ဆေးလိပ်နဲ့ ကွမ်းယာ အမှန်တကယ် ဖြတ်ချင်ပါသလား
မြန်မာ အမည် - ဆေးကျော်ကြီး၊ အကြောတစ်ထောင်ပင် (သို့မဟုတ်) ဖားကြောရွက်
အင်္ဂလိပ် အမည် - Broadleaf Plantain
ရုက္ခဗေဒ အမည် - Plantago major
မြန်မာနိုင်ငံမှာ လူဦးရေ ၅၄ သန်းကျော်ရှိပြီး လူဦးရေရဲ့ ၁၉ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်သုံးနေတာ ဖြစ်ပါတယ်။ ဒီထဲမှာမှ အမျိုးသား ၃၁ ရာခိုင်နှုန်းကျော် ရှိပြီး၊ အမျိုးသမီး ၆ ရာခိုင်နှုန်းကျော် ပါဝင်နေတာ တွေ့ရပါတယ်။ အဆုတ်ကင်ဆာ ဖြစ်ပွားခြင်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်တယ်လို့ ပညာရှင်တွေက ပြောဆိုကြပါတယ်။ ဆေးလိပ်မီးခိုးငွေ့ထဲမှာ နီကိုတင်း (Nicotine) အပါအဝင် ဓာတု ပစ္စည်း ၄၀၀၀ ကျော်ပါဝင်နေပြီး ၎င်းထဲမှာမှ ၇၀ ရာခိုင်နှုန်းကျော်ဟာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတာ ဖြစ်ပါတယ်။ ဆေးလိပ်သောက်သုံးမှုကြောင့် နှလုံး သွေးကြောပိတ်ခြင်း၊ ဦးနှောက် သွေးကြောပိတ်ခြင်းနဲ့ သွေးကြောပိတ်လို့ ခြေထောက် ဖြတ်လိုက်ရတာမျိုးတွေတောင်ရှိပါတယ်။
ဆေးလိပ်နဲ့ ဆေးရွက်ကြီးကြောင့် အဆုတ်ကင်ဆာအပြင် အူမကြီးကင်ဆာ၊ ခံတွင်းကင်ဆာပါဖြစ်ပွားနိုင်တာမို့ မိတ်ဆွေတို့အနေနဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးမဖြတ်ချင်ကြဘူးလားခင်ဗျာ။ ဆေးလိပ်စွဲနေတဲ့ သူများ (Nicotinism) ဟာ တစ်ခါတစ်ရံ စိတ်ဓာတ်ကျတာမျိုး၊ အိပ်မပျော်တာမျိုးတွေဖြစ်ပြီး ဆေးလိပ်ကလည်း ဖြတ်မရတာမျိုး ဖြစ်ဖူးကြမှာပါ။ Nicotinism ဆိုတဲ့ ထဲမှာ ဆေးရွက်ကြီး၊ ဆေးမွှေးမျိုးစုံကြောင့် ကွမ်းကို စွဲလမ်းနေသူတွေလည်း ပါဝင်ပါတယ်။ အခုလို ကျန်းမာရေးအတွက် ထိခိုက်နိုင်တဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးပါဝင်တဲ့ ကွမ်းယာစားသုံးတာတွေကို ရပ်နိုင်ဖို့ ကူညီပေးနိုင်တာကတော့ အကြောတစ်ထောင်ပင်ပဲ ဖြစ်ပါတယ်။

အကြောတစ်ထောင်ပင်ဆိုတာ ဆေးဖက်ဝင် နှစ်ရှည်ပင်တစ်မျိုး ဖြစ်ပါတယ်။ မူရင်းဒေသတွေကတော့ ဥရောပ ဒေသများ၊ အာရှ မြောက်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေပဲ ဖြစ်ပါတယ်။ အလွန်အေးပြီး မြင့်မားတဲ့ တောင်ပေါ် အရပ်ဒေသတွေမှာ ပေါက်ရောက်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ပြင်ဦးလွင်နဲ့ အနီးတစ်ဝိုက် ဒေသတွေမှာ တွေ့ရှိရပါတယ်။ ထို့အပြင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာလည်း သဘာ၀အလျောက် ပေါက်ရောက်ပါတယ်။ အပင်ရဲ့အရွက်ကိုကြည့်မယ်ဆိုရင် အကြောငယ်လေးတွေ မရေမတွက်နိုင်လောက်အောင် ဖြာသန်းနေတာ တွေ့ရလို့ အကြောပေါင်းတစ်ထောင်လို့ မှည့်ခေါ်ခဲ့တာဖြစ်ပါတယ်။ အချို့သောဒေသခံတွေကတော့ အရွက်ဟာ ဖားရဲ့ကျောကုန်းနဲ့တူလို့ ဖားကြောရွက်လို့ ခေါ်ကြတယ်လို့ သိရပါတယ်။
ဆေးလိပ် (သို့မဟုတ်) ကွမ်းစားချင်လာတဲ့ အချိန်မှာ အကြောတစ်ထောင်ရွက်ကို ခူးယူပြီး ရေသန့်စင်အောင်ဆေးကာ ဝါးစားပစ်လိုက်ပါ။ ဆေးလိပ်သောက်ချင်တဲ့ စိတ်၊ ကွမ်းယာစားချင်တဲ့ စိတ်ကို ပြောင်းလဲလာစေပြီး တဖြည်းဖြည်း ဆေးလိပ်သောက်ချင်တဲ့ စိတ်၊ ကွမ်းယာစားချင်တဲ့ စိတကို မလိုချင်တာမျိုး ဖြစ်လာမှာ ဖြစ်ပါတယ်။ အရွက်ကို ဝါးစားလိုက်ခြင်းအားဖြင့် အဆုတ်ကို လန်းဆန်းစေတဲ့ အပြင် ဆေးလိပ်သောက်ချင်စိတ်နဲ့ ကွမ်းယာစားချင်စိတ်တို့ကို လျော့နည်း လာစေမှာ ဖြစ်ပါတယ်။ အချို့သောနိုင်ငံများမှာ ဆိုလျှင် အသက်ရှူလမ်းကြောင်းဆိုင်ရာ အဆုတ်ကျန်းမာရေးအတွက် အကြောတစ်ထောင်ပင်မှ ဆေးတောင့်ပြုလုပ်ကာ ထုတ်လုပ်ရောင်းချခြင်းပင် ရှိနေတာ ဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်အတွက် ထိခိုက်မှု ရှိတဲ့ ဆေးလိပ်နဲ့ ကွမ်းယာစားသုံးမှုကို လျော့ချကြည့်ပြီး မိမိဒေသနဲ့ လက်လှမ်းမီတယ်ဆိုရင် စမ်းသပ်ကြည့်ဖို့ တိုက်တွန်းပါတယ် ခင်ဗျာ...
ဇင်ထူးနိုင်
ကိုးကားချက်
- မင်းဝင်းထိန် (B.Ag) ၏ သဘာဝဆေးဖက်ဝင် အကြောတစ်ထောင်ပင်
- https://worldpopulationreview.com/countries/smoking-rates-by-country/
- https://en.wikipedia.org/wiki/Plantago_major
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
naylintun du
လွန်ခဲ့သော ၁၀ လ ကok
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026