပတ်လုံး မိုးရေချိန် သင့်တင့်စွာ ရွာသွန်းသော ဒေသတို့တွင် မုန်ညင်းထုပ်ကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။ အသင့်တော်ဆုံးအပူချိန်မှာ (၁၅-၂၀) ဒီဂရီစင်တီဂရိတ် ဖြစ်ပါသည်။ ၅။ မျိုးစေ့နှုန်းထား တစ်ဧကလျှင် (၁၀၀-၂၀၀) ဂရမ်နှုန်းအသုံးပြုပေးရပါမည်။ ၆။ မြေသြဇာနှုန်းထား တစ်ဧကအတွက် နွားချေး - (၁၀-၁၅) တန် ယူရီးယား - ၂၂၄ ပေါင် တီစူပါ - ၁၁၂ ပေါင် ပိုတက်ရှ် - ၅၆ ပေါင် နွားချေး၊ တီစူပါ၊ ပိုတက်ရှ် နှင့် ယူရီးယား၊ (၁၁၂) ပေါင်တို့ကို မစိုက်ပျိုးမီမြေတွင် ထည့်သွင်းပြီး ကျန် ယူရီးယား (၁၁၂) ပေါင်ကို (၂) ကြိမ်ခွဲထည့်ပေးသင့်သည်။ ၇။ စိုက်ပျိုးခြင်း မုန်ညင်းထုပ်ကို ပျိုးမထောင်ဘဲ မျိုးစေ့မှ တိုက်ရိုက်စိုက်ပျိုးခြင်းက ပိုကောင်းသည်။ အောက်ပါ ဖော်ပြထားသော အပင်အကွာအဝေးဆုံသည့်နေရာတွင် မျိုးစေ့ (၁၀) စေ့ခန့်ချ၍ မြေနှင့် ပါးပါးဖုံးပြီး စိုက်ရမည်။ သက်လျင်မျိုးတွင် အတန်းအကွာအဝေး (၂) ပေ အပင်အကွာအဝေး (၁.၅) ပေ၊ သက်ကြီးမျိုး အတန်းအကွာ အဝေး (၂.၅) ပေ၊ အပင်အကွာအဝေး (၁.၈) ပေ၊ သက်လတ်မျိုး၏ အပင်အကွာအဝေးမှာ သက်ကြီး သက်လတ်ကြားတွင်ဖြစ်သည်။ ရာသီဥတုပူပြင်းလျှင် အစေ့ချထားသော နေရာကို ကောက်ရိုးနှင့် ပါးပါးအုပ်ထားရမည်။ အပင်ပေါက်လာမှ ဖယ်ရှားပေးရမည်။ မျိုးစေ့ကို မစိုက်ပျိုးမီ မျိုးစေ့လူးနယ်ဆေးတစ်မျိုးမျိုးဖြင့် လူးပေးပါ။ ၈။ အပင်ပြုစုခြင်း အပင်လေးများ အရွက် (၃) ရွက်ခန့်ရှိသောအချိန်တွင် ပထမအကြိမ် အပင်မှုန်းပေးရမည်။ စိုက်ကျင်းတစ်ကျင်းလျှင် (၃-၄) ပင်ချန်၍ မှုန်းပါ။ အရွက် (၈) ရွက် ထွက်လာသောအခါ ဒုတိယအကြိမ် (၂) ပင်ချန်၍ မှုန်းပါ။ အရွက် (၈) ရွက်ရှိလာသောအချိန်တွင် အကောင်းဆုံးအပင်တစ်ပင်ကို ချန်၍ တတိယအကြိမ် မှုန်းပါ။ စိုက်ပြီး (၂၅) ရက်အကြာတွင် ပေါင်းလိုက်မြေဆွပေးပါ။ မုန်ညင်းထုပ်အမြစ်သည် မြေအပေါ်ပိုင်းတွင်သာ ရှိသောကြောင့် အမြစ်များမထိခိုက်စေရန် သတိပြုပါ။ အမြစ်ထိခိုက်က မြေဆောင်ရောဂါဝင်ရောက်ရန် လွယ်ကူခြင်းကြောင့်ဖြစ်သည်။ အတတ်နိုင်ဆုံး ပေါင်းလိုက်မြေဆွခြင်းကို အကြိမ်နည်းနည်းနှင့် နိုင်နိုင်နင်းနင်း ဆောင်ရွက်ရန်လိုသည်။ အပင်ခြေရင်းကို မြေတင်ပေးရာ၌ အပင်၏အောက်အရွက်ကြီးများ မြေကြီးနှင့် မပိမိစေရန်ဂရုပြုပါ။ ၉။ ရေသွင်းခြင်း မုန်ညင်းထုပ်သည် အစိုဓာတ်အမြဲရှိနေသည်ကို ကြိုက်နှစ်သက်သော်လည်း ရေဝပ်ခြင်းကို ကြောက်သည်။ အထူးသဖြင့် အပင်စတင်ထုပ်လာသောအချိန်တွင်ရေပိုလိုအပ်သည်။ အပင်သည် ထုပ်လာပြီး ဆက်လက်ကြီးထွားမှုမရှိလျှင် နိုက်ထရိုဂျင်ဓာတ်မြေသြဇာထည့်ပေးရန်လိုသည်။ အပင်ပတ်လည်တွင် ယူရီးယားမြေသြဇာချပေးပါ။ ၁၀။ ပိုးမွှားရောဂါများ ပိုးကျရောက်မှုတွင် စိန်ကွက်ဖလံကျရောက်တတ်ပြီး ဝိစာရ၏ “အီမာလန်ဒါ၊ ရယ်ဒီ၊ နိုက်ဝမ်း၊ လိုင်းအောက်၊ ရော့ကက်” ဆေးများမှတစ်မျိုးမျိုးကို ရွေးချယ်သုံးစွဲပေးရပါမည်။ ရောဂါအနေဖြင့် ပင်စည်ပုပ်ရောဂါကျလေ့ရှိပြီး “ကျူပရိုမက်စ်၊ ဘာလီဆိုဒ်” ဆေးများဖြင့်ပက်ဖျန်းကာကွယ်နိုင်ပါသည်။ ၁၁။ ရိတ်သိမ်းခြင်း မုန်ညင်းထုပ်သည် ကျစ်၍မာလာလျှင် စတင်ရိတ်သိမ်းရမည်။ ကြာမြင့်စွာ စိုက်ခင်းတွင် ဆက်လက် ထားရှိပါက အထုပ်ကွဲလာခြင်း၊ ပုပ်သွားခြင်း ဖြစ်စေသည်။ အထုပ်၏ အပြင်ဘက်ဆုံး အရောင်ပျက်နေသောအရွက်များကို ခွာပစ်ရမည်။ မုန်ညင်းထုပ် အကာအကွယ်ရစေရန်အတွက် အောက်အရွက် (၃) ရွက်ချန်ထား၍ဆက်ခူးရမည်။ ၁၂။ အထွက်နှုန်း တစ်ဧကလျှင် (၅၀၀၀ - ၇၀၀၀) ပိဿာ ထွက်သည်။ Sources : ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း image : internet
မုန်ညင်းထုပ် စိုက်ပျိုးနည်း 🥬🥬🥬🥬🥬🥬🥬🥬🥬🥬 မြန်မာအမည် - မုန်ညင်းထုပ် အင်္ဂလိပ်အမည် - CHINESE CABBAGE ရုက္ခဗေဒအမည် - Bassica chinensis...
Zaw Chit Aung
4လွန်ခဲ့သော ၂ နှစ် က
မုန့်ညင်းဘယ်လို့စိုက်ပျိူးရမည်နည်း
မုန့်ညင်းဘယ်လို့စိုက်ပျိူးရမည်နည်း
ဆက်နွယ်သည့် အကြောင်းအရာများ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....