ye
220လွန်ခဲ့သော ၇ လ က
အပင်အရပ်က 4ပေလောက်ပဲရှိတယ်ဗျ ဆောင်တွင်းမို့အပင်မမြင့်တာလား၊အဖူး ဖူးနိုင်သေးလား၊ အဖူးကေရာအပင်နဲ့ဆိုင်လားဗျ
အပင်အရပ်က 4ပေလောက်ပဲရှိတယ်ဗျ ဆောင်တွင်းမို့အပင်မမြင့်တာလား၊အဖူး ဖူးနိုင်သေးလား၊ အဖူးကေရာအပင်နဲ့ဆိုင်လားဗျ
ကိုညီညီ
1လွန်ခဲ့သော ၁ နှစ် က
ဆရာတို့ မင်္ဂလာပါ။ ကျွန်တော့်ပြောင်းခင်းရဲ့ အခြေအနေအတွက် အကြံဉာဏ်များ တောင်းခံ အပ်ပါတယ်။ စိုက်ထားတဲ့ ပြောင်းမျိုးက ပြောင်းချို 702မျိုးပါ ပြင်ဦးလွင် အရှေ့ဖက်နယ်မှာ တခြားတောင်သူများနည်းတူ ရေ၊မြေ၊မျိုး၊ပြုစုပုံများနှင့်အညီ စိုက်ထားတာပါ။ မြေကြီးအနေနဲ့ လမ်းခင်းဗြုံး(ကျောက်စရစ်) အနည်းငယ်ခင်းထားတဲ့ အပိုင်းတချို့ပါဝင်နေပါတယ်။ ဒေသအခေါ် ထွန်စက် ဂေါ်နဲ့ မြေလှန်ထားတဲ့မြေလို့လဲ သိရပါတယ်။ စစိုက်တဲ့ 11/8 ရက်မှာ ကြက်ချေးထည့်ပြီးစိုက်ပါတယ် အပင်သက် တစ်လ နေတော့ အာမို15ပတ်လည်+ကြက်ချေး ကြဲပြီး ပေါင်းလှည့် ပင်ခြေမြေပြုပြင်ထားပါတယ်။ အခုဆို ရက်ပေါင်းငါးဆယ်ရှိသွားချိန်မှာ ပုံထဲကလို အပင်တက် မညီတာ ကြီးတဲ့အပင်တွေမှာလဲ အောက်ရွက်ဝါတာတွေတွေ့နေရလို့ပါ။ ပိုးဖောက်သလိုအပေါက်တွေတွေ့တာ စသည်ဖြင့် အားရဖွယ် မရှိလို့ပါ။ ဘယ်လိုကုစားလို့ရနိုင်ပါမလဲ ခင်ဗျ။ ကျေးဇူးပါခင်ဗျ။
ဆရာတို့ မင်္ဂလာပါ။ ကျွန်တော့်ပြောင်းခင်းရဲ့ အခြေအနေအတွက် အကြံဉာဏ်များ တောင်းခံ အပ်ပါတယ်။ စိုက်ထားတဲ့ ပြောင်းမျိုးက ပြောင်းချို 702မျိုးပါ ပြ...
ဦးထိန်လင်းမောင်
232လွန်ခဲ့သော ၅ နှစ် က
ပြောင်း
အပင်မညီလို့ ဘာကြောင့်ဖြစ်တာလဲခဗျ ဘယ်လိုလုပ်ရမလဲ တစ်လသားအပင်လေးတွေပါ
စိုင်းမိန်း
လွန်ခဲ့သော ၇ နှစ် က
ပြောင်း
အစေ့ထုတ်ပြောင်း ၈၀၈က သက်တမ်း ၁လနဲ့ ၁ဝ ရက်ရှိပါပြီ အပင်ထွက်မညီဘူးဖြစ်နေတယ် အပင်သေးလေးတွေကို မြေသြဇာ ပုလဲ ကျွေးလို့ ရမရနဲ့ မိုရယ်မုန်း အားဆေး...
ဇော်ဇော်အောင်
464လွန်ခဲ့သော ၇ နှစ် က
ပြောင်း
ပြောင်းပင်က ၂လသားပြည့်တော့မယ် အပင်မညီလို့ပါ ဘယ်လိုလုပ်ရမလဲ ပြောပေးပါ ဒီနှစ်မှ စစိုက်ကြည့်တာပါ အဆင်မပြေဘူးဖြစ်နေတယ်
ဆက်နွယ်သည့် အကြောင်းအရာများ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....