Hein Ko Ko
2,750လွန်ခဲ့သော ၂ နှစ် က
မင်္ဂလာပါဆရာခင်ဗျာ အိမ်က ခိုင်းနွား (သွား၄ချောင်းချပါပီဆရာ) နွားညာဘက်ချေတောက်ကျိုးနင်းကျိုးနင်းသွားတာနဲ့ အရပ်ဆရာ(တောဆရာ)ခေါ်ပြတော့ နွားက အကြောတင်တာဆိုပြီး ၃၊၄ရက်ဆေးထိုးတာ ဒါနဲ့သက်သာပြီး တောခေါ်လို့ရတယ်ဆိုတာနဲ့ တောခေါ်တာ အိမ်ပြန်ရောက်တော့ ကျိုးနင်းကျိုးနင်းပြန်ဖြစ်တော့ ဆရာပြန်ပင့်တယ် အဲ့တော့နွားခွာကြည့်တော့ ခွာကခွက်နာ ခွက်နေတဲ့အထဲ ဂဲဝင်တယ်ဆိုပြီး ခွာကို ညိှုပေးတယ် ၃၊၄ရက်ဆေးထိုးတယ် နဲနဲသက်သာပြီး ကျိုးနင်းကျိုးနင်းသွားနေတုန်းဆရာ နွားအိပ်နေချိန် ခွာကြားကိုကြည့်တော့ ခွာတဖက်မှာ ခွာဖက်လန်နေပြီ နဲနဲဖိလိုက်ရင် မန်းရည်၊ပြည်တေ ထွက်နေတာ ဘာဆက်လုပ်သင့်ပါလည်းဆရာ
မင်္ဂလာပါဆရာခင်ဗျာ အိမ်က ခိုင်းနွား (သွား၄ချောင်းချပါပီဆရာ) နွားညာဘက်ချေတောက်ကျိုးနင်းကျိုးနင်းသွားတာနဲ့ အရပ်ဆရာ(တောဆရာ)ခေါ်ပြတော့ နွားက အကြ...
NGWEPHYOAUNG
2လွန်ခဲ့သော ၂ နှစ် က
ပုံကို ကြည့်ပေးပါ။ အရေပြားမှာ အဖုအကျိတ်တွေ အတွက် အရှင်းပျောက်အောင် ကုသနည်းများ ရှိပါသလား... ဖြစ်တာက ၁၁ရက်လောက် ရှိပါပြီ နားလည်တတ်ကျွှမ်းသူနဲ့ ဆေးလည်း ထိုးပေးပါတယ် သန့်ရှင်းအောင်လည်း ထားပါတယ် ပိုးမွှားမကပ် မကိုက်ရအောင် ခြင်ဆေး စပရေးဗူး ဖြန်းပေးပါတယ် ရေလည်း ရက်ခြား ချိုးပေးဖြစ်ပါတယ် တစ်ခြားနွားတွေနဲ့လည်း သီးခြား ထားပါတယ် အစာလည်း စားပါတယ် လန်းလည်း လန်းဆန်းပါတယ် အဖုလေးတွေပဲ ပျောက်ကင်းစေချင်တာပါ မျှဝေပေးကြပါဦး ခင်ဗျာ။ ကျေးဇူးတင်ပါတယ်🙂
ပုံကို ကြည့်ပေးပါ။ အရေပြားမှာ အဖုအကျိတ်တွေ အတွက် အရှင်းပျောက်အောင် ကုသနည်းများ ရှိပါသလား... ဖြစ်တာက ၁၁ရက်လောက် ရှိပါပြီ နားလည်တတ်ကျွှမ်းသူနဲ...
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်နွယ်သည့် အကြောင်းအရာများ